← Chapters

နဂါးမျိုးနွယ် (၂)

Vol. 19 Ch. 274

နဂါးမျိုးနွယ် (၂)

Vol. 19 Ch. 274

“ဒီလောက်အရေးကြီးတဲ့ကိစ္စကို ညီမက လုံးဝအရေးမစိုက်ဘူးပေါ့။ အကိုစွန်းအတွက် လုံးဝမတွေးတဲ့သဘောလား”

ကျန်းယွဲ့အမေးကြေင့် အစောကတည်းက အမြင်ကပ်နေသည့် အမကြီးဖြစ်သူက ချက်ချင်းဝေဖန်တိုက်ခိုက်သည်။ သူ့အမုန်းတရားကို ဦးနှောက်ရှိသူတိုင်း နားလည်နိုင်သည်။

အကြောင်းရင်းကိုလည်း အကန်းမဟုတ်သူတိုင်း မြင်နိုင်သည်။ ထိုမိန်းကလေးသည် ပုံမှန်ရုပ်သွင်နှင့် ဟန်ပန်မျိုးရှိသော်လည်း ကျန်းယွဲ့နှင့်ယှဉ်လျှင် ပုလဲလုံးနှင့် အနာအဆာကင်းသည့် ကျောက်မျက်ရတနာလို ကွာခြားချက်ကြီးလွန်းသည်။

“ကျွန်မက...”

ကျန်းယွဲ့ ရှင်းပြရန်ပြင်သည်။ အကိုစွန်းက နူးညံ့သည့်မျက်နှာဖြင့် ဖြန်ဖြေပေးသည်။

“ငါက သရဲဓားနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရုံပါပဲ။ ဘာမှရေးကြီးခွင်ကျယ်မဟုတ်ပါဘူး”

“ဒါပေမယ်..”

“ကဲပါ ညီမဝမ်။ ခုနက သရဲဓားဘယ်မှာရှိလဲ ငါ့ကိုကူရှာပေးမယ်လို့ ပြောထားတယ်မဟုတ်လား။ ဘာလို့ ဒီမှာရပ်နေသေးတာလဲ”

အကိုစွန်းက စိတ်မရှည်ဟန်ဖြင့် စကားဖြတ်ပြောသည်။ ဝမ်မိန်းကလေး၏ ကြိုးစားအားထုတ်မှုများကို တန်ဖိုးထားသော်လည်း အဆက်မပြတ်ဂျီတိုက်နေသည့်အဖြစ်က စိတ်ညစ်စရာကောင်းလှသည်။

“ကျွန်မ အခုပဲ သွားစုံစမ်းပါ့မယ် အကိုစွန်း။ ဒါပေမယ့် ညီမကျန်းကရော....”

ညီမဝမ်က အလျှော့မပေးသေး။

“သူဘာလုပ်လုပ် မင်းနဲ့မဆင်ပါဘူး။ ငါသူ့အတွက် စီစဉ်ထားပါတယ်”

“အကိုက ဘာတွေစီစဉ်ထားတာလဲ”

“သူအခု အတော်စိတ်ပင်ပန်းနေတယ်။ အနားယူဖို့လိုတယ်။ ဘာမှလုပ်စရာမလိုဘူး”

အကိုစွန်း စိတ်လုံးဝမရှည်တော့။

“ကျွန်မအဆင်ပြေပါတယ် အကိုစွန်း။ အနားယူဖို့မလိုပါဘူး။ ကျွန်မလည်း....”

ကျန်းယွဲ့ လေသံပျော့ဖြင့် ပြန်ပြောသည်။ သို့သော် စကားမဆုံးမီ ရုတ်တရက် ရပ်သွားသည်။ ခေါင်းပေါ်မှ လွင့်မျောနေသည့် တိမ်တိုက်တစ်ခုကို စိုက်ကြည့်နေသည်။

မိုးရွာထားသဖြင့် ကောင်းကင်မှ တိမ်တိုက်များက နိမ့်နေသေးသည်။ မြို့တော်မှ မြင့်မားသည့်မျှော်စင်များ နှင်းမှုန်ဖုံးလွှမ်းဆဲဖြစ်သည်။ တိမ်တိုက်ဆိုသည်မှာ မဆန်းသော်လည်း ယခုတိမ်တိုက်က သူ့အာရုံတွင် တစ်ခြားတိမ်တိုက်များနှင့် လုံးဝကွာခြားနေသည်။

“ညီမကျန်း”

ကျန်းယွဲ့အမူအရာကြောင့် အကိုစွန်း မျက်မှောင်ကျုံ့သွားသည်။ ကျန်းယွဲ့သည် စကားနည်းပြီး ဂိုဏ်းဝင်တစ်ချို့နှင့်သာ ပြောဆိုဆက်ဆံတတ်သော်လည်း ယခုအပြုအမူက ထူးဆန်းလွန်းနေသည်။

ရှောက်ပြည်နယ်သို့ စဝင်လာကတည်းက ကျန်းယွဲ့ထိုပုံမျိုး ဖြစ်ခဲ့ခြင်းဖြစ်သည်။ လမ်းတစ်လျှောက်တွင်လည်း ငူငူငိုင်ငိုင်ဖြစ်နေသည်။ အတိတ်ကအကြောင်းတစ်ခုခု အတွေးတစ်ခုခုကို ပြန်စဉ်းစားမိပုံမျိုးဖြစ်သည်။

ဤနယ်မြေတွင် သူတစ်ခုခုကြုံဖူးသည်လားမသိ။ သို့သော် အကိုစွန်း သေချာမှတ်မိသည်။ ကျန်းယွဲ့သည့် ထိုဒေသခံမဟုတ်။ သူ့ဇာတိက စန့်ကျန်းမြစ်အနီးမှ မထင်မရှားကျေးရွာတစ်ခုဖြစ်သည်။ သိုင်းဆရာတစ်ယောက်က ကျန်းယွဲ့၏ ထူးခြားသည့် စွမ်းရည်ကို တွေ့သွား၍ သိုင်းပညာသင်ရန် စည်းရုံးခဲ့ခြင်းဖြစ်သည်။

“ဆောရီးပါ အကိုစွန်း”

တိမ်တိုက်ဆီမှ အကြည့်လွှဲဖယ်လိုက်ချိန်တွင် အားလုံးက သူ့ကိုစိုက်ကြည့်နေမှန်း သတိထားမိလိုက်သည်။ သူ့အမူအရာက ထူးဆန်းနေမည်။ ထို့ကြောင့် ဘာမှရှင်းပြမနေဘဲ တောင်းပန်လိုက်သည်။

အပြောင်းအလဲမြင့်မားစွာကြုံထားသည့် သိုင်းသမားများသည် သာမန်လူများမမြင်နိုင်သည့် အရာများကို မြင်နိုင်စွမ်းရှိသည်။ သို့သော် အဆင့်မြင့်နတ်ဆိုးများက ထိုသိုင်းသမားများကို အလွယ်တကူအာရုံလှည့်စားနိုင်သည်။ သို့သော် အာရုံလှည့်စားမှုက ကျန်းယွဲ့အတွက် လုံးဝအရေးစိုက်စရာမဟုတ်။

“ညီမကျန်းက တကယ်ပင်းပန်းနေတာဖြစ်မယ်။ တည်းခိုခန်းတစ်ခုရှာပြီး အနားယူကြရင်ကောင်းမယ်”

သရဲဓားအကြောင်း ထပ်မပြောတော့ဘဲ တမင်စကားလမ်းကြောင်းပြောင်းလိုက်သည်။ လက်ရည်တူသည့် ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်သော်လည်း ဖုန်သခင်လေးနောက် ခြေရာခံ၍လိုက်နိုင်လျှင် အခွင့်အရေး ရှားပါးလှမည်မဟုတ်။

မျက်နှာလိုက်မှုက သိသာလွန်းသဖြင့် ညီမဝမ် အတော်မကျေမနပ်ဖြစ်သွားသည်။ ကျန်သည့်သိုင်းသမားများက အခြေအနေလိုက်လျောညီထွေဖြစ်အောင် ခေါင်းငြိမ့်ရုံသာ ငြိမ့်ကြသည်။

“ကျေးဇူးပါ အကိုစွန်း”

ဤတစ်ကြိမ်တွင် ကျန်းယွဲ့မငြင်းတော့။ အကိုစွန်း အစီအစဉ်ကို လက်ခံလိုက်လျှင် သူမြင်လိုက်သည့် တိမ်တိုက်နောက်သို့ ခြေရာခံလိုက်စုံစမ်းခွင့်ရမည်။ တာ့ကျင်းသည် နဂါးမျိုးနွယ်နေထိုင်သည့်နယ်မြေ ဘယ်လိုမှမဖြစ်နိုင်။

နဂါးမျိုးနွယ်၏ အခိုင်မာဆုံးသွေးဆက်သည့် အသုံးမကျသည့် သူ့အဖေထံမှ စခဲ့ခြင်းဖြစ်သည်။ ယခု စွမ်းအင်ရောင်ခံ့ညားသည့် တစ်ခြားနဂါးရိပ်တစ်ခုကို တွေ့လိုက်ရသည်။ အမြင်မှားခဲ့သလားတော့မသိ။

ထိုနဂါးပေါ်လာခြင်းသည် သူနှင့်များစွာဆက်စပ်နေမည်ဟု မသိစိတ်က အလိုလိုသိနေသည်။ တကယ်ဆက်စပ်နေလျှင် လက်ရှိသူ့အသွင်ကို ပြောင်းရတော့မည်။

“အတော်တုံးတဲ့ကောင်ပဲ။ တတ်နိုင်သလောက် ဖုံးကွယ်ထားပါလို့ ငါပြောခဲ့သားပဲ။ ဘာလို့ သူ့တို့ရှေ့မှာ တိုက်ရိုက်ပြေးသွားတာလဲ။ သူတို့ကို အကန်းတွေလို့ထင်နေတာလား”

ထိုအချိန်တွင် အလင်းနဂါးသံချခပ်ကာက တံစက်မြိတ်အစွန်းတွင်ဝပ်လျက် အတွေးထဲဝင်လာသည့် ဆူပူကြိမ်းမောင်းသံကို ငြိမ်သက်စွာ ခံယူနေသည်။

“ပြဿနာက အတော်ရှုပ်သွားပြီ။ သူ့ကိုတောင် မစုံစမ်းရသေးဘူး။ အခု တပ်လှန့်လိုက်သလို ဖြစ်သွားပြီ။ မင်းခြေရာခံနေရာကနေ မင်းကိုပြန်ပြီး ခြေရာခံကြတော့မယ်။ သူတို့ မင်းကိုလာဖမ်းချင်ဖမ်းမှာကွ”

ရေနဂါးအိမ်တော်ထဲတွင် ဖုန်ချင်အန်း မကျေမနပ်ရေရွတ်နေသည်။ ဒေါသထွက်၍တော့မဟုတ်။ လူသားအသွင်ဟန်ဆောင်ထားသည့် နဂါးမိန်းကလေးကိုမြင်လိုက်ချိန်တွင် ထိုမိန်းကလေးအကြောင်း သူအကြမ်းဖျင်းနားလည်လိုက်သည်။

မျိုးနွယ် - နဂါးလူသား။

ဗီဇ - နဂါး၊ လေ၊ ရေ၊ မိုးကြိုး

စွမ်းရည် - မိုနာ့၊ အလတ်တန်း

တိုက်ခိုက်စွမ်းအား - သခင်၊ ထိပ်တန်း

လူတစ်ပိုင်း နဂါးတစ်ပိုင်း။ အလွန်ထူးခြားသည့် ဖြစ်တည်မှုဖြစ်သည်။ နဂါးလူသားများ မရှိ၍မဟုတ်။ လူသားမျိုးနွယ်နှင့် နဂါးမျိုးနွယ်ကြား ဆက်စပ်မှုက အတော်ရှုပ်ထွေးသောကြောင့်ဖြစ်သည်။ လူတို့ကြားတွင် ကြားနေရသည့် ပုံပြင်များတွင် နဂါးမိန်းကလေးနှင့် ဇာတ်လမ်းဖြစ်သူများမှာ ပုံမှန်အားဖြင့် စာပေပညာရှင်တစ်ယောက်သာဖြစ်သည်။

ထိုသို့ဖြစ်ခဲ့ခြင်းရှိမရှိတော့မသိ။ မီးမရှိဘဲ မီးခိုးထွက်မည်မဟုတ်မှန်းတော့ ဖုန်ချင်အန်း သိသည်။ ဤလောကတွင် နဂါးမိန်းကလေးများနှင့် တွဲခုတ်နိုင်သည့် လူသားများလည်း ဤလောကတွင် ရှိပေလိမ့်မည်။ ပညာတတ်မတတ်ဆိုသည်က တစ်ခြားကိစ္စသာဖြစ်သည်။

မည်သို့ဆိုစေ သူ့အကိုလို စာပေပညာရှင်တစ်ယောက် နဂါးမိန်းကလေးတစ်ယောက်နှင့်တွေ့လျှင် အလွယ်တကူ လက်ထပ်ယူနိုင်ပေလိမ့်မည်။ နဂါးမိန်းကလေးက လိုလိုလားလားလက်ခံပေလိမ့်မည်။

ထို့ကြောင့် လူတစ်ဝက်နဂါးတစ်ဝက်များ ရှိနေသည်မှာ မထူးဆန်းလှ။ ဖုန်ချင်အန်း အံ့ဩသည်က ထိုနဂါးမိန်းကလေးသည် စန့်ကျန်းမြစ်သခင်နှင့် ရုပ်ချင်းအတော်တူနေသောကြောင့်ဖြစ်သည်။

ထိုမြစ်သခင်ကို အဘယ်ကြောင့် သူ့အကိုသတ်ခဲ့သည်ကိုလည်း သိထားသည်။ ထို့ကြေင့် အံ့ဩစရာကောင်းသည်ဟု ထင်မိသည်။

ထိုနဂါးမိန်းကေလးသည် သူ့မိဘများကို မည်သို့သဘေားထားသည် မသိသေး

“လူသားမျိုးနွယ်အသွင်ပြောင်းပြီး၊ နဂါးဗီဇကို ဖုံးကွယ်ထားတယ်”

နဂါးမိန်းကလေးအပြုအမူကိုကြည့်လျှင် ရှင်းပါသည်။ လူသားမျိုးနွယ်ထဲသို့ သူပေါင်းစပ်ဝင်ရောက်နေသည်။ မြစ်ကိုအုပ်စိုး၍ မြစ်သခင်ဖြစ်ရန် မရွေးချယ်ခဲ့။ မျိုးစပ်တစ်ယောက်အနေဖြင့် သူ့ရွေးချယ်မှုနှင့် လိုလားနှစ်သက်မှုက အတော်သိသာနေသည်။

“မြစ်သခင်အဖြစ် ငါ့နေရာကို မင်းဆက်ခံရမယ်”

ဖုန်ချင်အန်းမျက်လုံးများ အရောင်တောက်လာသည်။ စိတ်ထဲတွင် ပြည့်ဆုံသည့် ဖြေရှင်းတစ်ခု ပေါလာသည်။ နဂါးသံချပ်ကာကို လှမ်းပြောလိုက်သည်။

“မိန်လုန်(အလင်းနဂါးသံချပ်ကာ)၊ သူ့ကို ရေနဂါးအိမ်တော်ဆီ မျှားခေါ်ခဲ့။ ခေါ်လို့မရရင် နတ်လက်နက်သုံးပြီး ဖိအားပေးပါ”

“အန်း...”

မိန်လုန်၏ကိုယ်မှ တောက်ပသည့် အလင်းတစ်ခု ပေါ်လာသည်။ ဝိညာဉ်စွမ်းအင်များ ထိုးတက်လာသည်။ စွမ်းအားကြီးသည့်ပြိုင်ဘက်ကို သူတောင့်တနေသည်။ နဂါးမိန်းကလေးသည် အသင့်တော်ဆုံးဖြစ်သည်။

နဂါးမိန်းကလေးနှင့် ပါလာသည့်သိုင်းသမားများကို ဖုန်ချင်အန်းရော မိန်လုန်ပါ အရေးမစိုက်။ သိုင်းလေ့ကျင့်ဖို့ တစ်ခြားလူနောက် လိုက်နေကြသည့် လူအပ်သာဖြစ်သည်။ ဖုန်ချင်အန်းရောက်ခဲ့သည့်နေရာတွင် ထိုသိုင်းသမားမျိုး များစွာရှိသည်။ ပဋိပက္ခများစွာ ဖြစ်ပေါ်ခဲ့သည်။

သိုင်းသမားတို့သည် အထိန်းအကွပ် အနည်းဆုံးဖြစ်သည်။ သဘောထားကွဲလွဲမှုအနည်းငယ်ရှိသည်နှင့် ဓားကိုဆွဲထုတ်တတ်ကြသည်။ သို့သော် ယနေ့ တာ့ကျင်းစွမ်းအားဖြင့် ထိုသိုင်းသမားများကို ထိန်းချုပ်နိုင်သည်။ သိပ်ကိစ္စမရှိ။

ယင်ရှန်းကောင်တီ၏ အကြီးဆုံးတည်းခိုခန်းသည် လေးမျက်နှာတည်းခိုခန်းဖြစ်သည်။ ကျန်းယွဲ့တို့လူစု ထိုနေရာတွင် တည်းခိုကြသည်။ သိုင်းလေ့ကျင့်သူတို့သည် ငွေချွေတာ၍မရ။ တတ်နိုင်သမျှ ပေါ‌ပေါများများသုံးကြသည်။

“ဘယ်သွားမလိုလဲ ညီမ”

တည်းခိုခန်းရောက်ပြီး သိပ်မကြာမီ သူသဘောကျသည့်ညီမ ဓားကိုင်၍ အပြင်ထွက်ရန်ပြင်နေသည်ကို အကိုစွန်း သတိပြုမိသည်။

“အပြင်ခဏထွက်ပြီး သရဲဓားရဲ့သတင်း နည်းနည်းသွားစုံစမ်းမလို့ပါ”

တည်းခိုခန်းအပြင်ဘက် ဆိုင်တစ်ခုထက်မှ သူ့ကိုကြည့်၍ အမြီးနှင့်ဦးခေါင်း ယမ်းပြနေသည့် ရွှေရောင်နဂါးကြောင့် ကျန်းယွဲ့၏စွမ်းအင်ရောင်လည်း ချက်ချင်းထိုးတက်လာသည်။

All Chapters