← Chapters

ရုတ်တရက်ပေါက်ကွဲထွက်ပေါ်လာသော အလျင်အဟုန်

Vol. 141 Ch. 2112

ရုတ်တရက်ပေါက်ကွဲထွက်ပေါ်လာသော အလျင်အဟုန်

Vol. 141 Ch. 2112

ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကိုလှည့်ပတ်ပြီး နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာ၏ အကူအညီနှင့်အတူ ပြေးလွှားနေ၏။

သူက အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်၏။

သို့သော်လည်း ကန့်သတ်မဲ့ရွှေအလင်း၊ ကောင်းကင်ဘုံခြေလှမ်း၊ ဆန်းကြယ်တောင်ပံများနှင့် မိုးကြိုးလေပြေတောင်ပံများနှင့်အတူ သူထုတ်ဖော်ထားသော အလျင်အဟုန်သည် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်အများစု လိုက်မမီနိုင်သည့်တစ်စုံတစ်ရာဖြစ်လာခဲ့၏။

သို့သော်လည်း ခဏနေပြီးနောက် သူက မင်းသမီးသက်တံနီကို ခါချနိုင်ခြင်းမရှိဘူးဆိုတာကို ဆူဇီမိုက ​နားလည်သဘောပေါက်သွား၏။

မင်းသမီးသက်တံနီ၏ ပုံရိပ်က သူမ၏ ခြေဖဝါးအောက်ရှိဓားပျံနှင့် တစ်သားတည်းကျလုနီးပါးဖြစ်နေ၏။

လေထဲမှာပျံသန်းလာပြီးနောက် နီရဲနေသောအလင်းတန်းတစ်ခုက ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် တဖျတ်ဖျတ်ကူးပြောင်းနေသည်ကို လူတစ်ယောက်ကတွေ့မြင်ရပေလိမ့်မည်။

အပြင်ဘက်ကနေ စောင့်ကြည့်နေသော ကျင့်ကြံသူများစွာပင်လျှင် မျက်နှာတစ်ချက်လွှဲမိပါက မင်းသမီးသက်တံနီ၏ ပုံရိပ်ကိုအလွယ်တကူဆုံးရှုံးသွားရနိုင်၏။

သူက မင်းသမီးသက်တံနီကို လောလောဆယ်မှာ ခါမချနိုင်ဘူးဆိုတာကို သိလိုက်ရသောအခါ ဆူဇီမိုသည် တူညီသောလှည့်စားမှုကို ထပ်မံပြုလုပ်လိုက်၏။

သုံးရတနာကျောက်စိမ်းတောင်ဝှေးကိုလှည့်ပတ်ပြီး သူက စာကလေးငှက်တစ်ကောင်အဖြစ်အသွင်ပြောင်းလဲကာ စာကလေးငှက်တစ်အုပ်စုနှင့်ရောနှော၍ တောအုပ်ထဲမှာပျံသန်းလိုက်၏။

သူ၏ နောက်ဘက်မှာရှိသော မင်းသမီးသက်တံနီကလည်း ပျောက်ကွယ်သွားပုံရ၏။

ရုတ်တရက်ဆိုသလို...။

ဆူဇီမို၏ စိတ်ထဲသို့ သတိပေးချက်တစ်ခု ဖျတ်ခနဲဝင်ရောက်လာ၏။

အရိပ်တစ်ခုက သူ၏ အပေါ်ကနေအုပ်မိုးလာပြီး ဧရာမသိမ်းငှက်တစ်ကောင်က ထိုးဆင်းလာခဲ့၏။ ၎င်း၏ အကြည့်က ဓားတစ်လက်ကဲ့သို့ ထက်ရှနေပြီး စာကလေးငှက်များကြားမှ ဆူဇီမိုကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ကာ ရက်ရက်စက်စက်ကုတ်ဆွဲချလာခဲ့၏။

ဘေးပတ်ဝန်းကျင်ရှိ စာကလေးငှက်များကလည်း ကြောက်လန့်တကြား ထွက်ပြေးသွား၏။

သူက ဖော်ထုတ်ခံလိုက်ရသည်ကိုသိရှိသွားပြီး ဆူဇီမိုက သူ၏ လူသားသွင်ပြင်သို့ ချက်ချင်းပင်ပြောင်းလဲကာ အဝေးသို့ချက်ချင်းပင်ပြေးထွက်လိုက်၏။

“ဟီးဟီး...”

မင်းသမီးသက်တံနီက ညင်သာစွာပြုံး၍ သူမကိုယ်သူမရုပ်လုံးထုတ်ပြကာ နောက်တစ်ဖန်သူ့နောက်ကနေ ပြေးလိုက်လာ၏။

သူတို့နှစ်ယောက်က ဆက်လက်၍ ပြေးလွှားနေကြ၏။

ဤအချိန်အတောအတွင်း ဆူဇီမိုသည် အမျိုးမျိုးသော ငှက်များ၊ တောကောင်များ၊ ဒေသပေါက်ပင်များနှင့် အင်းဆက်များအဖြစ်အသွင်ပြောင်းလဲဖို့ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကို အသုံးချခဲ့၏။ သို့သော်လည်း သူသည် မင်းသမီးသက်တံနီ၏ ထောက်လှမ်းမှုကနေ မလွတ်မြောက်နိုင်ပေ။

မင်းသမီးသက်တံနီကလည်း အသွင်ပြောင်းလဲပြီး အမျိုးမျိုးသောသက်ရှိများ၏ ပုံစံဖြင့် ဆူဇီမိုနောက်ကိုဆက်လိုက်နေ၏။

ဤပြောင်းလဲမှုများက တကယ့်ကိုထူးချွန်ပြောင်မြောက်လေသည်။

သူတို့နှစ်ယောက်ကြား ပြေးတမ်းလိုက်တမ်း ဆော့ကစားခြင်းက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုမဖြစ်ပွားသော်လည်း အဲ့ဒါသည် အပြင်လူများအတွက်တော့ ပို၍ပင်စိတ်လှုပ်ရှားစရာကောင်းပြီး ပို၍ပင် အန္တရာယ်များလေသည်။

ရစ်ခွေနဂါးတောင်ကြောရိုးမှ ကျင့်ကြံသူများသည် သူတို့၏ မျက်လုံးများကို ပြူးကျယ်၍ အသက်ကိုပင်အောင့်ထားကြ၏။

ထိုသို့ဆိုလျှင်တောင် ကျင့်ကြံသူများစွာသည် ဆူဇီမိုနှင့် မင်းသမီးသက်တံနီ၏ ပုံရိပ်များကို မကြာခဏပျောက်ကွယ်သွားတတ်၏။

မကြာမကြာဆိုသလို သူတို့၏ တည်နေရာများကို မေးမြန်းသည့်အသံက လူအုပ်ကြီးကြားထဲကနေ ထွက်ပေါ်လာတတ်၏။

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက လက်ခုပ်တီးပြီး ပြောလိုက်၏။

“ဒီကောင်လေးက မင်းသမီးသက်တံနီနဲ့မှ သွားတိုးရတယ်ဆိုတော့ တကယ့်ကိုကံဆိုးတာပဲ”

“မင်းသမီးသက်တံနီက အတော်လေးရွှင်မြူးနေတဲ့ပုံပဲ... သူက ဒီလောက်ကြာကြာထိဆော့ကစားနေတယ်ဆိုတော့....”

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်ကလည်း သူ၏ ယပ်တောင်ကို ဝေ့ယမ်းပြီးပြုံးလိုက်၏။

ယန်လောရှုကလည်း သူ၏ ခေါင်းကို ညင်သာစွာခါပြီး စိတ်မကောင်းသည့်ဟန်ဖြင့်ပြောလိုက်၏။

“ဒီကောင်လေးက အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်အနေနဲ့ ဒီလိုမျိုး လှုပ်ရှားမှုနည်းစနစ်တစ်ခုကို အောင်မြင်ရရှိထားတယ်ဆိုတာ တကယ်မလွယ်ဘူး... ကံဆိုးတာကတော့ သူက မင်းသမီးသက်တံနီရဲ့ ပစ်မှတ်ထားခြင်းခံလိုက်ရတာပဲ”

တောင်ကြားအတွင်းမှာ...။

သူက မင်းသမီးသက်တံနီ၏ အော်ရာဖြင့် လွှမ်းခြုံခံထားရသည်ကို နားလည်သဘောပေါက်သွား၏။ ခန့်မှန်းရခက်သော သုံးပါးရတနာကျောက်စိမ်းဆောင်ဝှေးနှင့်ပင်လျှင် သူက သူမကို မျက်ခြည်မဖြတ်နိုင်ပေ။

ဆူဇီမိုသည် သူ၏ ခြေလှမ်းကိုရပ်တန့်ပြီး နောက်ဘက်ကိုလှည့်ကြည့်လိုက်၏။

“ဟီးဟီး”

မင်းသမီးသက်တံနီက ပေါ်ထွက်လာပြီး ဆူဇီမိုကို ကျီစယ်လိုသောအမူအရာဖြင့်ကြည့်ကာ ပြုံးလိုက်လေသည်။

“အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်လေး... နင်ကဆက်ပြီးတော့ မပြေးတော့ဘူးလား”

“မင်းသမီး... ခင်ဗျား ကျုပ်နောက်ကိုဘာလို့ လိုက်နေတာလဲ”

ဆူဇီမိုက မျက်မှောင်ကြုတ်ပြီးပြောလိုက်၏။

“ကျုပ်က... ဒီတောင်ကြားထဲကိုအခုမှရောက်လာတာ... ကျုပ်မှာ ရစ်ခွေနဂါးတံဆိပ်ပြားတစ်ခုပဲပါတယ်...အဲ့ဒါက ခင်ဗျားအတွက် ဘယ်လောက်မှအရေးပါမှာမဟုတ်ဘူး”

ဆူဇီမိုသည် တောင်ကြားထဲသို့ရောက်ရှိလာသောအခါ သူက ဘာမှမလုပ်ရသေးခင်မှာပင် လေ့ဖုန်တို့အုပ်စု၏ အမဲလိုက်ခြင်းခံခဲ့ရ၏။

ယခု... သူက မင်းသမီးသက်တံနီ၏ ပစ်မှတ်ထားခြင်းခံနေရပြီး စိတ်မရှည်နိုင်ဖြစ်လာကာ သူ၏ လေသံကလည်း လေးစားမှုသိပ်မရှိတော့ပေ။

“ဟမ့်...”

မင်းသမီးသက်တံနီက သူမ၏ နှုတ်ခမ်းကို အနည်းငယ်စူလိုက်၏။

“ဘာမဟုတ်တဲ့ အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်... နင်က ဘယ်သူနဲ့စကားပြောနေတယ်ထင်လို့လဲ... ငါနင့်ကိုနောက်ဆုံးပြောလိုက်မယ်... သူတို့တွေက ငါ့ကိုလာပြီး အသနားခံတောင်းပန်ရင်တောင် သူတို့နောက်ကို ငါအရေးလုပ်ပြီးလျှောက်လိုက်နေမှာမဟုတ်ဘူး”

“အဲ့လိုလား... အဲ့ဒါဆိုရင် ကျုပ်က ဂုဏ်တောင်ယူရဦးမှာပေါ့”

ဆူဇီမိုက မှင်သေသေဖြင့်ပြောလိုက်၏။

မင်းသမီးသက်တံနီက သဘောထားကြီးစွာဖြင့် လက်ကာပြလိုက်၏။

“အစကတော့... ငါနင်နဲ့ဆော့ကစားပြီး ရစ်ခွေနဂါးတံဆိပ်ပြားကို လုယူချင်ခဲ့ရုံပဲ... ဒါပေမဲ့ လာရာလမ်းတစ်လျှောက်မှာ နင့်ကတကယ့်ကိုပါရမီအရည်အချင်းရှိတယ်ဆိုတာ ငါတွေ့လိုက်ရတယ်... ကောင်းပြီလေ ငါနင့်ကို အခွင့်ရေးတစ်ခုပေးမယ်”

“ဒီနေ့ကစပြီး ငါ့နောက်ကိုလိုက်ပြီး ငါ့ရဲ့ အစေခံလုပ်... အမ် မဟုတ်သေးဘူး... အစောင့်တပ်သားတစ်ယောက်လို့ ပြောရင်ပိုကောင်းလိမ့်မယ်”

“တကယ်တော့... ငါ နင့်ကိုဆိုးဆိုးဝါးဝါးဆက်ဆံမှာမဟုတ်ဘူး... ငါနင့်အတွက် လုံလောက်တဲ့ ရစ်ခွေနဂါးတံဆိပ်ပြားတွေကိုရှာပေးနိုင်တယ်... အဲ့ဒါပြီးရင် နင်ငါနဲ့ တူညီတဲ့အင်မော်တယ်ဂိုဏ်းကိုဝင်ရောက်ပြီး ငါ့စကားကိုနားထောင်ရမယ်... နားလည်လား”

မင်းသမီးသက်တံနီက အရာအားလုံးကို အစီအစဥ်ချပြီးသွားသည့်အလား သူမဘာသာသူမပြော၍ ဆူဇီမိုကိုပင် သတိပေးလိုက်၏။

ဆူဇီမိုက သူ၏ ရင်ထဲရှိ မကျေနပ်မှုကိုဖိနှိမ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“မင်းသမီး... ခင်ဗျားကျုပ်ကိုအထင်ကြီးလွန်းနေတာပဲ... ကျုပ်က ဂွစာကျပြီးတော့ ပြဿနာရှာတတ်တယ်... အဲ့ဒါကြောင့် ခင်ဗျားရဲ့အစောင့်တပ်သားတစ်ယောက်ဖြစ်နိုင်မှာ မဟုတ်ဘူး... ကျေးဇူးပြုပြီး အခြားတစ်ယောက်ကို ရှာပါလား”

ထိုစကားကိုပြောပြီးနောက် ဆူဇီမိုက နောက်လှည့်ခြင်းမရှိဘဲထွက်ခွာသွား၏။

ရွှစ်...

ဖျတ်ခနဲဆို မင်းသမီးသက်တံနီက ဆူဇီမို၏ ရှေ့ကိုရောက်ရှိလာပြီး သူ၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်၏။

“ဟေး နင်က... ဘယ်နေရာမှာ မှားယွင်းနေတာလဲ”

မင်းသမီးသက်တံနီက စွဲမက်ဖွယ်ရာပုံစံဖြင့် ပြောလိုက်၏။

“ကြည့်ရတာတော့... နင်က အတော်လေးမမာမကျန်းဖြစ်ပြီး အခုချိန်ထိပြန်မကောင်းသေးတဲ့ပုံပဲ... နင်က အားဖြည့်ရမယ့်ဆေးတွေကို သေချာပေါက်လိုအပ်နေတယ်... အဲ့ဒီအချိန်ကျရင် ငါက နင့်ရဲ့ခန္ဓာကိုယ်ကိုအားဖြည့်ပေးဖို့အတွက် နန်းတော်ထဲမှာရတနာတချို့ကို ကူပြီးရှာပေးမယ် နင့်ရဲ့အသားအရေက ဖြူဖွေးပြီး ဝဝကစ်ကစ်လေးဖြစ်လာတဲ့ထိ ငါနင့်ကိုသေချာပေါက်အားဖြည့်ပေးနိုင်တယ်”

“မင်းသမီး... တခြားဘာမှမရှိတော့ဘူးဆိုရင် ကျုပ်ကိုလမ်းဖယ်ပေးပါ”

ဆူဇီမို၏ လေသံက စိတ်မရှည်နိုင်ဖြစ်လာခဲ့၏။

“ဟမ်...”

မင်းသမီးသက်တံနီသည် သူမ၏ ချော့ပြောနေသောစကားများက အလုပ်မဖြစ်သည်ကိုတွေ့ရသောအခါ သူမကလည်း အနည်းငယ်စိတ်တိုလာခဲ့၏။ သူမ၏ လှပသောသွားများကိုကြိတ်ပြီး ခြိမ်းခြောက်လိုက်၏။

“နင်က... ကောင်းမှန်းဆိုးမှန်း တကယ်ကိုနားမလည်ဘူးပဲ... နင်ငါ့ကိုမနိုင်ဘူး နင်ထွက်ပြေးလို့လည်းမရဘူး... ငါက အခုချိန်မှာ နင့်ရဲ့ရစ်ခွေနဂါးတံဆိပ်ပြားကို လုယူနိုင်တယ်ဆိုတာ နင်ယုံလား”

“အဲ့လိုလား”

ဆူဇီမိုက လက်သီးနှစ်ဖက်ကိုယှက်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“မင်းသမီး... နှုတ်ဆက်ပါတယ် ကျုပ်တို့ ကံမကုန်ရင်ပြန်ဆုံကြသေးတာပေါ့”

ထိုသို့ပြောရင်း ဆူဇီမိုက နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာကို နောက်တစ်ဖန်ထုတ်ဖော်ကာ အဝေးသို့ပြေးထွက်သွား၏။

“ဟမ့်...”

မင်းသမီးသက်တံနီက လှောင်ရယ်လိုက်၏။

“နင်က... ထွက်ပြေးချင်သေးတာလား”

သူမစကားမဆုံးသေးခင်မှာပင် မင်းသမီးသက်တံနီက နောက်ထပ်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ဆူဇီမို၏ နောက်သို့ ပြေးလိုက်သွား၏။

ဤတစ်ခေါက်မှာတော့ သူမသည် ဆက်လက်၍ ဆော့ကစားနေလိုစိတ်မရှိတော့ပေ။ သူမ၏ ခွန်အားကုန်ကိုထုတ်ဖော်ပြီး သူတို့နှစ်ယောက်ကြားအကွာအဝေးက တဖြည်းဖြည်းနီးကပ်လာခဲ့၏။

ရုတ်တရက်ဆိုသလို...။

ဆူဇီမို၏ နောက်ဘက်မှာ ဧရာမရွှေရောင်တောင်ပံတစ်စုံပေါ်ထွက်လာခဲ့၏။ သူတို့က ဝင်းလက်တောက်ပနေပြီး စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားအော်ရာတစ်ခုဖြင့် ပြည့်နှက်နေ၏။

ရွှစ်...

ရွှေရောင်တောင်ပံတစ်စုံကို တဖျတ်ဖျတ်ခတ်ပြီး မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။ ချက်ချင်းပင် ဆူဇီမို၏ အလျင်အဟုန်က ဆပွားများစွာတိုးလာခဲ့၏။

တစ်ခဏချင်းမှာပင် သူက နေရာကနေပျောက်ကွယ်သွားပြီး ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ လေထုကိုဆုတ်ဖြဲသွား၏။

ဧရာမရွှေငှက်တောင်ပံများသည် ဆူဇီမို၏ အသန်မာဆုံး ဝှက်ဖဲများထဲမှတစ်ခုဖြစ်ပြီး သူက အစကတော့ အဲ့ဒါကို ထုတ်ဖော်ဖို့ စိတ်ကူးမရှိခဲ့ပေ။

သို့သော်လည်း မင်းသမီးသက်တံနီက တကယ့်ကိုခက်ခဲနေ၏။

ဆူဇီမိုသည် သူမနှင့် ဆက်လက်၍ ငြိတွယ်နေလိုစိတ်မရှိတော့ဘဲ သူ၏ ပင်ကိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ကာ အဝေးသို့ပြေးထွက်သွား၏။

မင်းသမီးသက်တံနီက မှင်တက်သွားသော်လည်း အလျင်အမြန်တုံ့ပြန်ပြီး သူမ၏ သွေးချီကိုထုတ်ဖော်ကာ ပြေးလိုက်လာခဲ့လေသည်။ သို့သော်လည်း သိပ်မကြာခင်မှာပင် သူမက ဆူဇီမိုကိုလုံးဝမျက်ခြည်ပြတ်သွား၏။

သူမက သူ့ကိုတကယ်ပင် ရှုံးနိမ့်သွားပြီလား။

မင်းသမီးသက်တံနီက တွေဝေငေးငိုင်နေသောအမူအရာဖြင့် လေထဲမှာမတ်တတ်ရပ်နေ၏။

ခဏကြာသည်အထိ သူမက အမှန်တရားကို လက်မခံနိုင်သေးပေ။

ဘာဖြစ်သွားတာလဲ။

စောစောက ဘာဖြစ်သွားခဲ့တာလဲ...။

သူမရရှိတော့မည့် အစောင့်တပ်သားငယ်လေးက ရုတ်တရက်ရုန်းကန်ပေါက်ကွဲအားအလျင်အဟုန်ကို ဘယ်လိုလုပ်ပြီးရရှိသွားတာလဲ”

မင်းသမီးသက်တံနီက တွေဝေရှုပ်ထွေးနေ၏။

အစကတော့... အဲ့ဒါသည် ကြောင်နှင့်ကြွက်၏ ကစားပွဲတစ်ခုဖြစ်သည်ဟု သူမကတွေးထင်ထားခဲ့၏။

ယခုတော့... ကြွက်က ရုတ်တရက်တောင်ပံများပေါက်လာပြီး အဝေးသို့ပျံသန်းသွားခဲ့လေသည်။

ပါဝင်ပတ်သက်နေသော မင်းသမီးသက်တံနီကိုမပြောနှင့် တောင်ကြားအပြင်ဘက်မှလူအုပ်ကြီးပင်လျှင် ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။

“သူဘယ်ရောက်သွားတာလဲ”

“သူက... ဘယ်ကိုသွားတာလဲ”

“ငါမသိဘူး... သူကချက်ချင်းကိုပျောက်ကွယ်သွားတာပဲ”

အုန်းအုန်းကျတ်ကျတ်အသံများကထွက်ပေါ်လာ၏။

ကောင်းကင်ထက်ရှိ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ပညာရှင်များ၏ မျက်လုံးများပင်လျှင် ဝင်းလက်သွား၏။

“ဒီကောင်လေးရဲ့ လှုပ်ရှားမှုနည်းစနစ်က တကယ့်ကို...”

ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က တွေဝေတုံ့ဆိုင်းနေ၏။

ဤလှုပ်ရှားမှုနည်းစနစ်ကို သာလွန်ထူးခြားသည်ဟု ဆက်လက်၍မဖော်ပြနိုင်တော့ပေ။

“ကောင်းပြီလေ”

ကောင်းကင်ချောက်နက်က မသိမသာခေါင်းညိတ်ပြီး သူ၏ အေးစက်စက်မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ထွက်လာ၏။

ယန်လောရှုကလည်း ချီးကျူးလိုသည့်အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။

ဆူဇီမိုကို လူအုပ်ကြားထဲသို့ ပစ်ထည့်ခဲ့သည့် ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းပင်လျှင် သူ၏ စိတိသဘောထားမှာ အပြောင်းအလဲတစ်ခုရှိလာခဲ့၏။

All Chapters