← Chapters

နှစ်တစ်ထောင်မိသားစု (၂)

Vol. 20 Ch. 292

နှစ်တစ်ထောင်မိသားစု (၂)

Vol. 20 Ch. 292

ယွန်လင် ဝင်ဖြေသည်။ ရှောင်ဝူ၏ မျက်ခုံးနှစ်ဘက် တွန့်သွားသည်။ အတော်စိတ်ထိန်းနေရဟန်ရှိသည်။

“ဪ... နတ်ဆိုးတစ်သောင်းနိုင်ငံက အဲလောက်‌တောင်ထူးခြားတယ်ပေါ့”

ဖုန်ချင်အန်း စိတ်ဝင်စားမှုတိုးလာသည်။

“ဟုတ်ပါတယ်”

သူတို့လူစု အဆောက်အဦးနှစ်ခုဆက်ထားသည့် သစ်သားကြိုးတံတားလေးသို့ ရောက်လာသည်။ ထူးခြားသည့်နေရာကို သတိထားကြည့်သည်။ အပြောင်းအလဲတစ်ချို့ကို ဖုန်ချင်အန်း သတိထားမိလာသည်။ ကြိုးတံတားအဆုံးသို့ရောက်ချိန်တွင် ကောင်းကင်နှင့် မြေပြင်ပြောင်းလဲသွားသည်။

သေမျိုးကမ္ဘာနှင့် မြေအောက်လောကကြား မကြာခဏ ခရီးသွားခဲ့ဖူးသူဖြစ်၍ ထိုအပြောင်းအလဲကို သတိထားမိသည်။ အဆောက်အဦးတစ်ခုထဲတွင်ရှိနေသော်လည်း တံတားတစ်ဘက်မှ သူစရပ်ခဲ့သည့် အဆောက်အဦးနှင့် လုံးဝမဟုတ်တော့ကြောင်း သိနေသည်။

“ဒါက ဘယ်နေရာလဲ”

အဆောက်အဦးအပြင်ဘက်မှ ကြယ်နှင့်လများကို သူကြည်သည်။ ညကောင်းကင်က မှုန်မှိုင်းနေသည်။ ကြယ်နှင့်လများက ပုံမှန်မဟုတ်။ မူလကမ္ဘာ ဖုန်ထန်မြို့တော်မဟုတ်တော့။

“ဒါကျုပ်ပြောတဲ့ နတ်ဆိုးတစ်သောင်းနိုင်ငံအစစ်ပါ။ သခင်ဖုန်အပြင်ဘက်မှာမြင်ခဲ့တဲ့ အဆောက်အဦးမဟုတ်ပါဘူး။ အဲဒီ့နေရာက နတ်ဆိုးတစ်ရာမျှော်စင်လို့ခေါ်ပါတယ်”

ပြတင်းပေါက်ဆီ ဖုန်ချင်အန်း ဖြေးညှင်းစွာလျှောက်သွား၍ အပြင်ဘက်မြင်ကွင်းကိုကြည့်သည်။ စည်းကားခံ့ညားသည့် ဖုန်ထန်မြို့တော်မဟုတ်တော့။ ကုန်းမြေအနိမ့်အမြင့်များပေါ်တွင် အဆောက်အဦးမျိုးစုံ ရှိနေသည်။

မိုးနှင့်မြေကြား နတ်ဆိုးချီများများ မျက်စိတစ်ဆုံးရှိနေသည်။ ဖုန်ချင်အန်း ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။

အစောပိုင်းကဝင်ခဲ့သည့် အဆောက်အဦးထက် ဤနေရတွင် နတ်ဆိုးချီက ပိုသိပ်သည်းသည်။ နတ်ဆိုးတစ်သောင်းနိုင်ငံဟူသည့်နာမည်နှင့် ထိုက်တန်သည်။

သူ့ဘေးတွင် လူသားနှစ်ယောက်အကြောင်းသာ သိမထားလျှင် နတ်ဆိုးချီများသာ မရှိလျှင် တာ့ကျင်းမှ လူအသွင်နတ်ဆိုးနှစ်ယောက် ဤနေရာသို့ သူ့ကို လှည့်စား၍ခေါ်လာသည်ဟု ထင်မိပေလိမ့်မည်။

(သားရဲထိန်းသခင် နတ်ဆိုးမျိုးနွယ်ရဲ့ ကောင်းကင်ဂူပျက်ထဲကို ဝင်လာပါပြီ...အတည်ပြုနေပါတယ်....)

(ဒီကောင်းကင်ဂူကို သက်တမ်းအလွန်ရှည့်တဲ့ ရှေးခေတ်နတ်ဆိုးတစ်ယောက် ဖန်တီးခဲ့တာပါ။ ဂူသခင်ဆုံးရှုံးပြီး ထိန်းသိမ်းမှုမရှိလို့ ဆိုးဆိုးဝါးဝါး ပျက်စီးသွားပါတယ်။ ကောင်းကင်ဂူဝိညာဉ်တစ်ခု မွေးဖွားလာနိုင်ခြေလည်း ရှိပါတယ်)

အချိန်အတော်ကြာ အသံတိတ်နေခဲ့သည့်စနစ်က ရုတ်တရက် အသံထွက်လာသည်။ အကျဉ်းချုပ်ပြောသွားသည့် ဖော်ပြချက်များကြောင့် ဖုန်ချင်အန်း အကြီးအကျယ် အံ့ဩရသည်။ စိတ်ထဲသို့ အတွေးပေါင်းများစွာ ဝင်လာသည်။ အပြင်ဘက်အဆောက်အဦး နတ်ဆိုးတစ်ရာမျှော်စင်သို့ မဝင်မီက နတ်ဆိုးချီကို အဘယ်ကြောင့် အာရုံမခံမိမှန်းနားလည်လာသည်။

မျှော်စင်သည် ကောင်းကင်ဂူပျက်ထဲသို့ဝင်နိုင်သည့် ဝင်ပေါက်တစ်ခု။ ကောင်းကင်ဂူစွမ်းအင်၏ အစိတ်အပိုင်းဖြစ်သည်။ ဖုန်ထန်တွင်ရှိနေသည်ဟုထင်ရသည်။ သို့သော် လွတ်လပ်သည့်ကမ္ဘာတစ်ခုတွင် တည်ရှိနေသည်။ သူ့အမြင်အာရုံက အရာအားလုံးကိုဖောက်မြင်နိုင်သည်။ သို့သော် ဒိုင်မင်းရှင်းအတားအဆီးကိုဖြတ်၍ တစ်ခြားကမ္ဘာတစ်ခုကိုတော့ ဖောက်မမြင်နိုင်ပေ။

“ဟုတ်ပါတယ်။ နတ်ဆိုးတစ်သောင်းနိုင်ငံဟာ ဒီလိုပုံစံဖြစ်မယ်လို့ ထင်မထားဘူး”

ပြတင်းပေါက်ပေါ် သူလက်တင်လျက် ရှောင်ဝူကိုလှည့်ကြည့်သည်။

“ဒီလိုအခြေခံမျိုးရှိတဲ့အတွက် ရှောင်မိသားစုဟာ ဖုန်ထန်ရဲ့ နံပတ်တစ်မိသားစု တကယ်ဖြစ်ထိုက်ပါတယ်။ တာ့ကျင်းရဲ့နံပတ်တစ်လို့တောင် ပြောလို့ရမယ်ထင်တယ်”

“သခင်ဖုန် မြှောက်ပင့်လွ်းနေပါပြီ။ တာ့ကျင်းနံပတ်တစ်တော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တာ့ကျင်းရဲ့နေရာအားလုံးမှာ လော်မိသားစုဟာ နံပတ်တစ်ပါ”

ရှောင်ယိက ရယ်မောနေသည်

“အို ဟန်ဆောင်မနေစမ်းပါနဲ့။ မင်းတို့မိသားစုသာ နံပတ်တစ်မဟုတ်ရင် တစ်ခြားဘယ်သူရှိရဦးမှာလဲ”

ယွန်လင် ချက်ချင်းခွန်းတုံ့ပြန်သည်။ စကားနားထိုးနေမှန်းသိသာသည်။ ရှောင်မိသားစု ဩဇာကြီး၍သာ ဤနေရာမျိုးကို ပေါ်ပေါ်ထင်ထင်ဖွင့်ရဲခြင်းဖြစ်သည်။ လာလည်ပတ်သူများသည် လူချမ်းသာကုန်သည်များ သို့မဟုတ် စွမ်းအားမြင့်အရာရှိများဖြစ်သည်။ ထိုနေရာမျိုးဖွင့်ထားခြင်းသည် ရှောင်မိသားစု၏ လွှမ်းမိုးနိုင်မှုနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ပြသနေခြင်းဖြစ်သည်။

“တာ့ကျင်းဟာ လော်မိသားစုအောက်မှာပဲ အမြဲရှိတာပါ။ မင်းပေါက်တတ်ကရတွေ ဆက်ပြောနေမယ်ဆိုရင် ငါမင်းကို ကန်ထုတ်မိတော့မယ်နော်”

ရှောင်ယိ မျက်နှာတင်းသွားသည်။

“လော်မိသားစုက ဘာတွေထူးခြားနေလို့လည်း။ မင်းတို့မိသားစုဘိုးဘေးတွေလည်း အင်ပါယာဖြစ်ခဲ့တာပဲလေ”

ယွန်လင်က အလျှော့မပေး။ ရှောင်ယိမျက်နှာ တင်းသထက်တင်းလာသည်။

“အစောင့်တွေ့၊ ဒီခွေးသူတောင်းစားကို အပြင်ဆွဲထုတ်သွားကြစမ်းကွာ”

စကားဆုံးသည်နှင့် အရပ်သုံးမီတာမြင့်သည့် လူ့သန်ကြီးနှစ်ယောက် အခန်းထဲဝင်လာသည်။ သူတို့ထံမှ ပြင်းထန်သည့်နတ်ဆိုးချီ ထွက်ပေါ်နေသည်။ ကိုယ်ပေါ်မှ ကျားနှင့်တူသည့် အစင်းကြောင်းများက သူတို့သရုပ်မှန်ကို ကြေညာပေးနေသည်။

“မလုပ်ပါနဲ့ သခင်ငါး။ တောင်းပန်ပါတယ်။ ကျုပ်ဒီည စိတ်အပန်းဖြေဖို့လာတာပါ။ မင်းတို့ နတ်ဆိုးတစ်သောင်းနိုင်ငံမှာ အသစ်တစ်ချို့ရောက်လာတယ် ကြားလို့ပါ။ ငါစမ်းကြည့်ချင်တယ်။ ငါ့ကိုနှင့်မထုတ်ပါနဲ့။ ဒါတော့အဆင်မပြေဘူးလေ”

သူငယ်ချင်းဖြစ်သူက အတည်ပြောနေမှန်းသိ၍ ယွန်လင် ချက်ချင်းခေါင်းငုံ့၍ အသနားခံသည်။

“မင်းတို့ရှောင်မိသားစုဘိုးဘေးတွေက တာ့လျောင်ကို တည်ထောင်ခဲ့တာလား”

ဖုန်ချင်အန်းမျက်နှာ နည်းနည်းလေးနက်လာသည်။ တာ့လျောင်သည် လွန်ခဲ့သည့် ရာစုနှစ်အနည်းငယ်က မဟာအင်ပါယာတစ်ယောက် နန်းချခံရသည့် နိုင်ငံတစ်ခုဖြစ်သည်။ သူအမှတ်မမှားလျင် ထိုအင်ပါယာ၏မိသားစုသည် ရှောင်မျိုးရိုးဖြစ်သည်။

“ဟုတ်ပါတယ်။ တာ့လျောင်ဟာ သူတို့ဘိုးဘေးတွေ တည်ထောင်ခဲ့တာပါ။ စိတ်မကောင်းစရာက နှစ်နှစ်ရာတောင် မကြာလိုက်ဘဲ...”

ယွန်လင် ပါးစပ်သရမ်းပြန်သည်။

“ဒီအရိုင်းစိုင်းကောင်ကို အပြင်ဆွဲထုတ်လိုက်”

ရှောင်ယိ သည်းမခံနိုင်တော့။ မိသားစုအတော်များများအတွက် နိုင်ငံတစ်ခုတည်ထောင်၍ တော်ဝင်မိသားစုဖြစ်ရခြင်းသည် မျိုးရိုးစဉ်ဆက် ကြွားလုံးထုတ်စရာဖြစ်သည်။ သို့သော် ရှောင်မိသားစုအတွက် အမည်းစက်ဖြစ်နေသည်။

ရှောင်မိသားစုတည်ထောင်သူက နိုင်ငံမတည်ထောင်ရန် ရှင်းရှင်းလင်းလင်း တားမြစ်ခဲ့သည်။ သို့သော် သူ့မျိုးဆက်တစ်ယောက်က စွမ်းအားကြီးလာသည်။ ဩဇာလွှမ်းမိုးချင်သည့်စိတ်ကို မထိန်းနိုင်ဘဲ နိုင်ငံတည်ထောင်သည်။ နှစ်နှစ်ရာပင် မကြာခဲ့။

ရှက်စရာအကောင်းဆုံးမှာ ထိုဩဇာမက်မောသည့်ဘိုးဘေးသည့် သူအင်ပါယာဖြစ်သည့်ကာလတစ်လျှောက်လုံး အိမ်ရှေ့စံတစ်ယောက်မှ ခန့်အပ်မထားခဲ့ခြင်းဖြစ်သည်။ တာ့လျောင်မင်းဆက် အစမှအဆုံးထိ အင်ပါယာတစ်ယောက်တည်းသာရှိသည်။

တာ့လျောင်ပြိုကွဲမှုကြောင့် ထိုဘိုးဘေးလည်း ကံကြမ္မာတုံ့ပြန်မှု ခံရသည်။ ဖမ်းဆီးခံရချိန်တွင် ရုတ်တရက် အသေဆိုးဖြင့်သေသွားသည်။ ရှောင်မိသားစုမျိုးနွယ် ပြိုကွဲမတတ်ဖြစ်ခဲ့ရသည်။

ထိုအချိန်မှစ၍ မျိုးနွယ်တည်ထောင်သူဘိုးဘေး၏ အမိန့်ကိုလိုက်နာခဲ့ကြသည်။ ကိုယ်ပိုင်နိုင်ငံ မထူထောင်ကြတော့။

“မလုပ်ပါနဲ့ သခင်ငါး။ ငါမှားပါတယ်။ငါထပ်မပြောတော့ပါဘူး”

ကျားနတ်ဆိုးနှစ်ယောက် ယွန်လင်ထံ လျှောက်လာသည်။ ယွန်လင်က ဗုဒ္ဓအလင်းဖြင့် သူ့ကိုယ်သူကာကွယ် ရှောင်လင်ဆီ အရှက်မရှိ တိုးကပ်သွားပြီး အတင်းဖက်သည်။

“အခုငါ သရဲသတို့သမီးကို သွားတွေ့ချင်တယ်။ ငါထိန်းသိမ်းထားခဲ့တဲ့တစ်ယောက်ပေါ့။ ငါသူနဲ့ပျော်ချင်တယ်”

“မရှိတော့ဘူး”

ရှောင်ယိက စက်ဆုပ်ရွံရှာဟန်ဖြင့် ယွန်လင်လက်ကိုအတင်းတွန်းထုတ်၍ ခွာချသည်။

“ဘာမရှိတာလဲ”

“မင်းငါ့ကိုမလွှတ်ရင် မိုးကြိုးအဆောင်သုံးပြီး မင်းရဲ့သရဲသတို့သမီးကို ပြာချပစ်မယ်”

“မလုပ်ပါနဲ့ သခင်ငါး။ စကားနဲ့ဆွေးနွေးကြတာပေါ့။ သရဲသတို့သမီး ပြာဖြစ်သွားရင် အရမ်းနှမျောစရာကောင်းပါတယ်။ မိုးကြိုးအဆောင်လက်ဖွဲ့တွေများလွန်းရင် ငါ့ကို တစ်ရာလောက်ပေးလို့ရပါတယ်။ ငါစိတ်မဆိုးပါဘူး”

ယွန်လင် ရှောင်ယိကို လွှတ်လိုက်သည်။ ကျားနတ်ဆိုးနှစ်ယောက်လည်း မလှမ်းမကမ်းတွင် မျက်နှာတင်းတင်းဖြင့် ရပ်နေသည်။

“ဒီကနေ ထွက်သွားစမ်း”

"ဟီးဟီး”

“ဒါနဲ့....သခင်ဖုန် ဒီမှာဘာလုပ်ချင်လဲ”

ယွန်လင် သူ့အင်္ကျီသူ သပ်ရပ်အောင်ပြင်၍ ဖုန်ချင်အန်းကို မေးသည်။

“သခင်ဖုန် စဉ်းစားမရရင် ကျုပ်ထိန်းထားတဲ့ သရဲသတို့သမီးကို ပေးပါ့မယ်”

“သရဲသတို့သမီးဆိုတာ ဘာလဲ”

“လက်ထပ်ပွဲနေ့ညမှာ မတရားသေခဲ့ရတဲ့ သတို့သမီးပါ။ စိတ်ချပါ။ ကျုပ်သေချာရွေးထားတဲ့ သတို့သမီးပါ။ လူ့ဘဝမှာတုန်းက သူကအပျိုစင်ပဲ။ သူ့လက်မှာ အပျိုစင်သဲ(အမှတ်အသား)တောင် ရှိသေးတယ်။ လုံးဝအသန့်ပါ”

ယွန်လင်က လက်တစ်ဘက်ဝှေ့ယမ်း၍ မျက်ခုံးပင့်လျက် ရှင်းပြသည်။

“သန့်တာက အဓိကပေါ့”

ဖုန်ချင်အန်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။

တာ့ကျင်းအဆင့်မြင့်မိသားစုသခင်လေးများကို သူနည်းနည်းနားမလည်နိုင်အောင် ဖြစ်ရသည်။ ထူးဆန်းသည့် အကြိုက်မျိုးရှိကြသည်ဟု ဆိုရမည်။ သို့သော် သူက အကြိုက်။ အသွေးအသားကိုယ်ခန္ဓာနီးပါးရှိကြသည့် ဗီဇယင်ဝိညာဉ်နန်းကောနှင့်တုန်ဟွမ်းမှလွဲလျှင် သူဘာမှမကြိုက်။

All Chapters