← Chapters

အင်ပါယာမိုးရေ

Vol. 20 Ch. 293

အင်ပါယာမိုးရေ

Vol. 20 Ch. 293

“သန့်တာအဓိကမကျရင် ကျန်တာဘာရှိသေးလို့လဲ’

ယွန်လင် နည်းနည်းကြောင်သွားသည်။

ထိုသရဲသတို့သမီးကို သူသေချာဂရုတစိုက် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဘဝပေါင်းများစွာ ရှိခဲ့သည်ဟုဆိုသည်။ အလှဖြင့် ဆွဲဆောင်ကြသည့် အဆင့်နိမ့်သရဲမများနှင့်မတူ။ ကိုယ်ပိုင်စွမ်းအားဖြင့် ကြမ်းတမ်းစွာတိုက်ခိုက်တတ်သည့် သရဲဖြစ်သည်။ ထိုသို့မဟုတ်ခဲ့လျှင် ယွန်လင်စိတ်ဝင်စားမည်မဟုတ်။

“သောက်ရူး၊ လူတိုင်းကမင်းလို့ ထူးထူးဆန်းဆန်းတွေ ကြိုက်မယ်ထင်နေလား။ မျိုးရိုးမြင့်မိသားစုတွေက မိန်းမလှတွေကို အရေးမစိုက်ဘဲ သရဲနတ်ဆိုးမတွေကို ရွေးတယ်ပေါ့”

ရှောင်ယိ ‌အော်ဆဲသည်။

“လူသားမိန်းမတွေက နတ်ဆိုးမိတွေ သရဲမတွေလောက် စိတ်ဝင်စားစရာကောင်းလို့လား။ ပြီးတော့ငါ့လို အပေအတေတစ်ယောက်က မျိုးရိုးမြင့်မိန်းကလေးတစ်ယောက်ရဲ့ နာမည်ဂုဏ်သတင်းပျက်စီးအောင်လုပ်ဖို့ ထိုက်တန်လို့လား။ နတ်ဆိုးမတွေ သရဲမတွေနဲ့ ငါကစားနေတာဟာ လူသားလောကကို ကူညီပေးနေတာပါ”

“မင်းက ကိုယ့်ကိုယ်ကို တကယ်နားလည်သားပဲ”

“ဒါပေါ့”

“ခင်ဗျားရဲ့သရဲသတို့သမီးကို မင်းဘာသာပဲ သိမ်းထားပါ”

ဖုန်ချင်အန်းက အံ့ဩရုံသာဖြစ်သည်။ သာမန်လူများကတော့ ရူပအာရုံကြောင့် မျက်ကန်းဖြစ်၍ နတ်ဆိုးများကို ကြွေသည်ကမဆန်း။ မျိုးရိုးမြင့်သခင်လေးတစ်ယောက်က ထိုသရဲများကို တကယ်စိတ်ဝင်သားနေသည်က အံ့ဩစရာကောင်းသည်။

“ဒီအမှောင်သတ္တဝါတွေနဲ့ အနီးကပ်နေတဲ့အခါ ခင်ဗျားရဲ့ယန်အသက်ဓာတ်တွေ ပျက်စီးသွားမှာ မစိုးရိမ်ဘူးလား”

"ဟားဟား၊ ဘာစိုးရိမ်စရာရှိလဲ။ ယန်ဓာတ်ထိန်းချုပ်ဆေးရှိရင် ရပြီလေ။ ကြောက်စရာအကောင်းဆုံးဆိုတဲ့ သရဲတောင် ကျုပ်ရဲ့ယန်ဓာတ်တွေကို မခိုးယူနိုင်ပါဘူး”

ယွန်လင် ဝင့်ကြွားဟန်ဖြင့်ပြောသည်။ အင်္ကျီလက်ထဲမှ ဆေးဘူးတစ်ခုထုတ်၍ အဖုံးဖွင်ပြီး ဖုန်ချင်အန်းကို ပြလိုက်သည်။

“ဒါလည်း နတ်ဆိုးတစ်သောင်းနိုင်ငံမှာ ထုတ်လုပ်တာလား”

ဖုန်ချင်အန်း မျက်ခုံးတစ်ဘက် မြင့်တက်သွားသည်။

“မဟုတ်ပါဘူး။ ဒါက ယွန်မိသားစုရဲ့ အထူးထုတ်ကုန်ပါ။ နတ်ဆိုးတစ်သောင်းနိုင်ံအတွက် သီးခြားထုတ်လုပ်တာ”

“သီးခြားထုတ်လုပ်တယ်...”

“သခင်ဖုန် မသိသေးလို့ပါ။ ကျုပ်အကြိုက်က ထူးဆန်းတယ်လို့ မယူဆပါနဲ့။ ကျုပ်လိုလူတွေ အများကြီးရှိတယ်။ ဒီတော့ ဒီဆေးက နတ်ဆိုးတစ်သောင်းနိုင်ငံမှာ အရမ်းလူကြိုက်များတယ်လေ”

တိုက်ခိုင်နိုင်စွမ်းမရှိသည့် စာပေသမားတစ်ယောက်ပင် ဆေးတစ်လုံးသောက်လျှင် ယန်ဓာတ်ဆုံးရှုံးမည်ကို စိုးရိမ်စရာမလိုပဲ ကြမ်းတမ်းသည့်သရဲကို ခြောက်နာရီအတွင်း ထိန်းချုပ်နိုင်သည်။

အာနိသင် ထူးခြားလှသည်။

“ဪ...ကျုပ်ပြောပြဖို့ မေ့နေတယ် သခင်ဖုန်။ ရှောင်မိသားစုရပ်တည်မှုက နတ်ဆိုးတစ်‌သောင်းနိုင်ငံရဲ့ လည်ပတ်မှုလုပ်ငန်းပေါ်မှာ အဓိကထားတယ်။ ယွန်မိသားစုရပ်တည်မှုကတော့ ဖုန်ထန်မှာ ဆေးဖေါ်စပ်တဲ့လုပ်ငန်းပါ။ ဆေးပညာနဲ့ပတ်သက်ရင် ယွန်မိသားစုဟာ တာ့ကျင်းမှာ အစောဆုံးပါပဲ”

ယွန်လင် ဂုဏ်ယူနေဟန်ရှိသည်။

“နတ်ဆိုးတစ်သောင်းနိုင်ငံရဲ့ အသွင်ပြောင်းဆေးလုံးတွေကရော ဘယ်လိုလဲ”

“ဒါက..ဒါကတော့ နှိုင်းယှဉ်စရာမရှိပါဘူး”

ဝင့်ကြွားနေခဲ့သည့်ယွန်လင် မျက်နှာရှုံ့သွားသည်။

“ဒီနတ်ဆိုးတစ်သောင်းမြေဟာ နတ်ဆိုးမျိုးနွယ်တွေရှင်သန်ဖို့ အကောင်းဆုံးနေရာပါ။ အသွင်းပြောင်းဆေးဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးဥဆေးမြစ်တွေအားလုံးကို ဒီကပဲရတယ်။ တစ်ခြားနေရာကနေ ယွန်မိသားစုဝယ်ရတဲ့ ဆေးပစ္စည်းတွေက ဘယ်လောက်ပဲရွေးဝယ်ဝယ် ဒီကဆေးပစ္စည်းတွေရဲ့ အရည်အသွေးကို မမီဘူး။ ဆေးဖော်နည်းဘယ်လောက်ကောင်းကောင်း ပစ္စည်းညံ့ရင်ညံ့တာပဲ”

“သဘောပေါက်ပါပြီ”

“ပြီးတော့ ဒီမှာ အင်ပါယာမိုးရေဆိုတာလည်း ရှိသေးတယ်။ ကြုံကြိုက်မှ တွေ့ရတာမျိုးပါ။ သခင်ဖုန်ကံကောင်းရင် အံ့ဩစရာကောင်းတာတွေ ရာနဲ့ချီပြီး မြက်ပင်တွေလို မြေကြီးထဲကထွက်လာတာကို လက်တွေ့မြင်ရမှာပါ”

ရှောင်ယိ ယွန်လင်ကို မကျေမနပ်စိုက်ကြည့်သည်။ အထဲမဝင်မကြည့်ရသေးမီ ရှောင်မိသားစု၏ လျှို့ဝှက်ချက်တစ်ဝက်လောက်ကို ထုတ်ပြောနေသည်။ အရမ်းလျှို့ဝှက်ထားသည့် အကြောင်းများမဟုတ်သော်လည်း လူတိုင်းသိခွင့်ရှိသည်မဟုတ်။

“ဒီနေရာမှာ အင်ပါယာမိုးရေတွေ့တယ်ဆိုတော့ အံ့ဩစရာပဲ”

ရှေးခေတ်နတ်ဆိုး၏ ကောင်းကင်ဂူတွင် အင်ပါယာမိုးရေဖြစ်ပေါ်သည်က မဆန်းပါ။ ကောင်းကင်ဂူ အကောင်းအတိုင်းရှိနေလျှင် အင်ပါယာမိုးရေများ နေ့တိုင်းရွာချနေနိုင်သည်။

“ဒီနတ်ဆိုးနိုင်ငံရဲ့ မူလအစက ဘာလဲ။ နတ်ဆိုးမျိုးနွယ်နဲ့ ဆက်စပ်နေတာလား။ ဒီနေရာကို ရှောင်မိသားစုက ဘယ်လိုရလာတာလဲ”

ဖုန်ချင်အန်း ရှောင်ယိကို လှည့်ကြည့်သည်။ ရှောင်ယိက ဒေါသကြောင့် အံကိုတင်းတင်းကြိတ်ထားသည်။ မိန်းမချောချောသူတစ်ယောက် ထိုသို့ဖြစ်နေသည်မှာ နည်းနည်းကိုးယို့ကားယားနိုင်သည်။ သို့သော် ရှောင်ယိ ယောက်ျားအစစ်ဖြစ်မှန်း ဖုန်ချင်အန်း သိပါတသည်။

“သခင်ဖုန်က တကယ်စေ့စပ်တာပဲ။ ဒီနတ်ဆိုးတစ်သောင်းနိုင်ငံက နတ်ဆိုးမျိုးနွယ်နဲ့ ပတ်သက်နေတာအမှန်ပါပဲ။ အင်အားကြီးနတ်ဆိုးမျိုးနွယ်တစ်ယောက် ဖန်တီးခဲ့တဲ့ကောင်းချီးနယ်မြေလို့ ကျုပ်တို့ဘိုးဘေးတွေ ယူဆကြတယ်။ ဒါပေမယ့် နယ်မြေပိုင်ရှင်က ဟိုအရင်ကတည်းက သေသွားပြီ ရှောင်မိသားစုဘိုးဘေးက ကံကောင်းထောက်မပြီး ဒီနေရာကိုတွေ့တယ်။ အထဲက ရတနာတွေရတယ်။ ဒီလိုနဲ့ လက်ရှိရှောင်မိသားစုဘဝကို မြှင့်တင်နိုင်ခဲ့တာပါ”

ရှောင်ယိက ပုံမှန်လေသံဖြင့် ဖြေသည်။ သူတို့မျိုးနွယ်မြင့်တက်လာသည့် သမိုင်းကြောင်းကို အစကလျှို့ဝှက်ထားခဲ့သည်။ သို့သော်ယခု အပြင်ကမ္ဘာသို့ ပွင့်လင်းစွာ ကြေညာနိုင်သည်။ ကြေညာရဲသည်။

ထိုနယ်မြေကို သူတို့မိသားစုလက်ထဲမှ လုယူနိုင်သူ တစ်ယောက်မှမရှိ။ ကောင်းကင်နတ်ဘုရားဆင်းလာလျှင်ပင် မရနိုင်။ ရှောင်မိသားစု နှစ်တစ်ထောင်တည်တဲ့ခဲ့သည်မှာ ဟန်ပြသက်သက်မဟုတ်။

“တကယ် နတ်ဆိုးကောင်းချီးမြေဖြစ်နေတာပဲ။ ဒီလိုမြင်ကွင်းမျိုးရှိတာ အင်ပါယာမိုးရေရှိနေတာ မဆန်းတော့ပါဘူး”

ဖုန်ချင်အန်းမျက်နှာတွင် အထင်ကြီးလေးစားသည့်အမူအရာ ပေါ်နေသည်။ သို့သော် စိတ်ထဲတွင် လှောင်ရယ်နေသည်။ စနစ်အကဲဖြတ်သည်ကို သူကြားထားသည်။ စနစ်သည် မမှားနိုင်။ ရှောင်မိသားစုဘိုးဘေးက အကဲဖြတ်မှားခဲ့ခြင်းသာဖြစ်မည်။

နတ်ဆိုးတစ်ယောက်၏ ကောင်းကင်ဂူကို ထိုထက်နည်းနည်းညံ့သည့် ကောင်းချီးမြေဟု အထင်မှားခဲ့သည်။ နှစ်တစ်ထောင်ကြာပြီးချိန်ထိ ထိုကောင်းကင်ဂူကို ကောင်းချီးမြေဟုသာ မှတ်ယူကြသည်။ ထိုကောင်းကင်ဂူသည် အမှန်တကယ် များစွာယိုယွင်းပျက်စီးနေပုံရသည်။ ထို့ကြောင့် မူလသွင်ပြင်လက္ခဏာများ ပျောက်ပျက်သွားခြင်းဖြစ်မည်။

“ရှောက်မိသားစုဘိုးဘေးဟာ တကယ်ကံကောင်းတာပဲ။ နတ်ဆိုးကောင်းချီးမြေကိုရပြီး နှစ်တစ်‌ထောင်မိသားစုမျိုးဆက်ကို ဖန်တီးနိုင်ခဲ့တယ်”

ယွန်လင်မျက်နှာတွင် အားကျရိပ်ပေါ်နေသည်။ ရှောင်မိသားစုသမိုင်းကြောင်းသိကြသည့် ဘယ်သူမဆို မိသားစုတည်ထောင်သူဘိုးဘေးကို အားကျကြပေလိမ့်မည်။ နေရာချင်း လဲချင်စိတ် ပေါ်လာပေလိမ့်မည်။

All Chapters