ဒုံမင်းအင်မော်တယ်ပေါ်ထွက်လာခြင်း
Vol. 141 Ch. 2104
နေလတိုင်းပြည်တွင်...။
မင်းသားယွမ်ကျောသည် အထီးကျန်ကြယ်နှင့် ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သားတစ်အုပ်စုနှင့်အတူ ရောက်ရှိလာသည့်အချိန်မှာ အခင်းဖြစ်ပွားရာနေရာတွင် စုဝေးနေကြပြီဖြစ်၏။
အာဏာပါးကွက်သား အစောင့်တပ်သားအချို့အပြင် ထိုနေရာကိုပိတ်ဆို့ထားသော မဟာကျင်းအင်မော်တယ်နိုင်ငံ၏ အင်မော်တယ်စစ်သားများလည်းရှိနေကြ၏။
နေလတိုင်းပြည်၏ တိုင်းပြည်ဘုရင်ခံကလည်း ဤနေရာမှာရောက်ရှိနေ၏။
“မင်္ဂလာပါအရှင်မင်းသား”
နေလတိုင်းပြည်ဘုရင်ခံက မင်းသားယွမ်ကျောရောက်ရှိလာသည်ကို တွေ့မြင်သောအခါ သူ၏လက်နှစ်ဖက်ကိုယှက်ပြီး နှုတ်ဆက်လိုက်၏။
မင်းသားယွမ်ကျော၏ အဆင့်အတန်းသည် ဤနှစ်များမှာ ကျဆင်းသွားပြီး အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ကို အုပ်ချုပ်ခွင့်ဆုံးရှုံးသွားသော်လည်း သူ့မှာဘုရင်ကျင်း၏ မျိုးဆက်သွေးရှိနေဆဲပင်။
နေလတိုင်းပြည်၏ တိုင်းပြည်ဘုရင်ခံသည် သူ့ကိုလျစ်လျူမရှုရဲဘဲ သူ့အတွက် အခြေခံအကျဆုံး အရိုအသေကိုပေးရလေသည်။
တကယ်တော့... မင်းသားယွမ်ကျောသည်လည်း နေလတိုင်းပြည်၏ တိုင်းပြည်ဘုရင်ခံကို အမိန့်ပေးစေခိုင်းနိုင်ခြင်းမရှိတော့ပေ။
“ဘာတွေဖြစ်သွားတာလဲ”
မင်းသားယွမ်ကျောက အခင်းဖြစ်ပွားရာနေရာသို့ ဝင်ရောက်လာပြီး သူ၏ အကြည့်က တိုက်ပွဲနယ်မြေ၏ ခြေရာလက်ရာတချို့အပေါ် ရောက်ရှိသွားကာ မျက်မှောင်ကြုတ်၍မေးလိုက်၏။
တိုက်ပွဲနယ်မြေတွင် ပြာပုံများမှလွဲ၍ တခြားဘာမှမကျန်ရှိပေ။
ထိုပြာမှုန့်များထဲမှာ လုံးလုံးလျားလျားလောင်ကျွမ်းမသွားသော မဟူရာရွှေငှက်မွေးချပ်ဝတ်တန်ဆာအပိုင်းအစတချို့ရှိနေ၏။ အဲ့ဒါက သုံးစားအရလုနီးပါး သဲလွန်စများဖြစ်၏။
“ခေါင်းဆောင်တပ်မှူးသုံးယောက်အပါအဝင် အာဏာပါးကွက်သား အစောင့်တပ်သား ၁၃ ယောက်က ဒီနေရာမှာသေဆုံးသွားတယ်”
နေလတိုင်းပြည်၏ တိုင်းပြည်ဘုရင်ခံက ပြောလိုက်၏။
“ကျုပ်ရခဲ့တဲ့သတင်းအချက်အလက်အရဆိုရင် အဲ့ဒီအာဏာပါးကွက်သား အစောင့်တပ်သားတွေက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကို အမဲလိုက်ဖို့အတွက် မင်းသမီးမုန့်ယောင်ရဲ့ အမိန့်အတိုင်း တာဝန်ထမ်းဆောင်နေကြတာဖြစ်မယ်”
“ဒါပေမဲ့... အဲ့ဒီအာဏာပါးကွက်သား အစောင့်တပ်သားတွေအားလုံးက ဒီနေရာမှာချေမှုန်းသတ်ဖြတ်ခံလိုက်ရတယ်”
ထိုစဥ်မှာပင် အဝေးတစ်နေရာကနေ အင်မော်တယ်အလင်းတစ်ခုက ပျံသန်းလာပြီး တစ်ခဏချင်းမှာပင် သူတို့ရှေ့သို့ရောက်ရှိလာကာ သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုကိုထုတ်ဖော်လိုက်၏။
အဲ့ဒါက အမျိုးသမီးတစ်ယောက်ဖြစ်၏။
သူမက အရပ်မြင့်ပြီး ရိုးရှင်းသောအပြာရောင်နန်းတော်ဝတ်စုံကိုဝတ်ဆင်ထား၏။ သူမ၏ မျက်နှာက ဖြူဖွေးနူးညံ့၍ အပြစ်ဆိုဖွယ်ရာမရှိပေ။ သူမ၏ အနက်ရောင်ဆံပင်များကို ဖဲကြိုးတစ်ခုဖြင့် ထုံးချည်ထားပြီး သူမမှာ တစ်မူထူးခြားသော အော်ရာတစ်ခုရှိနေ၏။
လက်ရှိကျင့်ကြံသူများစွာသည် ထိုအမျိုးသမီးကိုတွေ့မြင်ရသောအခါ သူတို့၏ ဝိညာဥ်များကို ဆုံးရှုံးသွားရသည့်အလား နေရာမှာပင်ငေးမောမှင်တက်နေကြ၏။
သို့သော်လည်း အမျိုးသမီးက အေးစက်၍အလွန်တရာအန္တရာယ်များသောအော်ရာတစ်ခုကို ထုတ်ဖော်ပြီး ကျင့်ကြံသူများစွာကို ချက်ချင်းပင် သတိဝင်လာစေ၏။
“မင်းတို့တွေဘာကိုကြည့်နေကြတာလဲ... မြန်မြန်ဒူးထောက်ပြီး မင်းသမီးမုန့်ယောင်ကို နှုတ်ဆက်ကြ”
နေလတိုင်းပြည်၏ တိုင်းပြည်ဘုရင်ခံက အော်ငေါက်လိုက်ပြီး ဘေးပတ်လည်ရှိ အင်မော်တယ်အစောင့်စစ်သားများကို ကြည့်လိုက်လေသည်။
မဟာကျင်းအင်မော်တယ်နိုင်ငံ၏ အစောင့်တပ်သားများသည် ပုံမှန်အားဖြင့် ဒုံမင်းအင်မော်တယ်မုန့်ယောင်၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို မြင်တွေ့နိုင်သည့်အခွင့်အရေးမရှိကြပေ။ ယခုသူတို့က သူမကိုတွေ့မြင်သောအခါ သူမ၏ ပြိုင်ဘက်ကင်း အချောအလှမှာ နက်ရှိုင်းစွာကျဆင်းသွားပြီး သူတို့ကိုယ်သူတို့ ရုန်းမထွက်နိုင်ကြပေ။
အာဏာပါးကွက်သား အစောင့်တပ်သားများစွာက ချက်ချင်းပင်တုံ့ပြန်ပြီး နှုတ်ဆက်ဖို့အတွက် ဒူးထောက်ချလိုက်ကြ၏။
ဘေးပတ်လည်မှာရှိသော အစောင့်တပ်သားအများစုကလည်း တိုင်းပြည်ဘုရင်ခံ၏ သတိပေးသံကိုကြားရပြီးနောက် သူတို့၏ ငေးငိုင်ရာကနေ နိုးထလာခဲ့ကြ၏။
သူတို့က သူတို့၏ ခေါင်းများကိုခပ်မြန်မြန်ငုံ့ပြီး မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်ကြ၏။
သို့သော်လည်း မင်းသမီးမုန့်ယောင်ကို ငေးငိုင်စွာဖြင့် ကြည့်ရှုနေဆဲဖြစ်သော အစောင့်တပ်သားများကျန်ရှိနေဆဲဖြစ်၏။
အဲ့ဒါက မင်းသမီးမုန့်ယောင်ဖြစ်၏။
မဟာနတ်မိမယ်လေးပါးထဲမှတစ်ပါး ဒုံမင်းအင်မော်တယ်မုန့်ယောင်။
နတ်မိမယ်မုန့်ယောင်၏ ဒုံမင်းသံစဥ်ကိုအသာထား သူမ၏ ရုပ်ရည်သွင်ပြင်သက်သက်ကပင် သူတို့ကို ညှို့ငင်ဖမ်းစားဖို့လုံလောက်နေ၏။
နတ်မိမယ်လေးဦးသည် နှစ်ပေါင်းများစွာကြာအောင် နာမည်ကြီးကျော်ကြားလာခဲ့၏။
သူတို့အားလုံးမှာ မတူညီသောစိတ်နေစရိုက်များနှင့် တစ်မူထူးခြားသော သွင်ပြင်လက္ခဏာများရှိကြ၏။
သို့သော်လည်း နတ်မိမယ်လေးဦး၏ ရုပ်ရည်သွင်ပြင်က ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ အချောဆုံးအလှဆုံးဖြစ်သည်ဟုဆိုနိုင်၏။
မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာပင်လျှင် သူတို့က ထိပ်တန်းအချောအလှများဖြစ်ကြ၏။
မဟုတ်ပါက သူတို့သည် မဟာနတ်မိမယ်လေးပါးဟု ခေါ်ဆိုခံရဖို့ အဆင့်မီလိမ့်မည်မဟုတ်ပေ။
“ချင်ရွှမ်း... နင့်ရဲ့အစောင့်တပ်သားတွေကို သွန်သင်ဆုံးမရမယ့်အချိန်ပဲ”
မုန့်ယောင်က အေးစက်စွာဖြင့် ဖြည်းဖြည်းချင်းပြောလိုက်၏။
“ကောင်းပါပြီ မင်းသမီးမုန့်ယောင်... ကျုပ်ပြန်သွားတဲ့အခါ သူတို့တွေကို ပြင်းပြင်းထန်ထန်အပြစ်ပေးလိုက်ပါ့မယ်”
နေလတိုင်းပြည်၏ တိုင်းပြည်ဘုရင်ခံက အလောတကြီးပြောလိုက်၏။
မုန့်ယောင်ကမှင်သေသေဖြင််ပြောလိုက်၏။
“ပြန်သွားရင်ဆိုတာမလိုဘူး.... အခုပဲငါ့နင့်အစား သူတို့ကိုဆုံးမပေးလိုက်မယ်”
သူမထိုသို့ပြောလိုက်သည့်ခဏမှာပင် မုန့်ယောင်က သူမ၏ သေးသွယ်သောလက်ချောင်းများကို ဆန့်ထုတ်ပြီး လေထဲမှာဝေ့ယမ်းလိုက်၏။
“ဒင်...”
ရုတ်တရက်ဒုံမင်းသံက လေထဲမှာထွက်ပေါ်လာ၏။
အစောင့်တပ်သားများ၏ မျက်လုံးများက ပေါက်ကွဲသွားပြီး သွေးများကပန်းထွက်လာ၏။
“အား...”
အစောင့်တပ်သားများစွာက စူးစူးဝါးဝါးအော်ဟစ်လိုက်ကြ၏။
အစကနေယခုအချိန်ထိ မုန့်ယောင်က သူတို့ကို လှည့်ပင်မကြည့်ပေ။
သူမသည် သူတို့ကိုကြည့်ဖို့ အရေးလုပ်မနေနိုင်ပေ။
“နင်တို့တွေက... မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ အစောင့်တပ်သားတွေဖြစ်နေတာထောက်ပြီး ငါနင်တို့ကိုသေးငယ်တဲ့ အပြစ်ဒဏ်ပဲပေးလိုက်မယ်”
မုန့်ယောင်၏ စကားလုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသော်လည်း သူတို့မှာ မှော်စွမ်းအားတစ်ခုပါဝင်နေပုံရပြီး သူမ၏ အသံက ဖော်မပြတတ်စွာ သာယာနာပျော်ဖွယ်ကောင်းနေ၏။
အစောင့်တပ်သားများက မျက်စိကွယ်သွားပြီး နာကျင်မှုကို တောင့်ခံနေရ၏။
သို့သော်လည်း သူတို့သည် အလွန်တရာကျေနပ်၍ စိတ်လှုပ်ရှားနေသည့်အလား သူတို့၏ မျက်နှာပေါ်မှာ ထူးဆန်း၍ ယစ်မူးနေသောအပြုံးများပေါ်ထွက်လာ၏။
“ငါက... ဒီဘဝမှာ နတ်မိမယ်မုန့်ယောင်ရဲ့မျက်နှာကို တွေ့ခွင့်ရလိုက်တဲ့အတွက် ငါကမျက်စိကွယ်သွားရတယ်ဆိုရင်တောင် အဲ့ဒါကတန်တယ်”
“နတ်မိမယ်မုန့်ယောင် ငါ့ကိုစကားပြောလိုက်တာကြားရပြီးနောက် ငါ့မှာနောင်တဆိုတာရှိတော့မှာမဟုတ်တော့ဘူး”
အစောင့်တပ်သားများသည် မုန့်ယောင်ကိုတစ်ချက်မျှကြည့်မိရုံဖြင့် သူတို့ကချိုးနှိမ်ခြင်းခံလိုက်ရ၏။
သူတို့သည် မျက်စိကွယ်သွားကြသည်ဆိုလျှင်တောင် သူတို့မှာ မည်သည့်မကျေမချမ်းမှုမှရှိမလာခဲ့ပေ။
ထိုစကားကိုကြားသောအခါ နတ်မိမယ်မုန့်ယောင်က ဒေါသထွက်မသွားပေ။ ထိုအစား သူမ၏ လှပသောမျက်လုံးများက ပြုံးယောင်သန်းလာ၏။
အခြားသူများက သူမထံမှဦးညွှတ်ခစားနေသည်ကို သူမကသဘောကျလေသည်။
“အစ်မမုန့်ယောင်... ဒီလောက်နှစ်တွေကြာပြီးတဲ့နောက် ခင်ဗျားကအရင်ကထက်ပိုပြီး ချောမောလှပလာတာပဲ”
မင်းသားယွမ်ကျောက ရှေ့သို့အလောတကြီးတက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောလိုက်၏။
“ကျုပ်က အစ်မကိုချက်ချင်းတောင်မမှတ်မိနိုင်ဘူး... ဘယ်ကချောမောလှပတဲ့နတ်သမီးတစ်ပါး ဆင်းသက်လာတာလဲလို့ တွေးနေတာ “
မုန့်ယောင်သည် ထိုကဲ့သို့သောချီးကျူးစကားများနှင့် တကယ်ပင်ထိုက်တန်လေသည်။
သို့သော်လည်း မင်းသားယွမ်ကျော၏ စကားလုံးများက အနည်းနှင့်အများဆိုသလို မြှောက်ပင့်ပြောဆိုနေခြင်းဖြစ်၏။
မုန့်ယောင်က အဲ့ဒါကိုခံစားမိနိုင်သည်ဆိုလျှင်တောင် သူမကအဲ့ဒါကို ထုတ်ဖော်နေလိမ့်မည် မဟုတ်ပေ။
သူမသည် လူတိုင်း၏ ချီးကျူးပြောဆိုခြင်းခံရသည့် ခံစားချက်ကို နှစ်သက်သဘောကျလေသည်။
သူမသည် မည်သည့်ချီးကျူးပြောဆိုမှုနှင့်မဆို ထိုက်တန်သည်ဟုလည်း ယုံကြည်မှုရှိ၏။
“ယွမ်ကျော... မတွေ့ရတာတော်တော်ကြာပြီပဲ”
မင်းသမီးမုန့်ယောင်က အနည်းငယ်ခေါင်းညိတ်ပြလိုက်၏။
သူတို့နှစ်ယောက်သည် ဖအေတူမအေကွဲ မောင်နှမများဖြစ်ပြီး သူတို့မှာနက်ရှိုင်းသော ပတ်သက်ဆက်နွယ်မှုမရှိကြပေ။
သို့သော်လည်း မည်သို့ပင်ဆိုစေ သူတို့နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်ထဲတွင် ဘုရင်ကျင်း၏ မျိုးဆက်သွေးက စီးဆင်းနေ၏။ မုန့်ယောင်၏ ပြန်ဖြေစကားက သာမန်ကာလျှံကာ နှုတ်ဆက်ခြင်းမျှသာဖြစ်၏။
“သဲလွန်စတစ်ခုခုတွေ့ရလား”
မုန့်ယောင်က နေလတိုင်းပြည်၏ တိုင်းပြည်ဘုရင်ခံကိုလှည့်ကြည့်ပြီး လေးနက်သောအသံဖြင့် မေးလိုက်၏။
“ဒီနေရာက မီးလောင်ပြာချခံထားရတယ်... ကျုပ်ကအခုချိန်ထိတော့ ဘာကိုမှမရသေးဘူး”
နေလတိုင်းပြည်၏ တိုင်းပြည်ဘုရင်ခံက သူ၏ ခေါင်းကိုခါပြလိုက်၏။
မင်းသမီးမုန့်ယောင်သည် မဟာကျင်းအင်မော်တယ်နိုင်ငံမှာ မည်သည့်ပိုင်နက်နယ်မြေကိုမှ မထိန်းချုပ်ထားသော်လည်း ဘုရင်ကျင်း၏ အမွေဆက်ခံသူကလွဲလျှင် သူမက ဘုရင်ကျင်း၏ မျိုးဆက်များကြားမှာ ဒုတိယနေရာတွင်ရှိလေသည်။
အဲ့ဒါသည် မင်းသမီးမုန့်ယောင်က အင်မော်တယ်ပြန်ဂိုဏ်း၏ အမွေခံတပည့်တစ်ယောက်ဖြစ်ပြီး တိုက်ခိုက်ရည်ခွန်အားမှာ သန်မာသောကြောင့်သာလျှင်မဟုတ်ဘဲ သူမက ဒုံမင်းအင်မော်တယ်ဖြစ်နေသောကြောင့်လည်းပါလေသည်။
ဒုံမင်းအင်မော်တယ်၏ လွှမ်းမိုးမှုက အလွန်တရာကြီးမားပြီး ဘုရင်ကျင်း၏ အမွေဆက်ခံသူ၏ အထက်မှာပင်ရှိလေသည်။
ထို့ကြောင့် မင်းသမီးမုန့်ယောင်သည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ တိုင်းပြည်ဘုရင်ခံများအားလုံးကို အမိန့်ပေးစေခိုင်းနိုင်၏။
“အစ်မမုန့်ယောင်... အထီးကျန်ကြယ်ကို သွေးလမ်းညွှန်လျှို့ဝှက်အတတ်ထုတ်ဖော်ခိုင်းကြည့်ရအောင်”
မင်းသားယွမ်ကျောက ရှေ့သို့ခပ်မြန်မြန်ထွက်လာပြီး အကြံပြုလိုက်လေသည်။
အထီးကျန်ကြယ်က တွေဝေတုံ့ဆိုင်းရဲခြင်းမရှိဘဲ သူ၏ လျှို့ဝှက်အတတ်ကို ခပ်မြန်မြန်လှည့်ပတ်ပြီး အရပ်မျက်နှာကို အာရုံခံဖို့အတွက် ဤနေရာမှာရှိသောသွေးများကို စုစည်းဖို့ကြိုးစားလိုက်၏။
သို့သော်လည်း အတန်ကြာသည့်နောက် အထီးကျန်ကြယ်က သူ၏ ဓမ္မအစီအရင်ကိုပယ်ဖျက်ပြီး ခါးသက်သောအပြုံးတစ်ခုနှင့်အတူ ခေါင်းခါပြလိုက်၏။
“မရဘူး..... ကျုပ်အဲ့ဒါကို အာရုံခံလို့မရဘူး... အဲ့ဒါက စွမ်းအားတချို့နဲ့ပိတ်ဆို့ခံထားရတဲ့ပုံပဲ”
မုန့်ယောင်က ခဏမျှစဥ်းစားတွေးတောလိုက်၏။
“အဲ့ဒါက ဟိုရတနာနှစ်ခုကြောင့်ဖြစ်မယ်”
ဝိညာဥ်ရိပ်သိမ်းဒုံမင်းနှင့် ဝိညာဥ်ကျဆုံးပုလွေသည် ရှေးဟောင်းခေတ်၏ ကြမ်းကြုတ်ခက်ထန်သော လက်နက်နှစ်ခုဖြစ်ပြီး သွေးလမ်းညွှန်လျှို့ဝှက်အတတ်၏ ထောက်လှမ်းမှုကို ပိုင်းခြားပေးနိုင်လေသည်။
“ဟမ့်...”
မုန့်ယောင်က လှောင်ရယ်လိုက်ပြီး သူမဘာသာသူမတွေးလိုက်၏။
“ငါဒီတစ်ခေါက် ငါ့ဘာသာထွက်လာခဲ့တာ... နင်တို့ပုရွက်ဆိတ်နှစ်ကောင်ကိုဖမ်းဖို့ပဲ”
ထိုသို့အတွေးဖြင့် သူမက အဝေးသို့ပြေးထွက်သွား၏။
သိပ်မကြာခင် သူမ၏ အသံကထွက်ပေါ်လာ၏။
“နေလတိုင်းပြည်က ကောင်းကင်အာဏာပါးကွက်သားအစောင့်တပ်သားတွေအားလုံးကို ခေါ်ထုတ်ပြီး နင်တို့ရဲ့အစွမ်းကုန်နဲ့ သူတို့နှစ်ယောက်ကို လိုက်ရှာကြ”
“နားလည်ပါပြီ”
နေလတိုင်းပြည်၏ တိုင်းပြည်ဘုရင်ခံက ဦးညွှတ်၍ ပြန်ဖြေလိုက်၏။
ကမ္ဘာမြေအင်မော်တယ်နှစ်ယောက်ကိုရှာဖွေဖို့အတွက် တိုင်းပြည်တစ်ပြည်၏ ကောင်းကင်အာဏာပါးကွက်သား အစောင့်တပ်သားများကို အသုံးပြုခြင်းဖြင့် မုန့်ယောင်က ဤကိစ္စကိုဘယ်လောက်ထိအလေးထားနေသလဲသိသာ၏။
မင်းသားယွမ်ကျောက မျက်ခုံးအနည်းငယ်ပင့်ပြီး အထီးကျန်ကြယ်ကို ကြည့်ကာ ညင်သာစွာပြောလိုက်၏။
“ငါတို့လည်း သွားကြရအောင်... ငါတို့ဒီကိစ္စမှာဝင်ပါလို့မရဘူး”
“ကောင်းပါပြီ”
အထီးကျန်ကြယ်က ပြန်ဖြေလိုက်၏။