← Chapters

ဒီကောင်လေးက ဘယ်သူလဲ

Vol. 141 Ch. 2113

ဒီကောင်လေးက ဘယ်သူလဲ

Vol. 141 Ch. 2113

“သူက ထွက်ပြေးတဲ့နေရာမှာပဲတော်တာပါ... သူက အရည်အချင်းရှိတယ်လို့တော့ ငါမထင်ဘူး”

ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှ လူဝမ်ပင်းက တီးတိုးရေရွတ်လိုက်၏။

ယခင်ကသူသည် ဆူဇီမိုနှင့် ပဋိပက္ခအနည်းငယ်ဖြစ်ခဲ့ပြီးအရှက်ရခဲ့လေသည်။ ထို့ကြောင့်သူက မည်သို့ပင်ဆိုစေ ဆူဇီမိုကို သဘောမကျပေ။

ယန်လောရှုက သူ၏ ခေါင်းကို ညင်သာစွာခါပြီး မေးလိုက်၏။

“အဆင့်-၆ ကမ္ဘာမြေအမြုတေနယ်ပယ်မှာရှိတဲ့လူတစ်ယောက်က ဒီလိုမျိုး လှုပ်ရှားမှုနည်းစနစ်တစ်ခုကိုပိုင်ဆိုင်ထားပြီး မင်းသမီးသက်တံနီကိုတောင်မှ ကျော်တက်သွားတာ အဲ့ဒါကအထင်ကြီးစရာမကောင်းဘူးလား... အဲ့ဒီနေရာမှာ မင်း သူ့ကိုယှဥ်နိုင်လို့လား”

ယန်လောရှု၏ စကားက သူ့တို့ကိုဆုံးမဩဝါဒပေးနေခြင်းနှင့်တူလေသည်။ တကယ်တော့... လူဝမ်ပင်းက နှိမ့်နှိမ့်ချချနေပြီး မမောက်မာဖို့ သူကပြောပြနေခြင်းဖြစ်၏။

လူဝမ်ပင်းက မချင့်မရဲဖြစ်သွားပြီး သူ၏ မျက်နှာက နီမြန်းသွားကာ ငြင်းဆန်လိုက်လေသည်။

“စီနီယာအစ်ကို... ခင်ဗျားအဲ့လိုပြောလို့မရဘူး... သူ့ရဲ့လှုပ်ရှားမှုနည်းစနစ်က ဘယ်လောက်မြန်မြန် ဘာသုံးစားလို့ရမှာလဲ ဒါက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲပဲ... အပြေးပြိုင်ပွဲမဟုတ်ဘူး”

“ကျုပ်က... တက္ကသိုလ်ကိုဝင်ရောက်ဖို့ ရွေးချယ်ခံရတုန်းက ကျုပ်က ကိုယ့်ကိုယ်ပိုင်ခွန်အားအပေါ် မှီခိုပြီး ကျုပ်ရဲ့လမ်းကို တိုက်ခိုက်ခြင်းနဲ့ဖောက်ထွက်ခဲ့တာ”

“နောက်ပြီး... အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲရဲ့ စည်းမျဥ်းစည်းကမ်းတွေက ရှင်းနေတာပဲ... လူတစ်ယောက်က လုံလောက်တဲ့ ရစ်ခွေနဂါးတံဆိပ်ပြားတွေကိုရရှိမှပဲ နောက်ဆုံးအနိုင်ရရှိသူဖြစ်လာလိမ့်မယ်... သူက အဲ့ဒီလှုပ်ရှားမှုနည်းစနစ်နဲ့ နောက်ဆုံးအချိန်ထိရှင်သန်နိုင်မယ်ဆိုရင်တောင် သူကလုံလောက်တဲ့ ရစ်ခွေနဂါးတံဆိပ်ပြားတွေမရဘဲ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကို ဝင်ရောက်နိုင်မှာမဟုတ်ဘူး”

“ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က ရယ်မောလိုက်၏။

“မင်းရဲ့ ဂျူနီယာညီပြောတာမမှားဘူး”

ယန်လောရှုက အသံတိတ်နေ၏။

တောင်ကြားထဲမှ ထိုလူက လုံလောက်သည့်ရစ်ခွေနဂါးတံဆိပ်ပြားများကို မရရှိနိုင်ဘူးဆိုလျှင် သူက ဤအရည်အချင်းကိုဘယ်လောက်ပင် ချီးကျူးလိုသည်ဖြစ်စေ... အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲ၏ စည်းမျဥ်းစည်းကမ်းကို မချိုးဖောက်နိုင်ပေ။

တောင်ကြားထဲမှာ...။

ခဏနေပြီးနောက် မင်းသမီးသက်တံနီက သူမ၏ ငေးငိုင်ရာကနေ တဖြည်းဖြည်းနိုးထလာပြီး မကျေမနပ်ဖြင့် မြေပြင်ကိုဖနောင့်ဖြင့်ပေါက်လိုက်၏။ သူမ၏ လှပသောသွားများကို ကြိတ်ခြေပြီး ဒေါသတကြီးပြောလိုက်လေသည်။

“အဲ့ဒါဆိုလည်းပြေးလေ... အချိန်ကတစ်လပဲကျန်တော့တယ် ငါက ဒီတောင်ကြားထဲမှာ နင့်ကိုမဖမ်းမိနိုင်ဘူးလို့ မယုံဘူး”

ထိုသို့ပြောပြီး မင်းသမီးသက်တံနီကလည်း ထွက်ခွာသွား၏။

အခြားတစ်ဘက်မှာတော့... ဆူဇီမိုသည် မင်းသမီးသက်တံနီကို ခါချခဲ့ပြီးနောက် သူ၏ ဦးတည်ဘက်ကို အနည်းငယ်ပြောင်းလဲကာ အရှိန်ကိုလျှော့ချလိုက်၏။

သူ၏ ရည်ရွယ်ချက်က ရစ်ခွေနဂါးတံဆိပ်ပြားများကိုရရှိဖို့ဖြစ်၏။

အချိန်က တစ်လသာကျန်တော့လေသည်။ သို့သော်လည်း သူ့အတွက်အဲ့ဒါက လုံလောက်လေသည်။

ဤအဆင့်သည် ကျင့်ကြံသူတိုင်းကို နေရာတိုင်းမှာ တွေ့မြင်ရပြီး တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားခဲ့သည့် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲ၏ စစချင်းအဆင့်နှင့် မတူတော့ပေ။

ယခုအချိန်မှာ လူတစ်ထောင်ကျော်ကျော်သာလျှင် ကျန်ရစ်တော့လေသည်။ သူက နေရာတိုင်းမှာလိုက်လံရှာဖွေမည်ဆိုလျှင်တောင် အခြားသူများကို ရှာဖွေတွေ့ရှိချင်မှ တွေ့ရှိရပေလိမ့်မည်။

ဥပမာအားဖြင့် လုံလောက်သည့် ရစ်ခွေနဂါးတံဆိပ်ပြားများကိုရရှိထားသည့် ကျင့်ကြံသူများက သတိထားသည့်အနေဖြင့် လုံခြုံစိတ်ချရသောနေရာတစ်ခုမှာ ပုန်းကွယ်နေတတ်ကြပြီး အချိန်ပြည့်ခါနီးမှ ထွက်လာကြမည်ဖြစ်၏။

ထိုသို့ဖြင့် ကျင့်ကြံသူများကိုရှာဖွေဖို့က ပို၍ပင်ခက်ခဲလာခဲ့၏။

တောင်ကြားထဲမှာ နေ့တစ်ဝက်နီးပါး လှည့်ပတ်သွားလာပြီးနောက် ဆူဇီမိုသည်နောက်ဆုံးမှာ နောက်ထပ်ကျင့်ကြံသူတစ်ယောက်နှင့်ကြုံတွေ့လိုက်ရ၏။

အဲ့ဒါသည် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ၏ ကျင့်ကြံမှုက အဆင့်-၇ ကမ္ဘာမြေအမြုတေနယ်ပယ်မှာရှိလေသည်။

ဤတစ်ခေါက်မှာတော့ ဆူဇီမိုက ထွက်မပြေးတော့ပေ။

အဲ့ဒါသည် သူရှာဖွေနေသည့် ကျင့်ကြံသူမျိုးဖြစ်လေသည်။

ထိုသူ၏ ကျင့်ကြံမှုက သိပ်ပြီးမမြင့်မားပေ။

သူသည် သူ၏ ဝှက်ဖဲများစွာကို ပေါက်ကြားစေခြင်းမရှိဘဲ ဤလူကို အလွယ်တကူရှင်းထုတ်ပြီး သူ၏ ရစ်ခွေနဂါးတံဆိပ်ပြားကို လုယူနိုင်လေသည်။

ရှေ့တည့်တည့်မှာရှိသော အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်က ဆူဇီမိုကိုတွေ့မြင်သောအခါ သူကရုတ်တရက်စိုးရိမ်ထိတ်လန့်သွား၏။

သို့သော်လည်း ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်ကိုစစ်ဆေးပြီးနောက် သူကစိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

“ငါက... ဒီနေရာမှာ အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်နဲ့လာပြီးကြုံတွေ့နေရတယ်ဆိုတော့... ငါတကယ်ကိုကံကောင်းတာပဲ”

အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်က ဆူဇီမိုကိုတည်ငြိမ်စွာကြည့်ပြီး နှုတ်ခမ်းစူလိုက်၏။

“ကောင်လေး... မင်းရဲ့ရစ်ခွေနဂါးတံဆိပ်ပြားကိုထုတ်ပေးလိုက်... ငါမင်းအသက်ကိုချမ်းသာပေးမယ်”

“ကောင်းပြီလေ ငါလည်းမင်းအသက်ကို ချမ်းသာပေးလိုက်မယ်”

ဆူဇီမိုကလည်း ထိုသို့​ပြောလိုက်၏။

သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုက ရှေ့သို့ပြေးထွက်သွားပြီဖြစ်၏။

သူ့စကားဆုံးသွားသည့်အချိန်မှာပင် ဆူဇီမိုက အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်၏ ရှေ့သို့ ရောက်ရှိနေလေပြီ။

အဲ့ဒါက အရမ်းကို မြန်ဆန်လွန်း၏။

သူတို့နှစ်ယောက်ကြားအကွာအဝေးက အရမ်းကိုနီးကပ်နေလေပြီ။

“မင်း...”

အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်က စကားတစ်ခွန်းကိုသာပြောချိန်ရလိုက်ကာ သူ၏ ကျန်ရှိနေသော စကားများက တလိပ်လိပ်တိုးဝင်လာသောအော်ရာဖြင့် ​ပိတ်ဆို့တားဆီးခြင်းခံလိုက်ရ၏။

ချက်ချင်းပင် အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်က ပုံရိပ်ယောင်တစ်ခုကို မြင်ယောင်မိလိုက်၏။

သူ့ထံသို့ပြေးဝင်လာနေသည်က အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တ်စယောက်မဟုတ်တော့ပေ။ အဲ့ဒါက သူ့ကိုတစ်ကိုက်တည်းဖြင့် ဝါးမျိုပစ်ချင်နေသည့် ကြောက်စရာကောင်းသော ရှေးဟောင်းကြမ်းကြုတ်တောကောင်တစ်ကောင်ဖြစ်နေ၏။

ရှေးဟောင်းကြမ်းကြုတ်တောကောင်က သူ၏ ကြောက်စရာကောင်းသောလက်သည်းများကို ဆန့်ထုတ်ပြီး သူ့ကိုကုတ်ဆွဲချလိုက်၏။

ထိုအခိုက်အတန့်မှာ သူ့အနေဖြင့် နတ်ဘုရားစွမ်းအားများနှင့် အင်မော်တယ်ပညာရပ်များကိုစုဖွဲ့ဖို့က နောက်ကျသွားခဲ့လေပြီ။

သူက သူ၏ သိုလှောင်အိတ်ထဲမှာ ဓမ္မလက်နက်များကိုပင် ထုတ်ယူဖို့အချိန်မရတော့ပေ။

အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်က သူ၏ လက်နှစ်ဖက်ကိုမြှောက်ပြီး အလိုလိုခုခံလိုက်၏။

ဘန်း...

ဆူဇီမို၏ လက်ဖဝါးက ထိုသူ၏ လက်နှစ်ဖက်ပေါ်သို့ ဆင်းသက်သွား၏။

ဖျောင်း...

ထို့နောက် တစ်ဆက်တည်းမှာ အရိုးများကျိုးသံက ထွက်ပေါ်လာ၏။

ထိုသူ၏ လက်နှစ်ဖက်က ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် သွင်သွင်ကျိုးသွားပြီး သိပ်သည်းပြင်းထန်သောအင်အားတစ်ရပ်က သူ၏ လက်နှစ်ဖက်ကိုဖြတ်ကျော်ကာ သူ၏ ရင်ဘတ်ပေါ်သို့ ဆင်းသက်ပြီး သူ့ကို ပေအတော်အတန် လွင့်စင်ထွက်သွားစေ၏။

အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်က လွင့်စင်ထွက်သွားစဥ် ဆူဇီမိုက အေးစက်နေသောအကြည့်တစ်ခုနှင့်အတူ နောက်ကနေထပ်ကြပ်မကွာလိုက်ပါလာ၏။

အစကတော့ ဤလူသည် သူ့ကိုယ်သူတည်ငြိမ်စေဖို့အတွက် ဆေလုံးတချို့ကိုစားသုံးပြီး ဤနေရာကနေထွက်ပြေးလွတ်မြောက်ချင်လေသည်။ သို့သော်လည်း ဆူဇီမို၏ အကြည့်ကို တွေ့မြင်ရသောအခါ သူကလိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၏။

သူက သူ၏ ရစ်ခွေနဂါးတံဆိပ်ပြားကို ခပ်မြန်မြန်ထုတ်ယူပြီး ၎င်းပေါ်မှာ အကာအရံအလွှာကို အသက်သွင်းလိုက်၏။

ဝဲကတော့တစ်ခုပေါ်ထွက်လာပြီး သူ့ကိုတောင်ကြားထဲကနေ ဆွဲထုတ်သွားလေသည်။

ထိုလူထွက်ခွာသွားပြီးနောက် ရစ်ခွေနဂါးတံဆိပ်ပြားများပါသည့် သူ၏ သိုလှောင်အိတ်က တောင်ကြားထဲမှာကျန်ရစ်ခဲ့ပြီး ပေါက်ကွဲထွက်သွား၏။ ရစ်ခွေနဂါးတံဆိပ်ပြားများစွာက လေထဲမှာလွင့်မျောပေါ်ထွက်လာခဲ့လေသည်။

ဆူဇီမိုက သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းပြီး ရစ်ခွေနဂါးတံဆိပ်ပြားများကို သိမ်းဆည်းလိုက်၏။ သူက မပြောင်းလဲသော အမူအရာတစ်ခုနှင့်အတူ လှည့်ထွက်သွားလေသည်။ သူ၏ အစွမ်းအစအရ သူ့အနေဖြင့် စောစောကလူကိုသတ်ဖြတ်ပြီး ရစ်ခွေနဂါးတံဆိပ်ပြားများကို လုယူဖို့က အရမ်းကိုလွယ်ကူလေသည်။ သိုသော်လည်း သူတို့နှစ်ယောက်က အမှတ်မထင်ကြုံတွေ့ရခြင်းဖြစ်ပြီး သူတို့မှာ ရန်ငြိုးရန်စမရှိပေ။

ဆူဇီမိုသည် အရမ်းကာရောသတ်ဖြတ်တတ်သည့် လူတစ်ယောက်မဟုတ်ပေ။ သူက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲအတွက်နှင့် လူတစ်ယောက်၏ အသက်ကို နှုတ်ယူမည်ဆိုလျှင် သူသည် ပကတိတစ်ဆယ်ငရဲမှ သွေးဆာရက်စက်သောထိုသူများနှင့် ကွာခြားတော့မည်မဟုတ်ပေ။

“သူကဒီတိုင်းပဲအနိုင်ရသွားတာလား... အဲ့ဒါက အရမ်းကိုလွယ်ကူလွန်းမနေဘူးလား”

“အဲ့ဒီအဆင့်-၇ ကမ္ဘာမြေအင်မော်တယ်က တော်တော်နမော်နမဲ့နိုင်တာပဲ... မဟုတ်ရင် သူကစစချင်း အရေးနိမ့်သွားမှာ မဟုတ်ဘူး”

“အဲ့ဒီလူက ကံဆိုးတယ်လို့မင်းတို့ပြောမယ်ဆိုရင် အဲ့ဒါအမှန်ပဲ... သူက လေ့ဖုန်နဲ့တခြားသူတွေရဲ့ ဝန်းရံပိတ်ဆို့ခြင်းခံရပြီး မင်းသမီးသက်တံနီနဲ့တောင် ကြုံတွေ့ခဲ့ရတယ်... ဒါပေမဲ့ သူကကံကောင်းတယ်လို့ မင်းတို့ပြောမယ်ဆိုရင်လည်း အဲ့ဒါအမှန်ပဲ... သူကတောင်ကြားထဲမှာ ကျန်ရှိနေတဲ့ အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တွေထဲကမှ တစ်ယောက်နဲ့ သွားပြီးကြုံတွေ့ခဲ့ရတယ်ဆိုတော့...”

“သူက... ရစ်ခွေနဂါးတံဆိပ်ပြားတချို့ကိုပဲရရှိထားတာ သူက အရေအတွက်ထောင့်ရှစ်ရာကိုရဖို့ အဝေးကြီးလိုသေးတယ်”

အချိန်ကြာလာသည်နှင့်အမျှ အနိုင်ရရှိနိုင်မည့်သူများကိုအကြမ်းဖျင်းတွက်ချက်လို့ရသွားပြီး အဲ့ဒီမှာ အပြောင်းအလဲများစွာပေါ်ထွက်လာတော့မည်မဟုတ်ပေ။

ထို့ကြောင့် ကျင့်ကြံသူများစွာ၏ စိတ်အာရုံက ဆူဇီမိုပေါ်သို့ ရောက်ရှိလာခဲ့၏။

သူတို့သည် ဤအဆင့်-၆ ကမ္ဘာမြေအင်မော်တယ်က ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ တွေ့မြင်ချင်နေကြ၏။

“ပျော့တယ်”

ကောင်းကင်ချောက်နက်က စကားများစွာမပြောဆိုဘဲ စကားတစ်ခွန်းကိုသာပြောလိုက်၏။

သို့သော်လည်း ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်နှင့် အခြားသူများက သူဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်သဘောပေါက်သွား၏။

သူက နှလုံးသားပျော့ခြင်းကို ရည်ညွှန်းပြောဆိုခြင်းဖြစ်၏။

ဤလူ့မှာ လုံလောက်သည့် မာကြောမှု၊ ပြတ်သားမှုနှင့် ရက်စက်မှုတို့မရှိပေ။

မော်တယ်လောကမှာ အဲ့ဒါက ကောင်းမွန်သောအရည်အသွေးတစ်ခုဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော်လည်း ကျင့်ကြံရေးလောကမှာ လူတစ်ယောက်က နှလုံးသားပျော့ညံ့သည်ဆိုလျှင် မလိုအပ်သည့် ပြဿနာများကို ရရှိလာနိုင်လေသည်။

ယန်လောရှုက သူ၏ ခေါင်းကိုခါလိုက်၏။

“အဲ့လိုပြောလို့တော့မရဘူး... သူက ထွက်ပေါက်တစ်ပေါက်ချန်ထားပေးပြီး လူတိုင်းကိုမသတ်ဖြတ်ဘူး... အနည်းဆုံးတော့ သူက တခြားသူတွေနဲ့... ဒါမှမဟုတ် သန်မာတဲ့ရန်သူတွေနဲ့ ကြီးမားတဲ့ ရန်ငြိုးရန်စရှိမှာ မဟုတ်တော့ဘူး”

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက ပြောလိုက်၏။

“ဆက်ပြီးစောင့်ကြည့်ရအောင် အချိန်ကြာလာတာနဲ့ ဒီကောင်လေးရ ရစ်ခွေနဂါးတံဆိပ်ပြားကိုရရှိဖို့ ပိုပြီးတော့ခက်လာလိမ့်မယ်... ကျန်ရှိနေတဲ့ အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တွေကလည်း လျော့ကျလာနေပြီ... သူက အဆင့်-၈ ဒါမှမဟုတ် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တွေနဲ့တောင်မှ သေချာပေါက်ကြုံတွေ့လာရတော့မယ်”

ရုတ်တရက် ယန်လောရှုက မေးလိုက်၏။

“အဲ့ဒီကောင်လေးက ဘယ်သူလဲ”

လူတိုင်းက ငေးငိုင်သွားကြ၏။

ကျင့်ကြံသူအချို့က လှည့်ပတ်၍မေးကြည့်လိုက်သော်လည်း မည်သူကမှသူ့နာမည်ကို မသိကြပေ။

ထိုအခိုက်အတန့်မှာ သူတို့တောင်ကြားထဲသို့ သာမန်ကာလျှံကာ ပစ်ထည့်လိုက်သည့် မမာမကျန်းပုံစံနှင့် လူငယ်တစ်ယောက်က မည်သို့သောပုဂ္ဂိုလ်ဖြစ်သည်ဆိုတာကို ရစ်ခွေနဂါးတောင်ကြောရိုးပေါ်ရှိလူတိုင်းက နားလည်သဘောပေါက်ခြင်းမရှိကြသေးပေ။

သိပ်မကြာခင် ဤလူငယ်အပေါ် လူတိုင်း၏ ထင်မြင်ချက်က လုံးဝကိုကျွမ်းထိုးမှောက်ခုံဖြစ်လာကြပေလိမ့်မည်။

All Chapters