← Chapters

လျှို့ဝှက်ဆန်းကြယ်သော စာတစ်စောင်

Vol. 141 Ch. 2114

လျှို့ဝှက်ဆန်းကြယ်သော စာတစ်စောင်

Vol. 141 Ch. 2114

နေလတိုင်းပြည်၊ စန်းယွီမြို့တွင်…

အာဏာပါးကွက်သား အစောင့်တပ်သား ဆယ့်သုံးယောက်ကို သတ်ဖြတ်ခဲ့သည့် လူသတ်တရားခံကို စုံစမ်းစစ်ဆေးဖို့ ဤနေရာသို့ ရောက်လာပြီးနောက် မင်းသားယွမ်ကျောက ထွက်ခွာမသွားပေ။ ထိုအစား သူက စန်းယွီမြို့တော်မှာ ယာယီအားဖြင့် အနားယူနေ၏။

သူသည် ထိုအခိုက်အတန့်တွင် မင်းသားတစ်ပါး၏ ဂေဟာထဲမှာ အနားယူနေသော်လည်း အဲဒါသည် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ရှိ သူ၏ ဂေဟာနှင့် ယှဉ်လျှင် အတော်လေးကို သိသာကွာခြားနေ၏။

အဲဒါနှင့် ပတ်သက်၍ သူလုပ်နိုင်တာ ဘာမှ မရှိပေ။

သူသည် လွန်ခဲ့သည့် နှစ်နှစ်ထောင်ကျော်က ထိုလူနှင့် တွေ့ဆုံပြီးကတည်းက သူ၏ ကံကြမ္မာက စတင်ပြောင်းလဲသွားရ၏။

အတိအကျဆိုရလျှင် သူသည် တိမ်စိုင်များပေါ်ကနေ အောက်ဆုံးသို့ ကျဆင်းသွားရ၏။

ပုံမှန်လမ်းကြောင်းအရဆိုလျှင် သူသည် ကျောက်စိမ်းအဆောင်ကို ရရှိခဲ့ပါက သူသည် တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုကို ရရှိဖို့ အခွင့်အရေး ရှိခဲ့လေသည်။ သူက ထိုဂမ္ဘီရကျင့်စဉ်ကို ကျင့်ကြံနိုင်မည်ဆိုလျှင် သူသည် ပကတိဧကနယ်ပယ်သို့ သေချာပေါက် တက်လှမ်းပြီး ပကတိအင်မော်တယ်တစ်ဦး ဖြစ်လာပေလိမ့်မည်။

ထိုအချိန်ကျလျှင် မင်းသားများနှင့် မင်းသမီးများကြားမှာ သူ၏ အဆင့်အတန်းက နောက်တစ်ဖန် မြင့်တက်လာပြီး ဘုရင်ကျင်း၏ အမွေဆက်ခံသူနှင့် ဒုံမင်းအင်မော်တယ် မုန့်ယောင်ပြီးလျှင် သူက ဒုတိယနေရာသို့ ရောက်ရှိလာပေလိမ့်မည်။

တဗူးဂမ္ဘီရကျင့်စဉ်နှင့်အတူ သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားတိုးလာပြီး သူက အနာဂတ်တွင် မိုးကောင်းကင်ကိုးလွှာမှာပင် နာမည်ကြီးကျော်ကြားလာနိုင်၏။

သို့သော်လည်း အရာရာတိုင်းက ပျက်စီးသွားခဲ့၏။

အရာရာတိုင်းသည် ဆူဇီမိုဟု ခေါ်သော အောက်ဘုံမှ တက်လှမ်းလာသည့် ကျင့်ကြံသူတစ်ဦး၏ လက်ထဲမှာ ပျက်စီးသွားရ၏။

သူသည် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၊ သူ့အဖေ၏ ချစ်ခင်မြတ်နိုးမှု၊ သူ၏ ကိုယ်ပွား၊ သူ၏ ယခင်အဆင့်အတန်းနှင့် တစ်ခါက သူ ရရှိခဲ့သည့် အရာရာတိုင်းနီးပါးကို ဆုံးရှုံးခဲ့ရ၏။

မှောင်မည်းနေသော ခန်းမထဲမှာ မင်းသားယွမ်ကျောသည် ဘေးပတ်ဝန်းကျင်၏ အလင်းရောင်ထက်ပင် ပို၍မှောင်မည်းသော သုန်မှုန်နေသည့် အမူအရာတစ်ခုနှင့်အတူ ထိုင်နေ၏။ ဤနှစ်များအားလုံးမှာ သူက လုံးဝ မရပ်တန့်ရဲခဲ့ပေ။

သူက ရပ်နားလိုက်သည်နှင့် သူသည် အဆုံးမဲ့ နာကျင်မှုနှင့် အမုန်းတရားများထဲသို့ ကျဆင်းသွားပေလိမ့်မည်။

မသိလိုက် မသိဘာသာနှင့်ပင် တစ်ခါက သူပိုင်ဆိုင်ခဲ့ဖူးသည့် အာဏာစက်နှင့် အဆင့်အတန်းများနှင့်အတူ သူ အရိုးထိတိုင် မုန်းတီးသော အောက်ဘုံမှ ကျင့်ကြံသူကို ပြန်လည်အမှတ်ရလာပေလိမ့်မည်။

နှစ်နှစ်ထောင်ကျော် ကြာသည်အထိ မင်းသားယွမ်ကျောသည် ဆူဇီမိုကို လိုက်လံရှာဖွေခြင်းမှာ လက်မလျှော့ခဲ့ပေ။

သို့သော်လည်း ဆူဇီမိုသည် တစ်စွန်းတစ်စမကျန် လေထဲသို့ ပျောက်ကွယ်သွားပုံရသည်ကို သူက နားမလည်နိုင်ပေ။

အရင်တုန်းက ဖုန့်စန်းထျန်၏ ကျင့်ကြံမှုနှင့်ပင်လျှင် သူက မဟာကျင်းအင်မော်တယ်နိုင်ငံကနေ ထွက်ပြေးလွတ်မြောက်ဖို့အတွက် အလွန်တရာ မြင့်မားသော တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရ၏။

ဆူဇီမိုသည် ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်၏။

သူက မဟာကျင်းအင်မော်တယ်နိုင်ငံကနေ ဘယ်လိုထွက်ခွာနိုင်မှာလဲ။

ဆူဇီမိုသည် မဟာကျင်းအင်မော်တယ်နိုင်ငံထဲမှာ ရှိနေပြီး ထွက်ခွာမသွားသေးဟု မင်းသားယွမ်ကျောက ခံစားနေရ၏။

သို့သော်လည်း သူက မဟာကျင်းအင်မော်တယ်နိုင်ငံမှာ ရှိနေဦးမည်ဆိုလျှင် သူက နှစ်နှစ်ထောင်ကျော်ကြာအောင် ဘယ်နေရာမှာ ပုန်းခိုနေခဲ့တာလဲ။

မဟာကျင်းအင်မော်တယ်နိုင်ငံမှာ အာဏာပါးကွက်သား အစောင့်တပ်သားများက နေရာတိုင်းမှာ ရှိပြီး မဟာကျင်းအင်မော်တယ်နိုင်ငံမှာ ထိုသူ၏ အသက်ကို ဆုကြေးထုတ်ပြန်ထားလေသည်။

သူက နှစ်နှစ်ထောင်ကျော်ကြာအောင် ဘယ်လို ပုန်းကွယ်နေနိုင်တာလဲ။

ထိုစဉ်မှာပင် သုတ်သီးသုတ်ပျာနှင့် အလောတကြီးနိုင်သော ခြေသံများက ခန်းမ၏ အပြင်ဘက်မှာ ထွက်ပေါ်လာ၏။

“အရှင်.. အရှင်မင်းသား”

အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်က ကတိုက်ကရိုက် ပြေးဝင်လာလေသည်။

“ဘာဖြစ်လို့လဲ”

မင်းသားယွမ်ကျောက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

အာဏာပါးကွက်သား အစောင့်တပ်သားက သူ၏ လက်ထဲရှိ စာတစ်စောင်ကို မြှောက်ပြလိုက်၏။

“တစ်ယောက်ယောက်က ဒီစာကို ကျုပ်ကို ပေးပြီး အဲဒါကို အရှင်မင်းသားကို ကိုယ်တိုင်သွားပေးရမယ်လို့ ပြောခဲ့တယ်”

“အဲဒါ ဘယ်သူလဲ”

မင်းသားယွမ်ကျောက မေးလိုက်၏။

“ကျုပ်.. ကျုပ် သေချာမသိဘူး”

အာဏာပါးကွက်သား အစောင့်တပ်သားက အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေ၏။

“မင်း သေချာမသိဘူးလား”

မင်းသားယွမ်ကျော၏ အကြည့်က အေးစက်လာခဲ့၏။

အာဏာပါးကွက်သား အစောင့်တပ်သားက ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားပြီး ခပ်မြန်မြန် ရှင်းပြလိုက်၏။

“ဘာလို့လဲ မသိဘူး.. ကျုပ်ရဲ့ အသိစိတ်က ခဏလောက် ဝေဝါးသွားတယ်.. အဲဒီနောက် ကျုပ်လက်ထဲမှာ စာတစ်စောင်က ချက်ချင်းပေါ်ထွက်လာတာပဲ”

“အဲဒီနောက် ကျုပ်စိတ်ထဲကို အသံတစ်သံက ဝင်ရောက်လာတယ်… ကျုပ်က အရှင်မင်းသားကို ဒီစာလာပို့ပြီး အဲဒါက အရှင်မင်းသားကိုယ်တိုင် ဖွင့်ဖတ်စေရမယ်လို့ ပြောသွားတယ်”

အာဏာပါးကွက်သား အစောင့်တပ်သားက ထိုအကြောင်းကို ပြောဆိုသည့်အခါ သူ၏ အမူအရာက အိုးတိုးအမ်းတမ်းဖြင့် ငေးငိုင်နေဆဲဖြစ်၏။

“အစကနေ အခုချိန်ထိ ကျုပ်က ဘယ်သူ့ကိုမှ မမြင်ခဲ့ရဘူး.. ကျုပ်က မေးခွန်းတချို့ လှမ်းမေးလိုက်ပေမဲ့ ဘာတုံ့ပြန်မှုမှ ရှိမလာတော့ဘူး”

“ဒါပဲလား”

မင်းသားယွမ်ကျောက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“အား..”

အာဏာပါးကွက်သား အစောင့်တပ်သားက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ခပ်မြန်မြန် ဆက်ပြောလိုက်၏။

“အရှင်မင်းသားက ဒီစာထဲမှာ ပါတဲ့ အကြောင်းအရာကို သေချာပေါက် စိတ်ဝင်စားမှာပါလို့ အဲဒီအသံက ပြောခဲ့သေးတယ်”

“အို..”

မင်းသားယွမ်ကျောက ကြိတ်၍ လှောင်ရယ်လိုက်၏။

“အဲဒါကို ပေးစမ်း.. ဘယ်သူက အဲ့လောက်ထိ လျှို့ဝှက်ဆန်းကြယ်သလို လုပ်နေတာလဲ.. အဲ့စာထဲမှာ ဘာပါလဲ ကြည့်ရအောင်”

အာဏာပါးကွက်သား အစောင့်တပ်သားက စာကို လက်နှစ်ဖက်ဖြင့် တရိုတသေ ကမ်းပေးလိုက်၏။

မင်းသားယွမ်ကျောက စာအိတ်ကို လက်ခံရယူပြီး ချိပ်စည်းကို ဖယ်ရှားတော့မည့်ဆဲဆဲမှာပင် သူက ရင်တစ်ချက်ထိတ်သွား၏။ သူက အာဏာပါးကွက်သား အစောင့်တပ်သားထံ စာအိတ်ကို ပြန်ကမ်းပေးပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“ငါ့ကို အဲဒီစာအိတ်ဖွင့်ပေး.. အထဲမှာပါတဲ့ စာကိုတော့ မဖတ်နဲ့”

အာဏာပါးကွက်သား အစောင့်တပ်သားက ရင်ထဲမှာ အေးစက်သွား၏။

မင်းသားယွမ်ကျောသည် စာအိတ်၏ ချိပ်စည်းမှာ အန္တရာယ်တစ်ခုခု ရှိနေမည်ကို စိုးရိမ်ပူပန်နေခြင်းဖြစ်ကြောင်း သူပြောနိုင်လေသည်။

သူသည် မင်းသားယွမ်ကျော၏ ရည်ရွယ်ချက်ကို ပြောနိုင်သော်လည်း သူက ငြင်းဆန်ရဲခြင်း မရှိပေ။ သူက အံကိုကြိတ်ပြီး ချိပ်စည်းကို ဖယ်ရှားကာ အထဲကနေ စာခေါက်တစ်ခုကို ဆွဲထုတ်လိုက်၏။

ဖြစ်စဉ်တစ်ခုလုံးမှာ မည်သည့်အရာကမှ ဖြစ်ပျက်မလာခဲ့ပေ။

အာဏာပါးကွက်သား အစောင့်တပ်သားက ချွေးပြန်နေပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

မင်းသားယွမ်ကျောက မှင်သေသေဖြင့် စာခေါက်ကို ယူပြီး ဖွင့်ကြည့်လိုက်၏။ သူက အဲဒါကို သာမန်ကာလျှံကာ တစ်ချက်မျှသာ ကြည့်ပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။

အာဏာပါးကွက်သား အစောင့်တပ်သားက တစ်ချက်ခိုးကြည့်လိုက်၏။

မင်းသားယွမ်ကျောသည် ပြောင်းလဲသွားသော အမူအရာဖြင့် သူ့လက်ထဲရှိ စာကို စိုက်ကြည့်နေ၏။ ထိုစာထဲတွင် ဘာရေးထားသည်ကို မသိရပေ။

စာရွက်၏ နောက်ကျောတွင် ပန်းချီတစ်ခု ရေးဆွဲထားပုံရသည်ကို အာဏာပါးကွက်သား အစောင့်တပ်သားက ခပ်ရေးရေး တွေ့မြင်လိုက်ရ၏။ သို့သော်လည်း စာရွက်၏ နေရာအများစုကို မင်းသားယွမ်ကျော၏ လက်ဖဝါးက ဖုံးကွယ်ထားပြီး သူက အဲဒါကို ရှင်းလင်းစွာ မတွေ့ရပေ။

ခဏနေပြီးနောက် မင်းသားယွမ်ကျောက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ခေါင်းဆောင်တပ်မှူး အထီးကျန်ကြယ်ကို ငါ့ကို လာတွေ့ခိုင်းလိုက်”

ခဏမျှ ရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။

“တတ်နိုင်သမျှ မြန်မြန်လို့ ပြောလိုက်”

“နားလည်ပါပြီ”

အာဏာပါးကွက်သား အစောင့်တပ်သားက ခပ်မြန်မြန် လှည့်ထွက်သွား၏။

သိပ်မကြာခင် ကောင်းကင် အာဏာပါးကွက်သား အစောင့်တပ်သားများ၏ ခေါင်းဆောင်တပ်မှူး အထီးကျန်ကြယ်က ရောက်ရှိလာပြီး ခန်းမထဲသို့ ခပ်မြန်မြန်ဝင်ရောက်ကာ လေးနက်သော အသံဖြင့် မေးလိုက်၏။

“အရှင်မင်းသား.. ဘာများဖြစ်လို့လဲ”

“တစ်ချက်ကြည့်လိုက်”

မင်းသားယွမ်ကျောက အထီးကျန်ကြယ်ထံ စာကို ကမ်းပေးလိုက်၏။

အထီးကျန်ကြယ်က တစ်ချက်ကြည့်ပြီး သူ၏ အမူအရာက ပြောင်းလဲသွားက အံ့အားတသင့် ရေရွတ်လိုက်၏။

“ဆူဇီမို.. သူက မဟာကျင်းအင်မော်တယ်နိုင်ငံကနေ ထွက်ခွာပြီး ရစ်ခွေနဂါးတောင်ကြောရိုးက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပါနေတာလား”

“ဒီစာကို ဘယ်သူရေးတာလဲ.. အရင်းအမြစ်က ယုံကြည်ရရဲ့လား”

အထီးကျန်ကြယ်က ခပ်မြန်မြန် မေးလိုက်၏။

“ဒီစာကို ဘယ်သူရေးလဲ ငါမသိဘူး”

မင်းသားယွမ်ကျောက လေးနက်စွာ မျက်မှောင်ကြုတ်ပြီး ခေါင်းခါပြလိုက်၏။

“ဒီသတင်းက ယုံကြည်လို့ ရ မရ မဆုံးဖြတ်နိုင်ဘူး.. ဒါပေမဲ့ စာထဲမှာပါတဲ့ အကြောင်းအရာက အစစ်အမှန်ဖြစ်ပုံရတယ်.. အဲဒါနဲ့ ကိုက်ညီတဲ့​ အသေးစိတ်အချက်အလက်တွေက အများကြီး ပါနေတယ်”

“ဒီစာထဲမှာ ဆူဇီမိုက သူ့ရဲ့ ရုပ်ရည်သွင်ပြင်ကို အချိန်အတော်ကြာတဲ့အထိ ပြောင်းလဲနိုင်တဲ့ အသွင်ပြောင်းလဲခြင်း နည်းစနစ်တစ်ခုကို တတ်မြောက်ထားတယ်လို့ ပြောတယ်.. အဲဒါကြောင့်ပဲ သူက မဟာကျင်းအင်မော်တယ်နိုင်ငံမှာ နှစ်နှစ်ထောင်ကျော်ကြာအောင် ပုန်းခိုနေနိုင်ခဲ့တာပဲ”

“နောက်ပြီး အခု ဆူဇီမိုက မမာမကျန်းဖြစ်နေတဲ့ လူငယ်တစ်ယောက်အဖြစ် အသွင်ပြောင်းလဲပြီး အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပါနေတယ်”

“ဒီစာရဲ့ နောက်ဘက်မှာ အဲဒီလူငယ်ရဲ့ ပုံစံကိုတောင် ပန်းချီဆွဲပေးထားတယ်.. ပန်းချီလက်ရာက သာမန်ပဲဆိုပေမဲ့ သူ့ရဲ့ ဝတ်စားဆင်ယင်ပုံ၊ ကိုယ်ကာယ၊ မျက်နှာထားနဲ့ အရေးအကြောင်းတွေကို ​ရေးဆွဲပေးထားတယ်… မင်းက အဲဒီလူကို တွေ့မြင်မယ်ဆိုရင် မင်း သူ့ကို သေချာပေါက် မှတ်မိလိမ့်မယ်”

မင်းသားယွမ်ကျောက ဆွေးနွေးပြောဆိုနေစဉ်မှာပင် အထီးကျန်ကြယ်၏ လက်ထဲရှိ စာက ရုတ်တရက် လောင်ကျွမ်းလာခဲ့၏။

သူတို့နှစ်ယောက်က စာရွက်ပေါ်ရှိ မီးတောက်များကို ငြှိမ်းသတ်ဖို့ ခပ်မြန်မြန် ကြိုးစားလိုက်သော်လည်း မရတော့ပေ။

တစ်ခဏချင်းမှာပင် စာရွက်က ပြာကျသွားပြီး တစ်စွန်းတစ်စမကျန် ပျက်ပြယ်သွားလေသည်။

“ဒါက…”

မင်းသားယွမ်ကျောနှင့် အထီးကျန်ကြယ်က အကြည့်ချင်းဖလှယ်လိုက်ကြ၏။

သူတို့နှစ်ယောက်စလုံးသည် တစ်ယောက်၏ အကြောက်တရားကို တစ်ယောက်တွေ့မြင်နေရ၏။

ဤစာကို ရေးခဲ့​သောလူ၏ နည်းလမ်းများက ထူးခြားအံ့မခန်းဖြစ်ပြီး သူတို့နှစ်ယောက်ထက် များစွာကျော်လွန်နေ၏။

ရုတ်တရက် ခန်းမက အသံတိတ်သွား၏။

အတန်ကြာပြီးနောက် အထီးကျန်ကြယ်က မေးလိုက်၏။

“အရှင်မင်းသား.. ခင်ဗျား ဒီကိစ္စကို ဘယ်လိုထင်လဲ”

မင်းသားယွမ်ကျောက သူ၏ လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ငါကတော့ အဲဒါကို ယုံကြည်ချင်တယ်.. ငါက ဒီသတင်းကို ရရှိထားပြီဆိုမှတော့ ရစ်ခွေနဂါးတောင်ကြောရိုးကို သွားပြီးတော့ စစ်ဆေးကြည့်ရမှာပဲ”

“ဆူဇီမိုက အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲ အဆုံးသတ်သွားတဲ့အချိန်မှာ အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းထဲကို တကယ်ပဲ ဝင်ရောက်နိုင်မယ်ဆိုရင် ငါတို့ သူ့ကို ကိုင်တွယ်ဖို့က အများကြီး ပိုပြီးခက်ခဲသွားတော့မယ်”

အထီးကျန်ကြယ်ကလည်း ခေါင်းညိတ်လိုက်၏။

“ဒီသတင်းက မှားနေမယ်ဆိုရင်တောင် ကျုပ်တို့က အချိန်နည်းနည်းပါးပါး ဖြုန်းမိရုံပဲ ရှိမှာ.. ကျုပ်တို့အတွက် ဆုံးရှုံးစရာ ဘာမှ မရှိဘူး”

“ဒါပေမဲ့ ရစ်ခွေနဂါးတောင်ကြောရိုးက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး.. သူက ပေါ်ထွက်လာမယ်ဆိုရင်တောင် သူ့ကို ကိုင်တွယ်ဖို့က လွယ်ကူတော့မှာ မဟုတ်ဘူး”

“အင်း”

မင်းသားယွမ်ကျောက ခဏမျှ စဉ်းစားတွေးတော့လိုက်၏။

“အာဏာပါးကွက်သား အစောင့်တပ်သားတွေကို အရင်သွားပြီး စုစည်းထားလိုက်.. ငါက သတင်းစကားတစ်ခုပါးပြီးသွားရင် ထွက်ခွာကြမယ်.. အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲက အဆုံးသတ်တော့မှာပဲ.. ငါတို့ ချက်ချင်းလှုပ်ရှားမှ ရမယ်.. ကြန့်ကြာနေလို့ မဖြစ်ဘူး”

All Chapters