← Chapters

လူတိုင်း၏ စိတ်အာရုံစိုက်စရာ

Vol. 141 Ch. 2108

လူတိုင်း၏ စိတ်အာရုံစိုက်စရာ

Vol. 141 Ch. 2108

“လူဝမ်ပင်း”

ကောင်းကင်နှင့် မြေကြီးတက္ကသိုလ်၏ ယန်လောရှုက မှင်သေသေဖြင့် ပြောလိုက်၏။

“သူ့ကိုမောင်းရုံပဲမောင်းထုတ်လိုက်... သူ့ကိုသတ်စရာမလိုဘူး”

လူဝမ်ပင်းဟုအမည်ရသော အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်က ခပ်မြန်မြန်ဦးညွှတ်လိုက်၏။

“မင်း ကိုယ့်ဘာသာကိုယ် ထွက်မသွားသေးဘူးလား”

လူဝမ်ပင်းက ဆူဇီမိုဘက်ကိုလှည့်ပြီး အေးစက်စွာအော်ငိုက်လိုက်၏။

ဆူဇီမိုက လေးနက်သောအသံဖြင့်ပြောလိုက်၏။

“ကျုပ်... ဒီကိုလာတယ်ဆိုတာ ခင်ဗျားတို့ကိုပြဿနာရှာဖို့လည်းမဟုတ်ပါဘူး... ရန်လာစတာလည်း မဟုတ်ပါဘူး... ကျုပ်က အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာဝင်ပါချင်ရုံပါပဲ”

“ဟားဟားဟားဟား”

အောက်ဘက်ရှိတောင်ကြောရိုးမှ ရယ်မောသံများက တစ်ဖန်ထွက်ပေါ်လာ၏။

“ဟမ့်...”

လူဝမ်ပင်း၏ အမူအရာက ညိုမည်းသွားပြီး ဆူဇီမိုထံသို့ သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖိအားကို ထုတ်ဖော်ကာ အေးစက်စွာပြောလိုက်၏။

“အောက်ကိုပြန်ဆင်းစမ်း”

လူဝမ်ပင်း၏ စိတ်ဝိညာဥ်အသိစိတ်ဖိအားမှာ တိုက်ခိုက်ခြင်းစွမ်းအားများစွာမပါရှိသလို သူ၏ ခွန်အားအပြည့်အဝကိုလည်း ထုတ်ဖော်မထားပေ။

သူသည် ဆူဇီမိုကို ထိခိုက်ခံစားစေပြီး လူတိုင်း၏ ရှေ့မှာ အရှက်ရစေရုံသာဖြစ်၏။

သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ တပည့်တစ်ယောက်အနေဖြင့် အဆင့်-၆ ကမ္ဘာမြေအမြုတေနယ်ပယ်စိတ်ဝိညာဥ်အသိစိတ်၏ စွမ်းအားကိုသာ ထုတ်ဖော်ထားသော်လည်း သူက အလွန်တရာကျော်ကြားသော စိတ်ဝိညာဥ်အသိစိတ်ကျင့်ကြံရေးနည်းစနစ်တစ်ခုကို ကျင့်ကြံထား၏။ ထိုသို့ဖြင့် သူ၏ စိတ်ဝိညာဥ်အသိစိတ်သည် အခြားသောကျင့်ကြံသူများထက် ပို၍သန့်စင်ပြီး ပို၍သိပ်သည်းကျစ်လစ်လေသည်။

မမာမကျန်းပုံစံဖြင့် ထိုလူငယ်က ဆိုးဆိုးဝါးဝါးပုံစံဖြင့် လေထဲကနေ ပြုတ်ကျသွားသည့် မြင်ကွင်းကိုပါ သူကမြင်ယောင်မိလာ၏။

သို့သော်လည်း သူ၏ စိတ်ဝိညာဥ်အသိစိတ်က ဆင်းသက်လာသောအခါ ဆူဇီမိုက နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းမရှိပေ။ သူကလုံးဝသက်ရောက်မခံရသည့်အလား လေထဲမှာမလှုပ်မယှက်ရပ်နေ၏။

“ဟမ့်”

ဤမြင်ကွင်းက လူဝမ်ပင်းကိုအရှက်ရစေပြီး မခံကျိမခံသာဖြစ်သွားစေ၏။

သူက အဆင်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို မကိုင်တွယ်နိုင်သည့်အတွက် လှောင်ရယ်မောနေသည့်အလား အောက်ဘက်မှရယ်သံအချို့က ထွက်ပေါ်လာ၏။

“အောက်ကိုဆင်းစမ်း”

လူဝမ်ပင်းကို နောက်တစ်ဖန်အော်ငေါက်လိုက်၏။

ဤတစ်ခေါက်မှာတော့ သူသည်ထိန်ချန်နေဖို့စိတ်ကူးမရှိတော့ဘဲ အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ စိတ်ဝိညာဥ်အသိစိတ်စွမ်းအားအပြည့်အဝကို ထုတ်ဖော်ကာ ဆူဇီမိုကို လေထဲက​နေရိုက်ချချင်၏။

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏ ခန္ဓာကိုယ်က အနည်းငယ်သာယိမ်းနွဲ့သွား၏။

သို့သော်လည်း သူကလေထဲမှာ မတ်တတ်ရပ်၍ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းရှိရာဘက်သို့ ပြတ်သားသောအကြည့်ဖြင့်ကြည့်နေဆဲ ဖြစ်၏။

“အို...”

ဤတစ်ခေါက်မှာတော့ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ အခြားသောကျင့်ကြံသူများ၏ စိတ်အာရုံကိုပါဆွဲဆောင်မိသွား၏။

သူသည် အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ စိတ်ဝိညာဥ်အသိစိတ်ဖိအားကို ခုခံနိုင်သည့်အချက်သည် ဤအဆင့်-၆ ကမ္ဘာမြေအင်မော်တယ်၏ စိတ်ဝိညာဥ်အသိစိတ်နယ်ပယ်က သေချာပေါက်မနိမ့်ကျဟု ဆိုလိုလေသည်။ အဲ့ဒါက အနည်းဆုံး အဆင့်-၈ ကမ္ဘာမြေအမြုတေနယ်ပယ်မှာ ရှိနေပေလိမ့်မည်။

သူ၏ ကျင့်ကြံမှုက အဆင့်-၆ ကမ္ဘာမြေအမြုတေနယ်ပယ်မှာသာရှိပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကျင့်ကြံမှုက အဆင့်-၈ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ရောက်ရှိနေခြင်းသည် တကယ့်ကိုရှားရှားပါးပါး ဖြစ်၏။

ရစ်ခွေနဂါးတောင်ကြောရိုးမှ ရယ်သံများက တဖြည်းဖြည်းစဲသွား၏။

သူတို့ရှေ့မှမြင်ကွင်းသည် လူတိုင်းတွေးထင်ထားသည်ထက် ကျော်လွန်နေပြီး သူတို့မျှော်လင့်နေသည့်မြင်ကွင်းက ပေါ်ထွက်မလာခဲ့ပေ။

“ဒီလူ့မှာ ဝှက်ဖဲတချို့ရှိနေတဲ့ပုံပဲ”

“ဟီးဟီး... အဲ့ဒါကဘာများဟုတ်လို့လဲ ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်က တကယ်တမ်းတိုက်ခိုက်ရသေးတာမှမဟုတ်တာ... သူက စိတ်ဝိညာဥ်အသိစိတ်ဖိအားတစ်ရပ်ကို ထုတ်ဖော်လိုက်ရုံပဲ... သူက အဲ့ဒီလူကို တကယ်ပဲတိုက်ခိုက်လာမယ်ဆိုရင် သူက ကျိုးကန်းသွားတာကြာနေရောပေါ့”

“ဟုတ်တယ်... အဲ့ဒီလူက အတင့်ရဲပြီး ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်ကို အမျက်ဒေါသထွက်စေမယ်ဆိုရင် သူကအရှက်ကွဲရရုံတင်မဟုတ်ဘူး သူ့ရဲ့အသက်ကိုပါဆုံးရှုံးရလိမ့်မယ်”

ကျင့်ကြံသူများစွာက နှုတ်ခမ်းစူပြီး အထင်အမြင်သေးသော အမူအရာများနှင့်အတူ သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြ၏။

လူဝမ်ပင်း၏ အမူအရာက တကယ်ပင်ပျက်ယွင်းလာခဲ့၏။

သူသည် နှစ်ကြိမ်တိုက်ခိုက်ခဲ့သော်လည်း ဆူဇီမိုကို အောက်သို့မောင်းမထုတ်နိုင်ခဲ့ပေ။ ထိုအခိုက်အတန့်မှာ သူ၏ မျက်နှာက တောက်လောင်လာသည်ဟုခံစားရ၏။

သူသည် သူ့ကိုယ်သူအရှက်ရစေရုံသာမက အဲ့ဒါသည် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်ကိုပါ ထိခိုက်မှုရှိလာနိုင်၏။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ တပည့်ဂိုဏ်းသားများသည် သာမန် အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကိုတောင် မဖိနှိမ်နိုင်ဘူးဟူသောစကားက ပျံ့နှံ့သွားမည်ဆိုလျှင် အဲ့ဒါက ဆိုးဆိုးဝါးဝါး အရှက်ကွဲရပေလိမ့်မည်။ သူကထိုသို့မဖြစ်စေချင်ပေ။

“မင်းက... ကောင်းမှန်းဆိုးမှန်း နားမလည်ဘူးဆိုမှတော့... မင်းကိုအခွင့်အရေးတစ်ခုတောင်မပေးဘူးလို့ ငါ့ကိုအပြစ်မတင်နဲ့တော့”

အေးစက်စက်အမူအရာတစ်ခုနှင့်အတူ လူဝမ်ပင်းက သူ၏ သိုလှောင်အိတ်ကိုပုတ်လိုက်၏။ ဓားပျံတစ်လက်က လေထဲသို့ပျံတက်လာပြီး အလင်းတန်းတစ်ခုအသွင်ဖြင့် သူ၏ ဘေးပတ်လည်မှာ လှည့်ပတ်နေ၏။

“ဒီလူက စိတ်ဝင်စားဖို့ကောင်းတယ်... သူ့ကိုလှမ်းခေါ်မေးကြည့်ရင် မကောင်းဘူးလား”

အင်မော်တယ်ပြန်ဂိုဏ်း၏ ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က သူ၏ ခေါက်ယပ်တောင်ကို ညင်သာစွာဝေ့ယမ်းကာ ပြုံး၍ပြောလိုက်၏။

“ဒီအင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကိုကြည့်ရတာ ငါလည်း နဲနဲပျင်းရိနေပြီ... ဒါပေါ့ သူ့ကိုဝင်ခွင့်ပေးလိုက်ရအောင်”

အင်ပါယာလေဘုရားကျောင်း၏ ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက သရော်ပြုံးပြုံးပြီး သူ၏ မျက်လုံးထဲရှိ လှောင်ပြောင်လိုသောအကြည့်နှင့်အတူဖြည်းဖြည်းချင်းပြောလိုက်၏။

“ဒါက... “

လူဝမ်ပင်းက မှင်တက်သွား၏။

သူသည်ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်၏ တပည့်ဂိုဏ်းသားတစ်ယောက်ဖြစ်သော်လည်း ယခုအချိန်မှာ ကောင်းကင်အင်မော်တယ်နှစ်ဦးက စကားပြောဆိုလာခဲ့ပြီး သူ့အနေဖြင့် ခွင့်ပြုချက်မရှိဘဲတိုက်ခိုက်ဖို့က မသင့်လျော်တော့ပေ။

သူက သူ၏ စီနီယာအစ်ကို ယန်လောရှုကို လှည့်ကြည့်လိုက်၏။

ယန်လောရှုက တိတ်တဆိတ်သဘောတူသည့်အနေဖြင့် အသံတိတ်နေ၏။

လူဝမ်ပင်းက ဘာမှမတတ်နိုင်ဘဲ ဆူဇီမိုကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ကာ သူ့နေရာသူပြန်လည်ရောက်ရှိသွား၏။

ဆူဇီမိုက စိတ်သက်သာစွာသက်ပြင်းချပြီး လေထဲသို့ဆက်လက်၍ပျံတက်လိုက်၏။ သူက အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းရှေ့သို့ ရောက်ရှိလာပြီး ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်နှင့် အခြားသူများကို ကျေးဇူးတင်သည့်အနေဖြင့် သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်၏။

ဤတစ်ခေါက်မှာတော့ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ကျင့်ကြံသူများက ဆူဇီမိုကို စိုက်ကြည့်နေကြ၏။

ကောင်းကင်အင်မော်တယ်ပညာရှင်လေးဦးဖြစ်သော ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်၊ ကောင်းကင်ချောက်နက်၊ ယန်လောရှုနှင့် ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းတို့ကပါ ဆူဇီမိုကိုကြည့်လာခဲ့၏။

အဲ့ဒါက စဥ်းစားကြည့်၍မရနိုင်သော မမြင်ရသည့်ဖိအားတစ်ရပ်ဖြစ်၏။

အခြားလူများသာဆိုလျှင် သူတို့သည် သေချာပေါက် မအီမသာခံစားနေရပေလိမ့်မည်။

ကောင်းကင်အင်မော်တယ်လေးဦး၏ အကြည့်များက ဓားသွားများကဲ့သို့ ဖြစ်နေ၏။ သူက အမူအရာပျက်ယွင်း၍ ချွေးများပြန်လာမည်ဆိုလျှင် သဘာဝကျလေသည်။

သို့သော်လည်း ဆူဇီမိုသည် တည်ငြိမ်နေသောအမူအရာတစ်ခုနှင့်အတူ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်း၏ ရှေ့မှာ တစ်ချိန်လုံး မတ်တတ်ရပ်နေ၏။ သူက ကောင်းကင်အင်မော်တယ်လေးဦး၏ အကြည့်များကို ရှောင်လွှဲခြင်းမရှိသလို မလုံမလဲဖြစ်နေသည့်ပုံလဲမပေါ်ပေ။။

အခြားအရာများကိုအသာထား သူ၏ ရဲဝင့်မှုနှင့် သတ္တိကပင် သာမန်လူများထက်သာလွန်လေသည်။

ကောင်းကင်ချောက်နက်က သူ၏ နက်ရှိုင်းသောမျက်လုံးထဲရှိ သဘောကျမှုအရိပ်အယောင်တစ်ခုနှင့်အတူ မသိမသာခေါင်းညိတ်လိုက်၏။

ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်၊ ယန်လောရှုနှင့် ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းတို့က တစ်စုံတစ်ရာပြောဆိုခြင်းမရှိသော်လည်း သူတို့က​ကြိတ်၍ချီးကျူးလိုက်၏။

အင်မော်တယ်ဂိုဏ်းပြိုင်ပွဲ၏ ဤနေရာအရောက်မှာ တောင်ကြားထဲရှိ ကျင့်ကြံသူများ၏ အရေအတွက်ကလျော့နည်းလာပြီး အယောက်တစ်ထောင်ကျော်ကျော်သာလျှင်ကျန်ရှိတော့လေသည်။ တိုက်ပွဲ၏ အကြိတ်အနယ်ရှိမှုက တဖြည်းဖြည်းလျော့ကျလာခဲ့၏။

ကျင့်ကြံသူများစွာ၏ စိတ်အာရုံက ဆူဇီမိုပေါ်သို့ စုပြုံကျရောက်လာ၏။

သူက လူများ၏ စိတ်အာရုံစိုက်စရာဖြစ်လာခဲ့၏။

ဤအားနည်းပုံရသော လူငယ်က ဘာများလုပ်ပြနိုင်မလဲ လူတိုင်းကတွေ့မြင်ချင်နေကြ၏။

“မင်းက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာဝင်ပါချင်လို့လား”

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က သူ၏ ခေါက်ယပ်တောင်ကို ညင်သာစွာဝေ့ယမ်းပြီး ပြုံး၍မေးလိုက်၏။

“အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပါနေတဲ့ ကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှုနယ်ပယ်တွေကိုမင်းသိလား”

“ကျုပ်ရဲ့ ကျင့်ကြံမှုနယ်ပယ်က သိပ်ပြီးတော့မမြင့်မားဘူး... ဒါပေမဲ့ ကျုပ်ရဲ့နည်းလမ်းတွေကလည်းအားမနည်းပါဘူး”

ဆူဇီမိုက ပြောလိုက်၏။

“ဘယ်လောက်တောင် မောက်မာလိုက်သလဲ”

“သူက သူ့နေရာသူတကယ်ကိုမသိဘူးပဲ”

ကျင့်ကြံသူများစွာက လှောင်ပြောင်ထေ့ငေါ့လိုက်ကြ၏။

အခြားသူများအတွက်တော့ ဆူဇီမို၏ စကားများက ကြွားလုံးထုတ်နေခြင်းနှင့်တူလေသည်။ သို့သော်လည်း တကယ်တမ်းမှာတော့ သူကနှိမ့်ချပြောဆိုနေခြင်းဖြစ်၏။

“အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲက ပြီးဆုံးဖို့တစ်လပဲကျန်တော့တယ်... အဲ့မှာရှိတဲ့ လူအရေအတွက်ကလည်း လျော့နည်းလာပြီဆိုတာကိုမင်းသိလား... မင်းအနေနဲ့ လုံလောက်တဲ့ရစ်ခွေနဂါးတံဆိပ်ပြားတွေကို ရရှိဖို့ကပိုပြီးတော့မလွယ်တော့ဘူး”

ကောင်းကင်ချောက်နက်က မေးလိုက်၏။

ဆူဇီမိုက ပြောလိုက်လေသည်။

“အဆင့်မြင့်အင်မော်တယ်... ခင်ဗျားပြောတာမှန်ပါတယ်... ဒါပေမဲ့ အချိန်လျော့နည်းလာလေလေ လူအရေအတွက်ကလည်း လျော့ကျလာလေလေပဲမလား... တစ်ချိန်တည်းမှာပဲ ကျန်နေတဲ့ကျင့်ကြံသူတွေရဲ့သိုလှောင်အိတ်တွေထဲမှာ ရစ်ခွေနဂါးတံဆိပ်ပြားတွေက ပိုပြီးတော့များများရှိနေမှာမလား”

“ကျုပ်က ကံကောင်း​ပြီးတော့ လူဆယ်ယောက်ကျော်လောက်ကို အနိုင်ယူနိုင်မယ်ဆိုရင် ကျုပ်ကလုံလောက်တဲ့ ရစ်ခွေနဂါးတံဆိပ်ပြားတွေကို ရချင်ရမှာပေါ့”

စစချင်း ရစ်ခွေနဂါးတံဆိပ်ပြား တစ်သိန်းရှစ်သောင်းသည် ယခုအခါ လူတစ်ထောင်ကျော်ကျော်၏ လက်ထဲမှာရောက်ရှိနေ၏။

ကမ္ဘာမြေအင်မော်တယ်အချို့၏ သိုလှောင်အိတ်များထဲမှာ ရစ်ခွေနဂါးတံဆိပ်ပြား အရေအတွက်ရာချီ သို့မဟုတ် အရေအတွက်ထောင်ချီပင်ရှိကောင်းရှိနေနိုင်၏။

ဆူဇီမိုက သူတို့ကိုအနိုင်ယူနိုင်မည်ဆိုလျှင် သူသည် သူတို့ပိုင်ဆိုင်ထားသည့် ရစ်ခွေနဂါးတံဆိပ်ပြားများအားလုံးကို ရရှိပေလိမ့်မည်။

ရုတ်တရက် ယန်လောရှုကပြောလိုက်၏။

“မင်းပြောတာမှန်တယ်... ဒါပေမဲ့ အဲ့ဒီကျန်နေတဲ့ ကမ္ဘာမြေအင်မော်တယ်ပညာရှင် အယောက်တစ်ထောင်ကျော်ကျော်က ဆယ်လကျော်ကြာအောင် သွေးလွှမ်းတိုက်ပွဲတွေကိုဆင်နွှဲပြီး အခုချိန်ထိ ရှင်သန်ကျန်ရစ်ခဲ့တဲ့သူတွေဆိုတာကိုရော မင်းတွေးမိလား”

“အဲ့ဒီ ကမ္ဘာမြေအင်မော်တယ်တွေရဲ့ သိုလှောင်အိတ်တွေထဲမှာ ရစ်ခွေနဂါးတံဆိပ်ပြားတွေအများကြီးရှိတယ်ဆိုတာ တကယ်ပဲ... ဒါပေမဲ့ အဲ့ဒီလူတွေက သွားရှုပ်လို့ရတဲ့သူတွေမဟုတ်ဘူး”

ယန်လောရှုပြောသည်မှာ မမှားပေ။

ယခုအချိန်တွင် တောင်ကြားထဲတွင် အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်များက မကျန်ရှိတော့သလောက်ဖြစ်ပြီး သူတို့အားလုံးနီးပါးက အဆင့်-၈ သို့မဟုတ် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်များဖြစ်ကြ၏။

အချိန်ကြာလာသည်နှင့်အမျှ တောင်ကြားထဲမှာ ကျန်ရှိနေသော ကမ္ဘာမြေအင်မော်တယ်များက ပို၍သန်မာလာပြီး ပို၍ကြောက်စရာကောင်းလာ၏။

ယန်လောရှုက ပြောလိုက်၏။

“မင်းကြည့်ရတာငယ်သေးတယ်... ဒီအသက်အရွယ်နဲ့ ဒီအဆင့်ထိရောက်အောင်ကျင့်ကြံနိုင်တယ်ဆိုတာ မင်းရဲ့ ပါရမီအရည်အချင်းက မဆိုးဘူး... မင်းက နောက်ထပ်နှစ်တစ်ရာလောက်စောင့်ပြီး လာမယ့်အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာဝင်ပါပါ့လား... အဲ့ဒါဆိုရင် မင်းကပိုပြီးတော့လည်း ယုံကြည်မှုရှိလာလိမ့်မယ်”

All Chapters