လွှမ်းမိုးသူ (၂)
Vol. 20 Ch. 298
လက်သီးမာလျှင် နှစ်တစ်ထောင်မက၊ နှစ်တစ်သောင်းကြာအောင်ပင် မျိုးဆက်ကိုထိန်းနိုင်သည်။
“ရှောင်မိသားစုမှာ နတ်ဆိုးတစ်သောင်းနိုင်ငံရှိတာမှန်ပါတယ်။ ဒါပေမယ့် အစကတည်းက ပျက်စီးနေတဲ့နေရာလေ။ ပျက်စီးနေတာမဟုတ်ရင် ငါတို့ဘိုးဘေးတွင် ဒီထဲကို ဘယ်ဝင်နိုင်ခဲ့မှာလဲ။ ပြီးခဲ့တဲ့နှစ်တစ်ထောင်အတွင်း ဒီနယ်မြေကို ပြုပြင်ဖာထေူးတာတွေပဲ ငါတို့လုပ်နေရတာပါ။
ရှောင်မိသားစုက သိမ်းငှက်နက်တွေကို ထိန်းသိမ်းရတာတင်မကဘူး။ တစ်ခြားကုန်ကျစရိတ်တွေလည်း ရှိသေးတယ်။ နတ်ဆိုးတစ်သောင်းနယ်မြေတစ်ဝက်ကျော်ကို တာ့ကျင်းတစ်ခုလုံးက နတ်ဆိုးတွေ အကျဉ်းချဖို့ သုံးထားရတာ။ ငါတို့မှာ ဒီလောက်ငွေကြေးအရင်းအနှီးအများကြီး ဘယ်ကနေရမှာလဲ။ သိမ်းငှက်တစ်တပ်ဖွဲ့ အကောင်တစ်ထောင်ရှိတယ်ဆိုတာ မင်းလိုဦးနှောက်မရှိတဲ့ အရူးတွေပဲ လျှောက်ပြောမှာကွ။ သိမ်းငှက်အကြောင်းသိတဲ့ ရှောင်မိသားစုဝင်တွေတောင် ဒါမျိုးကို စိတ်ကူးမယဉ်ရဲဘူး”
ရှောင်ယိက ယွန်လင်ပြောသည့် ကောလဟာလကို အပြတ်ငြင်းပယ်သည်။
“ဟုတ်ပါတယ်လေ။ မင်းတို့ရှောင်မိသားစက ငှက်တပ်ဖွဲ့တင်မဟုတ်ဘူး။ တစ်ခြား သားရဲစီးတပ်ဖွဲ့တွေကိုလည်း ထောက်ပံ့ရသေးတာကိုး”
“မင်းပါးစပ်ပိတ်ထားစမ်း”
ရှောင်ယိ အော်ငေါက်လိုက်သည်။ ထို့နောက် ဖုန်ချင်အန်းကိုလှည့်ကြည့်၍ အားနာသည့်အပြုံးဖြင့်
“တောင်းပန်ပါတယ်ဖုန်သခင်လေး။ ကျုပ်ဒီအရူးနဲ့ ခဏလောက် သီးသန့်စကားပြောပါရစေ”
“ခင်ဗျားက အိမ်ရှင်ပဲလေ။ ခင်ဗျားလုပ်ချင်တာလုပ်ပါ။ ကျုပ်ခွင့်ပြုချက်မလိုပါဘူး။ ကျုပ်က ဧည့်သည်ပါ”
ဖုန်ချင်အန်း မငြင်း။ ယွန်လင်းအပြောအဆိုသည် နည်းနည်းတရားလွန်သည်ဟု သူလည်း တွေးနေသောကြောင့်ဖြစ်သည်။ ဖုန်ထန်သို့စရောက်သည့် လူတစ်ယောက်အတွက် ထိုသတင်းအချက်အလက်အားလုံးကို မည်သို့သိနိုင်မည်နည်း။
“ခဏလောက်ခွင့်ပြုပါ”
ရှောင်ယိ ဦးညွှတ်အရိုအသေပြုသည်။ ထို့နောက် ယွန်လင်းကို စိုက်ကြည့်၍ အင်္ကျီလက်ဖမ်းဆွဲ၍ စင်မြင့်ဘေးတစ်ဘက်သို့ အတင်းခေါ်သွားသည်။ အလင်းတစ်ခု သူ့ငွေလက်စွပ်မှ ထွက်ပေါ်လာပြီး အလင်းလုံးတစ်ခု ဖြစ်လာသည်။ သူတို့နှစ်ယောက်အတွက် သီးခြားလေဟာနယ်တစ်ခု ဖန်တီးသည်။ သူတို့အသံကို အပြင်ဘက်မှ မကြားနိုင်ပေ။
“ယွန်လင်၊ သောက်ရမ်းအတင့်ရဲနေပါလား ခွေးသူတောင်းစားရဲ။ ဘာလို့ ဒီလူကို ငါ့ဆီခေါ်လာတာလဲ။ မင်းတို့ယွန်မိသားစုက ရှောင်မိသားစုကို မကြိုက်လို့ ခေါင်းဆောင်နေရာယူဖို့ စဉ်းစားနေတာလား”
နှစ်ယောက်တည်းရှိသည်ဖြစ်၍ ရှောင်ယိ ဟန်ဆောင်ပန်ဆောင်လုပ်မနေတော့။ ယွန်လင်ကို စိုက်ကြည့်၍ အံကိုတင်းတင်းကြိတ်ထားသည်။ မျက်နှာအတော်တင်းမာနေသည်။
“မင်းဘာတွေလာပြောနေတာလဲ။ မင်းတို့ရှောင်မိသားစုက ဖုန်ထန်မြို့တော်မှာ နံပတ်တစ်မိသားစုပဲလေ။ မင်းတို့အောက်က မိသားစုတွေအားလုံး မင်းတို့ထက်သာနိုင်ဖို့ ကြိုးစားနေကြတာပဲ မဟုတ်လား။ ဘာဆန်းလို့လဲ။ ရှောင်မိသားစုကရော ငါတို့ကို ကြင်ကြင်နာနာဆက်ဆံနေတယ် ထင်လို့လား။ ဒါပေမယ့် ငါမင်းကိုကတိပေးတယ်။ သူ့ကိုခေါ်လာတာတော့ ဘာမကောင်းတဲ့ရည်ရွယ်ချက်မှ မရှိပါဘူး”
ယွန်လင်းက ခပ်အေးအေးလေသံဖြင့် ပြန်ပြောသည်။ ခုနက သူ့အပြောအဆို နည်းနည်းလွန်သွားမှန်း သိသည်။
သို့သော် မပြောသင့်သည့်စကားမျိုး ဘာမှမပြောခဲ့။ အားလုံးက လူတစ်ချို့သိထားပြီးသား အကြောင်းအရာများသာဖြစ်သည်။ သိလိုသူတိုင်း စုံစမ်းကြည့်နိုင်သည်။ အချိန်တစ်ခုသာ ကြာမည်”
“မကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးတဲ့လား။ သူဓားထုတ်ပြီး သရဲနိုင်ငံအမှုန့်ဖြစ်သွားအောင် လုပ်စေချင်တာမဟုတ်လား”
ရှောင်ယိ မယုံရေးချမယုံ။ ယခု ဖုန်ချင်အန်းကို မြန်မြန်ပ,ထုတ်နိုင်ဖို့သာ သူတွေးနေသည်။ ဖုန်ချင်အန်း များများသိလာလေ သူပိုကြောက်လေဖြစ်သည်။ ဖုန်ညီအကိုနှစ်ယောက်လုံးသည် သူတို့ထပ်တန်းမိသားစုများ သွားမထိသင့်သည့်လူများဖြစ်သည်။ အဝေးမှခပ်ခွာခွာနေခြင်းသာ အကောင်းဆုံးဖြစ်သည်။ သို့သော် ယွန်လင်အရူးက ဖုန်ချင်အန်းကို ရှောင်မိသားစု၏ အဓိကအင်အားနေရာကို တိုက်ရိုက်ခေါ်လာသည်။
“ရယ်စရာကောင်းလိုက်တာကွာ။ မင်းတို့ရှောင်မိသားစုတာဝန်က ဘာလဲ။ မင်းမစဉ်းစားတတ်ဘူးလား။ သူတို့နှစ်ယောက်လုံး လူသားမျိုးနွယ်တွေဘက်မှာ ရပ်တည်နေတာလေ။ သူတို့ထဲက ဘယ်သူမှ လူသားမဟုတ်တဲ့ဖြစ်တည်မှုတွေကို သူတို့ သနားငဲ့ညှာတာမျိုး မရှိပါဘူး”
ယွန်လင်က တောင်းပန်ခြင်းမရှိ။ ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။ ထိုအချက်ကြောင့်လည်း ဖုန်ချင်အန်းအနီးသို့ သူကပ်ရဲခဲ့ခြင်းဖြစ်သည်။ ကလေးဘဝမှစ၍ သူဒုက္ခပေးခဲ့သည်မှာ မကောင်းသည့်နတ်ဆိုးများ သရဲများသာဖြစ်သည်။ လူသားမျိုးနွယ်တစ်ယောက်ကို သူထိပင်မထိဖူးသေး”
“အဓိပ္ပါယ်မရှိတာတွေ ပြောနေပြန်ပြီလား။ အဲဒီ့ညီအကိုနှစ်ယောက်လုံး အကျင့်ပျက်အရာရှိတွေ အများကြီးသတ်ခဲ့တာ မင်းမကြားဘူးလား။ ဘယ်လိုလူမျိုးတွေ နတ်ဆိုးနယ်မြေကို လာကြတယ်ဆိုတာ မင်းသတိမထားမိဘူးလား။ တွေးရုံနဲ့တောင် ကြက်သီးထတယ်။ ဖုန်သခင်လေးက ဒါတွေကိုမြင်ရင် သူ့ဓားကို ဆွဲမထုတ်ဘဲနေမလားကွ”
ရှောင်ယီ နောက်တစ်ကြိမ် အော်ဟစ်ပြန်သည်။
“သူဓားဆွဲထုတ်တော့ရော ဘာအရေးလဲ။ ဒီနေရာက မင်းတို့ရဲ့ နတ်ဆိုးနယ်မြေပဲလေ။ ရှောင်မင်သားစုက ဖုန်သခင်လေးကို မယှဉ်နိုင်ဘူးထင်လို့လား”
“ငါ့မိသားစုကို ယုံကြည်တာတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဖုန်သခင်လေးကိုနိုင်ရင်တောင် ဘာထူးလာမှာလဲ။ သူ့ကို ပထမဖုန်သခင်လေးရှိသေးတယ်လေ။ ဒါတောင်မင်းက ရှောင်မိသားစုကို ဒုက္ခပေးဖို့လာတာမဟုတ်ဘူးလို့ ပြောနေသေးတယ်ပေါ့”
ရှောင်ယိ ဖုန်သခင်လေးရှိရာသို့ တစ်ချက်လှမ်းကြည့်၍ ပြောသည်။ ဒေါသထွက်လွန်းသဖြင့် ယွန်လင်မျက်နှာကို ပိတ်ထိုးချင်စိတ်ပေါက်နေသည်။ ဖုန်ချင်အန်းက သိမ်းငှက်ထိန်းနေသည့် လူများကို အကဲခတ်နေသည်။
“စိတ်လျှော့ပါ ရှောင်ယိ၊ လမ်းတစ်လျှောက်လုံး ဖုန်သခင်လေးကို ရှောင်မိသားစုရဲ့အင်အားအကြောင်း ငါရှင်းပြနေခဲ့တာ မင်းမမြင်ဘူးလား။ မင်းတို့လို စွမ်းအားကြီးတဲ့မိသားစုမျိုးကို သူနည်းနည်းတော့ရှိန်မှာပါ။ မလှုပ်ရှားခင် နှစ်ကြိမ်ပြန်စဉ်းစားမှာပါ”
“ဒါဆို ဘာလို့ မင်းတို့ယွန်မိသားစုအကြောင်း မပြောလိုက်တာလဲ”
“ကျွတ်...ယွန်မိသားစုက ပြောပြရလောက်အောင် မထိုက်တန်လို့ပေါ့။ ငါ့ဘိုးဘေးတွေက စကားနဲ့မြှောက်ပင်တဲ့နေရာမှာပဲ ကျွမ်းကျင်တာ။ ရှက်စရာကောင်းတယ်လေ။ မင်းတို့မိသားစုနဲ့ ဘယ်လိုနှိုင်းယှဉ်လို့ရမှာလဲ။ ငါတို့က ပုံစံချင်းမတူဘူး”
ယွန်လင်းက ခပ်ညှင်းညှင်းရယ်လျက် ပြောသည်။
“ကံကောင်းလို့ တိုးတက်လာတဲ့ မိသားစုတွေထဲမှာလား”
ရှောင်ယိ လှောင်ပြုံးပြုံးလိုက်သည်။ ဖုန်ထန်မှ အဆင့်မြင့်မိသားစုတို့၏ ဘိုးဘေးများသည် နိမ့်ကျသည့်ဘဝမှ လာခဲ့သူများဖြစ်သည်။ သို့သော် သာမန်လူများတော့မဟုတ်ကြ။ သာသမားတော်များဘဝနှင့် ခရီးစခဲ့သည့် ယွန်မိသားစုပင် ယခု တာ့ကျင်း၏ ထိပ်တန်းသမားတော်မိသားစုဖြစ်လာသည်။ သူတို့ဆန္ဒကို ဘယ်သူမှ လျစ်လျူရှုရဲမည်မထင်။
“ကံကောင်းတာချင်းအတူတူပေမယ့် ငါတို့မိသားစုပိုင်ဆိုင်သမျှအားလုံး ချပြရင်တောင် ဘယ်သူမှမကြောက်ဘူးကွ။ မင်းတို့ရှောင်မိသားတစ်ခုပဲ။ မင်းတို့ရဲ့ပိုင်ဆိုင်မှုရင်းမြစ်တွေက အင်အားတောင့်တင်းတယ်။ ကောင်းကင်က နတ်ဘုရားဆင်းလာရင်တောင် မင်းတို့ကို ဘာမှမလုပ်နိုင်ဘူး”
“ဒီစကားမျိုး အပြင်မှာ မင်းထုတ်ပြောလို့ကတော့ ငါ့ကိုရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့။ ငါ့မိသားစုမှာ ဘယ်သူမှ ဒီလိုကြွားလုံးမထုတ်ရဲဘူးကွ”
မသေမျိုးများသည့် အဆင့်အတန်းမြင့်မားလွန်းသည်။ အဆင့်မြင့်မိသားစုကြီးများပင် သူတို့အကြောင်း သိပ်နားမလည်ကြ။ နတ်စွမ်းအားအကြောင်း သူသိပ်မသိပါ။ သို့သော် တစ်ခုတော့သေချာသည်။ ထိုမသေမျိုးတို့သည် သူတို့မိသားစုများ အိပ်မက်မက်ကြသည့် စိတ်ကူးယဉ်နိုင်ငံတော်မျိုး ဖန်တီးနိုင်စွမ်းရှိကြသည်။
“အပိုစကားတွေ ပြောမနေနဲ့။ ဒီဧည့်သည်ကို လှည့်ပတ်ပြပေးပြီးရင် မြန်မြန်ခေါ်သွားတော့။ ဒီမှာ အကြာကြီးမနေစေနဲ”
“မင်းက ဘာတွေကိုကြောက်နေတာလဲ”
ယွန်လင်းက အရေးမစိုက်။
“ဘာကြောက်နေလဲ...ဟုတ်လား။ အပြစ်မကင်းတဲ့အလုပ်တွေ ငါတို့မိသားစု ဘယ်လောက်လုပ်ခဲ့လဲ မင်းမသိဘူးလား။ ဒါကို တစ်ခြားသူတွေရှေ့မှာ လွယ်လွယ်နဲ့ဖွင့်ပြလို့ရမလားကွ”
“ဒါကြောင့်လည်း ရှောင်မိသားစုရဲ့ဩဇာကိုပြဖို့လိုတယ်လို့ ပြောနေတာလေ။ ဒါကို တစ်ခြားလူတွေသိအောင် ထုတ်ပြရမှာမဟုတ်လား။ အဲလိုမပြခဲ့ရင် လော်မိသားစုက မင်းတို့လုပ်ရပ်တွေအားလုံးကို သည်းခံနေခဲ့ပါ့မလား”
ယွန်လင်အတွေးများက အတော်ရှင်းလင်းသည်။
ဖုန်ထန်မြို့တော်သို့ အဆင့်မြင့်ပုဂ္ဂိုလ် ရောက်လာသည်။ မလိုအပ်သည့်ပြဿနာများ မဖြစ်လာစေရန် ဖုန်ထန်အင်အားအကြီးဆုံးမိသားစုနှင့် မိတ်ဆက်ပေးသည်။ သို့မှသာ ထိုပုဂ္ဂိုလ် မတိုက်ခိုက်မီ သေချာစဉ်းစားလိမ့်မည်။
“ဖုန်ထန်နံပတ်တစ်မိသားစုရဲ့ တာဝန်ဝတ္တရားတွေကို မင်းထုတ်ပြသင့်တယ်”
“ဟား၊ အခက်ကြုံလာတဲ့အချိန်ကျတော့ ငါတို့ရှောင်မိသားစုက နံပတ်တစ်မိသားစု ဖြစ်သွားတယ်။ ဒါပေမယ့် ဘာအခက်အခဲမှမရှိတဲ့အချိန် မင်းတို့ကရော ရှောင်မိသားစုစကားကို နားထောင်ကြလို့လား”
“ပြဿနာတွေမရှိရင် အားလုံးက ကိုယ့်လမ်းကိုယ် သွားနေကြတာပဲလေ”
ယွန်လင်က ရယ်မော၍ ပြောလိုက်သည်။
“ကဲ..ပေါက်တတ်ကရတွေ တော်လောက်ပြီ။ ဖုန်သခင်လေးကို ကောင်းကောင်းဧည့်ခံပါ။ ငါတို့ရှောင်မိသားစု ပြဿနာတက်အောင် မလုပ်နဲ့”
“ကောင်းပြီလေ”
သခင်နှစ်ယောက် ဖုန်ချင်အန်းထံ ကပ်သွားကြသည်။ ဖုန်ချင်အန်းက သိမ်းငှက်ကို အစာကျွေးနေသည့် သိန်းငှက်ထိန်းတစ်ယောက်နှင့် စကားပြောနေသည်။
“တစ်နေ့ကို ဒီသိန်းငှက်နက်က သံမှုန်ဘယ်လောက်စားသလဲ”
ထွေရာလေးပါး ပြောနေခြင်းဖြစ်သော်လည်း ရှောင်မိသားစု သိမ်းငှက်များ၏ ထူးဆန်းသည့်အစားအသောက်အကြောင်း ဖုန်ချင်အန်း သိလာရသည်။ ပုံမှန်သားစိမ်းငါးစိမ်းများအပြင် ရွှေနှင့်သံမှုန်များလည်း စားဖို့လိုသည်။ သို့မှသာ သူတို့အရိုးများ ပိုသန်မာလာသည်။ အတောင်များက သံမဏိလို မာကျောလာသည်။ ဓားလှံများ တိုးမပေါက်နိုင်သည့်အခြေအနေ ဖြစ်လာသည်။
“တစ်နေ့ကို ကီလိုနှစ်ဆယ်လောက်ကျွေးပါတယ်”
ငှက်ထိန်းက ပြန်ဖြေသည်။
ဖုန်ချင်အန်းနှင့်ထိုငှက်ထိန်း စကာားလက်ဆုံကျနေသည်ကိုကြည့်၍ ရှောင်ယိနှင့်ယွန်လင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
သို့သော် ဖုန်ချင်အန်း ဘာမြင်နေရသည်ကို သူတို့မသိ။ ငှက်ထိန်းခန္ဓာကိုယ်မှ အလင်းရောင်တစ်ခု ထွက်ပေါ်နေသည်။
အမျိုးအစား - ကောင်းကင်ဂူဝိညာဉ်
ဗီဇ - ကောင်းကင်၊ မြေ၊ ဝိညာဉ်
စွမ်းရည် - လွှမ်းမိုးသူ၊ အခြေခံ
တိုက်ခိုက်စွမ်းအား - မရှိ