အင်ပါယာမိုးရေ
Vol. 20 Ch. 294
မည်သို့ဆိုစေ သာမန်သိုင်းသမားတစ်ယောက် နတ်ဆိုးမြေကိုရပြီး ဖွံ့ဖြိုးတိုးတက်လာသည့်အဖြစ်ကို လူတိုင်းအားကျပေလိမ့်မည်။
ယွန်လင်စကားကြားပြီးနောက် ရှောင်ယိက လှောင်ပြုံးသာပြုံးနေသည်။ ပြိုင်မငြင်းတော့။ ရည်းမှန်းချက်မရှိ လောကအန္တရာယ်မကြုံးဖူးသူတို့သာ ရှောင်မိသားစုဘိုးဘေး ဤနေရာကို ကံကောင်း၍တွေ့ခဲ့သည်ဟု ယူဆကြပေလိမ့်မည်။
ပါရမီမရှိလျှင် နတ်ဆိုးမြေပေါ် အသက်ရှင်နိုင်မည်မဟုတ်။ တစ်ဆင့်ချင်းတိုးခဲ့ရသည်။ နောက်ဆုံး နယ်မြေကို ချုပ်ကိုင်နိုင်ပြီးမှ သူ့မိသားစု အင်အားမြှင့်တင်ရန် အသုံးချနိုင်ခဲ့ခြင်းဖြစ်သည်။
“ဟိုသရဲသတို့သမီးဆိုတာကို မင်းလိုချင်သေးလား။ မလိုချင်ရင် ငါ့လူတွေကို သွားတွေ့ခိုင်းပြီး ပြန်မွေးဖွားမယ့်လမ်းကို ပို့လိုက်တော့မယ်”
“နေပါဦး၊ ငါမလိုချင်ဘူးလို့ ပြောခဲ့လို့လား။ သခင်ဖုန်နဲ့ မဆွေးနွေးရသေးဘူး။ သခင်ဖုန်ကို ငါခေါ်လာတာလေ။ သူ့ကိုပစ်ထားပြီး တစ်ယောက်တည်း သွားပျော်နေလို့ဘယ်ဖြစ်မလဲ။ ဧည့်ဝတ်မကျေရာကျမှာပေါ့”
ယွန်လင်က အတည်အတံ့လေသံဖြင့်ပြော၍ ဖုန်ချင်အန်းကို လှည့်ကြည့်သည်။
“ဘာပဲဖြစ်ဖြစ် သခင်ဖုန်ကို အရင်နေရာချပေးရမယ်။ ပြီးမှ ငါ့သတို့သမီးဆီ သွားမယ်”
“ဒါဆို သခင်ဖုန်က ဘာတွေစိတ်ဝင်စားလဲ”
ရှောင်ယိက ဖုန်ချင်အန်းကို မေးသည်။
“မင်းဘယ်လိုမေးနေတာလဲ။ သူက အခုမှရောက်ဖူးတာလေ။ နတ်ဆိုးတစ်သောင်းနယ်မြေက ပျော်စရာတွေအကြောင်း ဘယ်သိမှာလဲ။ သခင်ဖုန်ကို အရင်ဆုံး ဒီနယ်မြေထဲကနေရာတွေစုံအောင် လိုက်ပြပေးပြီးမှ သူ့ဘာကြိုက်လဲ မေးရမှာပေါ့”
ယွန်လင် အကြံပြုသည်။
“ဒါဆိုလည်း အရင်ဆုံး သခင်ဖုန် လှည့်ပတ်ကြည့်လိုက်ပါဦး”
ရှောင်ယိ ယွန်လင်ကိုစိုက်ကြည့်၍ ခေါင်းကိုဖြေးညှင်းစွာ ငြိမ့်သည်။ ငယ်ကတည်းက ယွန်လင်အကြောင်း သိခဲ့သူမဟုတ်လျှင် တမင်ဒုက္ခပေးနေသည်ဟု သူတွေးမိနိုင်သည်။
ဖုန်ချင်အန်းလိုလူကို ရှောင်မိသားစုနယ်မြေသို့ ခေါ်လာသည်။ လျှို့ဝှက်ချက်များကို ပြောပြသည်။ ယခု နတ်ဆိုးနိုင်ငံထဲ လှည့်လည်ပြသချင်နေသည်။
သရဲတစ်သောင်းနိုင်ံသည် လူတိုင်းအတွက် ဖွင့်ထားသည်။ သို့သော် ဝင်လာမည့်လူအပေါ် မူတည်သည်။ ပြဿနာဖြစ်မည်ကို ရှောင်မိသားစုမကြောက်။ သို့သော် မလိုအပ်ဘဲ ဒုက္ခမခံချင်။ ပြဿနာရှင်းရလျှင် တန်ကြေးတစ်ခုတော့ ပေးဆပ်ရသည်။
“တကယ်တော့ အင်ပါယာမိုးရေကို ကျုပ်အတော်စိတ်ဝင်စားနေတယ်။ မြင်ခွင့်ရရင် သိပ်ကောင်းမှာပဲ”
ဖုန်ချင်အန်း အမှန်အတိုင်းပြောခြင်းဖြစ်သည်။ အင်ပါယာမိုးရေအကြောင်း ကြားသာကြားဖူးသည်။ မမြင်ဖူး။ နတ်ဆိုးမျိုးနွယ်အတွက် မိုးမြေလက်ဆောင်ဖြစ်သည်။ မြွေစိမ်းတောင်နတ်ဘုရားပင် ထိုမိုးရေမျိုး တစ်ခါမှ မမြင်ဖူး။
လက်ရှိလူ့လောကရှိ နယ်မြေများသည် ဟိုရှေးခေတ်ကလို နတ်ဆိုးများအတွက် အကူအညီသိပ်မဖြစ်တော့။ အင်ပါယာမိုးရေ လုံးလုံးပျောက်ကွယ်မသွားသည့်တိုင် ရှေးမှတ်တမ်းများထဲတွင်သာ ရှိတော့သည်။ သာမန်သတ္တဝါများ နတ်ဆိုးဘုရင်များ တစ်သက်တစ်ကြိမ် ကြုံကြိက်ရန် ခဲယဉ်းသွားသည်။
ကောင်းကင်ဂူများနှင့် စွမ်းအားကြီးနတ်ဆိုးမျိုးနွယ်တို့၏ တစ်ခြားလျှို့ဝှက်နယ်မြေများတွင်သာ ပေါပေါ်များများ တွေ့နိုင်တော့သည်။
ဖုန်ချင်အန်းသာ မဟုတ်၊ တောင်နက်နှင့်ပိုင်ယော်တို့လည်း ထိုမိုးရေကို မြင်ဖူးချင်ကြသည်။ နတ်ဆိုးမျိုးနွယ်အမွေခံများဖြစ်သော်လည်း အင်ပါယာမိုးရေကို တောင့်တသည်။
အင်ပါယာမိုးရေ၏စွမ်းအင်သန္ဒေက နေလစွမ်းအင်သန္ဓေပင်ဖြစ်သည်။ သို့သော် နတ်ဆိုးများ နေ့စဉ်စုပ်ယူကျင့်ကြံနေသည့် နေလသန္ဓေမျိုးမဟုတ်။ အရာအားလုံးအတွက် ဖြစ်ပေါ်လာသည့် စွမ်းအင်သန္ဓေဖြစ်သည်။ သာမန်ဆေးမြစ်များ တောရိုင်းကောင်များပင် အလွယ်တကူ စုပ်ယူနိုင်သည်။
ထို့ကြောင့် အင်ပါယာမိုးရေ ကောင်းကင်မှ ကျလာချိန်တွင် တော်တောင်ထဲ၌ နတ်ဆိုးများ ဝိညာဉ်သားရဲများ ထောင်ချီ၍ ပေါ်လာသည်။ ခမ်းနားသည့်မြင်ကွင်းဖြစ်သည်။ သို့သော် ယခုလက်ရှိကမ္ဘာတွင် မြင်တွေ့ရန် ခဲယဉ်းသည်။ နတ်ဆိုးမျိုးနွယ်ဘုံလောကများတွင်သာ တွေ့နိုင်တော့သည်။
တောင်နက်နှင့် ပိုင်ယော်တို့ မျှော်လင့်နေသည့်အကြောင်းရင်းက ရိုးစင်းသည်။ အင်ပါယာမိုးရေကို ကြုံကြိုက်လျှင် သူတို့အသုံးချမည် နတ်ဆိုးစွမ်းအင် သို့မဟုတ် ဝိညာဉ်စွမ်းအင် စုဆောင်းရသည့်အချိန် များစွာလျော့ကျသွားမည်။ အားထုတ်ရသက်သာသွားမည်။
“ဒါဆိုရင်တော့ သခင်ဖုန်ကို ကျုပ်တောင်းပန်ရုံပဲရှိပါတယ်။ အင်ပါယာမိုးရေကို ကျုပ်တို့မထိန်းချုပ်နိုင်ပါဘူး။ သူ့ဘာသာ ဖြစ်ပေါ်လာတာပါ”
ရှောင်ယိက မျက်နှာမသာမယာဖြင့် ဖြေသည်။
“ဒီတော့ သခင်လေးတောင်းဆိုတာကို ကျုပ်တို့ မဖြည့်ဆည်းနိုင်ပါဘူး။ ဒါပေမယ့်။ နောက်တစ်ကြိမ် အင်ပါယာမိုးရေပေါ်လာလို့ အခြေအနေပေးရင် ထူးခြားမြင်ကွင်းကို မြင်ခွင့်ရအောင် ကျုပ်တို့ သခင်လေးကို အကြောင်ကြားပါ့မယ်”
“အဲလိုပဲလုပ်ကြတာပေါ့”
ဖုန်ချင်အန်း သိပ်အလျင်မလိုပါ။ အင်ပါယာမိုးရေ ဤနယ်မြေရှိလျှင် သူပါဝင်ခွင့်ရချင်သည်။ ထိုအခွင့်အရေးကို သူလက်လွတ်မခံနိုင်။
“ဟုတ်ကဲ့ပါ”
ရှောင်ယိက ဖုန်ချင်အန်းဘေးမှ တောင်နက်နှင့်ပိုယော်ကို လှမ်းကြည့်သည်။ အခြေအနေကို ရိပ်မိသည်။ သူသည် နတ်ဆိုးနယ်မြေ၏ အငယ်တန်းဦးစီးတစ်ယောက်သာ ဖြစ်သော်လည်း ထိုကတိလောက်တော့ သူပေးနိုင်သည်။
တာ့ကျင်းတွင် နတ်ဆိုးမွေးသည့် သခင်များစွာရှိသည်။ ရှောင်မိသားစုကလည်း အင်ပါယာမိုးရေလိုအပ်သူများအပေါ် အမြဲတမ်းရက်ရောခဲ့သည်။ ထိုမိုးရေက လူသားများအတွက်မလိုအပ်။
မိုးရေကို အကြောင်းပြု၍ နယ်မြေတစ်ခုခုမှ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် မိတ်ဆွေဖွဲ့နိုင်သည်။ ပြဿနာက ထိုမိုးရေသည် ပေါ်ချင်သည့်အချိန် ပေါ်လာခြင်းဖြစ်သည်။ သူတို့ထိန်းချုပ်မရ။
နတ်ဆိုးတစ်သောင်းနယ်မြေကို ဦးစီနေသည်ဆိုသော်လည်း သူတို့မထိန်းချုပ်နိုင်သည့်အပိုင်းများ နားမလည်သည့်အပိုင်းများ ရှိသည်။ ထိုကိစ္စကို အပြင်လူများသိဖို့မလို။
“သွားကြစို့၊ ဒီမှာ အချိန်ဖြုန်းနေလို့မဖြစ်ဘူး။ အကိုဖုန် ကျုပ်လိုက်ပြမယ်”
“အဲလိုကြီးလည်းမဟုတ်ပါဘူး။ ခင်ဗျားမှာ သရဲသတို့သမီးရှိတယ်လို့ ပြောတယ်မဟုတ်လား။ ခင်ဗျားသူနဲ့ ဘယ်လိုကစားသလဲဆိုတာ လိုက်ပြပါ”
ဖုန်ချင်အန်း လက်ဝှေ့ယမ်းပြသည်။ သာမန်လူများကို သရဲများက ပုံရိပ်အတုဖြင့် ဖမ်းစားဆွဲဆောင်သည်။ သရုပ်မှန်ကိုမြင်ရလျှင် သေမတတ်ကြောက်သွားလိမ့်မည်။ သရဲများနတ်ဆိုးများနှင့် ပတ်သက်ရဲသည့် သတ္တိမျိုး ရှိကြမည်မဟုတ်။
ယခု ဤသခင်ယွန်က သရဲများနှင့်ဆက်သွယ်ဖို့ စိတ်ဝင်တစားရှိနေသည်။ ကြိုတင်ပြင်ဆင်မှုများပင် လုပ်ထားသည်။ လက်တွေ့မည်သို့လုပ်သည်ကို ဖုန်ချင်အန်း သိလိုသည်။ သရဲများကို သဘောကျ၍လား။ ကစားရုံသက်သက်လား သိချင်သည်။
“အဲ...ဒါက...”
ယွန်လင် နည်းနည်းရှက်သွားဟန်ရှိသည်။ တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။
“အဲလိုမဟုတ်ဘူးလား”
“ဘာတွေဖြစ်နေတာလဲ ယွန်လင်း။ မင်းပဲပြောတယ်မဟုတ်လား။ အကိုဖုန်က မင်းဧည့်သည်နော်။ သူစိတ်ကျေနပ်အောင် လုပ်ပေးရမှာပေါ့။ သူက ငါတို့နတ်ဆိုးနိုင်ငံနဲ့ မရင်းနှီးသေးဘူး။ မင်းကိုယ်တိုင် သရုပ်ပြပေးရမှာပေါ့”
အခက်တွေ့နေသည့် ယွန်လင်ကို ရှောင်ယီက ဆက်ဖိအားပေးသည်။
“ကျုပ်က...အဲ...”
တစ်ခြားလူသာ ထိုသို့တောင်းဆိုလျှင် ယွန်လင်း ရိုက်သတ်ပစ်မည်ဖြစ်သည်။ သိုသော်ယခု သူရင်းနှီးလိုသည့် ဖုန်ချင်အန်း ဖြစ်နေသည်။ လှိုင်းမြစ်သတင်းများကိုလည်း သူကြားထားသည်။ ဖုန်ချင်အန်း၏ ရဲဝံ့မှုကို သဘောကြသည်။ တွေ့ချင်နေသည်မှာ ကြာပြီဖြစ်သည်။
“စိတ်ချပါ၊ ကြည့်မကောင်းတဲ့ကိစ္စတွေ ခင်ဗျားလုပ်တော့မယ်ဆိုရင် ကျုပ်မျက်နှာလွှဲနေပါ့မယ်။ သရဲတွေနဲ့ အပြန်အလှန် ဘယ်လိုဆက်သွယ်သလဲဆိုတာပဲ ကျုပ်သိချင်တာပါ”
ယွန်လင် ဘာစိုးရိမ်နေသည်ကို ဖုန်ချင်အန်း သိသည်။ ယွန်လင်၏ ချည်းကပ်ပုံက တဇွတ်ထိုးဆန်လွန်းလှသည်။ သို့သော် သူ့ကိုယ်ရေးကိုယ်တာကိစ္စများကို သေချာလျှို့ဝှက်ထားသည်။
သရဲများအား မည်သို့ချဉ်းကပ်သည်ကို ဖုန်ချင်အန်း တကယ်သိချင်မိသည်။ သရဲများသည် နာကျည်းစိတ်ဖြင့် မွေးဖွားလာခြင်းဖြစ်သည်။ တုန်ဟွမ်းနှင့်နန်းကောတို့နှင့် လုံးဝကွဲပြားသည်။ ယင်စွမ်းအင် အသုံးပြုသည်ချင်းသာ ဆင်တူသည်။ ထိုမှလွဲ၍ တစ်ခြားဘာမှမတူ။
“အဲလိုဆို အဆင်ပြေပါတယ်”
ယွန်လင် စိတ်သက်သာရာရသွားဟန်ရှိသည်။ အဓိကကျသည့်ဖြစ်စဉ်အတွင်း ဖုန်ချင်အန်း ရှိမနေလျှင် အဆင်ပြေသည်။ သူရွေးထားသည့် ပစ်မှတ်က ထူးခြားသည်။ တစ်ခြားသရဲများနှင့်မတူ။ သို့သော် တစ်ခြားကိစ္စများတွင် အတော်လေး ရှေးရိုးစွဲဆန်သည်။
“ကျုပ်နောက်က လိုက်ခဲ့ပါ သခင်ဖုန်”
ဆုံးဖြတ်ချက်ချကြပြီးနောက် ရှောင်ယိက ချက်ချင်း လမ်းပြတာဝန်ယူ၍ ရှေ့မှဦးဆောင်သွားသည်။ အဆောက်အဦးထဲမှထွက်သည်နှင့် သတ္တုသားအဆောက်အဦးကြီးတစ်ခုဆီ ဖုန်ချင်အန်း အကြည့်ရောက်သွားသည်။