ကောင်းကင်ဂူဝိညာဉ်
Vol. 20 Ch. 299
ဖုန်ချင်အန်း သေချာသိသည်။ တောင်နက်လည်း ထိုငှက်ထိန်း၏ ထူးခြားချက်ကို ရိပ်မိမည်မဟုတ်။ ရှောင်ယိနှင့်ယွန်လင်ဆိုရင် ရိပ်မိစရာအကြောင်းပင်မရှိ။
ငှက်ထိန်း၏သာမန်ပုံစံကိုသာမြင်ကြမည်။ ကောင်းကင်ယန်ဓာတ်ဗီဇအစွမ်းကြောင့်သာ ဖုန်ချင်အန်း ရိပ်မိခြင်းဖြစ်သည်။
ဖုန်ချင်အန်း အတော်စိတ်လှုပ်ရှားနေသည်။ ကောင်းကင်ဂူဝိညာဉ်၏ စွမ်းအင်ရောင်ကို မြင်နေရခြင်းကြောင့်ဖြစ်သည်။ ကောင်းကင်ဂူသို့ဝင်ကတည်းက အကဲဖြတ်ရလဒ်ကို သူမြင်ခဲ့သည်။ ယခု သူ့စိတ်က ပျော်ရွှင်မှု စိတ်လှုပ်ရှားမှုတို့ ပြည့်နေသည်။
အကဲဖြတ်ရလာဒ်အရ ထိုကောင်းကင်ဂူဝိညာဉ်သည် စာချုပ်ချုပ်နိုင်သည့်အမျိုးအစားဖြစ်သည်။
တွေးကြည့်ရုံဖြင့် သူစိတ်လှုပ်ရှားသည်။ နတ်ဆိုးတစ်သောင်းနိုင်ငံသည် အဆုံးထိမမြင်နိုင်လောက်အောင် ကျယ်ပြန့်လွန်းသည်။ ဖုန်ထန်နံပတ်တစ်မိသားစု၏ နှစ်တစ်ထောင်စီမံမှုနှင့် စုစည်းမှုများရှိသည်။
ကောင်းကင်ဂူဝိညာဉ်နှင့် စာချုပ်ချုပ်နိုင်လျှင် ထိုနေရာမှ စုစည်းမှုအားလုံးသည်....။
ဆက်တွေးလေ ကြည်နူးရလေဖြစ်သည်။
သို့သော် ကောင်းကင်ဂူဝိညာဉ်နှင့် စာချုပ်ချုပ်ဖို့ အခက်အခဲတစ်ခုရှိနေသည်။ အကဲဖြတ်ရလာဒ်က စွမ်းရည်သတ်မှတ်ချက် မူမမှန်ဖြစ်နေသည်။
လွှမ်းမိုးသူ။
ဘာအဆင့်မှန်းမသိ။
အင်ပါယာအဆင့်ထက် မြင့်သည်ထင်သည်။
မိုနာ့အဆင့်သည်ပင် သူ့အတွက် အတော်ခက်ခဲသည်။ အင်ပါယာအဆင့်ကို လက်လှမ်းမမီ။ လွှမ်းမိုးသူအဆင့်ဆိုသည်ကို ပထမဆံးမြင်ဖူးခြင်းဖြစ်သည်။ သိရုံသာသိရသည်။ လက်လှမ်းမမီနိုင်လောက်။ ရှေ့ဆက်သွားဖို့ စိတ်ကူးမရှိ။ စွမ်းရည်အဆင့်သတ်မှတ်ချက်ဖြစ်နေသည်။ တိုက်ခိုက်စွမ်းအားအဆင့်မဟုတ်။
တိုက်ခိုက်စွမ်းရည်အဆင့်သတ်မှတ်ချက်ဆိုလျှင် ဘာမှစဉ်းစားနေစရာမလို။ ငြိမ်းငြိမ်းချမ်းချမ်း အိပ်နေနိုင်သည်။
တိုက်ခိုက်စွမ်းအား “မရှိ” ဟူသည်မှာ ဘာသဘောမှန်း သူနားမလည်။ စနစ်အကဲဖြတ်စံနှုန်းအရ ထိုဝိညာဉ်သည် အားနည်းလွန်းနေခြင်းဖြစ်မည်။ သို့သော် စွမ်းရည်အဆင့်ထိုမျှမြင့်မားနေပြီးမှ ထိုဝိညာဉ်က မွေးဖွားမလာသေးသဖြင့် တိုက်ခိုက်စွမ်းအားမရှိဘဲ ဖြစ်နေခြင်းကို သူနားမလည်နိုင်။
“ဖုန်သခင်လေး”
ရှောင်ယိနှင့်ယွမ်လင်တို့ ဖုန်ချင်အန်းဆီ လျှောက်လာသည်။ ငှက်ထိန်းနှင့် ပြုံးပြုံးရွှင်ရွှင် စကားပြောနေသဖြင့် သူတို့အံ့ဩနေကြသည်။
“အင်း..ခင်ဗျားတို့နှစ်ယောက် ဆွေးနွေးလို့ ပြိုးသွားပြီလား”
“အင်း..အဟမ်း...သခင်လေးနားလည်မှုလွဲနေပြီ။ ကျုပ်တို့ ဘာအကြောင်းမှ မဆွေးနွေးပါဘူး”
ရှောင်ယိ အလိုက်သင့်ပြန်ဖြေသည်။ သို့သော် သူ့ဘာသာ သတိထားမိပြီး အရှက်ပြေ ချောင်းတစ်ချက်ဆိုး၍ ပြောသည်။
“အတွေးမလွန်ပါနဲ့ သခင်ဖုန်။ ဒီကောင်က ကျုပ်ကို ဆွဲခေါ်သွားပြီး ဆူပူငေါက်ငန်းနေတာပါ။ စကားများလွန်းလို့တဲ့လေ။ ဒါပေမယ့် စိတ်ချပါ။ ကျုပ်သိထားတာမှန်သမျှ မထိန်မချန် အားလုံးပြောမှာပါ”
ယွန်လင် ရှေ့တိုးလာပြီး ရှင်းပြသည်။
“ကိစ္စမရှိပါဘူး။ ဒီကို ခရီးတစ်လောက်လှည့်လာတာနဲ့ ကျုပ်အမြင်ကျယ်သွားပြီ။ မမြင်ဖူးတာတွေလည်း မြင်ဖူးသွားပါပြီ။ အဆင်မပြေဘူးဆိုရင် ကျုပ်အခုဘဲ ထွက်သွားပါ့မယ်”
ဖုန်ချင်အန်း ရယ်မောနေသည်။ စာချုပ်ချုပ်နိုင်သည့် ကောင်းကင်ဂူဝိညာဉ်ရှိမှန်း သိရသဖြင့် သူ့ထက်ပျော်ရမည့်လူ ရှိမည်မဟုတ်တော့။
“ဘာတွေပြောနေတာလဲ သခင်ဖုန်။ နတ်ဆိုးတစ်သောင်းနိုင်ငံကို ရောက်လာမှတော့ ကျုပ်ကောင်းကောင်းဧည့်ခံရမှာပေါ့။ မဟုတ်ရင် ရှောင်မိသားစု ဧည့်ဝတ်မကျေဘူးလို့ တစ်ခြားလူတွေ ပြောကြပါလိမ့်မယ်”
စိတ်ထဲတွင် မြန်မြန်ပြန်စေချင်သော်လည်း ရှောင်ယိက ဟန်ဆောင်ပန်ဆောင် တားဆီးလိုက်သည်။ ဧည့်သည်တစ်ယောက် ရောက်ရောက်ချင်းပြန်ထွက်သွားသည့်အဖြစ်မျိုး မဖြစ်စေလို။
“ဟုတ်ပါတယ်။ ကျုပ်တို့ဘက်က ဘာအဆင်မပြေစရာရှိလို့လဲ သခင်ဖုန်။ လွတ်လွတ်လပ်လပ်နေပါ။ သဘောကျတာရှိရင် ကျုပ်ကိုပြောပါဦ။ ကုန်ကျစရိတ်အားလုံးကို ကျုပ်ရှင်းပါ့မယ်။ သိမ်းငှက်နက်ကို စိတ်ဝင်စားရင်တောင် ကျုပ်စီစဉ်ပေးလို့ရပါတယ်”
ယွန်လင် ရင်ဘတ်ကိုလက်ဖြင့်ဖိ၍ ကတိပေးသည်။
“ဘယ်လို...ခင်ဗျားက သိမ်းငှက်နက်တစ်ကောင် တကယ်ဝယ်ပေးနိုင်တယ်ပေါ့”
ဖုန်ချင်အန်း မျက်ခုံးတစ်ဘက် မြင့်တက်သွားသည်။ သားရဲတစ်ကောင်မွေးမြူဖို့ သူစဉ်းစားထားပါသည်။ သို့သော် သာမန်သားရဲများကို သူစိတ်မဝင်စား။ အနည်းဆုံး သခင်အဆင့်သားရဲလောက်မှန်းထားသည်။ မိုနာ့အဆင့်ဆိုလျှင် ပိုကောင်းသည်။
သို့သော် မိုနာ့ဆင့်သားရဲမျိုး ရှာတွေ့ရန် အလွန်ခဲယဉ်းသည်။ တွေ့လျှင်ပင် မောက်မာသည့် သူတို့သဘာဝကြောင့် လက်အောက်ခံအဖြစ်ထားရန် ခက်ခဲသည်။ ဥခွံမှပေါက်ပေါက်ချင်း စတင်မွေးမြူမှသာ စိတ်ချင်းရင်းနှီးမှုခိုင်မာ၍ ပြဿနာမရှိဘဲ အောင်မြင်စွာ စာချုပ်ချုပ်နိုင်သည်။
“ဝယ်တော့မဝယ်နိုင်ပါဘူး။ ကျုပ်တို့နှစ်ယောက်လုံးက ရှောင်မိသားစုဝင်မှမဟုတ်တာ။ သူတို့က ရောင်းမှာမဟုတ်ဘူး။ မဝယ်နိုင်ပေမယ့် စီးဖို့တော့ ငှားလို့ရပါတယ်”
ယွန်လင်းက မျက်ခုံးနှစ်ဘက်တွန့်ပြ၍ ပြောသည်။ ရုပ်ရည်ချောမောသော်လည် စကားစပြောသည်နှင့် လေသံက ပျက်ချော်ချော်နိုင်သည်။
“စီးဖို့ဆိုတာ ဘာကိုပြောနေတာလဲ။ အသွင်ပြောင်းဆေးလုံးစားထားတဲ့ သိမ်းငှက်နက်ကိုစီးဖို့ ပြောနေတာလား”
“ဟဲဟဲ၊ သခင်ဖုန်က တကယ်အကင်းပါးတာပဲ။ အရိပ်အမြွက်ပြရုံနဲ့ သဘောပေါက်တယ်။ ကျုပ်တစ်ခါ စီးကြည့်ပြီးပြီ။ ဒါပေမယ့် အဲဒီ့သိမ်းငှက်နက်က မောက်မာလွန်းတယ်။ သူ့လက်သည်းကြောင့် ကျုပ်ကျောကုန်း စုတ်ပြတ်မတတ်ဖြစ်သွားတယ်။ ဒဏ်ရာကုဖို့ လဝက်လောက်အိပ်ယာပေါ်မှာ လှဲနေလိုက်ရတယ်လေ”
ဖုန်ချင်အန်း နှုတ်ခမ်းတစ်ချက်တွန့်သွားသည်။ ခွန်းတုံ့ပြန်၍ မပြောတော့။ သို့သော် ရှောင်ယိမှာ နဖူးကြောများများ ထောင်ထလာသည်။
“မင်းက ဒီလိုပြောရဲသေးတယ်ပေါ့။ သိမ်းငှက်မက ဧည့်သည်လုံးဝလက်မခံဘူးကွ။ လူသားမျိုးနွယ်ရဲ့ ပုံပန်းသဏ္ဌာန်ကိုပဲ စိတ်ဝင်စားတာ။ ဒါကြောင့် နာမည်ကြီးဖို့အတွက် အသွင်ပြောင်းဆေးလုံးနဲ့ အသွင်ပြောင်းခဲ့တာ”