← Chapters

မင်းသမီးသက်တံနီ

Vol. 141 Ch. 2106

မင်းသမီးသက်တံနီ

Vol. 141 Ch. 2106

တကယ်တော့ ဆူဇီမိုသည် ဤတစ်ခေါက် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ အလောတကြီးဝင်ပါနေစရာမလိုပေ။

သူသည် အေးအေးချမ်းချမ်းကျင့်ကြံပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီများအားလုံးကို စုပ်ယူသန့်စင်ကာ အချိန်ကာလတစ်ခုကြာသည့်အထိ တံခါးပိတ်ကျင့်ကြံလိုက်သည်နှင့် သူသည် အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးရှိလေသည်။

ထိုအချိန်ကျလျှင် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာပါဝင်ယှဥ်ပြိုင်သည့်အခါ သူက ပို၍ပင်ကြီးမားသော အခွင့်အရေးနှင့် အားသာချက်ကို ရရှိပေလိမ့်မည်။

သို့သော်လည်း နောက်လာမည့်အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲအတွက် သူက နောက်ထပ်နှစ်တစ်ရာစောင့်ရပေလိမ့်မည်။

နှစ်တစ်ရာက တိုတောင်းသည်ဟုထင်ရသော်လည်း အဲ့ဒီမှာကြိုတင်ခန့်မှန်းလို့မရသောအပြောင်းအလဲများစွာက ပေါ်ထွက်လာနိုင်၏။

ဒါ့အပြင် ဘာ့ကြောင့်ရယ်မသိ ဆူဇီမိုသည် အမြဲတမ်းမသက်မသာခံစားနေရ၏။

အဲ့ဒါသည် မဟာကျင်းအင်မော်တယ်နိုင်ငံမှလာသောဖိအား သို့မဟုတ် ဘုရင်ယွင်ရို၏ ခြိမ်းခြောက်မှု သို့မဟုတ် အခြားစဥ်းစားကြည့်၍မရသော အန္တရာယ်တစ်ခုခုကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။ ဆူဇီမိုသည် သူ၏ လက်ရှိအကျပ်အတည်းကနေ တတ်နိုင်သမျှမြန်မြန်ရုန်းထွက်ချင်လေသည်။

အခြားသူများအတွက်တော့ တစ်လဆိုသောအချိန်က အလွန်တရာအပူတပြင်းနိုင်လေသည်။

သို့သော်လည်း သူ့အတွက်တော့ အဲ့ဒါက လုံလောက်လေသည်။

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ကမ္ဘာမြေအင်မော်တယ် တစ်သိန်းရှစ်သောင်းကျော် ဝင်ရောက်ယှဥ်ပြိုင်ခြင်းနှင့်အတူ တောင်ကြားထဲရှိ ရစ်ခွေနဂါးတံဆိပ်ပြားအရေအတွက်ကလည်း ထိုမျှလောက်ရှိသည်ဟုဆိုလိုလေသည်။

ဆူဇီမိုသည် ရစ်ခွေနဂါးတံဆိပ်ပြား ထောင့်ရှစ်ရာဝန်းကျင်လောက်ကိုရရှိနိုင်မည်ဆိုလျှင် သူသည် အနိုင်ရဖို့အတွက် ထိပ်ဆုံးအယောက်တစ်ရာထဲကို ဝင်ရောက်နိုင်ပေလိမ့်မည်။

“အာ... မြန်မြန်ကြည့်စမ်း မင်းသမီးသက်တံနီက နိုင်သွားပြန်ပြီ”

“မင်းသမီးသက်တံနီက နောက်ထပ်လူတစ်ယောက်ကိုအနိုင်ယူပြီး သူက ရစ်ခွေနဂါးတံဆိပ်ပြားတွေကိုလည်း အတော်လေးရရှိလိုက်တယ်... သူ့မှာ အခုဆိုရင် စုစုပေါင်းတံဆိပ်ပြား သုံးထောင်ကျော်ရှိနေလောက်ပြီ”

ဘေးဘက်မှ အံ့အားတသင့်ပြောဆိုသံများက ဆက်တိုက်ထွက်ပေါ်လာ၏။

“မင်းသမီးသက်တံနီလား”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

ယခုအချိန်မှာ သူသည် မင်းသားမင်းသမီးများနှင့်ပတ်သက်၍ အနည်းငယ်ထိခိုက်ခံစားရလွယ်နေ၏။

“မင်းသမီးသက်တံနီက ဘယ်အင်မော်တယ်နိုင်ငံကလာတာလဲ... သူကရော ဒီမှာ အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲအတွက် ရောက်လာတာလား”

မဟူရာအင်မော်တယ်က အထင်ကြီးလေးစားသောအကြည့်ဖြင့် ရေပြင်အကာအရံအလွှာပေါ်မှ ငယ်ရွယ်သောမိန်းကလေးတစ်ဦးကို လက်ညှိုးထိုးပြလိုက်၏။

ထိုမိန်းကလေးက သူမ၏ ဆံပင်များကို နောက်စေ့နားမှာစုချည်ထားပြီး အနီရောင်သိုင်းဝတ်ဆုံတစ်ထည်ကို ဝတ်ဆင်ထားလေသည်။ သူမ၏ ခါးက သေးသွယ်ပြီး အဲ့ဒါကို အနီရောင်ဖဲကြိုးတစ်စဖြင့် စည်းနှောင်ထား၏။ သူမသည် အနီရောင်တိမ်ဖိနပ်ကိုစီးပြီး အလွန်တရာသူရဲကောင်ဆန်သည့်ပုံပေါ်နေ၏။

မိန်းကလေး၏ ဘေးပတ်လည်မှာ သွေးနီရောင်ဓားပျံများစွာက လှည့်ပတ်နေ၏။ သူတို့၏ ဓားချီများက ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်နေပြီး အလွန်တရာထက်ရှနေ၏။ မည်သူကမှ ထိုအနားကို မချဥ်းကပ်ရဲပေ။

မဟူရာအင်မော်တယ်က ခဏမျှရပ်တန့်ပြီးနောက် ပြောလိုက်၏။

“ပြီးခဲ့တဲ့နှစ်တွေထဲမှာ အင်မော်တယ်နိုင်ငံတွေက မင်းသားမင်းသမီးအချို့က အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲတွေမှာ ဝင်ပါလာခဲ့ကြတယ်... သူတို့က အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှာ ဝင်ရောက်ပြီး သူတို့ရဲ့တိုင်းပြည်တွေနဲ့မတူညီတဲ့ ဓမ္မတာအိုတချို့ကို သင်ယူချင်နေကြတာ”

မင်းသမီးမုန့်ယောင်ကလည်း ဤကဲ့သို့သောကျင့်ကြံသူတစ်ယောက်ဖြစ်၏။

တကယ်တော့.... ဆူဇီမို၏ ထင်မြင်ချက်အရ မတူညီသောဓမ္မတာအိုများကို သင်ယူဖို့အပြင် အင်မော်တယ်နိုင်ငံများမှ မင်းသား၊ မင်းသမီးများသည် အင်​မော်တယ်ဂိုဏ်းလေးဂိုဏ်းသို့ ဝင်ရောက်ဖို့ရွေးချယ်ကြသည်မှာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိနေပေလိမ့်မည်။

အဲ့ဒါသည် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းနှင့် ဆက်သွယ်မှုတစ်ခုတည်ဆောက်ဖို့အတွက် မင်းသားမင်းသမီးများကို ပေါင်းကူးတံတားတစ်ခုအဖြစ် အသုံးချဖို့ဖြစ်ပေလိမ့်မည်။

ထိုသို့ဖြင့် သူတို့ကြားမှာ ပဋိပက္ခများက နည်းပါးသွားပေလိမ့်မည်။

ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှ ထိပ်သီးအဖွဲ့အစည်းကြီးများက အရမ်းကိုကြီးမားပြီး ရှုပ်ထွေးနေကြ၏။

သူတို့သည် သူတို့ကိုယ်သူတို့ထိန်းချုပ်ပြီး ပဋိပက္ခများကို လျော့နည်းစေဖို့ အတတ်နိုင်ဆုံးကြိုးစားပေလိမ့်မည်။

တကယ်တော့ ထိုစကားကိုကြားသောအခါ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းအပေါ် ဆူဇီမို၏ ယုံကြည်မှုက ပို၍တိုးလာခဲ့၏။

မင်းသားမင်းသမီးများပင်လျှင် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကို ဝင်ရောက်ဖို့အတွက် ဖြတ်လမ်းနည်းမရှိပေ။

သူတို့သည်လည်းပဲ အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပါရလေသည်။

ထိုအချက်တစ်ချက်တည်းကပင် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းသည် အင်မော်တယ်နိုင်ငံသုံးနိုင်ငံကို တကယ်ပင်ယှဥ်ပြိုင်နိုင်သည့် တည်ရှိမှုများဖြစ်သည်ကို သက်သေပြပေးနိုင်၏။

ဆူဇီမို၏ အကြည့်က တူညီသောအဝတ်အစားများကို ဝတ်ဆင်ထားသည့် လူအုပ်ကြီးတစ်ခုဘက်သို့ ရောက်ရှိသွား၏။

ထိုကျင့်ကြံသူများက စည်းကမ်းတကျရှိပြီး အခြားသောကျင့်​ကြံသူများကဲ့သို့ အော်ဟစ်ဆွေးနွေးပြောဆိုနေခြင်း မရှိပေ။

သူတို့သည် အင်မော်တယ်နိုင်ငံများ၏ စစ်တပ်တစ်တပ်ဖြစ်သည်မှာ သိသာလေသည်။ သူတို့ကြားမှာ အဓိကအားဖြင့် အနီရောင်ဖြင့်ဆင်မြန်းထားသောနေရာတစ်ခုရှိလေသည်။ သူထင်တာမမှားဘူးဆိုလျှင် အဲ့ဒါသည် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ စခန်းချရာနေရာဖြစ်ပေလိမ့်မည်။

ကြည့်ရသည်မှာ သူတို့၏ အရေအတွက်က အနည်းဆုံး သောင်းချီရှိလေသည်။

မဟူရာအင်မော်တယ်က ဆူဇီမို၏ အကြည့်နောက်သို့ လိုက်ပါကြည့်ရှုပြီး ပြုံးလိုက်လေသည်။

“မင်းသမီးသက်တံနီက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပါလာတော့ ယန်ယန်းအင်မော်တယ်နိုင်ငံရဲ့ စစ်တပ်ကလည်း သူမကို ထောက်ပံ့ဖို့အတွက် ဒီနေရာကိုရောက်လာတာပေါ့”

ဆူဇီမိုက မသိမသာခေါင်းညိတ်ပြီး အခြားတစ်ဘက်ကိုကြည့်လိုက်၏။

ထိုအဖွဲ့မှစစ်သားများ၏ ဝတ်စားဆင်ယင်မှုက မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် ကွဲပြားခြားနားလေသည်။

သူထင်တာမမှားဘူးဆိုလျှင် အဲ့ဒါသည် အင်မော်တယ်နိုင်ငံသုံးနိုင်ငံထဲမှ ကျိရွှမ်အင်မော်တယ်နိုင်ငံဖြစ်ရပေလိမ့်မည်။

မဟူရာအင်မော်တယ်က ပြောလိုက်၏

“မင်းသမီးသက်တံနီအပြင် ကျိရွှမ်အင်မော်နိုင်ငံက မင်းသားတစ်ပါးကလည်း အရမ်းကိုသန်မာပြီးတော့ သူ့ကို ပြန်ဝင်စားမွန်းစတားတစ်ယောက်လို့ခေါ်လို့ရတယ်... သူက တောင်ကြားထဲမှာ လူတိုင်းကို သတ်ဖြတ်နေတာ အခုချိန်ထိ သူ့ကိုယှဥ်နိုင်တဲ့လူ မပေါ်သေးဘူး”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီးမေးလိုက်၏။

“မင်းသားယွင်ထင်လား”

“မဟုတ်ဘူး.... မဟုတ်ဘူး”

မဟူရာအင်မော်တယ်က ထပ်တလဲလဲလက်ကာပြလိုက်၏။

“မင်းသားယွင်ထင်က အရမ်းကို မာန်မာနကြီးတယ်... သူက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကို ဂရုမစိုက်သလို သူက အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကိုလည်း ဝင်ရောက်ချင်မှာမဟုတ်ဘူး”

ဘေးမှာရှိသော ကမ္ဘာမြေအင်မော်တယ်တစ်​ယောက်က စိတ်ခံစားချက်မြင့်မားစွာဖြင့် ပြောလိုက်၏။

“မင်းသားယွင်ထင်က အဆင့်တူခြင်းမှာ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းက တပည့်ဂိုဏ်းသားတွေကို သူ့ရဲ့ဓားနဲ့အနိုင်ယူနိုင်တယ်လို့ တစ်ခါထုတ်ဖော်ကြေညာခဲ့ဖူးတယ်”

အဲ့ဒါက ယွင်ထင်၏ စိတ်နေစရိုက်နှင့် တကယ်ပင် ကိုက်ညီမှုရှိလေသည်။

ယွင်ထင်သည် ဆူဇီမိုအထက်ဘုံသို့တက်လှမ်းလာပြီးနောက် သူတွေ့ကြုံဖူးသည့် ကျင့်ကြံမှုအဆင့်တူခြင်းမှာ အသန်မာဆုံး ပြိုင်ဘက်လည်းဖြစ်လေသည်။

သူသည် ယွင်ထင်နှင့်တိုက်ခိုက်ခဲ့သည့်မြင်ကွင်းများကို ပြန်လည်အမှတ်ရလာပြီး ဆူဇီမိုက မနေနိုင်ဘဲပြုံး၍ သာမန်ကာလျှံကာပြောလိုက်၏။

“မင်းက အရွယ်တောင်ကောင်းကောင်းမရောက်သေးဘူး... ဒီလောက်ထိမောက်မာနေပြီပေါ့လေ... ဟမ့်”

ထိုစကားကိုပြောပြီးနောက် လေးပတ်လည်ရှိ ဆွေးနွေးပြောဆိုမှုများက ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွား၏။

ကျင့်ကြံသူများစွာက ထူးဆန်းသောအကြည့်များနှင့်အတူ ဆူဇီမိုကိုလှည့်ကြည့်လာကြ၏။

ဆူဇီမိုသည် အဲ့ဒါကိုမသိရှိသည့်အလား အနည်းငယ်ငေးငိုင်နေသည်ကို ဘေးဘက်မှ မဟူရာအင်မော်တယ်က တွေ့မြင်သောအခါ သူကသက်ပြင်းချလိုက်၏။

“လွန်ခဲ့တဲ့နှစ်ငါးရာလောက်က မင်းသားယွင်ထင်က အဲ့ဒီစကားကိုပြောပြီး သိပ်မကြာခင်မှာပဲ သူက... အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကို သွားရောက်လည်ပတ်ပြီး အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းက ကမ္ဘာမြေအင်မော်တယ်ပညာရှင်တွေကို စိန်ခေါ်ခဲ့တယ်”

“အဲ့ဒီအချိန်တုန်းက မင်းသားယွင်ထင်က အဆင့်-၇ ကမ္ဘာ​မြေအင်မော်တယ်တစ်ယောက်ပဲ... သူက အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းက ကမ္ဘာမြေအင်မော်တယ် ပညာရှင် စုစုပေါင်း ၃၂ ယောက်ကို စိန်ခေါ်ခဲ့တယ်”

ထိုနေရာအရောက်တွင် မဟူရာအင်မော်တယ်က ခဏမျှရပ်တန့်ပြီး ဆက်ပြောလိုက်၏။

“သူကတိုက်ပွဲ ၃၂ ပွဲလုံးမှာ အနိုင်ရခဲ့တယ်”

“သူက အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲဆိုပေမယ့် သူက ကမ္ဘာမြေအမြုတေနယ်ပယ်မှာပြိုင်ဘက်ကင်းနေခဲ့ပြီ... အဲ့ဒါက ဘယ်လောက်တောင် စီးပိုးခြယ်လှယ်မှုရှိလိုက်သလဲ”

“မင်းသားယွင်ထင်က ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲမှာ ဝင်မပါပေမဲ့ သူက နံပါတ်တစ်ကမ္ဘာမြေအင်မော်တယ်ဆိုတာကို လူတိုင်းက လက်ခံထားကြတယ်”

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ဤအကြောင်းကို အရင်က ကြားဖူးထားသည်မှာ သိသာလေသည်။ ယခုမင်းသားယွင်ထင်အကြောင်းကို ပြောဆိုချိန်မှာ သူတို့ကထပ်မံ၍တုန်လှုပ်ကြပြန်၏။

ဤကိစ္စသည် အရင်တုန်းက တကယ့်ကိုအံ့ဖွယ်သရဲဖြစ်ခဲ့ပုံရလေသည်။

သို့သော်လည်း ဆူဇီမိုသည် ဤနှစ်များအားလုံးမှာ ကြယ်တာရာဂိုဏ်းတွင်တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး အပြင်လူများနှင့် ထိတွေ့ဆက်ဆံမှုမရှိခဲ့သလောက်နီးပါးပင်။ ထို့ကြောင့် သူက ဤကိစ္စကိုမကြားဖူးသေးပေ။

ကမ္ဘာမြေအင်မော်တယ်က ပြောလိုက်၏။

“မင်းသားယွင်ထင်က ကြွားလုံးထုတ်နေခဲ့တာမဟုတ်ဘူး.. သူ့မှာအဲ့လိုပြောနိုင်တဲ့ ခွန်အားနဲ့ အရည်အချင်း သေချာပေါက်ရှိတယ်”

“မင်းသားယွင်ထွင်ပေါ်ထွက်လာပြီးကတည်းက သူက တိုက်ပွဲပေါင်းမရေမတွက်နိုင်အောင်တိုက်ခိုက်ပြီး မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာ လှည့်လည်သွားလာခဲ့တယ်လို့ ကျုပ်ကြားတယ်... သူက ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေအားလုံးကို ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး ရှုံးနိမ့်မှုကိုတစ်ခါမှ မတွေ့ကြုံဖူးသေးဘူး....အဲ့ဒါကဘယ်လောက်တောက်ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲမှတ်တမ်းလဲ”

“တကယ့်ကိုအထင်ကြီးစရာပဲ”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ဧကရာဇ်ဂူသင်္ချိုင်းထဲရှိ သူတို့နှစ်ယောက်ကြားထဲရှိတိုက်ပွဲမှာ ဆူဇီမိုက အနိုင်ရခဲ့၏။

သို့သော်လည်း သူ၏ မှတ်ချက်က ဝတ်ကျေတန်းကျေပြောဆိုခြင်း မဟုတ်ပေ။

ဧကရာဇ်ဂူသင်္ချိုင်း၏ နေရာဒေသပတ်ဝန်းကျင်က ဘာပဲပြောပြော ထူးခြားနေခဲ့၏။ သူဖြစ်စေ... ယွင်ထင်ဖြစ်စေ... မည်သူကမှ သူတို့၏ တိုက်ခိုက်ရည်ခွန်အားအပြည့်အဝကို မထုတ်ဖော်နိုင်ခဲ့ကြပေ။

သူတို့နှစ်ယောက်က တစ်ဖန်ပြန်ပြီး တိုက်ခိုက်ကြမည်ဆိုလျှင် မည်သူကအနိုင်ရမည်ကို ကြိုတင်ခန့်မှန်းဖို့ ခက်ခဲပေလိမ့်မည်။

ဆူဇီမိုက တစ်စုံတစ်ရာကိုပြန်လည်အမှတ်ရသွားပြီး ရုတ်တရက်မေးလိုက်၏။

“ယွင်ထင်က လွန်ခဲ့တဲ့နှစ်ငါးရာက အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်ဖြစ်နေပြီဆိုတော့ အခုသူ့ရဲ့ကျင့်ကြံမှုအဆင့်က ဘယ်အဆင့်မှာလဲ”

“အဲ့ဒါကို ဘယ်သူကမှ မသိဘူး”

ကမ္ဘာမြေအင်မော်တယ်က သူ၏ ခေါင်းကိုခါပြလိုက်၏။

“သူက အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်လာလောက်ပြီလို့ ကျုပ်ထင်တယ် “

ဆူဇီမိုက အသံတိတ်သွား၏။

သူ့မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် လုံလောက်သည့် ကျင့်ကြံရေးအရင်းအမြစ်များရှိခဲ့၏။ သူ၏ ကျင့်ကြံမှုအလျင်အဟုန်က သမိုင်းတစ်လျှောက်မှာပင် အလွန်တရာရှားရှားပါးပါးဟုဆိုရပေမည်။ သို့သော် ယွင်ထင်၏ ကျင့်ကြံမှုအလျင်အဟုန်က သူ့ထက်ပင်ပို၍မြန်ဆန်နေ၏။

သူသည် ယွင်ထင်နှင့် နက်ရှိုင်းသော ရန်ငြိုးရန်စတစ်စုံတစ်ရာမရှိခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ဆူဇီမိုသည် ယွင်ထင်အပေါ်ကောင်းမွန်သောထင်မြင်ချက်တစ်ခုရှိလေသည်။

သူတို့နှစ်ယောက်သည် ပဋိပက္ခတစ်ခုဖြစ်၍ ယွင်ထင်က မာန်မာနကြီးကာဘဝင်မြင့်နေခဲ့သော်လည်း သူသည် အရေအတွက်နှင့်အနိုင်ကျင့်ခဲ့ခြင်းမရှိသလို တစ်ဘက်လူ အားနည်းနေသည့်အချိန်မှာ အခွင့်ကောင်းယူခြင်းလည်း မရှိခဲ့ပေ။

ဆူဇီမိုသည် ထိုအချိန်က ဖြစ်ပျက်ခဲ့သည့်အရာရာတိုင်းကို ရှင်းလင်းစွာအမှတ်ရနေဆဲ ဖြစ်၏။

သူတို့နှစ်ယောက်က တိုက်ခိုက်ကြတော့မည့်ဆဲဆဲမှာပင် ဖန်းရွှမ်က ရုတ်တရက် သူ့ကိုတိုက်ခိုက်လာခဲ့၏။

သို့သော် ယွင်ထင်က ဆူဇီမို၏ တိုက်ခိုက်မှုများကိုလျစ်လျုရှုပြီး သူ၏ ပစ်မှတ်ကို ပြတ်သားစွာပြောင်းလဲကာ ဖန်းရွှမ်ကိုနေရာမှာပင်သတ်ဖြတ်ချင်ခဲ့၏။

ဆူဇီမိုကလည်း ယွင်ထင်ကိုဆက်လက်၍ မတိုက်ခိုက်တော့ဘဲ ဖန်းရွှမ်ကို လှည့်ပြီးကိုင်တွယ်ဖို့ရွေးချယ်ခဲ့၏။

ထိုအခိုက်အတန့်မှာ သူတို့နှစ်ယောက်သည် အလိုအလျောက်နားလည်မှုတစ်ခုကိုရရှိခဲ့ကြ၏။

All Chapters