← Chapters

ကိုယ့်အပိုင်

Vol. 19 Ch. 283

ကိုယ့်အပိုင်

Vol. 19 Ch. 283

"ဘုန်း”

အစိမ်းရောင်မျောက်ဝံ ခြေလက်များတွန့်လိပ်၍ ဇက်ကျိုးသွားပြီး ရေနဂါးနန်းတော်ရှေ့သို့ လွင့်ထွက်သွားသည်။ ရေမျောက်သည် မူလရုပ်ပင်မပေါ်တော့။ တောင်နက်က နန်းတော်ဂိတ်တံခါးဆီ ခေါင်းမော့၍ လျှောက်လာသည်။

သို့သော် သူချီးမွှမ်းမခံရ။ ဆူပူငေါက်ငမ်းသည့်စကားသာ ကြားရသည်။

“မင်းဘာတွေဖြစ်နေတာလဲ။ ငါ့စကားကိုတောင် နားမထောင်တော့ဘူးပေါ့။ မင်းကိုယ်မင်း မထိခိုက်အောင်ကာကွယ်ပါလို့ ပြောထားတယ်လေ။ အခု မင်းကိုယ်မင်းကြည့်လိုက်စမ်း”

ကရုဏာဒေါသဖြင့် ဖုန်ချင်အန်း စိုက်ကြည့်နေသည်။ အဆင့်တက်ပြီးချိန် ပိုကြီးလာသည့်သားရဲခန္ဓာက ဒဏ်ရာဆိုးဆိုးဝါးဝါးရထားသည်။ ဒဏ်ရာများက နက်သည်။ အသားစိမ်းများကြားမှ ဖြူဖွေးသည့်အရိုးများကို မြင်နေရသည်။ ထိုကဲ့သို့ ဒဏ်ရာပေါက် အတော်များများရှိနေသည်။

“အူး...”

စစ်သူကြီးအသွင်ဖြင့်လျှောက်လာသည့်တောင်နက် စိတ်ဓာတ်ကျသွားဟန်ရှိသည်။ ဖုန်ချင်အန်းရှေ့တွင်ရပ်လျက် လူ့ဦးခေါင်းအရွယ်အစားထိ အမြန်ကျုံ့လိုက်ပြီး အလျှော့ပေးဟန်ဖြင့် လျှာကိုထုတ်၍ အမြီးနံ့နေသည်။

“မင်းခန္ဓာကိုယ်က ဒီပုံအတိုင်းဆိုရင် စန်းမြောင်တောင် ကုပေးနိုင်မှာမဟုတ်ဘူး။ စန်းမြောင်ကို မင်းသွားလေရာ ခေါ်သွားလို့ရမှာလား”

တောင်နက်အပြုအမူအကြောင့် ဖုန်ချင်အန်းဒေါသ ပိုပြင်းထန်လာသည်။ တောင်နက် ခေါင်းငုံ့သွားသည်။ ဆူငေါက်ပြီးနောက် ဘေးတွင်စောင့်နေသည့် စန်းမြောင်ဘက်သို့လှည့်၍

“ဒီအရူးကို ကုပေးလိုက်ဦး။ အရိုးတွေကပဲအရေးကြီးတာ။ အရိုးတွေပဲ ကုပေးလိုက်။ အပြင်ဒဏ်ရာတွေကို ဒီအတိုင်းချန်ထား။ သူ့ဘာသာ ဖြေးဖြေးချင်းကုပါစေ။ လွယ်လွယ်ရရင် ဒီကောင်မှတ်မှာမဟုတ်ဘူး။ နောက်ထပ်လည်း ပေါ့ပေါ့လျော့လျော့လုပ်နေဦးမှာပဲ”

“ဟုတ်ကဲ့”

စန်းမြောင်ခေါင်းငြိမ့်၍ တောင်နက်ကို နွေးထွေးစွာကြည့်လိုက်သည်။ တောင်နက်တိုက်ခိုက်ပုံကို သူသဘောကြသည်။ အရိုင်းဆန်သည့်တိုက်ခိုက်နည်းဖြစ်သည်။ အသက်ရှည်ဖို့ ကြိုးစာနေသူများမြင်လျှင် ထိတ်လန့်တုန်လှုပ်သွားစေလောက်သည်။

တောင်နက်အဆင့်တက်ပြီးနောက် အသက်ဓာတ်စွမ်းအင်အသစ် ရလာသည်။ ထိုအဆင့်မျိုးတွင် ခြေလက်ပြတ်သွားလျှင် ပြန်အသစ်ဖန်တီးနိုင်သည်။ ခန္ဓာကိုယ်နှစ်ခြမ်းဖြတ်ခံရလျှင်ပင် လုံလောက်သည့် သွေးသစ်အဟာရ ရရှိပါက ပြန်ရှင်သန်နိုင်သည်။

သို့သော် ထိုအဖြစ်ကြောင့် တောင်နက်မဆင်မခြင် မတိုက်ခိုက်သည်။ အကျိုးရှိသည့် တိုက်ခိုက်နည်းလမ်းကို ရွေးချယ်ပြီး ပညာပါပါ အောင်ပွဲရအောင် တိုက်ခိုက်သင့်သည်။

“အူး...”

ဖုန်ချင်အန်း တကယ်စိတ်တိုနေမှန်းသိသဖြင့် တောင်နက် နည်းနည်းကြောက်နေသည်။ စန်းမြောင်က သူ့အရိုးများကို ကုသပေးပြီးနောက် အမြီးနံ့၍ ဖုန်ချင်အန်းကို သွေးစက်လက်ခန္ဓာကိုယ်ဖြင့်ပွတ်၍ ခယနေသည်။

“မင်းဒီလိုနောက်ထပ်မလုပ်တော့ဘူးလို့ ကတိပေးလား”

“အူး....”

“ကောင်းပြီ။ ဒါမင်းကတိနော်။ လုံးဝမဖြစ်တော့တဲ့ အခြေအနေကလွဲလို့ ဒီလိုထိခိုက်မှုများတဲ့ တိုက်ခိုက်ပုံမျိုး ထပ်လုပ်ခွင့်မပြုဘူး”

“အူး...”

“တော်ပြီ၊ ငါ့ကိုပွတ်မနေနဲ့။ မင်းကိုယ်မင်းဘယ်လောက်ညစ်ပတ်နေလဲကြည့်ဦး။ စန်းမြောင်ကိုသွားရှာ။ ဒီဒစ်ရာတွေအားလုံး ကုခိုင်းလိုက်။ မင်းဘာသာမင်းကုရင် သုံးလေးရက်ကြာမှာ”

တောင်နက် ကြိုးစားပမ်းစာ ခယတောင်းပန်နေသဖြင့် ဖုန်ချင်အန်း စိတ်ပျော့သွားသည်။

နောက်ရက်များတွင် တည်ငြိမ်သည့်အချိန် ရောက်လာသည်။ လှိုင်းမြစ်ငြိမ်းချမ်းမှုကို နှောက်ယှက်သည့်သားရဲများ ရှိသော်လည်း အနည်းအကျဉ်းသာဖြစ်သည်။ သို့သော် ဩဂုတ်လတွင် ဂယက်တစ်ခုထလာသည်။

မမျှော်လင့်သည့် နဂါးစွမ်းအင် ပေါက်ကွဲထွက်လာသည်။ ကြီးမားသည့်စွမ်းအားက နဂါးနန်းတော်တစ်ခုလုံးသာမက် ဆယ်မိုင်ကျော်ပတ်လည်ကို လွှမ်းခြုံသွားသည်။

နေရာတိုင်းပျံ့နှံ့နေသည့် ရေစွမ်းအင်ရောင်များက နဂါးနန်းတော်ထဲမှ နေရာတစ်ခုမှ အစပြုသည်။ ဝိညာဉ်စွမ်းအားကြောင့် ကျယ်ပြန့်သည့်မြစ်ပြင် လူးလွန့်လာသည်။ ရေအောက်တွင်ဖြစ်နေသည့် ထူးခြားချက် ရေမျက်နှာပြင်ပေါ် ရိုက်ခတ်လာသည်။ အစပိုင်းတွင် ရေဝဲသေးသေးလေးသာဖြစ်သည်။ သို့သော် ချက်ချင်း ကြီးမားသည့် ဝဲဂယက်ကြီးတစ်ခု ဖြစ်လာသည်။

သို့သော် ထိုအဖြစ်က အစပိုင်းသာရှိသေးသည်။ မြစ်ကြမ်းပြင်မှ အဆက်မပြတ်ထွက်လာသည့် ရေစွမ်းအင်များကြောင့် ရေပြင်မှဝဲဂယက်က ပေဒါဇင်အကျယ်မှ မိုင်ချီအကျယ်ထိ ပြန့်ကားထွက်လာသည်။

မြစ်ကမ်းနှစ်ဘက်မှများ ကြောက်စရာရေဝဲကြီးကို သတိပြုမိလာသည်။ အနီးအနားမှ နတ်မင်းများပင် စိတ်ဝင်စားလာကြသည်။ ရေဝဲအထက်တွင် ဖြစ်တည်လာသည့် ကောင်းကင်ဆင်းရဲတိမ်တိုက်မှ ကြီးမားသည့်ဖိအားတစ်ခု ဆင်းလာသည်။

“ကောင်းကင်ဆင်းရဲလား”

“နတ်ဆိုးဘုရင်တစ်ပါး မွေးလာတော့မယ်”

“မဟုတ်ဘူး။ နတ်ဆိုးဘုရင်မဟုတ်ဘူး။ ဒီမြစ်က အုပ်ချုပ်သူအသစ်ကို ကြိုဆိုတော့မှာ”

တစ်ချို့အဖြစ်အပျက်များကို လျှို့ဝှက်ထား၍မရ။ မြစ်ကမ်းနှစ်ဘက်မှ နတ်မင်းများ အကျိးအကြောင်းသိထားသည်။ ဖုန်ချင်အန်းရည်ရွယ်ချက်ကို သိသည်။ ဖုန်ချင်အန်းကလည်း ထိုအဖြစ်ကို ဖုံးကွယ်မထားပါ။ ရေမျိုးနွယ်ဝင်များ၏ တာဝန်ထမ်းဆောင်မှုကို သူလိုအပ်သည်။

“ဝုန်း”

ကြမ်းတမ်းသည့်လေပြင်းများနှင့် ကောင်းကင်ဆင်းရဲတိမ်တိုက်၏ဖိအားကြောင့် ပတ်ဝန်းကျင်မှ လူသားများ ကြောက်လန့်တကြား အိမ်ပြန်ပြေးကြသည်။

ဗီဇအလျောက် အန္တရာယ်ကို ရှောင်ကြခြင်းဖြစ်သည်။ အနီးအနားနေရသည်ကပင် အတော်စိတ်မသက်မသာ ခံစားရသည်။ သို့သော် ကောင်းကင်ဆင်းရဲကလည်း သူတို့ကို သက်ရောက်ခြင်းမရှိပါ။

"ဂျိန်း ဝုန်း”

အစိမ်းရောင်လျှပ်စီးတန်းတစ်ခု ကောင်းကင်မှဆင်းလာသည်။ မြစ်ရေပြင်မှ ရေဝဲကြီးကို ချက်ချင်းထိုးဖောက်၍ မြစ်ကြမ်းပြင် ရေနဂါးအိမ်တော်ဆီ ဦးတည်သွားသည်။ အဆင့်တက်ရန်ကြိုးစားနေသည့် ကျန်းယွဲ့ကို တည့်မတ်စွာထိသည်။

All Chapters