ကိုယ့်အပိုင် (၂)
Vol. 19 Ch. 284
ကောင်းကင်လျှပ်စီးရိုက်ခတ်မှုများ ပျောက်ကွယ်သွားသည်။ နဂါးနန်းတော် အပြင်ဘက်တွင်ရှိနေသည့် ရေမျိုးနွယ်ဝင်များ မှင်သက်မိသွားသည်။
ကောင်းကင်ဆင်းရဲဆင့်ခေါ်သူ နဂါးမိန်းကလေးသာ နန်းတော်ထဲတွင် ကျန်ခဲ့သဖြင့် ကံကောင်းသွားသည်။ ကျန်သည့်နေရမျိုးနွယ်များက ကောင်းကင်ဆင်းရဲစတင်စုစည်းလာကတည်းက အပြင်သို့ ထွက်ပြေးခဲ့ကြသည်။
“ဒါတော့ မတရားလွန်းဘူးကွာ”
ဖုန်ချင်အန်း တအံ့တဩရေရွတ်လိုက်သည်။ သူလည်း ကြိုတင်၍ ရှောင်တိမ်းခဲ့သည်။ သူ့ဘေးပတ်လည်တွင် ရေကင်းမဲ့ဇုန်တစ်ခု ဖန်တီးထားသည်။ ထိုအစွမ်းသည် သူ့သားရဲများ၏ အစွမ်းမဟုတ်။ ကိုယ်ပိုင်အစွမ်းဖြင့် ဖန်တီးထားခြင်းဖြစ်သည်။
“ဒီမင်းသမီးဟာ သူ့ကိုယ်ပိုင်စွမ်းအားကို အပြည့်အဝနားမလည်ဘူးထင်တယ်။ သူ့ရခဲ့တဲ့ စန့်ကျန်းနဂါးသွေးဆက်ဟာ သန်မာတယ်။ ရေသွေးကြောတွေကို အချိန်တိုအတွင်း သန့်စင်ရုံနဲ့ စွမ်းအင်တိုးပြီး မမျှော်လင့်ဘဲကောင်းကင်ဆင်းရဲဖြတ်ကျော်တဲ့အခြေအနေမျိုး ရောက်သွားတာပါ”
အတွေ့ကြုံရင့်သည့် လိပ်အိုကွေ့က ချက်ချင်းရှင်းပြသည်။
“မမျှော်လင့်ဘဲ အဆင့်တက်တယ်တဲ့လား”
ဖုန်ချင်အန်း နှာခေါင်းတစ်ချက်ရှုံ့၍ သူ့နောက်တွင်ရပ်နေသည့် တောင်နက်ကို လှည့်ကြည့်သည်။ ထိုသားရဲသည် အဆင့်တက်ခါနီးအချိန်တွင် စွမ်းအားကို အတင်းထိန်းချုပ်ထားခဲ့သည်။ နတ်ဆိုးစွမ်းအားကို ဆယ့်နှစ်ကြိမ်တိတိသန့်စင်ခဲ့သည်။ နောက်ဆုံးတွင် အဆင့်တက်ခဲ့သည်။
“သခင်လေး သတိမထားမိလို့ပါ။ သန်မာတဲ့သွေးဆက်နဲ့ မွေးလာသူတွေအတွက် စွမ်းအားတိုးတယ်ဆိုတာ သာမန်လူတွေ ထမင်းစားရေသောက်ကိစ္စလိုပါပဲ။ တစ်နေကုန်အိပ်နေရင်းနဲ့တေင် အဆင့်တက်နိုင်ပါတယ်”
လိပ်အို ထပ်ရှင်းပြသည်။ သူလည်းငယ်စဉ်က ထိုခံစားချက်မျိုး ကြုံရဖူးသည်။ သို့သော် နတ်ဆိုးကြီးဖြစ်လာပြီးနောက် ခြေတစ်လှမ်းတိုးတိုင်း အကြိမ်တစ်ထောင်ကြိုးစားအားထုတ်ရသည့် အဖြစ်ကို နားလည်လာသည်။ အကျိုးကျေးဇူးလည်း ရချင်မှရမည်။
“သူ့သွေးဆက်က တကယ်ကောင်းပါတယ်။ ဒါပေမယ့် အရမ်းသန်မာတယ်လို့ပြောရင်တော့ မမှန်လောက်ဘူး။ သူအဆင့်များများ တက်နိုင်မှာမဟုတ်ဘူး”
ကျန်းယွဲ့အကြောင်း သူသုံးသပ်ကြည့်ပြီးဖြစ်သည်။ ကျန်းယွဲ့စွမ်းအားက သူ့အကိုနှင့် တန်းတူလောက်သာရှိသည်။ ထိုထက်ပိုသာလျှင်ပင် များများစားစာမကွာဟနိုင်။
“သင်လေးက ဒီလိုမြင်ပေမယ့် သူဒီမြစ်ရဲ့သခင်အဖြစ် တာဝန်ထမ်းဆောင်ဖို့တော့ လုံလောက်တာထက်တောင် ပိုနေသေးတယ်လို့ ကျုပ်မြင်ပါတယ်။ ဒီထက်စွမ်းအားတိုးလာရင် မြစ်ကြောင်းအတိုင်း ပင်လယ်ဆီကို သူလိုက်ချင်လိုက်သွားပါလိမ့်မယ်”
“ခင်ဗျားပြောတာ အဓိပ္ပါတယ်ရှိတယ်”
ဖုန်ချင်အန်း လိပ်အိုကွေ့ကို တစ်ချက်ကြည့်သည်။ ထို့နောက် ရေဝဲအထက် တိမ်တိုက်များဆီ မော့ကြည့်သည်။ ကောင်းကင်လျှပ်စီးများ တစ်ခုပြီးတစ်ခု ကျလာသည်။ ပြင်းထန်သည့်အဖျက်စွမ်းအင်ကို သယ်လာသလို အသက်ဓာတ်မျာလးည်း ပါလာသည်။
ကောင်းကင်ဆင်းရဲကို သည်းခံဖြတ်ကျော်မှသာ ထိုအသက်စွမ်းအားမျိုးကို ရနိုင်သည်။ လျှပ်စီးကို တစ်ခြားနည်းလမ်းတစ်ခုခုဖြင့် ရှောင်တိမ်းခဲ့လျှင် လျှပ်စီးထဲတွင်ပါသည့် အသက်ဓာတ်ကို ရတော့မည်မဟုတ်။
ကောင်းကင်ဆင်းရဲကျလာလျှင် ရင်ဆိုင်ဖြတ်ကျော်နိုင်သည်။ သို့မဟုတ် ရှောင်တိမ်းနိုင်သည်။ သို့သော် အပြီးသတ်ရလာဒ်က လုံးဝကွာချားသည်။
“သေချာအာရုံစိုက်ပြီးကြည့်ပါ။ မင်းတို့လည်း နောင်တစ်ချိန် ဒါမျိုးကြုံရမှာပဲ”
ဖုန်ချင်အန်း ရွေးချယ်ခံမြစ်သခင်ကို စိုက်ကြည့်နေသည်။ ကောင်းကင်ဆင်းရဲကို မခုခံနိုင်ဘဲ ပြာကျသွားလျှင် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်လာမည်။
တောင်နက် ပိုင်ယော်နှင့် အလင်းနဂါးတို့အားလုံး ခေါင်းငြိမ့်ကြသည်။ စန်းမြောင်လည်း သေချာစိုက်ကြည့်နေသည်။ သူတို့အားလုံး နတ်ဆိုးဘုရင်အဆင့်ရောက်မည်ဟု ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိကြသည်။ ကောင်းကင်စမ်းသပ်မှုကို မလွဲမသေရင်ဆိုင်ကြရမည်။
လိပ်အိုကွေ့က သူတို့ကို တိတ်ဆိတ်စွာလှမ်းကြည့်နေသည်။ ဘာမှမပြော။ ထိုသခင်လေးဘေးမှ သတ္တဝါများ၏အနာဂတ်အလားအလာသည် အကန့်အသတ်မရှိကြောင်း နားလည်လာသည်။ ထိုသခင်လေး မြစ်သခင်ရာထူးကိုအထင်မကြီးဘဲ တစ်ခြားလူလက်သို့ လွှဲပြောင်းပေးရန် ကြိုးစားခဲ့သည်မှာ မဆန်းလှ။
သူ့ရှေ့ဖြစ်ဟောနိမိတ်အရ ဖုန်သခင်လေးနှင့်သူ ကံကြမ္မာချင်းဆက်စပ်မှုမရှိကြောင်း ကြိုသိမထားခဲ့လျှင် သူ့မာနကို ခဝါချပြီး သခင်လေးဘေးတွင် နေရာတစ်ခုပေးဖို့ တောင်းဆိုပေလိမ့်မည်။ သို့သော် သူ့အတွက် ရေစက်မပါ။
ရေစက်မပါလျှင် အတင်းလုပ်ယူ၍မရ။ ကပ်ဆိုးသင့်လာနိုင်သည်။
ကောင်းကင်ဆင်းရဲက ကိုးကြိမ်ကိုးဆင့်ဆင်းသည်။ တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြင်းထန်သည်။ ဘေးမှရပ်ကြည့်နေသူများပင် ကြောက်စရာဖိအားနှင့် ခြောက်ခြားမှုကို ခံစားရသည်။
သို့သော် သူတို့ခံစားချက်က တကယ်ဖြတ်ကျော်နေရသူနှင့်ယှဉ်လျှင် ဘာမှမပြောပလောက်။
ပထမဆင့်လျှပ်စီးက လျှပ်စီးတန်းကိုးခု ဆက်တိုက်ရိုက်ခတ်ခြင်းသာဖြစ်သည်။ သို့သော် နောက်ဆုံးအဆင့်တွင် လျှပ်စီးအမျှင်အတန်းများအားလုံး ရောယှက်၍ မိုးကြိုးမုန်တိုင်းအသွင် ပြောင်းသွားပြီး တိမ်တိုက်များ၏ဗဟိုမှ ကျဆင်းလာသည်။
လျှပ်စီးတန်းက လေးငါးဆယ်ပေသာကျယ်သော်လည်း ဖုန်ချင်အန်း အထင်ကြီးလေးစားမိသည်။ မြင်ရသည်က အံ့ဩစရာကောင်းသည်။ လျှပ်စီးထဲတွင်ပါလာသည့် အဖျက်အားက လိပ်အိုအပါအဝင် ကြည့်နေသည့် ဝိညာဉ်သားရဲအားလုံး ကျောရိုးထဲမှစိမ့်တက်လာအောင် တုန်လှုပ်သွားသည်။ကြရသည်။
"ဖျောင်း ဖျောင်း”
မိုင်တစ်ရာပတ်လည်ဖုံးအုပ်ထားသည် တိမ်တိုက်များက အပြာရောင်လျှပ်စီးမျှင်များနှင့်အတူ တဖြေးဖြေးပျောက်ကွယ်သွားသည်။ တင်းကြပ်နေသည့်ဖိအားလည်း လျော့ပါးသွားသည်။ ပြီးဆုံးသွားပြီဖြစ်သည်။
ကောင်းကင်လျှပ်စီးပျောက်ကွယ်သည်နှင့် မိုင်ဆယ်ချီကျယ်ပြန့်သည့်ရေဝဲကြီးလည်း ပြိုကွဲသွားသည်။ လှိုင်းများက ကမ်းစပ်သို့ ရိုက်ခတ်လာသည်။ လေထဲသို့ ကျောက်သားစများ လွင့်ထွက်သွားသည်။ မြစ်ကမ်းနှစ်ဘက်လည်း တုန်ခါသွားသည်။သွားသည်။ နတ်မင်းများက ညီညီညာညာထိန်းသိမ်းထားခြင်းသာ မရှိခဲ့လျှင် ကပ်ဆိုးတစ်ခု ဖြစ်လာပေလိမ့်မည်။
“သူအောင်မြင်သွားလား”
မြစ်ရေပြင်အောက်တွင် အရာအားလုံး တိတ်ဆိတ်နေသည်။ ကောင်းကင်ဆင်းရဲကို ရှောင်ပြေးလာသည့် ရေမျိုးနွယ်များ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေသည်။ နောက်ဆုံးကျဆင်းခဲ့သည့် ကောင်းကင်လျှပ်စီးကြောင့် အားကောင်းနေခဲ့သည့် စွမ်းအင်ရောင်က တဖြေးဖြေးအသက်ဓာတ်လျော့သွားသည်။
“သူသေသွားပြီလား”
“မဟုတ်ဘူး။ မသေသေးဘူး”
မသဲမကွဲ စွမ်းအင်ရောင်တစ်ခု ပေါ်လာသည်။ ထို့နောက် တဖြေးဖြေးတိုးပွားလာသည်။ ထို့နောက် ချက်ချင်းဆိုသလို ရေအောက်တွင် အချိန်ကြာမြင့်စွာအိပ်ပျော်နေသည့် သားရဲတစ်ကောင် မျက်လုံးပွင့်လာသကဲ့သို့ ဖြစ်လာသည်။
ကြောက်စရာနဂါးစွမ်းအားများ မိုင်ရာချီဆန့်ထွက်ပျံ့နှံ့သွားသည်။ ရေမျိုးနွယ်များစွာ ထိုစွမ်းအားရှေ့တွင် ဒူးထောက်ကြသည်။ အော်ဟစ်အားပေးကြသည်။ ရေနဂါးနန်းတော်ဆီ ကူးခတ်လာကြသည်။ မြစ်ရေပြင်ပေါ်မှ ကြည့်လျှင်ပင် ရေထဲမှလူးလွန့်ကူးခတ်နေသည့် ကြေးခွံများကို မြင်နိုင်သည်။
ထိုအချိန်မျိုးတွင် သတ္တိအကောင်းဆုံး တံငါသည်ပင် ပိုက်ချရဲမည်မဟုတ်။ ပိုက်တစ်ချက်ဆွဲရုံဖြင့် ငါးများစွာရနိုင်သော်လည်း ချိုးဖျက်မရသည့် တားမြစ်ချစ်တစ်ချို့ကို သူတို့သိကြသည်။ တစ်နပ်စာအတွက် တစ်သက်တာဘဝရပ်တည်မှုကို အဆုံးရှုံးခံမည်မဟုတ်။
“ဪ..ဒါက ဒီလိုလား”
ဖုန်ချင်အန်းမျက်နှာတွင် အပျော်ရိပ်သန်းလာသည်။ ရေနဂါးနန်းတော်မှ ထွက်လာသည့် သဏ္ဌာန်ကို လှမ်းကြည့်သည်။ အပြည့်အဝအသွင်ပြောင်းသွားပြီဖြစ်သည်။
မျိုးနွယ် - နဂါးလူသား
ဗီဇ - နဂါး၊ ဝိညာဉ်၊ လေ၊ ရေ၊ မိုးကြိုး
စွမ်းရည် - မိုနာ့၊ ထိပ်တန်း
တိုက်ပွဲစွမ်းအား - မိုနာ့၊ အခြေခံ
ကျန်းယွဲ့သည် စတွေ့စကပုံစံနှင့် လုံးဝမတူတော့။ နဖူးမှ ဦးချိုက ပိုချွန်ထက်၍ အရောင်တောက်လာသည်။ သရဖူကဲ့သို့ ဖြစ်နေသည်။ ပါးနှစ်ဘက်မှ ကြေးခွံများ အနီရောင်ပြောင်းသွားသည်။ အထူးသဖြင့် ဝတ်ရုံသစ်အောက်တွင် ရှည်လျားသည့်နဂါးမြီးတစ်ခု ရှိနေခြင်းဖြစ်သည်။
နဂါးမျိုးနွယ်နှင့် သူပိုတူလာသည်။ ဖုန်ချင်အန်း စိတ်ဝင်စားသည့်က ထိုအပြောင်းအလဲများမဟုတ်။ စွမ်းရည်အဆင့် အပြောင်းအလဲဖြစ်သည်။
ကျန်းယွဲ့ကို အစက သူလုံးဝ ကူညီမပေးခဲ့။ သို့သော် စွမ်းရည်အဆင့်က သိသိသာသာတိုးလာသည်။ ကောင်းကင်ဆင်းရဲကိုပင် ဖြတ်နိုင်သည်။
ဖုန်ချင်အန်း နားလည်လာသည်။ ကောင်းကင်ဆင်းရဲသည် အပြစ်ပေးခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကံထူးခြင်းလည်းဖြစ်သည်။ စမ်းသပ်မှုဖြတ်ကျော်နိုင်လျှင် ကောင်းကင်တာအိုမှ ဆုလာဒ်ရမည်။ အသွင်သစ်ပြောင်းခွင့်ရမည်။
“ဖုန်ချင်အန်း၊ ကျွန်မဓားကို ပြန်ပေးပါ”
ကျန်းယွဲ့ ဖုန်ချင်အန်းဘေးတွင် ရုတ်တရက် ပေါ်လာသည်။ ယခု နဂါးသခင်ဟန်ပန်မျိုး ရှိနေပြီဖြစ်သည်။ မျက်လုံးမှ ရွှေရောင်အလင်းများက နဂါးသခင်တစ်ယောက်၏ ခံ့ညားမှုကို ဖော်ပြနေသည်။ ဖုန်ချင်အန်းကို အထက်စီးမှ ငုံ့ကြည့်နေသည်။
“ဓားလား၊ ဘာဓားလဲ”
ဖုန်ချင်အန်း အဆင့်တက်စ နတ်ဘုရားမအသစ်ကို အကြောက်အလန့်မရှိ မော့ကြည့်သည်။ အပြောင်းအလဲများကိုသာ စိတ်ဝင်စားနေသည်။ ရေအောက်မှာပင် မွှေးပျံ့သည့်ရနံ့တစ်မျိုးလည်း ကျန်းယွဲ့ထံမှ ထွက်ပေါ်နေသည်။
“ပင်လယ်ဖျက်ဓား”
ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအားတိုးလာသဖြင့် သူ့ကိုယ်သူယုံကြည်မှုနည်းနည်းရှိလာဟန်တူသည်။ ဖုန်ချင်အန်းကိုစိုက်ကြည့်၍ တစ်ခွန်းချင်းပြန်ပြောသည်။
“ပင်လယ်ဖျက်ဓားက မင်းဓားတဲ့လား။ ကောင်းကင်လျှပ်စီးထိလို့ မင်းဦးနှောက်ချောင်သွားတာလား။ အခုမင်းက မြစ်သခင်ဖြစ်လာပြီဆိုတော့ ဒီဓားက ငါ့အပိုင်ပဲလေ”