← Chapters

နတ်ဘုရားစွမ်းအားများ

Vol. 141 Ch. 2110

နတ်ဘုရားစွမ်းအားများ

Vol. 141 Ch. 2110

လေ့ဖုန်သည် တစ်စုံတစ်ယောက်က တိုက်ခိုက်ဖို့ပြင်ဆင်နေသည်ကိုတွေ့မြင်သောအခါ သူက ကျောက်တုံးတစ်တုံးပေါ်မှာထိုင်ပြီး လက်ကာပြလိုက်၏။

“မပူပါနဲ့... သူမပြေးနိုင်ဘူး... ငါသူ့ကို မေးခွန်းနဲနဲလောက် အရင်မေးလိုက်ဦးမယ်”

ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး သူ၏ ဘေးပတ်လည်ကို အကဲခတ်လိုက်၏။

ဤနေရာမှာ ကမ္ဘာမြေအင်မော်တယ် အယောက်တစ်ရာကျော်ရှိပြီး သူတို့အများစုက အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်များဖြစ်၏။

တကယ်တော့... သူကတိုက်ခိုက်နိုင်လေသည်။

သို့သော် ထိုသို့ လုပ်စရာမလိုပေ။

သူက အဆင့်-၆ ကမ္ဘမြေအင်မော်တယ်တစ်ယောက်ဖြစ်ပြီး ဤလူအုပ်စုနှင့်တိုက်ခိုက်ဖို့အတွက် သူ၏ ဝှက်ဖဲများစွာကို သေချာပေါက်ထုတ်ဖော်ရပေလိမ့်မည်။

သူက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲအတွက် ဤနေရာသို့ရောက်ရှိလာခြင်ဖြစ်ပြီး သူလုပ်စရာရှိသည်မှာ လုံလောက်သည့် ရစ်ခွေနဂါးတံဆိပ်ပြားများကိုရရှိဖို့သာဖြစ်၏။

အပြင်ဘက်မှာ လူသန်းပေါင်းများစွာကလည်း စောင့်ကြည့်နေပြီး သူက သူ၏ ဝှက်ဖဲများစွာကို မပေါက်ကြားစေချင်ပေ။ ဒါ့အပြင် သူက ယခုတင်ရောက်ရှိလာခါစဖြစ်ပြီး ဤပတ်ဝန်းကျင်နှင့် စိမ်းသက်နေသေး၏။ သူ့အနေဖြင့် ဤလူအုပ်စုနှင့်ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်စရာမလိုပေ။

“မင်းလိုမျိုး အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ပါဝင်ဖို့ ဒီကိုရောက်လာတာလား”

လေ့ဖုန်က ဆူဇီမိုကိုတစ်ချက်ကြည့်ပြီး မျက်ခုံးပင့်ကာမေးလိုက်၏။

“ဟုတ်တယ်”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“ဒါပေမဲ့... ကျုပ်မှာရစ်ခွေနဂါးတံဆိပ်ပြား တစ်ခုမှမပါဘူး”

“ရစ်ခွေနဂါးတံဆိပ်ပြားမပါဘူးလား... မင်းစကားကိုဘယ်သူကယုံမှာလဲ”

“မင်းက ဒီလိုပေါက်တက်ကရစကားနဲ့ ဖြီးဖြန်းပြီး ရှောင်ထွက်သွားနိုင်မယ်ထင်လို့လား”

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက စိတ်လက်ပေါ့ပါးသောအမူအရာများနှင့်အတူ အော်ဟစ်ရယ်မောလိုက်ကြ၏။

လေ့ဖုန်က မျက်မှောင်အနည်းငယ်ကြုတ်ပြီးထပ်မေးလိုက်၏။

“အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲက ပြီးဆုံးခါနီးနေပြီ... မင်းက အခုမှဒီကိုဘာလို့ရောက်လာတာလဲ”

“ကျုပ်က... ပြိုင်ပွဲကိုကြားဖြတ်ဝင်ရောက်လာတာပဲ... အဲ့ဒါကြောင့်ပဲ ကျုပ်မှာ ရစ်ခွေနဂါးတံဆိပ်ပြားပါမလာတာ”

ဆူဇီမိုက မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်းမရှိဘဲ အမှန်တိုင်းပြောပြလိုက်၏။

လေ့ဖုန်က အထင်အမြင်သေးသောအမူအရာတစ်ခုနှင့်အတူ လှောင်ရယ်လိုက်၏။

သူသည် ဆူဇီမို၏ စကားများကို ယုံကြည်ခြင်းမရှိဘဲ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို တိုက်ခိုက်ဖို့အတွက် လက်ပြဖို့ပြင်လိုက်၏။

ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး ရုတ်တရက်မြေပြင်ကို ခြေဖနောင့်ဖြင့် ဆောင့်ချလိုက်၏။

ဘုန်း... ဘုန်း....

ချက်ချင်းပင် မြေပြင်ကလှုပ်ခါသွား၏။

ထိုအခိုက်အတန့်မှာ တောင်တစ်ခုလုံးက အနည်းငယ်လှုပ်ခါသွားပြီး မရေမတွက်နိုင်သောကျောက်ခဲများက လိမ့်ဆင်းကာ နေရာတိုင်းမှာ ဖုန်များတထောင်းထောင်းထသွား၏။

တောင်ထွတ်ပေါ်မှ ကျင့်ကြံသူများစွာက အငိုက်မိသွားပြီး ဒယီးဒယိုင်ဖြစ်သွားကြလေသည်။

ထိုအခိုက်အတန့်မှာ ဆူဇီမိုက လှုပ်ရှားမှုကိုစတင်ပြီး အံ့မခန်းအမြန်နှုန်းဖြင့် ကျင့်ကြံသူများစွာ၏ ဝန်းရံပိတ်ဆို့မှုကနေဖောက်ထွက်လိုက်၏။

ဆူဇီမိုက အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်သည်ကို ထိုကျင့်ကြံသူများတွေ့မြင်ခဲ့စဥ်က သူတို့သည် သူ့ကို အထင်အမြင်သေးပြီး သူက ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် လူတိုင်း၏ စုဖွဲ့ပုံက အနည်းငယ်လျော့ရဲနေ၏။

တောင်တန်းက ပြင်းထန်စွာလှုပ်ခါသွားပြီး လူတိုင်း၏ နေရာယူပုံက ပို၍ပင်ပြန့်ကျဲသွား၏။ ဆူဇီမိုက အခွင့်အလမ်းကိုချိန်ဆပြီး လူဆယ်ယောက်ကျော် ဝန်းရံပိတ်ဆို့မှုကနေဖောက်ထွက်ကာ ရှေ့သို့ပြေးထွက်သွား၏။

“သူ့ကိုတားထား”

လေ့ဖုန်က ဒေါသထွက်သွားပြီး ဟိန်းဟောက်လိုက်၏။

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ချက်ချင်းပင်တုံ့ပြန်လာပြီး တစ်ယောက်ပြီးတစ်ယောက်လှုပ်ရှားကာ ဆူဇီမို၏ ရှေ့မှာ ပိတ်ဆို့တားဆီးဖို့အတွက် အမျိုးမျိုးသောဓမ္မစွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။

တောင်ကြားထဲမှာ ကျန်ရစ်နေနိုင်သော ထိုကျင့်ကြံသူများသည် ကိုင်တွယ်ရမလွယ်ကူပေ။

သူတို့ထဲမှအချို့သည် လှုပ်ရှားမှုနည်းစနစ်များ၊ ဓမ္မရတနာများ၊ အင်မော်တယ်ပညာရပ်များနှင့် အမျိုးမျိုးသော နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။

ဆူဇီမိုသည် ဝန်းရံပိတ်ဆို့မှု၏ ပထမအလွှာကနေ ဖောက်ထွက်လာခဲ့သော်လည်း သူကသိပ်မကြာခင် ဘေးဘက်ကနေပြေးဝင်လာသော ကျင့်ကြံသူများ၏ တားဆီးခြင်းကိုခံလိုက်ရ၏။

သူသည်ရှေ့ကနေပိတ်ဆို့ခံထားရပြီး နောက်ကနေ လူများကလည်း လိုက်လာကြ၏။

နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာများက လေထဲကနေဆင်းသက်လာ၏။

ဆူဇီမိုမှာ ထွက်ပေါက်လုံးဝမရှိတော့ဟု ထင်ရစဥ်မှာပင် သူ၏ ပုံရိပ်က ဖျတ်ခနဲလက်သွားပြီး နေရာကနေပျောက်ကွယ်သွား၏။

သူပြန်လည်ပေါ်ထွက်လာသည့်အချိန်မှာ သူက ဝန်းရံပိတ်ဆို့မှု၏ အပြင်ဘက်သို့ ရောက်ရှိသွားခဲ့လေပြီ။

နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာများအားလုံးက လွဲချော်သွား၏။

ရစ်ခွေနဂါးတောင်ကြောရိုးတွင်...။

“ဟီးဟီး... အဲ့ဒီလူရဲ့တုံ့ပြန်မှုက တော်တော်လေးမြန်ဆန်သားပဲ... ဒါပေမဲ့အဲ့ဒါကသုံးစားမရဘူး သူကလွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

“အရေအတွက်နဲ့ ကျင့်ကြံမှုနယ်ပယ်ကွာဟချက်က အရမ်းကို ကြီးမားနေတယ်... အဲ့ဒီဝန်းရံပိတ်ဆို့မှုကနေ ဖောက်ထွက်ဖို့က တကယ်ကိုမလွယ်ဘူး”

“ဟာ... သူဘယ်ရောက်သွားတာလဲ”

ကျင့်ကြံသူများစွာက ဆွေးနွေးပြောဆိုနေစဥ်မှာပင် ဆူဇီမိုက ရုတ်တရက်ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရ၏။

“ကြည့်စမ်း.. ဟိုမှာပဲ သူကထွက်ပြေးလွတ်မြောက်သွားပြီထင်တယ်”

“အခုလေးတင်ဘာဖြစ်သွားတာလဲဟ”

လူအုပ်ကြီးထဲမှ ဆူညံပွက်လောရိုက်နေသောအသံများထွက်ပေါ်လာ၏။

တောင်ကြောရိုး၏ အထက် မင်္ဂလာတိမ်စိုင်များ၏ အပေါ်မှာ...။

သူတို့သည် တောင်ကြားထဲမှ ဆူဇီမို၏ လှုပ်ရှားမှုနည်းစနစ်ကို တွေ့မြင်သောအခါ ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်၊ ကောင်းကင်ချောက်နက်၊ ယန်လောရှုနှင့် ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းတို့၏ မျက်လုံးများက ဝင်းလက်သွား၏။

“အဲ့ဒီလှုပ်ရှားမှုနည်းစနစ်က မဆိုးဘူး... အဲ့ဒါက တည်နေရာခုန်ကူးခြင်းကို မယှဥ်နိုင်ပေမယ့်လို့ တမလွန်ဖလှယ်ခြင်းနဲ့တော့ ဆင်တူတယ်”

ကောင်းကင်ချောက်နက်က မသိမသာခေါင်းညိတ်လိုက်၏။

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

“သူက သူတို့ကိုအငိုက်ဖမ်းလိုက်တာပဲ... တစ်ဘက်လူက ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် အဲ့ဒီလှုပ်ရှားမှုနည်းစနစ်က သိပ်ပြီးအသုံးတည့်မှာမဟုတ်ဘူး”

အ​ဖြူရောင်ပင်လယ်က သူ၏ ခေါက်ယပ်တောင်ကိုဝေ့ယမ်းပြီး အေးအေးလူလူပြောလိုက်၏။

“ငါသိရသလောက်ဆိုရင် လေ့ဖုန်မှာ သူသွားလေရာနေရာတိုင်း နောက်ချန်အစီအစဥ်တွေရှိတယ် အစစ်အမှန်အန္တရာယ်က အခုချိန်ထိရောက်မလာသေးဘူး”

ယန်လောရှုက ပြောလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် အခုတင်သူပြသလိုက်သည့် စွမ်းဆောင်ရည်အရဆို... တုံ့ပြန်မှုမှာပဲဖြစ်ဖြစ် တိုက်ခိုက်မှုမှာဖြစ်ဖြစ်... အကဲဖြတ်မှုမှာပဲဖြစ်ဖြစ် သူကတကယ်မဆိုးဘူး”

အဲ့ဒါက အခြားလူများသာဆိုလျှင် သူတို့သည်လေ့ဖုန်တို့အုပ်စု၏ ဝန်းရံပိတ်ဆို့ခြင်းခံရပါက ပထမအလွှာမှာပင်လျှင် ဖောက်ထွက်နိုင်လိမ့်မည် မဟုတ်ပေ။

ရစ်ခွေနဂါးတောင်ကြားတွင်...။

ဆူဇီမိုသည် ဝန်းရံပိတ်ဆို့မှုကနေ ဖောက်ထွက်လာပြီးနောက် သူ၏ အစွမ်းကုန်ဖြင့်ပြေးလွှားကာ ကန့်သတ်မဲ့ရွှေအလင်း၊ ဆန်းကြယ်တောင်ပံများ၊ ကောင်းကင်ဘုံခြေလှမ်းနှင့် အခြားသောနတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကိုထုတ်ဖော်လိုက်၏။

ဆန်းကြယ်တောင်ပံများ၏ ဘေးပတ်လည်မှာ လျှပ်စီးလျှပ်ပန်းများက ရစ်ခွေနေပြီး တောင်ပံတစ်ချက်ခတ်လိုက်တိုင်း မိုးကြိုးမုန်တိုင်းတစ်ခုကိုဖြစ်ပေါ်စေ၏။

ထိုအရာများသည် ဗလာနယ်မိုးကြိုးကျင့်စဥ်ကနေလာသော မိုးကြိုးလေပြေတောင်ပံများဖြစ်၏။

ဆူဇီမိုသည် အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်သော်လည်း ဤမျှများပြားသော လျှိူ့ဝှက်အတတ်များနှင့် နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်ခြင်းနှင့်အတူ သူ၏ အလျင်အဟုန်က အလွန်တရာကြောက်စရာကောင်းသော အဆင့်တစ်ခုထိမြင့်တက်သွားပြီး သူက ကီလိုမီတာငါးရာကိုချက်ချင်းပင် ဖြတ်ကျော်သွားနိုင်၏။

နောက်ကနေ ပြေးလိုက်လာနေသော ကျင့်ကြံသူများက အဆင့်-၈ နှင့် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်များဖြစ်နေသည့်တိုင် သူတို့နှင့် ဆူဇီမိုကြားအကွာအဝေးက ပို၍တိုးလာခဲ့၏။

လှုပ်ရှားမှုနည်းစနစ်များကို ပိုင်ဆိုင်ထားသည့် လေ့ဖုန်နှင့်အခြားသူများပင်လျှင် ဆူဇီမို၏ နောက်ကနေ မျက်ခြည်မပြတ်အောင် အနိုင်နိုင်ပြေးလိုက်လာရ၏။

လေ့ဖုန်သည် ဆူဇီမို၏ နောက်ကျောကို အေးစက်နေသောအမူအရာတစ်ခုနှင့်အတူ စိုက်ကြည့်ပြီး သရော်ပြုံးပြုံးလိုက်၏။

ရုတ်တရက် သူက လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို စေညွှန်လိုက်၏။

တစ်ချိန်တည်းမှာပင် ရှေ့ကနေပြေးလွှားနေသော ဆူဇီမိုက အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားမိသွား၏။

သူက သူ၏ ခြေလှမ်းကို ရုတ်ချည်းရပ်တန့်ပြီး သူ၏ ဦးတည်ဘက်ကိုပြောင်းလဲကာ အခြားတစ်ဘက်သို့ ချိုးကွေ့သွား၏။

စောစောက သူဖြတ်ကျော်တော့မည့်နေရာ၏ ရှေ့မှာ မြေပြင်ကနေ ဧရာမပိုက်ကွန်တစ်ခု ပေါ်ထွက်လာ၏။

ပိုက်ကွန်ကိုဆူးချွန်များဖြင့် ရစ်ပတ်ထားပြီး အနက်ရောင်အလင်းဖြင့်တောက်ပနေ၏။ အဲ့ဒါက အဆိပ်လူးထားသည်မှာ သိသာလေသည်။

ဆူဇီမိုက သူ၏ ဦးတည်ဘက်ကိုပြောင်းလဲခဲ့ခြင်းမရှိလျှင် သူသည် ထိုအဆိပ်ပိုက်ကွန်ဖြင့် ဖမ်းဆီးခြင်းခံရပေလိမ့်မည်။

သို့သော်ယခု... ဆူဇီမို၏ ဦးတည်ဘက်က ပြောင်းလဲသွားပြီး အဆိပ်ပိုက်ကွန်က ချက်ချင်းပင်လွဲချော်သွား၏။

လေ့ဖုန်က မျက်မှောင်ကြုတ်ပြီး အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။

သို့သော်လည်း သူကရပ်တန့်လိုက်ခြင်းမရှိဘဲ ဆက်လိုက်လာခဲ့၏။

ဆူဇီမိုက ပြေးလွှားနေစဥ် ရင်တစ်ချက်ထိတ်သွားပြီး သူ၏ ဦးတည်ဘက်ကို ရုတ်တရက်နောက်တစ်ဖန်ပြောင်းလဲကာ ဘေးမှာရှိသောငွားငွားစွင့်စွင့်မြင့်မားသည့် ရှေးဟောင်းသစ်ပင်တစ်ပင်ကို ပစ်တိုက်ချလိုက်၏။

ဘန်း...

ရှေးဟောင်းသစ်ပင်က ဆူဇီမို၏ ပစ်တိုက်ချက်ဖြင့် ကျိုးကျသွားလေသည်။

တောင်ကြားအပြင်ဘက်ကနေစောင့်ကြည့်နေသော ကျင့်ကြံသူများစွာက ဆူဇီမိုပြုလုပ်နေသည့်အရာကို နားမလည်နိုင်ပေ။

လူတိုင်းအတွက်တော့ ဤကဲ့သို့သောအပြုအမူသည် လုံးဝလိုအပ်ခြင်းမရှိဘဲ အဲ့ဒါက သူတို့၏ အလျင်အဟုန်ကို လျော့ကျစေပေလိမ့်မည်။

သို့သော်မကြာခင် လူတိုင်းက တစ်စုံတစ်ရာထူးခြားနေသည်ကို သတိထားမိသွားကြ၏။

ရှေးဟောင်းသစ်ပင်ကျိုးကျသွားပြီးနောက် ၎င်းနှင့်အတူ ပုံရိပ်တစ်ခုကပါ လွင့်စင်ထွက်သွား၏။ သူကလေထဲမှာသွေးများကိုအန်ထုတ်ပြီး စိတ်အားညှိုးငယ်သော အမူအရာတစ်ခုနှင့်အတူ ခပ်လှမ်းလှမ်းရွှံ့အိုင်ထဲသို့ကျဆင်းကာ အသက်ကိုမျှင်းမျှင်းရှုနေရ၏။

အဲ့ဒါသည် လေ့ဖုန်ခင်းကျင်းထားသော သတ်ဖြတ်ကွက်တစ်ကွက်လည်းဖြစ်၏။

ဤလုပ်ကြံသတ်ဖြတ်သူသည် အနီးနားမှာချုံခိုနေပြီး ရှေဟောင်းသစ်ပင်ကိုအကာအကွယ်ယူထားကာ မည်သူကမှ သူ၏တည်ရှိမှုကို မထောက်လှမ်းနိုင်ပေ။

ယခု... ဆူဇီမိုသည် လုပ်ကြံသတ်ဖြတ်သူက သူ့ကိုတိုက်ခိုက်မလာခင်မှာပင် သူက ထိုသူကို လွင့်စင်ထွက်သွားစေခဲ့၏။

ဆူဇီမို၏ ရိုးရှင်းသည်ဟုထင်ရသော ဤပစ်တိုက်မှုက လုပ်ကြံသတ်ဖြတ်သူ၏ ခန္ဓာကိုယ်ထဲရှိအရိုးများအားလုံးကို ကျိုးကြေသွားစေ၏။

ဆူဇီမိုက သူ့ထံသို့ ပြေးဝင်လာသည်ကိုတွေ့ရသောအခါ လုပ်ကြံသတ်ဖြတ်သူက လိပ်ပြာလွင့်မတတ်ကြောက်လန့်သွား၏။

သူက သူ၏ ရစ်ခွေနဂါးတံဆိပ်ပြားကို ခပ်မြန်မြန်ဆင့်ခေါ်ထုတ်လိုက်၏။ ဝဲကတော့တစ်ခုပေါ်ထွက်လာပြီး သူ့ကိုစုပ်ယူကာ ရစ်ခွေနဂါးတံဆိပ်ပြားတစ်ခုကို ကျန်ရစ်ခဲ့စေ၏။

ဆူဇီမိုက လုံးဝရပ်တန့်လိုက်ခြင်းမရှိပေ။ သူက ရစ်ခွေနဂါးတံဆိပ်ပြားကိုကောက်ယူပြီး ဆက်လက်၍ပြေးလွှားသွား၏။ သိပ်မကြာခင် သူသည် တောင်ခြေသို့ရောက်ရှိလာပြီး လေ့ဖုန်နှင့်အခြားသူများကို နောက်မှာကျန်ရစ်ခဲ့စေ၏။

All Chapters