← Chapters

အသွင်ပြောင်းဆေးလုံး

Vol. 20 Ch. 289

အသွင်ပြောင်းဆေးလုံး

Vol. 20 Ch. 289

“နတ်ဆိုးတစ်သောင်းနိုင်ငံ”

ရှေ့မှ နတ်ဆိုးစွမ်းအင်ရောင်ကို ဖုန်ချင်အန်း စိုက်ကြည့်သည်။ ထိုအရာမျိုးသည် လူသားလောကမှ မြို့တော်တစ်ခုတွင် ရှိမနေသင့်။ နည်းနည်းအံ့ဩနေသည်။

ဂီတနားထောင်ဖို့လို အပျော်ကိစ္စတစ်ချို့အတွက် အရာရှိငယ်က ခေါ်လာသည်ဟုသာ အစက သူတွေးခဲ့သည်။ အမြင်ကျယ်စေဖို့ ခေါ်လာသည်ဟုသာ တွေးခဲ့သည်။

နတ်ဆိုးချီကို ကြုံရမည်ဟု သူထင်မထားခဲ့။ ယခုချိန်ထိ သူ့အမြင်အာရုံမှ ပုံစံအစစ်ကို ဖုန်းကွယ်နိုင်သည့်ဝိညာဉ်မျိုး သူမတွေ့ဖူးခဲ့။

အိမ်ထဲဝင်မလာမီက နတ်ဆိုးစွမ်းအင်‌ရောင်ကို လုံးဝအာရုံမခံမိခဲ့ခြေတစ်လှမ်းဖြင့် သူ့မြင်ကွင်းတစ်ခုလုံး ပြောင်းလဲသွားသည်။ ရွှေချထားသည့် ခမ်းနားသည့်အဆောက်အဦးထဲတွင် နတ်ဆိုးစွမ်းအင်လေထုက စိမ့်ဝင်ပျံ့နှံ့နေသည်။ တစ်စုံတစ်ခုက သူ့အမြင်အာရုံကို ဖုံးလွှမ်းနေသယောင်ရှိသည်။

"ဟားဟား၊ ဒီနေရာကို သခင်လေးဘယ်လိုထင်လဲ။ အ‌တော်ကောင်းတယ်မဟုတ်လား။ ကျုပ်ဆယ့်လေးနှစ်သားအရွယ်မှာ ကျုပ်ဦးလေးက ဒီကိုပထမဆုံးအကြိမ် ခေါလာတယ်။ အဲဒီကတည်းက ကျုပ်သဘောကျသွားတယ်။ လူသားမျိုးနွယ်က အမျိုးသမီးတွေဟာ ဒီနေရာက နတ်ဆိုးမတွေနဲ့ယှဉ်ရင် အတော့်ကိုငြီးငွေ့စရာကောင်းတယ်”

ဖုန်ချင်အန်းအမူအရာကိုကြည့်၍ အရာရှိငယ် ရယ်မောနေသည်။ ထိုနေရာသို့ ပထမဆုံးရောက်လာသူမှန်သမျှ မည်သည့်အဆင့်အတန်းမျိုးရှိသည်ဖြစ်စေ အံ့ဩကြရသည်သာဖြစ်သည်။

ဟွေ့အန်းမြစ်ဘေးမှ သာမန်အိမ်တစ်လုံးတွင် အပြင်းလောကနှင့်မတူသည့် ပတ်ဝန်းကျင်တစ်ခုရှိနေမည်ဟု ဘယ်သူမှထင်ကြမည်မဟုတ်။

“သခင်ယွမ်၊ ရောက်မလာတာကြာပြီနော်”

အဖြူရောင်ပိုးချည်ဝတ်စုံနှင့်လူငယ်နှစ်ယောက် အနားသို့ လျှောက်လာသည်။ သူတို့မျက်နှာတွင် မိတ်ကပ်ခြယ်ထားသည်။ နှုတ်ခမ်းများက နီရဲပြီး သွားများဖြူဖွေးနေသည်။ အပြုံးမျက်နှာဖြင့် နှုတ်ဆက်သည်။ ပုံမှန်လာနေကျ အရာရှိငယ်ကို သိကျွမ်းနေပုံရသည်။

“မြေခွေးနတ်ဆိုး”

တစ်ချက်ကြည့်ရုံဖြင့် အမြင်လှည့်စားထားသည့် အတားအဆီးများ ဖုန်ချင်အန်းအာရုံတွင် ပျောက်ကွယ်သွားသည်။ သူ့ရှေ့မှ အရာအားလုံးကို ရှိရင်းစွဲအတိုင်း မြင်နေရသည်။ ပြည့်တန်ဆာရုံအလုပ်သမားနှင့်တူသည့် ထိုလူငယ်နှစ်ယောက်ကို မြေခွေးနှစ်ကောင်အသွင်ဖြင့် သူမြင်နေရသည်။

သို့သော် ဝူလင်တောင်တွင်တွေ့ခဲ့သည့် မြေခွေးများနှင့်ယှဉ်လျှင် ဤမြေခွေးနှစ်ကောင်၏ စွမ်းအင်ရောင်က အတော်ရှုပ်ထွေး၍ညစ်ညမ်းနေသည်။ ရုပ်သွင်မည်သို့ရှိသည်ဖြစ်စေ ဖုန်ချင်အန်းစိတ်ထဲ အန်ချင်စိတ်ပေါက်လာမိသည်။

“ဒီသခင်လေးကို မရင်းနှီးသလိုပဲ။ တစ်ခါမှမမြင်ဖူးဘူး။ နတ်ဆိုးတစ်သောင်းနိုင်ငံကို ပထမဆုံးရောက်ဖူးတာထင်တယ။ နတ်ဆိုးသခင်သုံးလေးယောက်လောက် ရွေးပေးရမလား”

မြေခွေးနတ်ဆိုးတစ်ယောက်က ဖုန်ချင်အန်းကို အကဲခတ်ကြည့်သည်။ ထို့နောက် တောင်နက်နှင့်ပိုင်ယောက်ကို တစ်ချက်လှမ်းကြည့်သည်။ မျက်လုံးတွင် လေးစားရိပ်ပေါ်လာသည်။ သို့သော် အံ့ဩပုံတော့မရ။ ထိုအဆင့်နတ်ဆိုးမျိုး မြင်ဖူးထားဟန်ရှိသည်။

“သွားစမ်းပါ...ဘာမှနားမလည်တဲ့သတ္တဝါကောင်။ ငါခေါ်လာတဲ့လူကို မင်းတို့က လူရွေးပေးစရာလိုလို့လား”

အရာရှိငယ်က အင်္ကျီလက်ထဲမှ လက်သီးဆုပ်အရွယ် ရွှေတုံးတစ်ခု ဆွဲထုတ်၍ ဖုန်ချင်အန်းကို စကားပြောသည့် မြေခွေးနတ်ဆိုးခေါင်းကို ရိုက်လိုက်သည်။ ဒုတ်ခနဲ အသံမြည်သွားပြီး ရွှေတုံးတွင် သွေးစွန်းလျက် မြေပေါ်ကျသွားသည်။ မြေခွေးနတ်ဆိုး ခေါင်းပေါက်သွားသည်။ သွေးများ မျက်နှာပေါ်စီးကျလာသည်။

“တောင်းပန်ပါတယ် သခင်။ ကျုပ် အမြင်မကျယ်တာပါ။ သခင်‌လေးတို့ စိတ်မညစ်ရအောင် ကျုပ်ထွက်သွားပေးပါ့မယ်”

မြေခွေးနတ်ဆိုး ဒေါသထွက်ဟန်မရှိဘဲ ရယ်မောလျက် ဒူးထောက်တောင်းပန်သည်။ မြေပေါ်မှ ရွှေတုံးကိုလက်ထဲတွင်ပိုက်လျက် ထွက်သွားသည်။

“ရှောင်ဝူဒီမှာရှိလား”

အရာရှိငယ် သူ့ရှေ့တွင်ကျန်နေသည့် မြေခွေးနတ်ဆိုးကို မေးလိုက်သည်။

“သူက... သခင်ရှောင်ဝူက ဒီနေ့ ယင်ယန်တောင်ကြားမှာ အရေးကြီးဧည့်သည်တစ်ချို့ကို ဖျော်ဖြေပေးနေပါတယ်။ သခင်ယွမ် သူ့ကိုတွေ့ချင်ရင် သွားရှားလို့ရပါတယ်”

မြေခွေးနတ်ဆိုး ဦးညွှတ်အရိုအသေပြု၍ အပြုံးမျက်နှာဖြင့် ပြန်ဖြေသည်။ သူလည်း ရွှေတုံးနှင့် အရိုက်ခံချင်ပုံရသည်။ သို့သော် ထိုအဆင့်အတန်းရှိသူမျိုးကို သူမလေးမစားမလုပ်ရဲ။

“အရေးကြီးဧည့်သည်တဲ့လား။ ငါ့ခေါ်လာတဲ့ဒီဧည့်သည်ထက် ဘယ်သူက ပိုအရေးကြီးလို့လဲ။ ငါတို့ကို လာနှုတ်ဆက်ဖို့ ရှောင်ဝူကို သွားပြောပါ။ ပုံမှန်နေ့ဆိုရင်တော့ ငါကိုယ်တိုင် သူ့ကိုသွားတွေ့မှာပါ။ ဒီနေ့တော့ အဲလိုမရဘူး”

အရာရှိငယ်က ဩဇာသံအပြည့်ဖြင့် အမိန့်ပေးသည်။ ဖုန်ချင်အန်း မျက်နှာမငယ်စေရ။

“အထဲဝင်ပြီး ခဏစောင့်ပါခင်ဗျာ။ အခုချက်ချင်း သခင်ဝူကို သွားပြောပါ့မယ်”

“မြန်မြန်လုပ်နော်။ မင်းနှေးနေလည်း ငါကဘာမှကိစ္စမရှိဘူး။ ဒါပေမယ့် ငါ့ဘေးကဒီလူ စိတ်ညစ်အောင်လုပ်ရင်တော့ နတ်ဆိုးတစ်သောင်းနိုင်ငံတစ်ခုလုံး အမြစ်ဖြုတ်ခံရလိမ့်မယ်”

အရာရှိငယ် နောက်ထပ်ရွှေတစ်တုံး မြေခွေးနတ်ဆိုးလက်ထဲ ပစ်ပေးလိုက်သည်။ နတ်ဆိုးမျက်နှာ ပို၍အပြုံးဝေဆာလာသည်။

“သခင်တို့နှစ်ယောက် အချိန်မနှောင့်နှေးစေရပါဘူး။ အထဲကိုဝင်ကြပါ။ ကျုပ်ချက်ချင်းပြန်လာမှာပါ”

မြေခွေးနတ်ဆိုး ဖုန်ချင်အန်းကို ဦးညွှတ်အရိုအသေပြု၍ နတ်ဆိုးလေပြင်းတစ်ခုဖန်တီးလိုက်ပြီး အဆောက်အဦးထဲသို့ ချက်ချင်းဝင်သွားသည်။

“ကျုပ်နောက်ကလိုက်ခဲ့ပါ ဖုန်သခင်လေး”

အရာရှိငယ်က သူ့အိမ်သူ့ယာကို ရောက်လာသကဲ့သို့ ဖုန်ချင်အန်းကို ဦးဆောင်လာသည်။

အဆောက်အဦးက သုံးထပ်ဖြစ်သည်။ ပေနှစ်ဆယ်ကျောမြင့်သည်။ နောက်ဘက်တွင် သစ်သားကြိုးတံတားနှင့် ဆက်သွယ်ထားသည့် ခန်းမဆောင်များစွာ ရှိနေသည်။

အဝင်လမ်းထဲတွင် ကျောက်စိမ်း၊ မဟူရာကျောက်၊ ပုလဲမြှုပ်ပုံဖော်သည့် ငှက်နှင့်ပန်းပွင့်ပုံများဖြင့် အလှဆင်ထားသည့် ရွှေဖန်သားပြင်ရှိသည်။ ကြာပွင့်မီးပုံးများ ထောင့်တစ်ခုစီတွင် ချိတ်ဆွဲထားသည်။ မီးပုံးများက ဖန်သားပြင်တစ်ခုလံးကို အလင်းပေးသည်။ ရွှေရောင်တလက်လက်တောက်နေသည်။ ဖန်သားပြင်နောက်တွင် လျှောက်လမ်းရှည်တစ်ခုရှိသည်။ စွဲမက်ဖွယ်ကိုယ်ဟန်နှင့် အဝတ်ပါးပါးဝတ်ထားသည့် မိန်းကလေးအယောက်နှစ်ဆယ်ကျော် ဘေးတစ်ဘက်တစ်ချက်စီတွင် တန်းစီရပ်နေသည်။ ဖုန်ချင်အန်းနှင့်အရာရှိငယ်တို့ ဖန်သားပြင်ကိုဖြတ်၍ လျှောက်လာသည်နှင့် ကြည်လင်ချိုသာသည့်အသံတစ်ခု ကြားရသည်။

“သခင်လေးနှစ်ယောက်၊ ဝင်ခဲ့ကြပါရှင်”

ထင်သည့်အတိုင်းပင် မိန်းကလေးအားလုံး နတ်ဆိုးမများဖြစ်သည်။ တစ်ချို့က ဆံပင်နှင့်မျက်လုံးများ အနီရောင်ရှိသည်။ တစ်ချို့က ကြွက်နားရွက်မျိုးရှိသည်။ တစ်ချို့က ဝတ်ရုံအောက်တွင် မြေခွေးအမြီးရှိသည်။ ညှို့အားပြင်းသည်။ တစ်ချို့က ရေကြည်ရောင်လဲ့နေသည့် မျက်လုံးများရှိသည်။ တစ်ချို့က နဖူးတွင် ဦးချိုရှိသည်။ အသားအရေ တောက်ပြောင်သည်။ တစ်ချု့က ပါးနှစ်ဘက်တွင် တစ်ဖျတ်ဖျတ်အတောင်ခတ်နေသည့် လိပ်ပြာပုံအမှတ်အသားများရှိသည်။

All Chapters