ကုန်းထျန်းဟောက်ရောက်လာပြီ
Vol. 7 Ch. 116
“ဒီတော့ လင်းယွီက ဒီမှာနေတာလား။” ကျန်းထောင်က ရှောင်လင်းယွီနောက်ကနေ လမ်းကြားလေးထဲဝင်လာပြီးနောက် အဆောက်အဦးတစ်လုံးရှိသည့် ခြံဝန်းကိုကြည့်လိုက်လေသည်။ “ပြီးတော့ ဒီအိမ်က…”
“ဒါ ကျွန်မငှားထားတဲ့အိမ်လေ။” ရှောင်လင်းယွီက ရှင်းပြလာခဲ့သည်။ “ဒီနေရာကို ကျွန်မရဲ့ကုန်ပစ္စည်းတွေ သိမ်းဖို့ ငှားထားတာ။ အိမ်ရှင် အဘွားစုန့်က အရမ်းသဘောကောင်းတော့၊ ကျွန်မကို ဈေးနည်းနည်းနဲ့ ငှားပေးတယ်။ ဒီနေရာရဲ့ပတ်ဝန်းကျင်အနေအထားကိုလည်း ကျွန်မ သဘောကျတယ်လေ။”
သို့သော်လည်း ကျန်းထောင်က မျက်မှောင်ကြုတ်နေခဲ့သည်။ “ဒါပေမယ့် ဒီနေရာက အရမ်းလူပြတ်တယ်။ နေ့ဘက်ဆိုကောင်းပေမယ့် ညဘက်ဆို မလုံခြုံဘူး။ ပြီးတော့ မင်းရဲ့အလုပ်က မနက်စောစောထရတာလေ။ ဒီလိုဆို မင်းပစ်မှတ်ထားခံရပြီး အရမ်းအန္တရာယ်များလိမ့်မယ်။”
ရှောင်လင်းယွီက ခဏကြောင်အသွားပြီးနောက် အကျယ်ကြီးရယ်လိုက်မိတော့သည်။
“ရှင်းယင်ခရိုင်ရဲ့စခန်းမှူးက အေးစက်ပြီး နှလုံးသားမဲ့တယ်ဆိုပြီး ကောလဟာလတွေထွက်နေတာ၊ အခုကျ သူက စိုးရိမ်နေတဲ့ အမေတစ်ယောက်လိုလုပ်နေတယ်တဲ့လား။ တခြားသူတွေသာ သိသွားရင် ပါးစပ်အဟောင်းသား ဖြစ်သွားကြလိမ့်မယ်။”
ကျန်းထောင်က မှင်သက်သွားပြီးနောက် နှိမ့်ချစွာပြောလာခဲ့သည်။ “ငါ့ကိုယ်ငါတောင် အမေတစ်ယောက်လို စိုးရိမ်တတ်မယ်လို့ မသိဘူး။”
ရှောင်လင်းယွီက ဂိုဒေါင်ထဲမှ အသီးအရွက်အိတ်နှစ်အိတ်ကို ယူထုတ်လာကာ ကျန်းထောင်ကို ပေးလိုက်လေသည်။ “ခေါင်းဆောင်ကျန်း၊ ဒီပိုကြီးတဲ့အိတ်ကို ဦးလေးချန်းအတွက် ပေးပေးပါဦး။ ငယ်တဲ့တစ်အိတ်ကတော့ ရှင့်အတွက်ပါ။”
ကျန်းထောင်သည် ငြင်းလိုက်ချင်သည်။ သူမ၏ကုန်ပစ္စည်းများကို မလိုချင်ပေ။ မဟုတ်ရင် သူမဝင်ငွေ လျော့သွားမှာပေါ့။
“အဲ့လောက် အလျင်စလိုငြင်းဖို့ ပြင်မနေပါနဲ့။” ရှောင်လင်းယွီက သူ့ကို တားလိုက်လေသည်။ “ခေါင်းဆောင်ကျန်း၊ ကျွန်မအသီးအနှံ့တွေက တကယ်ကိုအရသာရှိတာနော်။ ရှင်တစ်ကြိမ်လောက် မြည်းစမ်းဖူးတာနဲ့ နောက်တစ်ကြိမ် မစားချင်ဘဲ မနေစေရဘူး။ ကျွန်မရဲ့အသီးအနှံ့တွေက သာမာန်မဟုတ်ဘူး။ ရှင် မြန်မြန်မစားကြည့်ထားရင် နောက်ဆို အခွင့်အရေးတောင် မရတော့ဘဲနေမယ်။” ရှောင်လင်းယွီသည် ပိုပိုသာသာပြောနေခြင်းမဟုတ်ဘဲ အမှန်အတိုင်းသာပြောခြင်းဖြစ်လေသည်။
ကျန်းထောင်က နည်းနည်းတော့ တွန့်ဆုတ်နေသေးလေသည်။ “ဒါဆိုလည်း ကျေးဇူးပါ။ မင်းဘက်ဆက်သွားဦးမှာလဲ။ ငါမင်းကို လိုက်ပို့ပေးမယ်လေ။”
ရှောင်လင်းယွီက ခေါင်းယမ်းလိုက်သည်။ “ခေါင်းဆောင်ကျန်းရဲ့အချိန်တွေကို မယူတော့ပါဘူး။ ရှင်လည်း လုပ်စရာတွေအများကြီးရှိမှာပဲလေ။ ကျွန်မက ကျွန်မမောင်လေးကိုကြည့်ဖို့ အမှတ်တစ်အထက်တန်းကျောင်းကို သွားမှာပါ။”
“အမှတ်တစ်အထက်တန်းကျောင်းလား။ ဒါဆို စခန်းကိုပြန်တဲ့လမ်းပဲလေ။ ငါမင်းကို လိုက်ပို့ပါမယ်။”
ရှောင်လင်းယွီ တွေးကြည့်လိုက်ပြီးနောက် သဘောတူလိုက်တော့သည်။ “ဒါဆိုလည်း ကျေးဇူးတင်ပါတယ်၊ ခေါင်းဆောင်ကျန်း။”
ကျန်းထောင်က မျက်မှောင်ကြုတ်သွားပြီးနောက်၊ “လင်းယွီ၊ အခု ငါတို့ သူငယ်ချင်းတွေဖြစ်နေကြပြီပဲ။ ငါ့ကို ထောင်ကော၊ ဒါမှမဟုတ် ကျန်းကောလို့ပဲ ခေါ်လို့ရပါတယ်။”
“ကောင်းပါပြီ။” ရှောင်လင်းယွီ ပြန်ဖြေလိုက်သည်။ “ဒါဆို ကျန်းကော၊ ခဏလေးစောင့်ပါဦးနော်။” သူမက ဂိုဒေါင်ထဲသို့ ပြန်ပြေးသွားကာ ခရမ်းချဉ်သီးနှင့် သခွားသီးများအပြည့်ဖြင့် အိတ်တစ်လုံးကို ပြန်သယ်လာလေသည်။
ကျန်းထောင်နှင့် ရှောင်လင်းယွီတို့ ကျောင်းဂိတ်ပေါက်သို့ရောက်လာချိန်တွင် ကျန်းထောင်ထံသို့ ဖုန်းတစ်ကောလ်ဝင်လာခဲ့သည်။ ကျန်းထောင်က ကားကို ရပ်ကာ ဖုန်းပြန်ဖြေလိုက်သည်။ “ထျန်းဟောက်၊ ထူးထူးဆန်းဆန်းပါလား။ ဘာ.. မင်းရှင်းယင်ခရိုင်ကိုရောက်နေတာလား။ ဘာလို့ စောစောမပြောတာလဲ။ ကောင်းပြီ၊ ငါတို့တွေ့မှ စကားဆက်ပြောကြတာပေါ့။”
ရှောင်လင်းယွီကတော့ ရှောင်လင်းယဲ့ကိုရှာရန် ထွက်သွားခဲ့ကာ ကျန်းထောင်ကို လက်ပြနှုတ်ဆက်လိုက်ပြီး ကျန်းထောင်ကလည်း ပြန်နှုတ်ဆက်လေသည်။
ကျန်းထောင်တစ်ယောက် ကားစက်နှုန်းကာ ရှင်းယင်ခရိုင်ရှိ အကောင်းဆုံးဟိုတယ်ဖြစ်သော ဟူပြန့်ဟိုတယ်သို့ မောင်းလာခဲ့လေသည်။
“ထျန်းဟောက်၊ ဘာကများ မင်းကို ငါတို့ရဲ့တောငယ်လေးဆီ ရောက်လာစေတာလဲ။ ဒီနေရာက မင်းလို့ သခင်လေးတစ်ယောက်အတွက် မဟုတ်ဘူးလေ။” ကျန်းထောင်က အခန်းထဲသို့ဝင်သည်နှင့် သူ့သူငယ်ချင်းကို စလိုက်လေသည်။
ကုန်းထျန်းဟောက်သည် ရေချိုးဝတ်ရုံကိုဝတ်ထားကာ ဝိုင်တစ်ခွက်လက်မှာကိုင်ပြီး ဆိုဖာထက်တွင် ပျင်းရိစွာထိုင်နေလေသည်။ သူက ဝိုင်ခွက်ကိုနှစ်ကြိမ်မျှလှုပ်ပြီး အေးစက်စက်ပြောလာခဲ့သည်။ “မင်းက ကျန်းမိသားစုရဲ့ အကြီးဆုံးသခင်လေးလေ။ မင်းတောင်နေနိုင်မှတော့ ဘာလို့ငါကျမနေနိုင်ရမှာလဲ။”
ကျန်းထောင်၏နှုတ်ခမ်းများ ကွေးတက်သွးလေသည်။ “လူတိုင်းက ငါ့ကိုချဉ်းကပ်ရခက်တယ်ဆိုပြီး ပြောနေကြတာ။ တကယ်တော့ သူတို့ မင်းနဲ့မတွေ့ဖူးသေးလို့ပဲ။”
ကုန်းထျန်းဟောက်က ဘာမှပြန်မဖြေဘဲ ဝိုင်နီတစ်ငုံသောက်ကာ မေးလာခဲ့သည်။ “မင်း ဒီရောက်နေတာ သုံးနှစ်လောက်ရှိနေပြီ။ ဘယ်တော့ပြန်ဖို့ စိတ်ကူးထားလဲ။ မင်းပဲ ဒီမှာ သုံးနှစ်တာလေ့ကျင့်ရေးပြီးရင် ပြန်မယ်လို့ ပြောထားတာ မဟုတ်ဘူးလား။”
ကျန်းထောင် ဘာမှပြန်မပြောခဲ့ပေ။ မြို့တော်ရှိ ကျန်းမိသားစုသည် သူပြန်လာရင်ကြိုဆိုဖို့ အကုန်ပြင်ဆင်ပြီးနေကြဖြစ်သည်။ သူလည်း သိပေမယ့်…
“ငါဒီမှာ လုပ်စရာလေးတွေရှိသေးတယ်လေ။ လောလောဆယ်တော့ ပြန်ဖြစ်ဦးမှာမဟုတ်ဘူး။”
ကုန်းထျန်းဟောက် မျက်မှောင်အသာကြုတ်သွားကာ ပြောလိုက်လေသည်။ “တစ်ခုခုဖြစ်လို့လား။ ငါသာ အထင်မမှားရင် ဒီလိုမြို့ငယ်လေးမှာ မင်းကို ဆွဲထားနိုင်လောက်တဲ့ကိစ္စမျိုး မရှိလောက်ပါဘူး။”
“အဲ့လို မဟုတ်ဘူး။” ကျန်းထောင်က ခေါင်းယမ်းလိုက်သည်။ “ကိုယ်ရေးကိုယ်တာကိစ္စလေးတချို့ကြောင့်ပါ။” ကျန်းထောင်က တစ်ခုခုကိုတွေးမိသွားကာ နှုတ်ခမ်းများက တွန့်သွားပြီး ခပ်ရေးရေးအပြုံးလေးတစ်ပွင့် ပေါ်ထွက်လာခဲ့သည်။
“ခဏနေပါဦး…” ကုန်းထျန်းဟောက်၏မျက်လုံးများကျဉ်းမြောင်းသွားကာ၊ “ကိုယ်ရေးကိုယ်တာ။ မင်း ကောင်မလေးရသွားတာလား။”
ကျန်းထောင်တစ်ယောက် သူ့သူငယ်ချင်းက ဒီလောက်မြန်မြန်ဖော်ထုတ်လိုက်လိမ့်မည်ဟု မထင်မှတ်ထားပေ။ သူက ဝန်ခံလေသည်။ “ဟုတ်တယ်၊ ငါ မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားနေတယ်။ ငါအခု သူ့ကိုလိုက်နေတာ။”
“အို.. ဒီလိုမြို့ငယ်လေးတစ်ယောက်က မင်းကိုယ်တောင် ဖမ်းစားနိုင်တယ်ပေါ့။” ကုန်းထျန်းဟောက်၏မျက်နှာထက်တွင် ညစ်ကျယ်ကျယ်အပြုံးတစ်ပွင့်ပေါ်လာလေသည်။ “စိတ်ဝင်စားစရာပဲ။ ဘယ်လိုသခင်မလေးကများ သခင်လေးကျန်းရဲ့စိတ်ဝင်စားမှုကိုရလောက်အောင် ကံကောင်းသွားတာပါလိမ့်။”
ကျန်းထောင်က ရှုံ့မဲ့ကာပြုံးလိုက်လေသည်။ “ထျန်းဟောက်၊ ငါ့ကို မစစမ်းပါနဲ့။ ဝမ်းနည်းစရာကောင်းတာက၊ အဲ့မိန်းကလေးက ငါ့ကို ဒီအတိုင်းပုံမှန်သူငယ်ချင်းတစ်ယောက်လိုပဲ သဘောထားတာ။”
“ဘာ။” အခန်းထဲတွင်ရှိနေသည့် လီယွမ်ဟန်ကလည်း အံ့ဩသွားလေသည်။ “သခင်လေးကျန်းက စခန်းမှူးဆိုတာ သူမသိဘူးလား။ ပြီးတော့ သခင်လေးကျန်းက ခန့်ညားတယ်၊ ငယ်ရွယ်တယ်၊ ပြည့်စုံတယ်။ ဘာလို့ သူက မင်းကိုငြင်းရတာလဲ။”
ကုန်းထျန်းဟောက်လည်း ကျန်းထောင်ကို စိုက်ကြည့်နေခဲ့သည်။ သူ့စိတ်ထဲတွင်လည်း တူညီသည့်မေးခွန်းများရှိနေလေသည်။
“ငါလည်း မသိဘူး။” ကျန်းထောင်က သူ့သူငယ်ချင်းနှစ်ယောက်ထံ ရင်ဖွင့်တော့သည်။ “ငါ သူနဲ့ပထမဆုံးအကြိမ်စတွေ့တုန်းက ငါတို့အတူတူ လူကုန်ကူးဂိုဏ်းတစ်ခုကို နှိမ်နင်းတုန်းကပဲ။”
“သူလည်း ရဲအရာရှိတစ်ယောက်ပဲလား။” လီယွမ်ဟန်က ဖြတ်မေးလိုက်သည်။
“ဒါမှမဟုတ် သူက လူကုန်ကူးဂိုဏ်းရဲ့အဖွဲ့ဝင်လား။ သခင်လေးကျန်းက လူကုန်ကူးသမားကို မြင်မြင်ချင်းချစ်မိသွားပေမယ့် ဥပဒေက မင်းတို့ကို ခွဲလိုက်တယ်။ ပြီးတော့ မင်းက အရမ်းနာကျင်ရပြီး သူ့အနားလည်း မနီးကပ်နိုင်တော့ဘူး။ အဲ့လိုလား။”
ကျန်းထောင်တစ်ယောက် ဘာဆက်ပြောလို့ ပြောရမှန်း မသိဖြစ်သွားလေသည်။ သူက သက်ပြင်းသာချလိုက်ကာ၊ “လီယွမ်ဟန်၊ မင်းဘာတွေလျှောက်ပြောနေတာလဲ။ သူက လူကုန်ကူးသမားမဟုတ်ဘူး၊ ဟုတ်ပြီလား။ တကယ်တော့ သူက မင်မိသားစုရဲ့ ကျေးဇူးရှင်ပဲ။ သူ့ကြောင့်သာမဟုတ်ရင် မင်မိသားစုရဲ့သခင်လေးကို ရှာလို့တွေ့မှာတောင်မဟုတ်ဘူး။”
မင်မိသားစုအကြောင်းပြောလိုက်သည်နှင့် ကုန်းထျန်းဟောက်နှင့်လီယွမ်ဟန်တို့၏အမူအရာမှာ လေးနက်သွားကြလေသည်။
ကုန်းထျန်းဟောက်က အာရုံစိုက်သွားကာ၊ “မင်းဆိုလိုတာက…”
လီယွမ်ဟန်က ထပ်ပေါင်းပြောလိုက်သည်။ “မင်းစိတ်ဝင်စားနေတဲ့မိန်းကလေးက မင်မိသားစုရဲ့သခင်လေးကို ကယ်ခဲ့တဲ့တစ်ယောက်လား။”
“ဟုတ်တယ်၊” ကျန်းထောင် ခေါင်းညိတ်လိုက်သည်။
“အဲ့ဒီမိန်းကလေးက ဘယ်သူလဲ။” လီယွမ်ဟန်က သိချင်သွားလေသည်။ “သူက အရမ်းထက်မြက်ပြီး ရဲရင့်တာပဲ။” မင်သခင်လေး အကယ်ခံရခြင်းကို အများသိအောင် မချပြခဲ့ပေ။ သို့သော်လည်း အင်အားကြီးမိသားစုများကတော့ သိထားကြလေသည်။ ဒါကြောင့်ပဲ လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့လည်း မင်မိသားစုမှကောင်လေးကို ကယ်တင်ခဲ့သူမှာ အမျိုးသမီးငယ်တစ်ယောက်မှန်း သိနေကြခြင်းဖြစ်သည်။
ကျန်းထောင်က ပြောလာခဲ့လေသည်။ “သူက သာမာန်မိန်းကလေးတစ်ယောက်ပါ။ တစ်ခါတုန်းက ရှင်းယင်ခရိုင်မှာ အမှတ်အမြင့်ဆုံးနဲ့အောင်ခဲ့တယ်။ ဒါပေမယ့် အခုတော့ သူက ကုန်စိမ်းသည်လုပ်နေတယ်လေ။” သူထိုအကြောင်းပြောချိန်တွင် သူ့နှုတ်ခမ်းများက ကွေးညွတ်သွားလေသည်။
“ဘာ။ ကုန်စိမ်းသည်။” လီယွမ်ဟန် မှင်သက်သွားတော့သည်။ “သူက ရွာသူလား။”
ကျန်းထောင်က ထိုမှတ်ချက်နှင့်ပတ်သတ်၍ မကျေနပ်ပေ။ သူက ခပ်တည်တည်နှင့် ပြန်ပြောလာလေသည်။ “သူက ရွာသူမဟုတ်ဘူး။” ထို့နောက်၊ “အနည်းဆုံးတော့ သာမာန်ရွာသူတစ်ယောက် မဟုတ်ဘူး။”
လီယွမ်ဟန်ကတော့ မျက်လုံးသာ လှန်လိုက်မိတော့သည်။ “ဟုတ်ပါပြီ၊ သာမာန်ရွာသူမဟုတ်ဘူးပဲထားပါတော့။” ထို့နောက် သူက စိတ်ဝင်စားလာခဲ့သည်။ “အခုတော့ ငါလည်း အဲ့မိန်းကလေးကို ကိုယ်တိုင်မြင်ဖူးချင်သွားပြီ။ သူက ပုံမှန်ဆို အမျိုးသမီးတွေကို ဝေးဝေးရှောင်တဲ့ ကြီးမြတ်လှတဲ့ သခင်လေးကျန်းကိုတောင် မြင်မြင်ချင်းကြိုက်သွားအောင်လုပ်နိုင်တဲ့သူလေ။”
သခင်လေးကျန်းကတော့ သူ့ကိုလျစ်လျူရှုလိုက်ကာ ကုန်းထျန်းဟောက်ဘက် လှည့်သွားလေသည်။ “ထျန်းဟောက်၊ မင်းဘာလို့ ရုတ်တရက်ကြီး ဒီကိုရောက်လာတာလဲ။”
“ငါ့အဖိုးအတွက် ကျန်းမာရေးပြန်ကောင်းလာဖို့ အနားယူနိုင်မယ့်နေရာတစ်ခု ရှာဖို့လိုလို့။”
“ရှာတွေ့သွားပြီလား။” ကျန်းထောင်က မေးလိုက်သည်။ ကုမန်းမိသားစုတွင်းမှ ကိစ္စများကို သူမသိထားပေ။ ကုန်းထျန်းဟောက်က မိသားစုမှအမှိုက်များကို ရှင်းထုတ်ပစ်ချင်သော်လည်း သခင်ကြီးကုန်းသည် စိတ်နှလုံးသားနူးညံ့လေသည်။ ထို့ကြောင့်ပဲ ကုန်းထျန်းဟောက်သည် လောလောဆယ်တွင် ထိုလူတို့အား လွှတ်ထားရန်ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ပေ။
“တွေ့ပြီ၊ ထောင်ယွမ်ရွာပဲ။” ကုန်းထျန်းဟောက်က ပြန်ဖြေလိုက်လေသည်။
“ဘာ။ ထောင်ယွမ်ရွာလား။” ကျန်းထောင် အနည်းငယ် အံ့ဩသွားခဲ့သည်။
ထို့နောက် လီယွမ်ဟန်က ရှင်းပြလာလေသည်။ “ဟုတ်တယ်၊ ငါတို့ နေရာတွေအများကြီး စုံစမ်းထားတယ်။ ထောင်ယွမ်ရွာက ငါတို့လိုအပ်ချက်နဲ့ အကိုက်ညီဆုံးပဲ။ ဒါကြောင့် ကိုယ်တိုင်လာကြည့်တာ။ အဲ့နေရာနဲ့ပတ်သတ်ပြီး ပြဿနာရှိလို့လား၊ သခင်လေးကျန်း။” ဘာပဲဖြစ်ဖြစ် ကျန်းထောင်သည် ဤခရိုင်၏စခန်းမှူးဖြစ်သည်။ သူ၏အံ့ဩသွားသည့်လေသံကြောင့် ထောင်ယွမ်ရွာနှင့်ပတ်သတ်ပြီး ပြဿနာတစ်ခုခုရှိနေလားဟူ၍ လီယွမ်ဟန် တွေးမိသွားခြင်းဖြစ်လေသည်။
“မဟုတ်ပါဘူး။ ထောင်ယွမ်ရွာက သခင်ကြီးကျန်း ပြန်လည်သက်သာလာဖို့ တော်တော်ကောင်းတဲ့ နေရာတစ်ခုပါ။ သူ့ရဲ့သဘာဝပတ်ဝန်းကျင်က တကယ်ကိုလှပတယ်။ ရွာသားတွေကလည်း ကြင်နာကြတယ်။ အထူးသဖြင့် ရှောင်လင်းယွီကလည်း ထောင်ယွမ်ရွာကပဲလေ။”
ကုန်းထျန်းဟောက် မျက်ခုံးအသာပင့်လိုက်ကာ သူ့နှုတ်ခမ်းစွန်းများက အနည်းငယ်ကွေးတက်သွားလေသည်။ “မင်းသဘောကျတဲ့ ကောင်မလေးလား။”
ကျန်းထောင်ခေါင်းညိတ်လိုက်သည်။
“ဒါဆိုကောင်းတာပေါ့။” လီယွမ်ဟန် ဝမ်းသာသွားလေသည်။ “သခင်ကြီးကုန်းကို ကူညီစောင့်ရှောက်ပေးဖို့ အဲ့ဒီမိန်းကလေးကို တောင်းဆိုလို့ရတာပဲ။”
“အဲ့အကြံမဆိုးဘူး။ လင်းယွီက ကြင်နာတတ်ပြီး နူးလည်းနူးညံ့တယ်။ သခင်ကြီးကုန်း သူ့ကို သဘောကျမှာပါ။”
ထိုအချိန်တွင် သခင်ကြီးကုန်းက ရှောင်လင်းယွီကို အရမ်းသဘောကျသွားလိမ့်မည်ဟု ကျန်းထောင် မထင်ခဲ့ပေ။ သခင်ကြီးကုန်းက သူမကို သဘောကျလွန်းလို့ မြေးချွေးမတောင် ဖြစ်စေချင်ကာ ရှောင်လင်းယွီကို ပိုးပန်းနေသည့် ကျန်းထောင်အတွက် အကြီးမားဆုံးအတားအဆီးဖြစ်လာခဲ့သည်။
ကျန်းထောင်သည်လည်း ထိုဆုံးဖြတ်ချက်အတွက် နောင်တရခဲ့လေသည်။ ဘာလို့များ သခင်ကြီးကုန်းကို စောင့်ရှောက်ဖို့ ရှောင်လင်းယွီကို တောင်းဆိုရန် သဘောတူခဲ့မိပါလိမ့်။ သို့သော်လည်း ချစ်ခြင်းမေတ္တာဆိုသည်မှာ ဖိအားပေးယူ၍မရပေ။ ကျန်းထောင်လည်း ဒါကို သဘောပေါက်နားလည်ပေသည်။
“မင်းတို့အဲ့ဒီအတွက်ရောက်လာကြတာပေါ့။” ကျန်းထောင်ကမေးလိုက်သည်။
“ဟုတ်တယ်။” ကုန်းထျန်းဟောက်က ခေါင်းညိတ်လိုက်သည်။ “ဒါပေမယ့် ငါမင်းကိုလည်း လာတွေ့တာပါ။ ငါတို့တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်တာ နှစ်ချီနေပြီလေ။ မင်းဘယ်လိုနေလည်း သိချင်လို့။ ကြည့်ရတာတော့ မင်းဒီမှာ ကောင်းကောင်းနေနေရတဲ့ပုံပါပဲ။”
ကျန်းထောင်က ရှက်ကိုးရှက်ကန်းဖြင့် သူ့ခေါင်းနောက်ကို ပွတ်လိုက်လေသည်။ “ငါ့ကို စစ်ဆေးမေးမြန်းနေတာတွေ ရပ်ကြပါတော့။ မင်းကရော။ မင်းသဘောကျတဲ့တစ်စုံတစ်ယောက်ကို ရှာတွေ့ပြီလား။”
ကုန်းထျန်းဟောက်သည် ချက်ချင်းဆိုသလိုပင် ပူပြင်းလှသည့်ညတစ်ညကို သတိရသွားခဲ့သည်။ သို့သော်လည်း ထိုမိန်းကလေးထံမှ သူဘယ်လိုအသုံးချခံလိုက်ရကြောင်းကိုပါ တွေးမိသွားပြန်သည်။ “မရှိဘူး။” သူက ခပ်ဖွဖွပြန်ဖြေလိုသည်။
ကုန်းထျန်းဟောက်၏အမူအရာတွင် သိမ်မွေ့သောအပြောင်းအလဲလေးတစ်ခု ဖြစ်ပေါ်သွားသည်ကို ကျန်းထောင် သတိပြုမိခဲ့လေသည်။ သူက မျက်ခုံးပင့်ကာ လီယွမဟန်အားကြည့်လိုက်သည်။ ကျန်းထောင်၏ အကြည့်က လီယွမ်ဟန်အား၊ ‘ကုန်းထျန်းဟောက်၊ မိန်းကလေးတစ်ယောက်ယောက်နဲ့ တစ်ခုခုဖြစ်ခဲ့တယ်မဟုတ်လား။’ ဟု မေးလိုက်ခြင်းပင်။
လီယွမ်ဟန်က ခေါင်းညိတ်ပြလေသည်။
ထို့နောက်မှာတော့ ကျန်းထောင်က အသေးစိတ်ထပ်မမေးတော့ပေ။
***