← Chapters

ဆက်တိုက်ရာထူးတိုး (၂)

Vol. 19 Ch. 282

ဆက်တိုက်ရာထူးတိုး (၂)

Vol. 19 Ch. 282

သို့‌သော် နောက်ပိုင်းတွင် တိုင်းတန်းစာများ ထိုအရူးလက်ထဲ ရောက်သွားသည်။ တိုင်တန်းသူများကို ကောင်းကောင်းပညာပေးသည်။ မြစ်နှစ်ဘက်မှ အရာရှိများ ငြိမ်သွားကြသည်။

အရာရှိများဖြစ်၍ ထိုအဖြစ်မျိုးကို ကိုယ်တိုင်မြင်ဖူးသည်။ ကိုယ်တိုင်လည်း ပါဝင်လုပ်ကိုင်ခဲ့ဖူးသည်။ သူတို့သည် အမြင့်တွင်ထိုင်၍ တစ်ခြားလူများ၏ ကံတရားကို ထိန်းချုပ်နေသူများဖြစ်သည်။ သို့သော်ယခု သူတို့က အထိန်းချုပ်ခံဖြစ်နေသည်။

“ခင်ဗျားဘယ်သူလဲ။ ဘာလို့ကျုပ်ကိုစွပ်စွဲတာလဲ။ ဘာလို့ကျုပ်ကို မကျေနပ်တာလဲ”

“ကျုပ်ကို တိုက်ရိုက်ပြောပါ။ ဘာလို့ ဒုက္ခခံပြီး တိုင်ကြားစာတွေ ရေးနေတာလဲ”

ထိုစကားများ ထိုလူ့နှုတ်မှထွက်လာမည်ကို ဘယ်အရာရှိမှ မကြားချင်။ သူတို့သေချာရေးထားသည့် တိုင်တန်းစာကို ထိုလူကကိုင်ပြီး ပျက်ရယ်ပြုသည်။

ဖြစ်နိုင်လျှင် ထိုအရူးရှေ့တွင် သိက္ခာနည်းနည်းတော့ ထိန်းချင်ကြသည်။ ထိုသို့အရှက်မရချင်။

“ပြိုင်ဘက်ကင်းဖြစ်ရတာ တကယ်အထီးကျန်တာပဲ”

နိန်ဝူကောင်တီထဲ လှည့်ပတ်သွားလာ၍ ကိစ္စအားလုံး သေချာစီစဉ်ပြီးနောက် မြစ်ဆီသို့ ဖုန်ချင်အန်း ပြန်လာသည်။ နည်းနည်းပင်ပန်း၍ ငြီးငွေ့နေသည်။ ရေထဲမဆင်းမီ ကမ်းနှစ်ဘက်မှ ဂျုံခငးများကိုကြည့်၍ သက်ပြင်းချသည်။

သို့သော် ထိုခဏမှာပင် ပြင်းထန်သည့်နတ်ဆိုးချီတစ်ခု မြစ်အောက်ပိုင်းဆီမှ ထွက်ပေါ်လာသည်။ နတ်ဆိုးစွမ်းအင်များက မီးတောင်ပေါက်ကွဲသလို ကောင်းကင်သို့ထိုးတက်ပြီး လေထဲတွင် ပြန့်ကျဲသွားသည်။

မြစ်အောက်ဘက်ပိုင်းမြင်ကွင်း မှုန်မှိုင်းသွားသည်။ မြစ်အနီးတွင်နေထိုင်သူများ ကောင်းကင်ကို တအံ့တဩကြည့်၍ နားမလည်နိုင်‌အောင်ဖြစ်နေသည်။ ရာသီဥတုအတွေ့အကြုံအရ ယနေ့သည် နေသာသည့်နေ့ဖြစ်သင့်သည်။

နတ်ဆိုးချီက ဘာကိုမှ အရေးစိုက်ဟန်မရှိ။ ဖုန်ချင်အန်းမျက်နှာ ပြုံးရွှင်လာသည်။ ထို့နောက် သိပ်မကြာမီ တင်းမာအေးစက်သွားသည်။

သူ့မျက်ခုံးနှစ်ခုကြားမှ အပူလှိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်။ သူ့ကျောရိုးမှ ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသည်။ တစ်ကိုယ်လုံး အင်းအားပြည့်၍ ကြီးထွားလာသည်ကို ခံစားရသည်။ ပေါက်ကွဲထွက်တာ့မလို ခံစားရသည်။

ပထမဝိညာဉ်စာချုပ်မှ အဆင့်တက်သွားသည့် တန်ပြန်အကျိုးကျေးဇူးဖြစ်သည်။

တောင်နက် မဟာနတ်ဆိုးအဆင့်သို့ ရောက်သွားပြီဖြစ်သည်။

“အာဝူး..”

မြစ်အောက်ဘက်မှ ဝံပုလွေအော်သံကြောင့် မိုးမြေ တုန်ခါသွားသည်။သွားသည်။ အေးစက်မှု အထီးကျန်မှုအငွေ့အသက်များ ပြည့်နေသည်။

“တောင်နက်က ရန်သူနဲ့တွေ့နေတာလား”

အသံကြားရုံဖြင့် တောင်နက်အခြေအနေကို ခန့်မှန်းမိသည်။ မဟာနတ်ဆိုးအဆင့် ရန်သူမျိုးဖြင့် တွေ့နေဟန်ရှိသည်။ သို့သော် ကာလကြာထိန်းချုပ်ထားရာမှ အဆင့်တက်လိုက်ခြင်းဖြစ်၍ ထိုတိုက်ပွဲကို တောင်နက်ရင်ဆိုင်နိုင်ပါလိမ့်မည်။

“ပြဿနာကြီးကြီးမားမားမရှိလောက်ပါဘူး”

ဖုန်ချင်အန်း အတော်တည်ငြိမ်နေသည်။ တောင်နက်၏ စွမ်းအားအပြေင်းအလဲကို သူခံစားမိပြီဖြစ်သည်။ နတ်ဆိုးစွမ်းအင်ကို ဆယ့်နှစ်ကြိမ် သန့်စင်ပြီးမှ အဆင့်တက်ခဲ့သည်။ သာမန်အဆင့်နိမ့် မဟာနတ်ဆိုးမဟုတ်။

ပထမဝိညာဉ်စာချုပ် - တောင်နက်

မျိုးနွယ် - သရဲဝံပုလွေ

ဗီဇ - နတ်ဆိုး၊ သားရဲ၊ မီးဓာတ်

စွမ်းရည် - မိုနာ့၊ ထိပ်တန်း

တိုက်ခိုက်စွမ်းအား - သခင်၊ အလတ်တန်း

“နတ်ဘုရားပို့လွှတ်ခြင်းစွမ်းအား”

ဖုန်ချင်အန်း တောင်နက်၏သိစိတ်အာရုံသို့ဝင်၍ ပြိုင်ဘက်ကိုကြည့်လိုက်သည်။ ပုံမှန်အားဖြင့် ရေထဲတွင် မရှိသင့်သည့် မျောက်ဝံကြီးတစ်ကောင်ဖြစ်သည်။

အစိမ်းရောင်ခန္ဓာ အဖြူရောင်နဖူး ပြားနေသည့်နှာခေါင်း ချွန်ထွက်နေသည့်ဦးထိပ် ငေါထွက်နေသည့် သွားစွယ်များ။ ပေသုံးဆယ်မြင့်သည်။ သံတုတ်တစ်ချောင်းကိုင်၍ လှိုင်းများပေါ် နင်းဖြတ်လာသည်။ လှုပ်ရှားလိုက်တိုင်းက မြစ်ပြင်ကို ပြောင်းပြန်လှန်ပစ်နိုင်လောက်သည်။

ဘေးမှ နောက်မှကြည့်စဉ်က အတော်စွမ်းအားကြီးသည့်ပုံမျိုးရှိသည်။ သို့သော် ရှေ့တည့်တည့်မှ မြင်ရပြီးနောက် အတော်ရုပ်ဆိုးနေသည်။ ချက်ချင်းသတ်ပစ်သင့်သည့် သတ္တဝါဖြစ်သည်၊

ဖုန်ချင်အန်း အေးအေးလူလူဖြင့် မျောက်ဝံ၏ရုပ်ရည်ကိုပင် သုံးသပ်နေသည်။ မည်သို့ဆိုစေ သူစီးနေသည်က ရေမျိုးနွယ် မြင်းနဂါးဖြစ်သည်။ ထိုမျောက်ဝံ ရေမှမွေးလာသည်က ဘာမှထူးဆန်းသည်မဟုတ်။

“အကူအညီလိုသေးလား”

ဖုန်ချင်အန်း သိစိတ်အာရုံမှပေးလိုက်သည်။ ထိုမျောက်ဝံသည် သံတုတ်ယမ်းလိုက်တိုင်း ပေတစ်ရာမြင့်သည့် လှိုင်းလုံးတစ်ခု ပေါ်လာသည်။ မြစ်ရေစွမ်းအားကို ဆွဲယူအသုံးပြုနိုင်သည်။ ရိုက်ချက်တိုင်းက မြစ်ရေကိုခွဲ၍ ခဏရပ်သွားစေလောက်အောင် အားကြီးသည်။ ထိုမျောက်ရုပ်ဆိုးသည် ထူးခြားသည့်ဗီဇစွမ်းအားမျိုး ပိုင်ဆိုင်ထားကြောင်း ဖုန်ချင်အန်း နားလည်လိုက်သည်။

“အာဝူး...”

တောင်နက် ပြတ်သားစွာ တုံ့ပြန်သည်။ သူအကူအညီမလို။

“အကဲဖြတ်မယ်”

မျိုးနွယ် - ရေမျောက်စိမ်း

ဗီဇ - နတ်ဆိုး၊ သားရဲ၊ ရေ

စွမ်းရည် - သခင်၊ အလတ်တန်း

တိုက်ခိုက်စွမ်းအား - သခင်၊ အခြေခံ

အားလုံးအဆင်ပြေပါသည်။ အဆင့်တက်ပြီးစ ရုတ်တရက်တိုးလာသည့်စွမ်းအားကို တောင်နက် မရင်းနှီးသေးသော်လည်း ကွာဟနေသည့်စွမ်းအားအဆင့်ကြောင့် ထိုရေမျောက်ကို အလွယ်တကူ နှိပ်ကွပ်နိုင်ပါလိမ့်မည်။

ထို့အပြင် တောင်နက်က တိုက်ပွဲအတွေ့အကြုံရင့်သည်။ ရေအောက်တွင် တိုက်ခိုက်ရသည်ဖြစ်စေ တောင်နက် အရေးနိမ့်မည်ဟုမထင်မိ။ ဝိညာဉ်စားသရဲမီးတောက်ကို အမွေခံကျင့်ကြံထားသဖြင့် ဝိညာဉ်ရှိသည့် သားရဲတိုင်းကို ထိန်းချုပ်နိုင်သည့်အစွမ်းမျိုး ရှိနေသည်။

ထိုရေမျောက် ရုတ်တရက်ပေါ်လာသည်ကိုလည်း ဖုန်ချင်အန်း မအံ့ဩပါ။ ပထမဆုံးအကြိမ် ကြုံဖူးခြင်းမဟုတ်။ မိုင်ထောင်ချီဆန့်ထွက်နေသည့် မြစ်မျိုးကို နတ်ဆိုးကြီးများ မျက်စိကျလေ့ရှိသည်။ ရေစွမ်းအင်ကြောကို ထိန်းချုပ်နိုင်သည်နှင့် သူတို့စွမ်းအားလည်း တိုးလာနိုင်ခြေရှိသောကြောင့်ဖြစ်သည်။

သွေးဆက်အတားအဆီးကို ကျော်ဖြတ်ဖို့သုံးနိုင်သည်။ အဆင့်တက်ဖို့သုံးနိုင်သည်။ ပိုမြင့်မားသည့် အဆင့်များထိ ကျင့်ကြံရန် သက်တမ်းကိုပိုတိုးမြင့်နိုင်သည်။ ထို့ကြောင့် မြစ်ကြီးတစ်စင်း နေရာလွတ်နေချိန် ဘေးပတ်လည်မျှ နတ်ဆိုးကြီးများ ရောက်လာပြီး မြစ်ထိန်းချုပ်ခွင့်အတွက် တိုက်ခိုက်ကြသည်မှာ သဘာဝသာဖြစ်သည်။

နှစ်ထောင်ချီသက်တမ်းရှိသည် နတ်ဆိုးကြီးတစ်ကောင်ပင် မြစ်သခင်ရာထူးကို လိုချင်မက်မောပေမည်။ အားလုံးက နဂါးမိန်းကလေးကို စိတ်မပါ့တပါ လက်ခံကြသူမျိုးမဟုတ်နိုင်။

နတ်ဆိုးကြီးများ ယှဉ်ပြိုင်တိုက်ခိုက်သည်မှာ မဆန်းသော်လည်း ယခုလှိုင်းမြစ်ထဲမှ အခြေအနေက ထူးဆန်းသည်။ သတင်းကောင်းစွာ ကြားထားသည့် နတ်ဆိုးမှန်လျှင် ဤမြစ်သို့ ချဉ်းကပ်ရဲမည်မဟုတ်။

ကံကောင်းထောက်မပြီး အဆင့်တက်လာသည့် အဆင့်တက်စလေလွင့်နတ်ဆိုးများသာ ဤမြစ်ထဲသို့ မဆင်မခြင်ဆင်း၍ ရေစွမ်းအင်ကြောထိန်းချုပ်ရန် ကြိုးစားလိမ့်မည်။ မြစ်သခင်ဖြစ်ရန် ကြိုးစားလိမ့်မည်။

ထိုအရူးများက အနည်းအကျဉ်းသာရှိသည်။ နတ်ဆိုးကြီးများကြားတွင် သိပ်ထင်ရှားသူများလည်းမဟုတ်တတ်ကြ။ ကိုယ်ပျောက်စွမ်းရည် တကယ်ကောင်းသည်ဟု ကိုယ့်ကိုယ်ကို အထင်ကြီးသည့် အဆင့်မြင့်နတ်ဆိုးတစ်ချို့လည်း ရှိပါသည်။

ကိုယ်ယောင်ဖျောက်စွမ်းရည်သုံးထားလျှင်ပင် ဖုန်ချင်အန်းအာရုံမှ လွတ်ရန်ခဲယဉ်သည်။ မြစ်ထဲကင်းလှည့်သည်နှင့် ပုံရိပ်ယောင်နှင့် လှည့်စားမှုအားလုံး ဘူးပေါ်သလိုပေါ်လာသည်။

သူ့ယွမ်ဝိညာဉ်ဗီဇစွမ်းရည်သည် အချိန်မရွေး အလုပ်ဖြစ်သည်။ မြေနတ်ဘုရားဗီဇစွမ်းရည်က သူမြေပြင်ကို ထိနေသရွေ အဆုံးစမဲ့ခွန်အားကိုပေးသည်။ ချွန်ယန်(ကောင်းကင်ယန်)ဗီဇစွမ်းရဉ်က အပြင်ပန်းတွင် သိသာသည့်အပြောင်းအလဲမျိုး မဖြစ်။ သူ့အဆင့်အတန်းကိုသာ မြှင့်ပေးသည်။

ယခုထိ မည်သည့်သတ္တဝါမှ သူ့ကိုမလှည့်စားနိုင်ခဲ့။ ပုံရိပ်ယောင်များ ကိုယ်ပျောက်စွမ်းအင်များ ဝင်္ကပါများ သူ့အတွက် အသုံးမဝင်။

ထို့ကြောင့် မြစ်ရိုးတလျှောက် ကင်းလှည့်ရသည်ကို သူအတော်သဘောကျသည်။ နတ်ဆိုးကြီးများ သူတို့ကိုယ်သူတို့ လုံခြုံအောင်ပုန်းနိုင်သည်ဟု ထင်နေပြီး သတိလက်လွတ်ဖြစ်ချိန်ကျမှ သူက ရုတ်တရက် ဓားဖြင့်ခုတ်သည်။

ထိုအခါမျိုးတွင် နတ်ဆိုးကြီးများမျက်နှာပေါ်တွင် ပေါ်လာသည့်အမူအရာက အတော်စိတ်ဝင်စားစရာကောင်းသည်။ နတ်ဆိုးကြီးများသည် လူသားများထက် ဉာဏ်ရည်မြင့်သည်သာရှိသည်။ ဉာဏ်တုံးသူမရှိ။ ထို့ကြောင့် သူတို့ခံစားချက်များ မျက်နှာတွင်ပေါ်လာချိန်တွင် လူသားများထက် တုံ့ပြန်မှု ပိုပြင်းထန်သည်။ ပိုပြည့်စုံသည်။

“တောင်နက်၊ နည်းနည်းစိတ်လျှော့ပါ။ စန်းမြောင် ဒဏ်ရာကုနိုင်တာကို အားကိုးပြီး ဒီမျောက်နဲ့ အသေအကြေမတိုက်နဲ့။ မင်းဘက်က နစ်နာမယ်”

စကားအရ တောင်နက်ကို ကူညီမည်ဟု မပြောခဲ့သော်လည်း နဂါးသံချပ်ကာကို ပစ်လွှတ်ထားသည်။ စန်းမြောင်ကိုပင် အသိပေးထားသည်။ သို့သော် တိုက်ပွဲကိုကြည့်ပြီး သူဘာမှမပြောဘဲ မနေနိုင်တော့။

ရေမျောက်တိုက်ခိုက်ပုံက ကြမ်းတမ်းရက်စက်သည်။ တောင်နက်ကလည်း ကြမ်းသည်။ ထိုပြိုင်ဘက်အကြမ်းစားမျိုးနှင့်ကြုံလျှင် ပညာပါပါဖြင့် အထိမနာ‌အောင် ရှောင်ရှား၍ တစ်ဘက်သား စွမ်းအားလျော့သွားမှ ပြန်တိုက်ခိုက်သင့်သည်။ သို့သော် တောင်နက်က ထိပ်တိုက်ရန်ဆိုင်ရန် ရွေးချယ်နေသည်။ နောက်ကိုမဆုတ်ဘဲ ရှေ့သို့ဆက်တိုးသည်။

နတ်ဆိုးကြီးနှစ်ကောင် အသေအကြေတိုက်ခိုက်သဖြင့် သွေးနှင့်အသားစများ လွင့်ပျံနေသည်မှာ မဆန်းလှ။ မြစ်ပြင်တစ်လျှောက် ဝံပုလွေအူသံနှင့် မျောက်ဝံအော်သံများသာ လွှမ်းမိုးနေသည်။ တစ်ခြား ဝိညာဉ်များ အသံလုံးဝမထွက်ရဲကြ။

All Chapters