← Chapters

နတ်ဆိုးများ တုန်လှုပ်ခြင်း။

Vol. 54 Ch. 749

နတ်ဆိုးများ တုန်လှုပ်ခြင်း။

Vol. 54 Ch. 749

"ဒါ..ဒါက..."

နတ်ဆိုးဘိုးဘေး ဘုရားကျောင်း၏ အပြင်ဘက်တွင် အကြီးအကဲ ဝူဖန်းတို့သည် ကြောင်အလျက် ရှိသည်။ သူတို့၏ မျက်ဝန်းများသည် ပြူးကျယ်လျက် ရှိကာ ကောင်းကင်ထိတိုင် ပျံ့လွှင့် ထွက်ပေါ်လာခဲ့သော အလင်းတန်းကို စူးစိုက် ကြည့်နေခဲ့သည်။ အကြီးအကဲ ကန်ကျင်းသည် ပါးစပ်ကို ဖွင့်ဟ၍ တစ်စုံတစ်ရာ ပြောဆိုလိုခဲ့သော်လည်း ဘာကိုမှ မပြောနိုင် ဖြစ်နေခဲ့သည်။

အဆုံးစွန်ထိသော ထိတ်လန့်တုန်လှုပ်မှုသည် သူတို့၏ နှလုံးအိမ်အတွင်း ပြည့်နှက်လျက် ရှိသည်။ သူတို့၏ ကိုယ်ခန္ဓာများသည် ထိန်းကွပ်မရ ခါရမ်းနေခဲ့သည်။

" နတ်ဆိုးဘိုးဘေးရဲ့အမွေအနှစ် ....

ဆက်ခံသူတစ်ယောက် ထွက်ပေါ်လာပြီလား? "

အချိန် ဘယ်လောက်ကြာသွားသည်မသိ။ သံသယများဖြင့် ရေရွတ်သံကြီးသည် အကြီးအကဲ ချုံးမင်၏ နူတ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။

" ဒီလိုမှမဟုတ်ရင် နတ်ဆိုးဘိုးဘေး ဘုရားကျောင်းက ထူးဆန်းတဲ့ လက္ခဏာရပ်တွေကို ဖော်ပြမှာ မဟုတ်ဘူး။ ဒါက အရင်ကတည်းက တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။"

အကြီးအကဲ ချုံးမင်၏ စကားလုံးများသည် ကျန်အကြီးအကဲ လေးယောက်စလုံးကို သတိဝင် သွားစေခဲ့သည်။ အကြီးအကဲကန်ကျင်းသည် နက်ရှိုင်းသော အသံဖြင့် ပြောဆိုလိုက်သည်။ သူ၏ အမူအရာက အံ့သြနေခဲ့သည်။

သူတို့သည် နှစ်ပေါင်း မရေမတွက်နိုင်လောက်အောင် သွေးမျှော်စင် ဒုတိယအလွှာအတွင်း၌ ပိတ်မိနေခဲ့ကြသည်။ အချို့သော နတ်ဆိုးမျိုးနွယ်စုဝင်များက ဤနေရာကိုတောင် ကမ္ဘာလောကကြီးတစ်ခုအဖြစ် မှတ်ယူနေကြသည်။

တစ်ချိန်ချိန်တွင် နတ်ဆိုးမျိုးနွယ်၏ ဆက်ခံသူတစ်ယောက်က နတ်ဆိုးဘိုးဘေးများ၏ အမွေအနှစ်ကို လက်ခံရရှိလိမ့်မည်။ နတ်ဆိုးမျိုးနွယ်ကို ပြန်လည် ရှင်သန်စေလိမ့်မည်။ သူတို့ကို သွေးမျှော်စင်အတွင်းမှ ခေါ်ထုတ်၍ ပြင်ပလောကသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ကျဥ်းပေနိုင်လိမ့်မည်ဟု သူတို့ အစဥ်အမြဲ တွေးတောမိခဲ့သည်။

ဤဆန္ဒသည် ကာလရှည်ကြာစွာ တည်ရှိခဲ့တာကြောင့် အကြီးအကဲ ငါးဦးအတွက် စွဲလမ်းမှုတစ်ခုတောင် ဖြစ်နေခဲ့ပါပြီ။ သူတို့ဟာ စောင့်ဆိုင်းရင်း စောင့်ဆိုင်းရင်းဖြင့် မရေမတွက်နိုင်သော နှစ်များကို ကုန်ဆုံးစေခဲ့ရသည်။ ပါရမီရှင်များစွာသည် ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ တစ်ချို့ဆိုပါက ပြန်၍တောင် ထွက်မလာနိုင်ခဲ့ကြပါ။

လက်ရှိ သူတို့၏ မျှော်လင့်စောင့်စားမှုသည် ပြည့်ဝခဲ့ပြီ ဖြစ်သည်။ ဘုရားသခင်ကသာ ဝူဖန်းတို့ အကြီးအကဲများ အဘယ်မျှလောက် စိတ်လှုပ်ရှားနေသည်ကို သိရှိနိုင်ပါလိမ့်မည်။ သူတို့၏ မျက်နှာများသည် နီမြန်းလျက် ရှိကာ ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်ခါနေခဲ့သည်။

" နတ်ဆိုးဘိုးဘေး ထွက်ပေါ်လာပြီ။ မြတ်စွာဘုရားက ငါတို့ရဲ့ နတ်ဆိုးမျိုးနွယ်ကို ကောင်းချီးပေးလိုက်တာပဲ။ "

စိတ်လှုပ်ရှားပြီးနောက် အကြီးအကဲ ချုံးမင်သည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ သူသည် တိုင်လုံးကြီး၏ အပေါ်တွင် ဒူးထောက်ချလိုက်ကာ နတ်ဆိုးဘိုးဘေး ဘုရားကျောင်းကို စိုက်ကြည့်လျက် ရိုသေလေးစားစွာ ဂါဝရပြုလိုက်ချေသည်။

ကျန်ရစ်သော အကြီးအကဲ လေးဦးသည်လည်း တစ်ပြိုင်တည်း ဒူးထောက်ခဲ့ကြကာ ပျော်ရွှင်စွာ ကျုံးဝါး အော်ဟစ်နေခဲ့သည်။

တွေးနေစရာတောင် မလိုပါဘူး။ နတ်ဆိုးဘိုးဘေး၏ အမွေအနှစ်ကို ရရှိခဲ့သူမှာ ဘိုးဘေးအဆင့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် နတ်ဆိုးမိန်းမပျိုလေး ဖြစ်ကြောင်း သူတို့ သိရှိကြသည်။

နတ်ဆိုးဘိုးဘေး၏ အမွေအနှစ်သည် နတ်ဆိုးမျိုးနွယ်ဝင်များအတွက် ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။ အပြင်လူများမှာ အဘယ်မျှလောက် ပါရမီစွမ်းအား ကောင်းမွန်ပါစေ ၎င်းအမွေအနှစ်ကိုတော့ ရနိုင်မည် မဟုတ်ပါ။

ဝမ်ဖုန်း၏ တိုက်ပွဲဝင် စွမ်းအားသည် မိုးကောင်းကင်ကို ဆန့်ကျင်နိုင်ပြီး အင်မတန် မြင့်မား ထင်ရှားသော်လည်း ဝမ်ဖုန်းသည် နတ်ဆိုးဘိုးဘေး၏ စိတ်ကို ကျေနပ်အောင် ပြုမှုပေးနိုင်မည် မဟုတ်ပါချေ။ ထို့အတွက်ကြောင့် နတ်ဆိုးဘိုးဘေး၏ အမွေအနှစ်ကို ရရှိဖို့ဆိုသည်က မဖြစ်နိုင်ပါ။

ဤကဲ့သို့ ကမ္ဘာမြေ ပြုကွဲလုမတတ် လက္ခဏာရပ်များကိုအကြီးအကဲ ငါးဦးသာ တွေ့မြင်ခဲ့ရခြင်း မဟုတ်ဘဲ ဒုတိယအလွှာအတွင်း၌ ရှိနေသော နတ်ဆိုးမျိုးနွယ်ဝင်အားလုံး တွေ့မြင်ခဲ့ကြရသည်။ သူတို့အားလုံးက နတ်ဆိုးဘိုးဘေး ဘုရားကျောင်း ရှိရာသို့ အပြေးရောက်ရှိလာခဲ့ကြသည်။

သွေးမျှော်စင်၏ ဒုတိယအလွှာအတွင်း နေထိုင်ကြကုန်သော ထိပ်တန်း နတ်ဆိုးမျိုးနွယ် (10)စုစလုံးသည် အားလုံး တုန်ယင် ခြောက်ခြားနေခဲ့သည်။ သက်ဆိုင်ရာ မျိုးနွယ်စုကြီးများ၏ မျိုးနွယ်စု ခေါင်းဆောင်များက ဦးဆောင်၍ အဆင့်အတန်း အမျိုးမျိုးသော နတ်ဆိုးများသည် ဘုရားကျောင်းရှိရာသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။

တစ်စုံတစ်ယောက်ကသာ ကောင်းကင်မှ ငုံ့ကြည့်လျှင် အရပ်လေးမျက်နှာမှ စုံပြုံရောက်ရှိလာသော အလင်းတန်းများကို တွေ့မြင်ရမည် ဖြစ်သည်။

မတူညီသော နတ်ဆိုးမျိုးနွယ်များ၏ ထိပ်တန်းပါရမီရှင်များသည် နတ်ဆိုးဘိုးဘေး ဘုရားကျောင်းအတွင်းသို့ ရောက်လာသည့်အခါ သွေးမျှော်စင် ဒုတိယအလွှာသည် သန်မာသော နတ်ဆိုးနိယာမများဖြင့် ပြည့်နှက်သွားခဲ့သည်။ နတ်ဆိုးဘိုးဘေး ဘုရားကျောင်းကို ဗဟိုပြု၍ နတ်ဆိုးမျိုးနွယ်ဝင်များသည် နေရာတိုင်းကို အစောင့်အကြပ်ချကာ ကာကွယ်ပေးနေခဲ့သည်။

များစွာသော လူငယ်ပါရမီရှင်လေးများသည် သွေးမျှော်စင် တတိယအလွှာ သို့တည်းမဟုတ် စတုတ္ထအလွှာကို ရောက်ရှိ သွားခဲ့၍ မဟုတ်ပါက ဤသန်မာသော နတ်ဆိုးတို့၏ နိယာမဖိအားအောက်တွင် အပိုင်းပိုင်းအစစ ပြတ်တောက်သွားလောက်သည်။

" ဘုန်း! "

" ဘုန်း! "

နတ်ဆိုးဘိုးဘေး ဘုရားကျောင်း၏ အပေါ်တွင် ကောင်းကင်ကို ခွင်းဖောက်လိုက်သည့် အသံသည် ထွက်ပေါ်လာခဲ့သည်။ မျက်တောင်တစ်ခပ်အတွင်း၌ ဘုရားကျောင်း၏ အနီးတဝိုက်တွင် ရှိသော တောအုပ်ကြီးထဲတွင် ရာကျော်သော ပုံရိပ်များသည် လေဟာပြင်၌ မတ်တပ်ရပ်ခဲ့ကြသည်။ ကောင်းကင်နှင့် မြေပြင်သည် ပကတိ မျက်စိဖြင့် တွေ့မြင်ရသည်အထိ တွန့်လိမ် ပုံပျက်သွားခဲ့ကာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

အရေအတွက် များပြားသော စွမ်းအားရှင်များ အတူတကွ စုရုံးလာသည့်အခါ သူတို့ထံမှ ထုတ်လွှတ်နေသော သန်မာအားကောင်းသည့် စွမ်းအင်တို့သည် မိုးကောင်းကင်၏ အရောင်အဝါကို ပြောင်းလဲစေခဲ့သည်။ ကောင်းကင်နှင့် ကမ္ဘာမြေပြင်သည် အရောင်မှိန်ဖျော့ သွားခဲ့သည်။ ၎င်းအပြောင်းအလဲကြောင့် နတ်ဆိုးဘိုးဘေး ဘုရားကျောင်းမှ ဖော်ထုတ်နေခဲ့သော အလင်းတန်းသည် ပိုမို၍ တောက်ပလာသယောင် ထင်မှတ်ရသည်။

၎င်းရာကျော်သော ပုံရိပ်များ၏ အရှေ့ဘက်တွင် ခပ်ဝါးဝါး ပုံရိပ် ဆယ်ခုက မတ်တပ်ရပ်နေခဲ့သည်။ သူတို့ထံမှ အရှိန်အဝါများသည် အရမ်းကို သန်မာလွန်းလှသည်။ အနောက်ဘက်တွင်ရှိသော ရာကျော်သည့် စွမ်းအားရှင်များထက်တောင် ပို၍ သန်မာအားကောင်းနေခဲ့သည်။ အကြီးအကဲ ငါးဦးထက် အနည်းငယ်မျှ နိမ့်ကျမှု ရှိပါသည်။

၎င်းတို့မှာ သွေးမျှော်စင် ဒုတိယအလွှာအတွင်းရှိ ထိပ်တန်းနတ်ဆိုးမျိုးနွယ် ဆယ်စု၏ မျိုးနွယ်စုခေါင်းဆောင်များ ဖြစ်ကြသည်။ သူတို့အားလုံးသည် လောင်ထျန်းဧကရာဇ် အထွတ်အထိပ် စွမ်းအားရှင်များ ဖြစ်ကြကာ မျိုးနွယ်စုများအနက် အသန်မာဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အရပ်ငါးမျက်နှာ အကြီးအကဲများထက် တစ်ဆင့်သာ နိမ့်ကျ၏။

" အကြီးအကဲငါးယောက် ခင်ဗျာ..နတ်ဆိုးမျိုးနွယ်ရဲ့ ဘုရားကျောင်းမှာ ဘာတွေ ဖြစ်ပျက်သွားခဲ့တာလဲ? "

ယွဲ့ရွှမ် နတ်ဆိုးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ယွဲ့ကုန်းသည် အလင်းတန်းကြီးကို စူးစိုက်ကြည့်လျက် အကြီးအကဲငါးယောက်ကို မေးမြန်းခဲ့သည်။

ယွဲ့ကုန်း၏ စကား ဆုံးသွားသည့်အခါ ကျန်ရစ်သော မျိုးနွယ်စုခေါင်းဆောင်များကလည်း အကြီးအကဲ ငါးယောက်ကို စူးစမ်းလိုသော အကြည့်ဖြင့် လှမ်းကြည့်ခဲ့ကြသည်။

နတ်ဆိုးဘိုးဘေး၏ ဘုရားကျောင်းသည် သွေးမျှော်စင် ဒုတိယအလွှာအတွင်းရှိသော နတ်ဆိုးမျိုးနွယ်ဝင်များ၏ မျှော်လင့်ချက် ပန်းတိုင် ဖြစ်သည်။ ၎င်းသာ တစ်ခုခု ဖြစ်သွားခဲ့လျှင် နတ်ဆိုးမျိုးနွယ်ဝင်များ အတွက် ကြီးမားသော ကပ်ဘေးဒုက္ခကြီး ဖြစ်လာနိုင်သည်။

နှစ်ပေါင်းများစွာ ကြာအောင် နတ်ဆိုးမျိုးနွယ်စု၏ အဖွဲ့သားများသည် အမွေအနှစ်ကို မရရှိနိုင်ခဲ့ကြသော်လည်း ဘုရားကျောင်း ဆက်လက်တည်ရှိနေသေးသ၍ မျှော်လင့်ချက်သည် ရှိနေဦးမည်သာ။

သူတို့ ရှင်သန်နေထိုင်ရာ နေရာဒေသကြီးသည် လျှို့ဝှက်နယ်မြေ ဖြစ်ကြောင်းကို သာမန်လူများက မသိရှိထားကြသော်လည်း မျိုးနွယ်စု၏ ထိပ်တန်း အကြီးအကဲများနှင့် မျိုးနွယ်စု ခေါင်းဆောင်များကတော့ သိကြပါသည်။

" ယွဲ့ကုန်း အခုချိန်ကစပြီး မင်းက ယွဲ့ရွမ် မကောင်းဆိုးဝါး မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင် နေရာကနေ ဖယ်ပေးရတော့မယ် "

ယွဲ့ကုန်း၏ မေးမြန်မှုကို ကြားသိခဲ့ရသည့်အခါ အကြီးအကဲ ချုံးမင်က တိုက်ရိုက် ဖြေဆိုခြင်း မပြုခဲ့ပါ။ သူ၏ မျက်ဝန်းများသည် နက်ရှိုင်းသော အဓိပ္ပာယ်တို့ဖြင့် ယွဲ့ကုန်းကို လှမ်းကြည့်ကာ ပြန်ပြောလိုက်သည်။

ယွဲ့ကုန်း၏ မျက်ဝန်းသူငယ်အိမ်များသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။ အမည်ဖော်၍ မရနိုင်သော အမျက်ဒေါသသည် နှလုံးအိမ်အတွင်း ပေါက်ဖွားလာခဲ့သည်။ သူသည် နတ်ဆိုးမျိုးနွယ်ကို ထိခိုက်စေမည့် ဘယ်အရာကိုမျှ မပြုခဲ့ဖူးပါ။ ဒါတင်မကသေးဘဲ ယွဲ့ရွမ် နတ်ဆိုးမျိုးနွယ်ကိုလည်း တိုးတက်ကြီးပွားအောင် အစဥ်အမြဲ ကြံဆောင်ခဲ့သည်။

ဒါပေမယ့် အကြီးအကဲ ချုံးမင်က သူ့ကို မျိုးနွယ်စု ခေါင်းဆောင်ရာထူးက ဆင်းသွားပေးစေချင်တာလား?။ ဒါက သိက္ခာချနေတာပဲ။.

အရပ်ငါးမျက်နှာ၏ အကြီးအကဲများ အနေဖြင့် ၎င်းအကြီးအကဲ ငါးယောက်သည် နတ်ဆိုးမျိုးနွယ်များ၏ အရေးကိစ္စများတွင် ပါဝင်စွက်ဖက်ပိုင်ခွင့် ရှိကြသည်။

ဒါပေမယ့် ငါ့ကို အနိုင်ကျင့်ဖို့ မလွယ်ဘူးကွ။

ကျန်မျိုးနွယ်စု ကိုးစု၏ ခေါင်းဆောင်များကလည်း မယုံကြည်နိုင်သော အမူအရာများ ထုတ်ဖော် ပြသလာခဲ့သည်။

အရပ်ငါးမျက်နှာ၏ အကြီးအကဲများသည် အင်မတန် အစွမ်းထက် ကြပါသည်။ သူတို့သည် သွေးမျှော်စင် ဒုတိယအလွှာအတွင်း၌ ရှိသော နတ်ဆိုးမျိုးနွယ်စုတိုင်း၏ ကြီးမြတ်သော ခေါင်းဆောင်များ ဖြစ်ကြသည်။ သို့သော်လည်း သူတို့သည် နတ်ဆိုးဘိုးဘေး ဘုရားကျောင်းကိုသာ အစဥ်အမြဲ စောင့်ကြပ်နေခဲ့ကာ မျိုးနွယ်စုကြီးများ၏ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပါ။ မျိုးနွယ်စုခေါင်းဆောင် တစ်ယောက် သတ်ဖြတ်ခံခဲ့ရရင်တောင် သူတို့ကတော့ မျက်ကွယ်ပြုထားခဲ့သည်။ ဒါပေမယ့် အခု ဘာတွေ ဖြစ်နေတာလဲ?

အကြီးအကဲ ငါးယောက်ရဲ့ ရည်မှန်းချက်တွေက ပြောင်းလဲသွားတာလား?။ နတ်ဆိုးမျိုးနွယ်ကို ချုပ်ကိုင် ချယ်လှယ်ချင်နေတာလား?။

မျိုးနွယ်စုခေါင်းဆောင် ကိုးဦးသည် တစ်တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြသည်။ သူတို့ တစ်ဦးချင်းစီ၏ မျက်ဝန်းထဲတွင် ရူပ်ထွေးနေသော အကြည့်များ ရှိနေခဲ့သည်။

" ဟား.ဟား.ဟား.."

ယွဲ့ကုန်း၏ မလိုလားမနှစ်မြို့သော အမူအရာကို တွေ့မြင်ခဲ့ရသည့်အခါ အကြီးအကဲ ချုံးမင်သည် အော်ဟစ် ရယ်မောလိုက်သည်။ သူသည် ဒေါသထွက်ခြင်း အလျဥ်းမရှိပါ။ ထို့အစား ကောင်းကင်ပေါ်ကို မော့ကြည့်လျက် မိုးချိန်းသံကဲ့သို့ ကျယ်လောင်သော ရယ်မောသံကြီးကို ပြုလိုက်ချေသည်။....

All Chapters