← Chapters

ဆန်းကြယ်သည့်အနက်ရောင်ဆီဒန်

Vol. 7 Ch. 113

ဆန်းကြယ်သည့်အနက်ရောင်ဆီဒန်

Vol. 7 Ch. 113

ရှောင်လင်းယွီ မျှော်လင့်ထားသလိုပင် အချိန်တိုလေးအတွင်းမှာပဲ သူမသယ်လာသည့် အသီးအရွက်အားလုံးမှာ ရောင်းထွက်သွားလေသည်။ ဒါပေါ့၊ သူမဆီက အဝယ်များတာကတော့ အရင်တစ်ခေါက်တုန်းက လာဖူးပြီးသား လူများပင်ဖြစ်လေသည်။ ရှောင်လင်းယွီဆီ ပြန်ရောက်လာသည့် ဖောက်သည်အများစုသည် ပြီးခဲ့သည့် ရက်များအတွင်းမှာလည်း သူမကို ရှာဖို့အတွက် ဈေးသို့ အစောကြီး လာနေခဲ့ကြခြင်းဖြစ်သည်။

သူတို့မိသားစုဝင်များက ရှောင်လင်းယွီထံမှသီးနှံများကို ဝယ်ပေးရန် ဆက်တိုက် တောင်းဆိုနေခဲ့ကြခြင်းဖြစ်သည်။ ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များသာမက ကလေးများလို ပြုမူနေကြသည့် အသက်အရွယ်ကြီးသော အဘိုးအဘွားများတောင်မှ ပါလေသည်။

ရက်များစွာ လျှောက်ပတ်ရှာပြီးနောက်မှာတော့ အသီးအရွက်ရောင်းသည့် မိန်းမငယ်လေးကို သူတို့ ရှာတွေ့သွားကြတော့သည်။ ဒါကြောင့် သူတို့တတ်နိုင်သလောက် များများဝယ်ထားရန် ဆုံးဖြတ်လိုက်ကြတော့သည်။ ပြောရရင် ဒီမိန်းမငယ်လေး နောက်တစ်ခေါက် ဘယ်အချိန်ကျမှ ထပ်လာဦးမလဲဆိုတာ ဘယ်သူမှမှမသိဘဲ။

ရှောင်လင်းယွီဘေးနားရှိ အခုလို လမ်းဘေးရောင်းချသည့် သက်လတ်ပိုင်းရော အသက်ကြီးကြီး အမျိုးသမီး ဈေးသည်များမှာ ရှောင်လင်းယွီ၏သုံးဘီးပေါ်မှာ အသီးအရွက်များက ဈေးအမြင့်ကြီးဖြစ်နေတာတောင်မှ မြန်မြန်ရောင်းထွက်သွားသည်ကို ကြည့်ရင်း မနာလိုဖြစ်နေမိကြလေသည်။

“ဘာအသီးအရွက်တွေမလို့များ ဒီလောက်ဈေးကြီးနေရတာလဲ။”

“မသိဘူးလေ၊ ဒါပေမယ့် ဒီဈေးကြီးတဲ့အသီးအရွက်တွေကို လာဝယ်တဲ့လူတွေကတော့ မနည်းဘူး။ ဒီလူတွေ ရူးများရူးနေကြတာလားပဲ။”

“ဟားဟား၊ ဈေးထဲက ဆိုင်နှစ်ဆိုင်က ဒီအကြောင်းကြားပြီး သူတို့ကုန်တွေရဲ့ဈေးကို မြှင့်လိုက်တယ်တဲ့။ ဝယ်သူတွေက သူတို့ဆိုင်ထဲ ဝင်သွားကြပေမယ့် ရောင်းတဲ့ကုန်တွေကိုလည်း မြင်ပြီးရောင် ဒေါသတကြီး ပြန်ထွက်သွားကြတယ်တဲ့။”

“ဘာလို့များလဲ။”

“သူတို့ပြောတာတော့ အဲ့ဆိုင်ရှင်တွေရောင်းတဲ့ပစ္စည်းက ပေးရတဲ့ဈေးနဲ့မတန်လို့ဆိုပဲ။”

“ဒီနေ့ခေတ်လူတွေများ ထူးဆန်းလိုက်ကြတာ။ ဈေးသက်သာတဲ့အသီးအရွက်တွေအစား ဈေးကြီးတာကိုမှ လိုချင်နေကြတယ်။ ပြီးတော့၊ အရင်တုန်းကဆို လူတွေ သီးနှံအရေအသွေးကို ဒီလောက်ဂရုစိုက်တယ်လို့ မကြားဖူးပါဘူး။ သီးနှံတွေဆိုတာ လတ်ဆတ်ဖို့က အရေးအကြီးဆုံးပဲ မဟုတ်ဘူးလား။” အမျိုးသမီးတစ်ယောက်က ရှောင်လင်းယွီ၏ သီးနှံများကို ညွှန်ပြကာ ပြောလာခဲ့သည်။ “ဒီကောင်မလေးရဲ့ အသီးအရွက်တွေက တော်တော်လေးလှပါတယ်။ တောက်ပြောင်ပြီးတော့ အရည်ရွှမ်းနေမယ့်အတိုင်းပဲ။ ဘယ်လိုများ ကြီးပြင်းလာတာလဲပဲ။ ဒါပေမယ့်လည်း ဘယ်လောက်ပဲ ကြည့်ကောင်းကောင်း ဈေးကို ဒီလောက်အထိမြှင့်စရာအကြောင်းတော့ မရှိဘူးလေ။”

“အဲ့ဒီမိန်းကလေးရဲ့အသီးအရွက်တွေကို ဝယ်သွားတဲ့သူတွေကတော့ အရမ်းအရသာရှိတယ်လို့ ပြောကြတယ်။ ကလေးရော လူကြီးရော အကုန်ကြိုက်ကြတာတဲ့။ ကလေးတွေဆိုရင် လုတောင်စားကြတယ်တဲ့။ တကယ်ကိုရှားရှားပါးပါးပဲ။”

“ကလေးတွေဆိုတာ ကျေနပ်ဖို့အခက်ဆုံးဝယ်သူတွေပဲ။ ကလေးတွေကတော့ သူ့အသီးအရွက်တွေကို ကြိုက်တယ်ဆိုတော့ သေချာပေါက် အရမ်းအရသာရှိလို့ပဲ။”

သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က ရှောင်လင်းယွီဘေးတွင် ရပ်သွားလေသည်။ သူမက အသီးအရွက်ခြင်းကြီးနှစ်ခြင်းကို သယ်ထားကာ အတော်လေး လတ်ဆတ်ပုံပေါ်လေသည်။ ထိုအမျိုးသမီးက မျက်လုံးများတောက်ပနေကာ ပြုံး၍ မေးလာခဲ့သည်။ “မိန်းကလေး၊ ဒါတွေကို မင်းဘာသာစိုက်တာလား။ အတော်ကောင်းတာပဲ။”

ရှောင်လင်းယွီက သူမကိုတစ်ချက်ကြည့်လိုက်ကာ နောက်ဆက်ပြီး ဘာပြောချင်လဲဆိုတာကို သိနေတာကြောင့် တိုတိုတုတ်တုတ်သာ ပြန်ဖြေလိုက်သည်။ “မဟုတ်ပါဘူး။”

“မဟုတ်ဘူးလား။” သက်လတ်ပိုင်းအမျိုးသမီး၏မျက်လုံးများက ပိုတောင် တောက်ပလာကာ အတင်းအကြပ်ထပ်မေးလာခဲ့သည်။ “ဒါဆို ဒီကုန်တွေ ဘယ်ကယူတာလဲ။ စိုက်ပျိုးရေးခြံတစ်ခုခုကနေလား။” အမျိုးသမီးက ထိုမေးခွန်းကိုမေးလိုက်သည်နှင့် အနားရှိ ကုန်စိမ်းသည်များအားလုံး၏ နားရွက်များက ထောင်လာကြတော့သည်။

“မဟုတ်ပါဘူး။” ရှောင်လင်းယွီက ထိုအတိုင်းသာ ဖြေလိုက်ပြန်သည်။

ပြီးတော့ ရှောင်လင်းယွီက ဘာရှင်းပြချက်မှ မပေးလာခဲ့ပေ။ ထိုအမျိုးသမီးက ရှောင်လင်းယွီရဲ့ ဘယ်သူမို့လို့လဲ။ ဘာလို့ သူမသိချင်တာကို ရှောင်လင်းယွီက လိုက်ရှင်းပြပေးနေရမှာလဲ။

ရှောင်လင်းယွီက အသေးစိတ်ပြောပြလာမည်မဟုတ်မှန်း သိလိုက်ရသည်နှင့် တခြားကုန်စိမ်းသည်များမှာ စိတ်ပျက်သွားကြလေသည်။

သက်လတ်ပိုင်းအမျိုးသမီးကတော့ လက်မလျှော့သေးပေ။ သူမ တစ်ခုခုထပ်မမေးနိုင်ခင်မှာပဲ ရှောင်လင်းယွီက ပြောလာလေသည်။ “ဒေါ်လေး၊ နည်းနည်းလောက်ဖယ်ပေးလို့ရမလား။ ကျွန်မလမ်းကို ပိတ်နေလို့ပါ။”

ရှောင်လင်းယွီသည် သူမသုံးဘီးကို လှည့်ချင်နေသော်လည်း ထိုအမျိုးသမီးက သူမလမ်းတွင် ပိတ်ရပ်နေလေသည်။ သုံးဘီးဆိုင်ကယ်ကို လှည့်ထုတ်ပြီးသည်နှင့် ရှောင်လင်းယွီက ဘာတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ချက်ချင်း မောင်းထွက်သွားတော့သည်။

ရှောင်လင်းယွီတစ်ယောက် သူမ၏အငှားအိမ်သို့ ပြန်ရောက်သည်နှင့် ဂိုဒေါင်ထဲတွင် သုံးဘီးကို ထိုးထားလိုက်သည်။ ထို့နောက် ဧည့်ခန်းထဲသို့သွားကာ ရေနွေးတစ်ဦးတည်ပြီး အနားယူလိုက်လေသည်။ ထို့နောက်မှာတော့ သူမအိတ်ကိုထုတ်ကာ ငွေများကို ထုတ်လိုက်သည်။ ပထမဆုံးရောင်းချမှုကနေရရှိခဲ့သော ဂုဏ်သတင်းကြောင့်ဟု ယနေ့ ဝယ်သူများလောက်မည်ဟု သူမခန့်မှန်းမိခဲ့တာကြောင့် ပြီးခဲ့သည့်တစ်ခေါက်ကထပ် ပစ္စည်းများကို ပိုပြီး ပြင်ဆင်သွားခဲ့လေသည်။

စုစုပေါင်း ၁၆၁၀ယွမ် ရခဲ့ကာ အရင်တစ်ခေါက်ထက် ယွမ် ၄၀၀ ပိုများပေသည်။

ရှောင်လင်းယွီသည် စိုက်ပျိုးရေးနေရာလွတ်ထဲမှ ခရမ်းချဉ်သီး အလုံး ၃၀နှင့် သခွားသီး ၁၀လုံးတို့ကို ထုတ်ယူကာ ထုပ်ပိုးလိုက်ပြီး ရှောင်လင်းယွီကိုသွားပေးမည်ဟု ဆုံးဖြတ်လိုက်လေသည်။

ရှောင်လင်းယဲ့၏သူငယ်ချင်းများသည် သူမခရမ်းချဉ်သီးများကြောင့် ထောင်ယွမ်ရွာသို့ ရောက်လာခဲ့ခြင်းဖြစ်မှန်း သူမသိလေသည်။ ထို့ကြောင့် ဒီတစ်ခေါက်တော့ များများလေးပေးဖို့ စီစဉ်ထားသည်။

ရှောင်လင်းယွီ အချိန်ကို ကြည့်လိုက်ရာ စောနေသေးလေသည်။ အခုမှ မနက် ၉နာရီပင်မထိုးသေးတာကြောင့် ဆိုင်ငှားဖို့ အရင်လိုက်ရှာရန် ဆုံးဖြတ်လိုက်သည်။

ရှောင်လင်းယွီ Zမြို့မှ ထွက်မလာခင်တုန်းက သူမတွင် စုငွေများရှိခဲ့လေသည်။ ချောက်ချခံရပြီးနောက် လင်းရှန်းယွီထံမှ ယွမ် ၅သောင်းနှင့် ကျောက်ဟွေ့ချင်ထံမှ ယွမ် ၅သန်းကို လျော်ကြေးအဖြစ် ရခဲ့လေသည်။

ယွမ် ၅သန်းကို သူမလှူခဲ့သော်လည်း ယွမ် ၅သောင်းကိုတော့ သိမ်းထားလေသည်။ သူမ စုဆောင်းထားသည်များနှင့် ပေါင်းလိုက်ချိန်မှာတော့ သူမတွင် ယွမ်၁သိန်း ဝန်းကျင်ရှိသွားလေသည်။

သူမ၏စိုက်ပျိုးရေးလုပ်ငန်း အခြေတည်ရန်အတွက် ယွမ်၅သောင်းဝန်းကျင်ကို သုံးခဲ့တာကြောင့် သူမတွင် နောက်ထပ် ယွမ်၅သောင်းဝန်းကျင် ကျန်နေသေးသည်။

စိုက်ပျိုးရေးလုပ်မည်ဆိုပါက ယွမ်၅သောင်းနှင့်မလောက်ဘဲ ထိုထက်များစွာ ပိုလိုသေးကြောင်း ရှောင်လင်းယွီ သိပေသည်။ သို့သော်လည်း သူမ၏ထွက်ကုန်များကို ဆိုင်တစ်ဆိုင်ငှားပြီး ရောင်းချဖို့လည်း လိုအပ်သေးသည်ဟု ယုံကြည်နေတုန်းပင်။

သူမတွင် စိုက်ပျိုးရေးနေရာလွတ်ရှိကြောင်း ထုတ်ဖော်လို့ မဖြစ်နိုင်ပေ။ သို့သော်လည်း သူမ၏ လယ်ကွက်အသစ်များမှ ရိတ်သိမ်းပြီးသည်နှင့် ရောင်းချရန် နေရာတစ်ခုတော့ လိုပေသည်။ ဆိုင်တစ်ဆိုင်သည် သူမ၏အနာဂါတ်လုပ်ငန်းအတွက် အလွန်ကိုမှ အရေးပါလေသည်။

ထိုသို့တွေးပြီးနောက် ရှောင်လင်းယွီသည် သူမ၏ပိုက်ဆံ၊ ဖုန်းတို့ကို အိတ်ထဲသို့ထည့်ကာ ထွက်လာခဲ့လေသည်။

ရှောင်လင်းယွီက အရင်ဆုံး ဈေးသို့သွားခဲ့သည်။ ဤနေရာသည် လူသွားလူလာများလေသည်။ သို့သော်လည်း ငှားမည့်ဆိုင်မရှိတာကြောင့် ရှောင်လင်းယွီလည်း သွားရင်းသွားရင်း မြို့လယ်ခေါင်နှင့် နီးလာတော့သည်။

ရှောင်လင်းယွီသည် သူမ၏တားဂတ်ဖောက်သည်များအတွက် သေချာရှင်းရှင်းလင်းလင်း တွေးထားပြီးဖြစ်သည်။ သူမ၏ထွက်ကုန်များက အဆင့်မြင့်တာကြောင့် ငွေဖြုန်းနိုင်သည့် လူချမ်းသာများထံ ရောင်းချရပေမည်။

ရှောင်လင်းယွီ၏အတွေးများကို တစ်ယောက်ယောက်သာ ဖတ်နိုင်ပါက သူမကို လှောင်ရယ်ကြပေလိမ့်မည်။ အသီးအရွက်ရောင်းသည့် ကုန်စိမ်းသည်တစ်ယောက်က မြို့လည်ခေါင်မှာ ဆိုင်တစ်ဆိုင်ဖွင့်ချင်တယ်တဲ့လား။ ဒါ ရူးနေတာပဲလေ။ အသီးအရွက်တွေကနေ ရမယ့် အမြတ်ငွေက ဆိုင်ငှားခကိုတောင် ကာမိရဲ့လား။

သို့သော်လည်း သူတို့အတွေးများ မှားနေကြောင်း ရှောင်လင်းယွီက သက်သေပြသွားပေလိမ့်မည်…

ရှောင်လင်းယွီသည် လမ်းသစ်လမ်း၊ အလင်းရောင်လမ်း၊ ဆောက်လုပ်ရေးလမ်းများကို သွားခဲ့သော်လည်း ငှားဖို့လွတ်နေသည့် ဆိုင်တစ်ဆိုင်ကိုမှ ရှာမတွေ့ခဲ့ပေ။ သူမခဏမျှ ဆက်လျှောက်သွားပြီးနောက် ပင်ပန်းလာ၍ အနားယူရန် ဆုံးဖြတ်လိုက်သည်။

သူမ ထိုင်ချလိုက်တုန်းရှိသေး ဆိုင်ကယ်နှင့် သူခိုးနှစ်ယောက်က သူမအိတ်ကို ဆွဲလုသွားလေသည်။ ထိုအဖွဲ့သည် ဆိုင်ကယ်ပေါ် အဓိကအားကိုးသူများဖြစ်သည်။ တစ်ယောက်က ဆိုင်ကယ်မောင်းနေချိန် နောက်တွင် ထိုင်သည့်တစ်ယောက်က မထင်မှတ်ထားသည့်လူတစ်ယောက်ဆီကနေ အိတ်ကို ဆွဲလုမည်ဖြစ်သည်။ နစ်နာသူက ဆိုင်ကယ်၏အရှိန်ကို မလိုက်နိုင်တာကြောင့် သူတို့ကို ဖမ်းမိမည်မဟုတ်ပေ။

ရှောင်လင်းယွီသည် ခဏမျှ ကြောင်အသွားပြီးနောက်မှာတော့ အော်ဟစ်ကာ ပြေးလိုက်တော့သည်။ “ကူညီကြပါဦး။ အလစ်သုတ်သမားတွေပါ။”

ရှောင်လင်းယွီသည် သူမပြေးနေသည့် အရှိန်က ဘယ်လောက်မြန်နေကြောင်း သတိမထားမိခဲ့ပေ။ သူမက အိုလံပစ်အပြေးသမားထက်ပင် ပြေးတာ မြန်နေသေးသည်။ သူမအနားရှိလူများမှာ အံ့ဩနေကြလေသည်။ ‘ဒီမိန်းကလေးပြေးတာ ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေတာလဲ။’

လေးနှစ်ငါးနှစ်အရွယ် ကလေးတစ်ယောက်က ရှောင်လင်းယွီကို လက်ညှိုးထိုးကာ အံ့ဩတကြီး ပြောလာလေသည်။ “ဖေဖေ၊ အဲ့ဒီအစ်မကြီးပြေးတာ အရမ်းမြန်တာပဲ။ ပျံနေတဲ့အတိုင်းပဲ။ သူ ကိုယ်ဖော့သိုင်းသုံးသွားတာလားဟင်။”

လူအုပ်ကြီးများ ရှောင်လင်းယွီ၏ ပြေးနှုန်းကြောင့် အံ့ဩထိတ်လန့်နေလွန်း၍ သူမအကူအညီလိုနေခြင်းဖြစ်ကြောင်းကို သတိမရနိုင်ကြပေ။

ရှောင်လင်းယွီသည် ဆိုင်ကယ်က တဖြည်းဖြည်းဝေးနေတာကြောင့် စိုးရိမ်ပူပန်လာခဲ့သည်။ ထိုအိတ်ထဲတွင် သူမဘဏ်ကဒ်နှင့် ယနေ့ရောင်းရငွေများပါကာ ဖုန်းနှင့် အိုင်ဒီကဒ်လည်း ပါပေသည်။

သူမအလွန်ပူပန်နေတာကြောင့် သူမ၏ခြေထောက်မှာ ဒလက်လိုမြန်ဆန်လာတော့သည်။ သို့သော်လည်း သူမကတော့ သူမ၏အမြန်နှုန်းပိုတိုးလာတာကို သတိမထားမိခဲ့ပေ။ ဒါက မဖြစ်နိုင်သော်လည်း ရှောင်လင်းယွီသည် ဆိုင်ကယ်၏အရှိန်ကိုပင် တဖြည်းဖြည်း လိုက်မီလာခဲ့သည်။

သူခိုးနှစ်ယောက်သည် လူသူကင်းမဲ့သည့် လမ်းတစ်ခုထဲ ဝင်သွားတာကြောင့် ဤအချိန်တွင် ရှောင်လင်းယွီ၏ စွမ်းအားရှင်တစ်ယောက်လို အရှိန်အဟုန်ကို သူတို့နှစ်ယောက်ကလွဲပြီး ဘယ်သူမှ သတိမထားမိကြတော့ပေ။

“သေစမ်း၊ ဒီမိန်းမက စွမ်းအားရှင်လား။” နောက်တွင်ထိုင်နေသည့် သူခိုးက ရှောင်လင်းယွီ၏အရှိန်ကိုမြင်ပြီး အံ့ဩသွားလေသည်။ “ငါတို့ ဒီလောက်အထိမောင်းလာပြီးတာတောင် သူကအမြီးလို နောက်က ပါလာနေတုန်းပဲ။ ပိုတောင်မှ နီးလာသေးတယ်။ ဆံဝါကောင်၊ မင်း သေချာရောမောင်းနေရဲ့လား၊ ဒါမှမဟုတ် ဆီကုန်ခါနီးနေလို့လား။”

ဆံဝါက၊ “အဓိပ္ပါယ်မရှိတာတွေ၊ ဒီနေ့အလုပ်ရှိမှန်းသိလို့ မနက်ကတည်းက ဆိုင်ကယ်ကို ဆီအပြည့်ဖြည့်ထားပြီးသား။” သူတို့သည် ကျွမ်းကျင်အဖွဲ့ဖြစ်သည်။ အရင်တုန်းက သူတို့ဆိုင်ကယ်ဆီကုန်သွားတာကြောင့် အမိခံရဖူးသည်။ ကျေးဇူးတင်စရာကောင်းစွာဖြင့် သူတို့ဆိုင်ကယ်ကို စွန့်ပစ်ရမည်မှန်း သိသေးတာကြောင့် ထိုသို့ဖြင့် ထွက်ပြေးကြရာမှ ထောင်ထဲမဝင်လိုက်ရပေ။

ထို့နောက်မှာတော့ သူတို့လုပ်ငန်းမစခင် ဆိုင်ကယ်ဆီမကုန်အောင် သေချာ အပြည့်ဖြည့်ထားတတ်တော့သည်။ ဒီတစ်ခေါက်လည်း အတူတူပင်။

အနောက်က ကျောက်ရှောင်လျိုက အော်လိုက်လေသည်။ “ဒါဆိုလည်း လီဗာကိုကောင်းကောင်းဆွဲလေ၊ ဘာလို့ ဒီလောက်နှေးနေတာလဲ။ ဖမ်းမိခံချင်လို့လား။”

“ကျောက်ရှောင်လျို၊ မင်းက ဒေါသလာထွက်နေတာလား။” ဆံဝါကလည်း ပြန်အော်လေသည်။ “ငါတို့ မိုင်ကုန်မြှင့်ထားပြီးပြီဆိုတာတောင် မင်းမပြောနိုင်ဘူးလား။” အရှိန်ပြင်းလွန်း၍ လေထုကတောင် သူတို့နားတွေကို အူနေစေပေပြီ။ ကျောက်ရှောင်လျိုသည် သူ့အဖော်၏စကားကိုကြားပြီး ကြောင်အသွားကာ ကျိန်ဆဲလိုက်တော့သည်။ “ဖော့ခ်၊ ဒီမိန်းမက ကိုယ်ဖော့သိုင်းများတတ်တာလား။ ဘယ်လိုလုပ် ဆိုင်ကယ်ကိုတောင် အမှီလိုက်နိုင်နေတာလဲ။”

“မင်းဘာပြောလိုက်တယ်။” ဆံဝါက ကျောက်ရှောင်လျို နောက်နေသည်ဟုသာ ထင်နေလေသည်။ သူက နောက်ကြည့်မှန်ကိုကြည့်လိုက်ရာ ရှောင်လင်းယွီကို မြင်သွားလေသည်။ သူတို့အိတ်လုလာသည့် အမျိုးသမီးက အခုထိကို သူတို့နောက်မှ လိုက်နေတုန်းပင်….

ဘန်း! ဆံဝါသည် စိတ်ရှုပ်သွားတာကြောင့် လမ်းပေါ်မှ ကျောက်တုံးတစ်ခုကို သတိမထားမိလိုက်ပေ။ အရှိန်ကလည်း ပြင်းနေတာကြောင့် ဆိုင်ကယ်မှာ လန်ထွက်သွားပြီး သူခိုးနှစ်ယောက်လည်း လွင့်သွားတော့သည်။

“အား!” မတော်တဆမှုပင်။ သို့သော်လည်း အနားတွင် ဘယ်သူမှရှိမနေပေ။

ရှောင်လင်းယွီသည်လည်း ရုတ်တရက်ပြောင်းလဲသွားသည့် အခြေအနေကြောင့် အံ့ဩသွားကာ ခဏနေပြီးနောက် သူမလည်း ပြေးလာခဲ့လေသည်။

လမ်းပေါ်တွင် ယောက်ျားနှစ်ယောက် လဲနေကာ ဆံဝါကတော့ ခေါင်းကိုထိပြီး သတိလစ်နေသည်။

နောက်တစ်ယောက်ကတော့ လမ်းပေါ်တွင် အားနည်းစွာ လဲနေခဲ့ပြီး ရှောင်လင်းယွီ ပြေးလာသည်ကိုတွေ့သည်နှင့် တိုးညှင်းစွာ တောင်းဆိုလာခဲ့သည်။ “ကျေးဇူး… ကျေးဇူးပြုပြီး.. လူနာတင်ကားခေါ်ပေးပါ။”

သူတို့သည် သူခိုးများဖြစ်သော်လည်း အကူအညီတော့ လိုသေးလေသည်။ ရှောင်လင်းယွီသည် သူတို့သေမည်အား ဒီအတိုင်းရပ်ကြည့်မနေနိုင်ပေ။ ဒါကြောင့် သူမအိတ်ကို ဆွဲယူပြီးနောက် ဖုန်းထုတ်ကာ ရဲကိုရော လူနာတင်ယာဉ်ကိုပါ ခေါ်လိုက်လေသည်။

ရှောင်လင်းယွီက သူတို့အတွက် လူနာတင်ယာဉ်ခေါ်ပေးသည်အား ကျောက်ရှောင်လျိုမြင်သည်နှင့် ဝမ်းသာသွားတော့သည်။ သို့သော်လည်း နာကျင်မှုဒဏ်ကြောင့် သူ့မျက်နှာကတော့ ကြောက်စရာကောင်းစွာ မသာမယာဖြစ်နေလေသည်။

“ကျေးဇူးတင်ပါတယ်။”

……..

ရှောင်လင်းယွီသည် အခြားလမ်းဆုံတစ်ခုကနေ သူမတို့ကိုကြည့်နေသော အနက်ရောင်ဆလွန်းတစ်စီးကိုတော့ သတိမထားလိုက်မိပေ။

ဆလွန်းထဲက လူတစ်ယောက် အမိန့်ပေးလိုက်လေသည်။ “အဲ့ဒါ ဖြေရှင်းပေးလိုက်။”

“ဟုတ်ပြီ။”

မတော်တဆမှုနှင့် ရှောင်လင်းယွီ၏ စွမ်းအားရှင်တစ်ယောက်လို အရှိန်နှုန်းကို လမ်းကင်မရာက မှတ်တမ်းတင်ထားလေသည်။ သူမသည် ဖော်ထုတ်ခံရဖို့ ခြေတစ်လှမ်းသာလိုတော့သော်လည်း တစ်စုံတစ်ယောက်က သူမကို ကယ်တင်လိုက်လေသည်… သို့သော်လည်း ရှောင်လင်းယွီကတော့ မသိခဲ့ပေ။

***

All Chapters