← Chapters

ချစ်သူကောင်မလေးလား။

Vol. 7 Ch. 115

ချစ်သူကောင်မလေးလား။

Vol. 7 Ch. 115

“ခေါင်းဆောင်ကျန်း၊ ဒီနေ့ကိစ္စအတွက် ကျေးဇူးတင်ပါတယ်။” ရှောင်လင်းယွီက ရဲစခန်းထဲမှထွက်လာပြီးသည်နှင့် ကျေးဇူးတင်စကားဆိုလိုက်သည်။

ကျန်းထောင်က ခေါင်းအသာယမ်းကာ၊ “မင်းက အစကတည်းက နစ်နာသူပဲလေ။” သူက ဆက်ရှင်းပြလာခဲ့သည်။ “လင်းယွီ၊ ကျေးဇူးပြုပြီး ကပ္ပတိန်ပိုင်ကို အပြစ်မမြင်ပါနဲ့။ သူက သူ့တာဝန်အရလုပ်ရတာပါ။”

ရှောင်လင်းယွီ ရယ်မောလိုက်လေသည်။ “ခေါင်းဆောင်ကျန်းပဲပြောတယ်လေ၊ ကပ္ပတိန်ပိုင်က သူ့တာဝန်သူလုပ်တာဆိုမှတော့ ကျွန်မကဘာများ အပြစ်တင်နေရမှာလဲ။”

ကျန်းထောင်က အချိန်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလာခဲ့သည်။ “နေ့လည်စာစားချိန်တောင်နီးနေပြီ။ ငါမင်းကို နေ့လည်စာလိုက်ကျွေးမယ်လေ။”

“ကောင်းပြီလေ။” ရှောင်လင်းယွီက သဘောတူလိုက်ပြီးနောက် ရယ်လိုက်ပြန်သည်။ “ရှင်းယင်ခရိုင် ရဲစခန်းရဲ့ခေါင်းဆောင်ကိုယ်တိုင်က ထမင်းလိုက်ကျွေးတာဆိုမှတော့ ကျွန်မအတွက် ဂုဏ်ယူစရာပဲပေါ့။”

သူတို့နှစ်ဦးထွက်သွားသည်နှင့် ရဲစခန်းထဲတွင် အတင်းအဖျင်းသံများစတင်ပေါ်ထွက်လာတော့သည်။

“သူပြုံးလိုက်တာတွေလား။ ငါတို့ရဲ့ရေခဲတုံးခေါင်းဆောင်က တကယ်ကြီး ပြုံးလိုက်တယ်ဟ။”

“ငါတို့ခေါင်းဆောင်ကျန်း၊ ဒီလိုချစ်စရာကောင်းအောင် ပြုံးတတ်မယ်လို့ ထင်တောင် မထင်ဖူးဘူး။”

“ဒါနဲ့၊ အဲ့မိန်းကလေးနဲ့ ခေါင်းဆောင်ကျန်းက ဘယ်လိုပတ်သတ်တာလဲပဲနော်။ ကြည့်ရတာ အရမ်းရင်းနှီးသလိုပဲ။ ပြီးတော့ အရေးအကြီးဆုံးအချက်ကတော့ ခေါင်းဆောင်ကျန်းက သူ့ကို ပြုံးပြလိုက်တာပဲ။ သူတို့ကြားထဲ တစ်ခုခုရှိနေတာများလား။”

“မဟုတ်မှ သူက ခေါင်းဆောင်ကျန်းရဲ့ကောင်မလေးလား။”

“ခေါင်းဆောင်ကျန်းလို ရေခဲတုံးမှာ ချစ်သူကောင်မလေးရှိမယ်များထင်နေတာလား။ ခေါင်းဆောင်ကျန်းဆိုတာ လမ်းလျှောက်နေတဲ့ လေအေးပေးစက်ကြီးလိုပဲ။ သူ့ကောင်မလေးသာဆိုရင် တစ်ချိန်လုံးအေးခဲနေရလိမ့်မယ်။”

“ဘာအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေကြတာလဲ။” ထိုအချိန်မှာပဲ ရုံးခန်းထဲမှထွက်လာသည့် ကပ္ပတိန်ပိုင်က အတင်းအဖျင်းစကားများကို ကြားသွားလေသည်။ “အဲ့ဒီမိန်းကလေးက အစ်မကြီးဟုန်ရဲ့ လူကုန်ကူးဂိုဏ်းကို တိုက်ဖျက်ရာမှာ ကူညီပေးခဲ့တဲ့ လူစွမ်းကောင်းမလေးပဲ။” တစ်နည်းအားဖြင့် ရှောင်လင်းယွီသည် သူတို့ခေါင်းဆောင်၏ ချစ်သူကောင်မလေးမဟုတ်ကြောင်း ပြောနေခြင်းပင်… အခုထိ မဟုတ်သေးတာပေါ့။

“အိုး၊ အဲ့ဒါသူပေါ့။” ရဲမေအနည်းငယ်က ချက်ချင်းပင် ချီးမွမ်းစကားဆိုကြတော့သည်။ “ဆုကြေးငွေ ယွမ်၅သောင်းကိုငြင်းလိုက်တဲ့သူပေါ့။ ကျွန်မသာ သူ့နေရာမှာဆိုရင် သေချာပေါက် လက်ခံပြီး အိမ်တစ်လုံးဝယ်လိုက်မှာ။ ဒီလိုသာဆို ကျွန်မလည်း ကိုယ့်အိမ်နဲ့ကိုယ်နေနိုင်ပြီး ကျွန်မအမေ နေ့တိုင်း ပူညံပူညံလုပ်တာကို နားထောင်စရာမလိုတော့ဘူး။ တခါတလေဆို သေသာသေပစ်လိုက်ချင်တယ်။ ဒါပေမယ့် အမေက အမေပဲလေ။ သူပူညံပူညံလုပ်တာက ဘယ်လောက်ပဲ စိတ်ရှုပ်ဖို့ကောင်းကောင်း အမေ့စကားကို နားထောင်ရမှာပဲ။”

ထိုခေတ်ကာလတုန်းက အိမ်ခြံမြေဝယ်ယူခြင်းမှာ ထိုမျှမရိုးရှင်းပေ။ လက်ထပ်ရန်ရည်ရွယ်ထားသည့် အမျိုးသားများသာလျှင် အိမ်တစ်လုံးဝယ်ယူနိုင်ပေသည်။

“သူက ဉာဏ်လည်းကောင်းတယ်၊ သတ္တိလည်းရှိတယ်။ လောဘလည်းမကြီးဘူး။ တကယ်ကို ရှာမှရှားပဲ။ ဒါနဲ့၊ သူက တကယ်ပဲ ကျွန်မတို့ခေါင်းဆောင်ရဲ့ ကောင်မလေးမဟုတ်ပါဘူးနော်။” ငယ်ရွယ်သည့် ရဲမေမလေးက သံသယအပြည့်ဖြင့် မေးလာပြန်သည်။

“မဟုတ်ဘူးထင်တာပဲ.” သူမ၏စီနီယာက ပြန်ဖြေလာသည်။ “ဒါပေမယ့် ငါတို့ခေါင်းဆောင်ကတော့ သူ့ကို စိတ်ဝင်စားနေတဲ့ပုံပဲ။”

“ဘာ။” တခြားလူများ အံ့ဩသွားကြသည်။ “အစ်မကျန်း၊ ဘယ်လိုလုပ်ပြောနိုင်တာလဲ။”

“ခေါင်းဆောင်ကျန်းက သူ့တစ်ယောက်တည်းကိုပဲ ပြုံးပြတာ နင်တို့အားလုံး မြင်ကြတာပဲမဟုတ်ဘူးလား။” အစ်မကျန်းက လျှို့ဝှက်စွာဖြင့် မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။ “ဒါပေမယ့် ကောင်မလေးကတော့ ငါတို့ခေါင်းဆောင်ကို စိတ်ဝင်စားပုံမရဘူး။ သူက အရမ်းယဉ်ယဉ်ကျေးကျေးပဲ ဆက်ဆံနေတယ်။”

မိန်းကလေးတစ်ယောက်သည် သူမစိတ်ဝင်စားသည့် ယောက်ျားလေးတစ်ယောက်နှင့်အတူရှိနေလျှင် အပြုအမူများက ပုံမှန်နှင့်မတူတတ်တော့ပေ။ သို့သော်လည်း ရှောင်လင်းယွီကတော့ ကျန်းထောင်ကို ယဉ်ယဉ်ကျေးကျေး ပွင့်ပွင့်လင်းလင်းသာ ဆက်ဆံတာကြောင့် သူငယ်ချင်းတစ်ယောက်အဖြစ်သာ သဘောထားကြောင်း ရှင်းလှသည်။

ကျန်းထောင်သည်တော့ သူ့လုပ်ဖော်ကိုင်ဖက်များက သူ့နောက်တွင်တွင် အတင်းပြောနေမှန်း မသိခဲ့ပေ။ သူကတော့ ရှောင်လင်းယွီကို အနီးနားရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်သွားလေသည်။ သူတို့ ကားပေါ်က ဆင်းသည်နှင့် ကျန်းထောင်က ပြောလာခဲ့သည်။ “ဒီနေရာက သာမာန်လို့ထင်ရပေမယ့် သူ့ရဲ့အစားအသောက်တွေကတော့ မယုံနိုင်လောက်အောင် အရသာရှိတယ်။”

“ဒီလိုဆိုမှတော့ မျှော်လင့်နေပါပြီ။” ရှောင်လင်းယွီ ပြုံးလိုက်လေသည်။

“ထောင်ဇီ၊ မင်းရောက်နေတာပဲ။” စားသောက်ဆိုင်ထဲမှ အသက်ကြီးသည့်စုံတွဲတစ်တွဲက ပြေးထွက်လာကာ ကျန်းထောင်ကိုမြင်သည်နှင့် နှုတ်ဆက်လိုက်ကြလေသည်။

“ဦးလေးချန်း၊ ဒေါ်လေးချန်း။” ကျန်းထောင်က ပြန်နှုတ်ဆက်လိုက်ကာ၊ “ကျွန်တော့် သူငယ်ချင်းကို ဒီမှာနေ့လည်စာကျွေးဖို့ ခေါ်လာတာလေ။ ဦးလေးချန်းရဲ့လက်ရာကို သူသဘောကျသွားအောင် လုပ်ပေးရမယ်နော်။”

“ဟားဟား၊ လုပ်ပေးရမှာပေါ့။” ဦးလေးချန်းက ရယ်မောလိုက်လေသည်။

ဒေါ်လေးချန်းကတော့ ရှောင်လင်းယွီကို ကြည့်နေခဲ့ကာ သူမက ပြုံး၍ မေးလာခဲ့သည်။ “ထောင်ဇီ၊ သူက မင်းရဲ့ကောင်မလေးလား။ တကယ်ကို အလှလေးပဲ။”

အမြဲတမ်းတည်တည်ငြိမ်ငြိမ်ရှိတတ်သော ကျန်းထောင်ပင် သူ့မျက်နှာက အပူလှိုင်းတက်လာသလို ခံစားလိုက်ရလေသည်။ သူက ရှောင်လင်းယွီကို တစ်ချက်ခိုးကြည့်ရင်း ပြန်ဖြေတော့မည့်အချိန်မှာပဲ ရှောင်လင်းယွီက ပြောလာခဲ့သည်။ “မဟုတ်ပါဘူး၊ ဒေါ်လေးချန်း၊ ဦးလေးချန်း။ ခေါင်းဆောင်ကျန်းနဲ့ ကျွန်မက သာမာန်သူငယ်ချင်းတွေပါ။”

ဒေါ်လေးချန်းက အံ့ဩသွားလေသည်။ “ဒါဆို ကောင်မလေးမဟုတ်ဘူးပေါ့။”

ကျန်းထောင်က ခေါင်းယမ်းလိုက်သည်။ “မဟုတ်ပါဘူး၊ မိန်းကလေး သူငယ်ချင်းပါပဲ။”

ဒေါ်လေးချန်းသည် အနည်းငယ် စိတ်ပျက်သွားပုံပေါ်လေသည်။ “ထောင်ဇီ၊ ဒေါ်လေးကတော့ ဒီမိန်းမလှလေးက မင်းကောင်မလေးဖြစ်နေဖို့ မျှော်လင့်နေတာ။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ငါ့ဆိုင်က မိန်းကလေးတစ်ယောက်ခေါ်လာတာ ဒါပထမဆုံးပဲလေ။”

ဒေါ်လေးချန်းသည် တည်ငြိမ်သည့်အလှမျိုးရှိသည့် ရှောင်လင်းယွီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းထောင်ဘက်ကို အနည်းငယ်စောင်းသွားကာ၊ “ထောင်ဇီ၊ ဒီမိန်းကလေးက အခုတော့ မင်းကောင်မလေး မဟုတ်သေးပေမယ့် နောက်ဆိုရင်ရော။ မင်းလည်း မငယ်တော့ဘူး။ အလုပ်အတွက်နဲ့ လက်ထပ်ဖို့ကိစ္စကို မနှောင့်နှေးစေနဲ့တော့။ ငါ့ကိုသာမေးရင်တော့ ဒီမိန်းကလေးက လုံးဝသင့်တော်တယ်လို့ပြောရမှာပဲ။ သူ့ကို မင်းကောင်မလေးဖြစ်လာအောင် ကြိုးစားဖို့လိုနေပြီ။”

ဒေါ်လေးချန်းသည် ကျန်းထောင်၏ ပုံမှန်အေးစက်သောမျက်နှာသည် ပထမဆုံးအကြိမ် နီမြန်းလာသည်ကို မြင်လိုက်ရလေသည်။ ဒေါ်လေးချန်းက ရှောင်လင်းယွီကိုလည်း ပြောလိုက်လေသည်။ “မိန်းကလေး၊ ထောင်ဇီက ပုံမှန်ဆို အလုပ်ပဲထဲပဲခေါင်းစိုက်နေတော့ ချစ်သူရည်းစားထားချိန်မရှိခဲ့ဘူး။ ဒါပေမယ့် ထောင်ဇီက လူကောင်းတစ်ယောက်ပါ။ မင်းသာ သူနဲ့ လက်ထပ်ရင် မင်းသေချာပေါက် ပျော်ရွှင်ရလိမ့်မယ်။”

ရှောင်လင်းယွီက ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်ပါတယ်၊ တကယ်ကိုပဲ ခေါင်းဆောင်ကျန်းက လူကောင်းတစ်ယောက်ပါ။ သူ့ရဲ့ချစ်သူ ဒါမှမဟုတ် ဇနီးဖြစ်နိုင်တဲ့ မိန်းကလေးက အရမ်းပျော်ရွှင်ရလိမ့်မယ်။ ခေါင်းဆောင်ကျန်း၊ ကျွန်မတော့ အဲ့ဒီမိန်းကလေးကို အခုကတည်းက မနာလိုဖြစ်မိနေပြီနော်။” တစ်နည်းအားဖြင့် ထိုမိန်းကလေးက သူမတော့မဟုတ်ကြောင်း ပြောလိုက်ခြင်းပင်။

ကျန်းထောင်သည် အပြင်ဘက်တွင် မပြသသော်လည်း စိတ်ထဲတွင်တော့ အတော်လေး စိတ်ပျက်မိသွားသည်။ ရှောင်လင်းယွီက ထိုသို့ ပွင့်ပွင့်လင်းလင်းပြောလာတာကြောင့် ဒေါ်လေးချန်းသည်လည်း အောင်သွယ်တော်လုပ်နေခြင်းကို ရပ်တန့်လိုက်လေတော့သည်။

သူမက သူတို့ကို ထိုင်ခုံများဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ “ထိုင်ကြပါ၊ ဘာလို့ ရပ်နေကြတာလဲ။”

သူတို့နှစ်ယောက် ထိုင်လိုက်ပြီးနောက် ရှောင်လင်းယွီက ဆိုင်ထဲသို့ စူးစမ်းကြည့်မိသည်။ သူတို့ရောက်နေသည့်နေရာမှာ မြို့ဟောင်းဘက်တွင်ဖြစ်ပြီး ဒီစားသောက်ဆိုင်ကလည်း အတော်လေးကို ဝေးလေသည်။ ကျန်းထောင်တစ်ယောက် ဒီနေရာကို ဘယ်လိုရှာတွေ့သွားမှန်း သူမ စဉ်းစားမရပေ။

နောက်ငါးနှစ်အတွင်း မြို့ဟောင်း၏ဒီအပိုင်းသည် အပြောင်းအရွေ့များစွာရှိလာပေမည်။ စီမံကိန်းအသစ်ရောက်လာတော့မည်ဖြစ်တာကြောင့် အိမ်ခြံမြေဈေးများသည်လည်း တက်လာတော့မည်ဖြစ်သည်။ အစိုးရက လက်ရှိနေထိုင်သူများကို ပြောင်းရွှေ့စေရန်အတွက် ငွေအမြောက်အမြားပေးမည်ပင်။ ရှောင်လင်းယွီစိတ်ထဲ ချက်ချင်းပင် အစီအစဉ်တစ်ခု အကောင်အထည်ပေါ်လာခဲ့သည်။ သူမတွင် ငွေရှိသောအခါ ဒီနေရာရှိ အိမ်ခြံမြေတချို့ကို ဝယ်ယူထားရန်ပင်။

ကျန်းထောင်သည် ရှောင်လင်းယွီကို မီနူးကမ်းပေးလိုက်ပြီးနောက်၊ “လင်းယွီ၊ ကြိုက်တာမှာနော်။ ဦးလေးချန်းက အချက်အပြုတ် အရမ်းကောင်းတယ်။”

ရှောင်လင်းယွီ ပြုံးလိုက်လေသည်။ “ကျွန်မက အစားမရွေးပါဘူး။ ဦးလေးချန်းချက်တာ မှန်သမျှ စားပါ့မယ်။ ဦးလေးချန်းက ကျွန်မအထင်ကြီးသွားအောင် သူ့အကောင်းဆုံးဟင်းချက်လက်ရာတွေ ထုတ်ပြမယ်ဆိုတာ သေချာတယ်၊ ဟုတ်တယ်မလား ဦးလေးချန်း။”

ဦးလေးချန်းက ရယ်မောလိုက်လေသည်။ “မိန်းကလေး၊ ဒါတော့ မပူနဲ့။ ငါအကျွမ်းကျင်ဆုံးလက်ရာတွေနဲ့ မင်းကို ဧည့်ခံပေးမယ်။”

“ကျေးဇူးတင်ပါတယ်၊ ဦးလေးချန်း။”

သူတို့ ဟင်းပွဲများကို စောင့်နေသည့်အချိန်တွင် ကျန်းထောင်က စကားစလာခဲ့သည်။ “လင်းယွီ၊ ဒီနေ့ ခရိုင်မြို့ကို ဘာအတွက်လာတာလဲ။”

“ကျွန်မ ဒီမှာ ဟင်းသီးဟင်းရွက်တွေရောင်းတယ်လေ။” ရှောင်လင်းယွီက ပုံမှန်အတိုင်းပင် ဖြေလိုက်သည်။ “နောက်ရက်အနည်းငယ်လောက်အထိ ဒီမှာဆက်ရောင်းဦးမှာ။”

“မင်းက ဟင်းသီးဟင်းရွက်ရောင်းတာလား။” ကျန်းထောင် အံ့ဩသွားလေသည်။

သူ ရှောင်လင်းယွီအကြောင်း အနည်းငယ် စုံစမ်းထားလေသည်။ သူမသည် နာမည်ကြီးတက္ကသိုလ်မှ ဘွဲ့ရတစ်ဦးဖြစ်ကာ မြို့ကြီးတစ်ခုတွင် နှစ်နှစ် သုံးနှစ်လောက် အလုပ်လုပ်ခဲ့ပေသည်။ ဒါကြောင့် သူမ မြို့ကိုပြန်သွားလိမ့်မည်ဖြစ်ပြီး ဒီမှာပဲ ကုန်စိမ်းသည်လုပ်နေလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

လူငယ်များ အထူးသဖြင့် ပညာတတ်လူငယ်များသည် အသီးအရွက်ရောင်းဖို့ရန် ရှက်ရွံ့တတ်ကြလေသည်။

“ဘာလို့လဲ။ အံ့ဩသွားတာလား။” ရှောင်လင်းယွီက မေးလိုက်လေသည်။ “ဘယ်နယ်ပယ်မှာမဆို အောင်မြင်နိုင်တာပဲလေ။ ဘယ်ပြောလို့ရမလဲ၊ ကျွန်လည်း အသီးအရွက်တွေရောင်းရင်းနဲ့ နာမည်တစ်လုံးရနိုင်လောက်တာပဲ။”

“မင်းပြောတာ မှန်ပါတယ်။” ကျန်းထောင် ပြုံးလိုက်လေသည်။

“ဦးလေးချန်း၊ ကျွန်မမှာ အရမ်းကောင်းတဲ့ အသီးအနှံ့တွေရှိစိုက်ထားတာရှိတယ်။ ခေါင်းဆောင်ကျန်းနဲ့အတူ ဦးလေးတို့အတွက် နည်းနည်းထည့်ပေးလိုက်ရင်ရော။ အားလုံးက အော်ဂဲနစ်တွေ၊ ဘာပိုးသတ်ဆေးမှ မသုံးထားဘူးနော်။”

“ဒါဆို အရမ်းကောင်းတာပေါ့။” ဦးလေးချန်းက လက်ခံလေသည်။ “ဦးလေးလည်း ပါဝင်ပစ္စည်းတွေ ကုန်နေတာ။ ထောင်ဇီ၊ ဦးလေး မင်းကိုပဲ ဒုက္ခပေးရဦးမယ်။”

“ဒါ ဘာမှမဟုတ်ပါဘူး၊ ဦးလေးချန်းရဲ့။” ကျန်းထောင်က ပြန်ဖြေလိုက်လေသည်။

ခဏကြာပြီးနောက် ဟင်းပွဲများရောက်ရှိလာခဲ့သည်။ အသားပြုတ်၊ တရုတ်မုန်ညှင်းရွက်ကြော်နှင့် ငါးတို့ဟူးပေါင်းတို့ပါလေသည်။

“ဒါလေးစားကြည့်။ ဒီအသားက အရမ်းအရသာရှိတယ်။ နူးညံ့အိစက်ပြီး မွှေးနေရောပဲ။” ကျန်းထောင်က အသားပြုတ်တစ်ပိုင်းကို ရှောင်လင်းယွီအတွက် ထည့်ပေးလိုက်လေသည်။

ရှောင်လင်းယွီကတော့ အလွန်ယဉ်ကျေးလွန်းစွာ ပြန်ပြောလာခဲ့သည်။ “ကျေးဇူးတင်ပါတယ်၊ ခေါင်းဆောင်ကျန်း၊ ကျွန်မဘာသာ ထည့်စားလိုက်ပါမယ်။ ရှင်လည်းများများစားလေ။” ရှောင်လင်းယွီက အသားအရသာကိုမြည်းကြည့်ပြီးနောက် မျက်လုံးအရောင်များတောက်သွားလေသည်။ “ဦးလေးချန်းရဲ့ ဟင်းချက်လက်ရာက အရမ်းကောင်းတာပဲ။” သူမက ဦးလေးချန်းကို လက်မထောင်ပြလိုက်သည်။ “ဦးလေးချန်းရဲ့ လက်ရာက ကြယ်ငါးပွင့်စားဖိုမှူးတွေထက်တောင် ကောင်းသေးတယ်။ ဒီအသားက ဝါးရတာ အရမ်းနူးညံ့တယ်။”

ကျန်းထောင်က ရယ်မောလာခဲ့သည်။ “တကယ်တော့ ဦးလေးချန်းက ကြယ်ငါးပွင့်ဟိုတယ်တစ်ခုက ခေါင်းဆောင်စားဖိုမှူးလေ။ သူအနားယူပြီးတဲ့နောက်မှ ဒီဆိုင်ကို ဖွင့်လိုက်တာ။”

“အိုး..” ရှောင်လင်းယွီ အံ့ဩသွားလေသည်။ “ဦးလေးရဲ့အရည်အချင်းတွေကို ကျွန်မတို့လို သာမာန်လူတန်းစားတွေပါ မြည်းစမ်းခွင့်ရအောင် မျှဝေပေးတဲ့အတွက် ဦးလေးချန်းကို ကျေးဇူးတင်ပါတယ်။” ဘာပဲဖြစ်ဖြစ် ကြယ်ငါးပွင့်ဟိုတယ်ကြီးမှ ဟင်းပွဲများကို မြည်းစမ်းနိုင်မည့်အခွင့်အရေးမျိုး လူတိုင်းတွင် မရှိနိုင်ပေ။

“ဟဟဟ၊ ဒီကောင်မလေးကတော့ အရမ်းနှုတ်ချိုတာပဲ။ ငါသဘောကျတယ်။” ဦးလေးချန်းက ဟက်ဟက်ပက်ပက်ရယ်မောလေသည်။ “မင်း ငါ့လက်ရာကိုသဘောကျရင် မကြာမကြာလာသင့်တယ်။” သူက တိတ်နေသည့် ကျန်းထောင်ကိုကြည့်ကာ ထပ်ပြောလာခဲ့သည်။ “မင်းကို ခေါ်လာပေးဖို့ ကျန်းထောင်ကိုပြောလိုက်နော်။”

“ဦးလေးချန်း၊ ဒါဆို ခေါင်းဆောင်ကျန်းသာမပါရင် ကျွန်မလာလို့မရဘူးလို့ ပြောချင်တာလား။”

ဒေါ်လေးချန်းက သူမခင်ပွန်းစနောက်နေသည်ကိုကြားပြီး ချက်ချင်းပင် ဆူငေါက်လာလေသည်။ “ဒီလူအိုကြီးကတော့၊ ဘယ်လိုတွေပြောလိုက်တာလဲ။ ကောင်မလေး အထင်လွဲသွားပြီ။ ကောင်မလေး၊ မင်း လာချင်တဲ့သူနဲ့လာလို့ရတယ်။ ဒေါ်လေးတို့ မင်းကို အမြဲကြိုဆိုတယ်နော်။”

“ဟုတ်ကဲ့ပါ၊ ကျွန်မနောက်ဆို မကြာမကြာလာခဲ့ပါ့မယ်။” ရှောင်လင်းယွီက ထပ်ပြောလာခဲ့သည်။ “ဦးလေးချန်း၊ ဒေါ်လေးချန်း၊ ကျွန်မနာမည်က ရှောင်လင်းယွီပါ၊ ဦးလေးတို့ ကျွန်မကို လင်းယွီလို့ခေါ်နိုင်ပါတယ်။”

“ဟုတ်ပြီ၊ ဟုတ်ပြီ။”

***

All Chapters