← Chapters

နတ်ဆိုးဘိုးဘေး၏ မှော်ရတနာ။

Vol. 54 Ch. 752

နတ်ဆိုးဘိုးဘေး၏ မှော်ရတနာ။

Vol. 54 Ch. 752

" ဘုန်း! "

မြင့်မြတ်သော လက်နက်နှစ်ခုထံမှ အဆုံးအဆမဲ့သည့် ထက်မြမှု အရှိန်အဝါများသည် ထွက်ပေါ်လာပြီးလျှင် ခန်းမတစ်ခွင် ပျံ့လွှင့်သွားခဲ့သည်။ ဝမ်ဖုန်းတို့အားလုံး၏ အရေပြားများသည် အပ်ဖျားဖြင့် ထောက်လိုက်သကဲ့သို့ ကြက်သီးမွှေးညှင်းများ ထသွားခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ၎င်းထက်မြသော အရှိန်အဝါကြောင့် အပိုင်းပိုင်းစစ ပြတ်တောက်မည့်အလား ဖြစ်နေခဲ့သည်။

သန်မာသော သေစေနိုင်သည့် ခြိမ်းခြောက်မှုကြီး တစ်ခုသည် ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း ထွက်ပေါ်လာခဲ့သည်။ သူ၏ မသိစိတ်သည် ဤနေရာမှ ထွက်ခွာသွားရန် အဆက်မပြတ် အလောဆော်နေခဲ့သည်။

ယွဲ့ယင်း၏ ထိန်းချုပ်မှုကြောင့်သာ မဟုတ်လျှင် ၎င်းမှော်ရတနာ နှစ်မျိုးမှ ဖော်ထုတ်နေသော အရှိန်အဝါများသည် သူတို့အားလုံးကို သတ်ဖြတ်ပစ်ရန် လုံလောက်ကြောင်း ဝမ်ဖုန်း ခံစားရလိုက်သည်။ ၎င်းတို့သည် အစစ်အမှန် မှော်ဝင်ရတနာများ ဖြစ်ကြပါသည်။

ဝမ်ဖုန်း သိထားသော ဟွမ်ကွမ်းဖေးရှန်းဓားမှ လွဲ၍ ဤတစ်ခုသည် ကြီးကျယ်မြင့်မြတ်သည့် ရှေးဦးမှော်ဝင်ရတနာ တစ်မျိုး ဖြစ်သည်။ မှော်ဝင်ရတနာသည် ၎င်း၏ စိတ်ဝိညာဉ်ကို ပျက်စီးယိုယွင်းသွားစေပြီး ကိုယ်ထည်ကို ထိခိုက်သွားစေသည့် တိုက်ပွဲကြီးတစ်ခုကို ဖြတ်သန်းခဲ့ရသော်လည်း ၎င်းသည် အစစ်အမှန် ရတနာပစ္စည်းတစ်ခု ရှိနေဆဲသာ။ သာမန်ဧကရာဇ် လက်နက်များသည် ၎င်းနှင့် ရင်ဆိုင်နိုင်မည် မဟုတ်ပါချေ။

ဟုတ်ပါပေသည်။ လက်ရှိ ယွဲ့ယင်း၏ ကျင့်ကြံမှုသည် ၎င်းမှော်ဝင်ရတနာ နှစ်ခုကို အသုံးပြုရန် မဖြစ်နိုင်သေးပါ။ သူမကသာ ဖိအားပေး၍ အသုံးပြုခဲ့လျှင် ရတနာပစ္စည်း နှစ်ခုသည် သူမ၏ သွေးနှင့် စွမ်းအင်များကို ကုန်စင်အောင် စုပ်ယူပေလိမ့်မည်။

ယွဲ့ယင်းသည် ၎င်းတို့ကို အသုံးမပြုနိုင်ခဲ့သော်လည်း ၎င်းမှော်ဝင်ရတနာ နှစ်ခု၏ ခွန်အားကတောင် သူမကို ဘယ်ပျက်သုဥ်းခြင်း ဧကရာဇ်အဆင့် လက်နက်မျိုးကိုမဆို ရင်ဆိုင်ရန် လုံလောက်စေခဲ့သည်။

မှော်ဝင်ရတနာ နှစ်မျိုးအနက် တစ်မျိုးမှာ အချွန်သုံးခုပါသည့် ခက်ရင်းခွကြီး ဖြစ်သည်။ ၎င်းလက်နက်၏ ကိုယ်ထည်တစ်ခုလုံးသည် မဟူရာရောင် မဲမှောင်နေခဲ့သည်။ လျို့ဝှက်ဆန်းကြယ်သော သကေႅတများကိုလည်း ထိုးထွင်း ထားခဲ့သေးသည်။ ၎င်းလက်နက်ကြီးသည် သာမန်လူတစ်ယောက်၏ အရပ်ထက်တောင် ပို၍ မြင့်မားနေခဲ့သည်။ ထိုအရာသည် နှစ်မီတာခန့် မြင့်မားပါ၏။ ယွဲ့ယင်းလို ပြိုင်ဘက်ကင်း အလှလေးတစ်ယောက်က ဤလောက်ကြီးမားသော လက်နက်ကြီးကို ကိုင်ဆောင်၍ တိုက်ခိုက်လျှင် အဘယ်သို့ ဖြစ်မည်ကို ဝမ်ဖုန်းက တွေးတောမိလိုက်သည်။

အခြားလက်နက် တစ်ခုကတော့ သာမန်ဆန် နေခဲ့သည်။ ယင်းမှာ မိုးပြာရောင် ဓားတစ်လက် ဖြစ်သည်။ ဓား၏ ကိုယ်ထည်ပေါ်တွင် အပြာရောင် သကေႅတများကို ရေးထွင်း ထားခဲ့သည်။ ဓား၏ မျက်နှာပြင် နှစ်ဖက်စလုံးသည် အေးစက်သော အလင်းတန်းများကို ထုတ်ဖော်လျက် ရှိသည်။ အဝေးတစ်နေရာမှတင် ထက်မြသော အရှိန်အဝါကို အာရုံခံ၍ ရလိုက်သည်။

" ဘုန်း! "

ယွဲ့ယင်းက လက်ကိုဆန့်တန်း၍ ဖမ်းဆုပ်လိုက်သည့်အခါ မှော်ရတနာ နှစ်ခုသည် အလင်းတန်းများအဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့ကာ ယွဲ့ယင်းထံသို့ မျက်တောင်တခပ်အတွင်း၌ ရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် ယွဲ့ယင်း၏ လက်မောင်းနှစ်ဖက် အတွင်းသို့ တိုးဝင်သွားခဲ့သည်။ မျက်တောင်တခတ်အတွင်း၌ ယွဲ့ယင်း၏ လက်မောင်းများပေါ်တွင် သုံးခွမှိန်း ပုံသဏ္ဍာန် ပုံရိပ်ယောင်တစ်ခုနှင့် ဓားရှည် ပုံသဏ္ဍာန် သကေႅတတစ်ခု ထွက်ပေါ်လာခဲ့သည်။

မှော်ရတနာနှစ်ခု ပျောက်ကွယ်သွားပြီးနောက် ထိတ်လန့်ဖွယ် ကောင်းသော အရှိန်အဝါကြီးသည်လည်း ပျောက်ကွယ် သွားခဲ့သည်။ ရွှမ်းယွမ်နှင့် ကွေ့ဝူတို့သည် သက်ပြင်းချ လိုက်မိသည်။ သူတို့၏ ခန္ဓာကိုယ်သည် ချွေးအေးများဖြင့် စိုရွှဲလျက် ရှိသည်။ မြင့်မြတ်သော ရတနာပစ္စည်း၏ လွှမ်းမိုးမှုအောက်တွင် သူတို့၏ အသက်များသည် သူတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိခဲ့တော့သည့် ပုံပေါ်သည်။ ၎င်းရတနာပစ္စည်း နှစ်မျိုးသည် သူတို့၏ အသက်ကို အချိန်မရွေး ရန်ရှာနိုင်သည် ဖြစ်ရာ အင်မတန် ကြောက်ရွံ့တုန်လှုပ် ခဲ့ရသည်။

" နတ်ဆိုးဘိုးဘေးနှစ်ပါး ရရှိခဲ့တဲ့ ကောင်းကင်ကိုယ်စားလှယ်ရဲ့ ရတနာပစ္စည်းကရော ဘယ်မှာလဲ? "

ဝမ်ဖုန်းသည် မျက်ဝန်းကို မှေးကျဥ်းလျက် ယွဲ့ယင်းကို စိုက်ကြည့်ကာ မေးမြန်းခဲ့သည်။

ဤမှော်ဝင်ရတနာ နှစ်မျိုးသည် အင်မတန် အစွမ်းထက်သော်လည်း သူနှင့် ကိုက်ညီခြင်း မရှိပါ။ ဒါ့အပြင် ကောင်းကင်ကိုယ်စားလှယ်၏ ရတနာပစ္စည်းအကြောင်း ကြားသိရသည့်အခါ ဤလက်နက်များသည် ဝမ်ဖုန်း၏ စိတ်ကို မလှုပ်ရှားစေနိုင်တော့ပါ။ ၎င်းမှော်ရတနာ နှစ်ခုကို ယွဲ့ယင်း၏ လက်အတွင်း ထားသွင်းခြင်းက ပို၍ ကောင်းပေလိမ့်မည်။ ဤနည်းအားဖြင့် ယွဲ့ယင်းသည် မြင့်မားသော စွမ်းအင်တို့ကို ထုတ်ဖော်နိုင်လိမ့်မည်။ လက်ရှိတွင် ယွဲ့ယင်းသည် ရှန်ရှန်ကျုံ့ဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။ ယွဲ့ယင်း၏ ခွန်အားသည် ရှန်ရှန်ကျုံ့ဂိုဏ်း၏ ခွန်အားကိုလည်း ကိုယ်စားပြုသည်။

ယွဲ့ယင်း၏ လက်ရှိ ခွန်အားနှင့် မြင့်မြတ်သော မှော်လက်နက် နှစ်ခုကို ပေါင်းစည်းလိုက်သည့်အခါ သေမျိုးဧကရာဇ်များကိုတောင် ရင်ဆိုင်ရန် လုံလောက်ပါလိမ့်မည်။ သူကိုယ်တိုင်ကတောင် မှော်လက်နက်နှစ်ခု ပိုင်ဆိုင်ထားသော ယွဲ့ယင်းကို အနိုင်တိုက်ခိုက်နိုင်ပါ့မလား ဆိုတာ မသေချာတော့ပါ။

ဝမ်ဖုန်း၏ မေးခွန်းကို ကြားသိရသည့်အခါ ယွဲ့ယင်းသည် မျက်ဝန်းများကို ပိတ်လျက် သူမ အသစ်ရရှိထားသော မှတ်ဉာဏ်များကို စီစစ်လိုက်သည်။ ယင်းနောက် မျက်ဝန်းကို တစ်ဖန်ပြန်၍ ဖွင့်ခဲ့ကာ နတ်ကွန်းကို အလင်းတန်းများ တောက်ပနေသော မျက်ဝန်းဖြင့် စူးစိုက်ကြည့်ခဲ့သည်။

" ဘုန်း! "

ရုတ်တရက် ဆိုသလို ယွဲ့ယင်း၏ ခန္ဓာကိုယ်ထံမှ အစွမ်းထက်သော နတ်ဆိုးစွမ်းအားသည် ပေါက်ကွဲ ထွက်ပေါ်လာခဲ့ကာ အရပ်လေးမျက်နှာသို့ မုန်တိုင်းတစ်ခုအလား တိုက်ခတ်သွားခဲ့သည်။ မနီးမဝေးတွင် ရှိနေသော ရွှမ်းယွမ်နှင့် ကွေ့ဝူတို့သည် တုန်လှုပ်ခြောက်ခြား သွားခဲ့သည်။ ဤအခိုက်အတန့်တွင် သူတို့အားလုံးသည် ယွဲ့ယင်းသည် ပြိုင်ဘက်ကင်း အလှမယ်လေးတစ်ယောက် ဖြစ်နေရုံသာမက အစွမ်းထက်သော စွမ်းအားရှင်တစ်ယောက် ဖြစ်နေကြောင်းကိုပါ သတိပြုမိခဲ့ကြသည်။

ကောင်းကင်ဘုံ နတ်ဆိုးစွမ်းအင်များသည် ကျယ်ပြောနက်ရှိုင်းစွာဖြင့် သူမ၏ ကိုယ်ခန္ဓာအတွင်းမှ ပျံ့လွှင့် ထွက်ပေါ်လျက် ရှိသည်။ သူမဟာ လက်ကို မြှောက်ပင့်လိုက်သည့်အခါ ရှုပ်ထွေးဆန်းကြယ်သော မှော်ဝင်သကေႅတများသည် သူမ၏ လက်ကို ရစ်ပတ် တွယ်နှောင်လိုက်သည်။ ယင်းနောက် သူမက စတင်လှုပ်ရှားလိုက်သည်။

" ဘုန်း! "

နတ်ဆိုးစွမ်းအားများ၏ စည်းချက်ကျကျ လှုပ်ရှားမှုနှင့်အတူ ယွဲ့ယင်း အရှေ့ဘက်ရှိ လေဟာပြင်သည် စတင်၍ ပုံပျက် ယိုယွင်းလာခဲ့သည်။ များမကြာမီတွင် လေဟာပြင်အတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော သကေႅတများ ထွက်ပေါ်လာခဲ့သည်။

မျက်တောင်တခပ်အတွင်း၌ ယွဲ့ယင်း၏ အရှေ့ဘက်တွင် ဆန်းကြယ်သော သကေႅတများဖြင့် ပြည့်နှက်သွားခဲ့သည်။

၎င်းသကေႅတများသည် လျှို့ဝှက် ဆန်းကြယ်လွန်းတာကြောင့် ဝမ်ဖုန်းကတောင် အံ့သြတုန်လှုပ် သွားခဲ့သည်။

ဝမ်ဖုန်းက သေချာစွာ စူးစမ်းလေ့လာမှာကိုတောင် မစောင့်တော့ဘဲ ၎င်းသကေႅတများသည် လေပြင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ အရှေ့တွင် ရှိနေသော ဧရာမနတ်ကွန်းထံသို့ ပြေးဝင်သွားခဲ့သည်။ မျက်တောင်တခပ်အတွင်း၌ လေပြင်းလေပွေကဲ့သို့ သကေႅတအစုအဖွဲ့သည် ကြီးမားသော နတ်ကွန်းပေါ်သို့ သက်ဆင်းသွားခဲ့သည်။

တောက်ပသော အလင်းတန်းသည် သကေႅတများထံမှ ပေါက်ကွဲ ထွက်ပေါ်လာပြီးလျှင် နတ်ကွန်းတစ်ခုလုံးကို ထွန်းလင်းတောက်ပ စေခဲ့သည်။

" ဘုန်း! "

၎င်းရောင်စဉ်ရောင်ဝါကြီး ထွက်ပေါ်လာသည့်အခါ နတ်ကွန်းကြီး တစ်ခုလုံးသည် အပြင်းအထန် ခါရမ်းသွားခဲ့သည်။ ယင်းနောက် နတ်ကွန်းထံမှလည်း တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းက အသေအချာ စူးစိုက်ကြည့်လိုက်သည့်အခါ နတ်ကွန်းပေါ်တွင် ကြီးမားသော အစီအရင်ကြီးတစ်ခုကို ရှာတွေ့သွားခဲ့သည်။

၎င်းအစီအရင်ကြီးပေါ်တွင် တလက်လက် တောက်ပနေသော အလင်းစက်ကလေးများ ရှိနေခဲ့သည်။ ၎င်းအလင်းစက်လုံးလေးများသည် အစီအရင်ကို တောက်ပစေခြင်း ဖြစ်သည်။ အသေအချာကြည့်ရှုပါက အလင်းစက်ကလေးများသည် အမှန်စင်စစ်အားဖြင့် အပေါက်ငယ်ကလေးများဖြစ်ကြောင်း တွေ့မြင်ရမည် ဖြစ်၏။

မှော်ဝင်သကေႅတများကတော့ သော့များပုံသဏ္ဍာန် ရှိနေခဲ့သည်။ ဝမ်ဖုန်းက ထိတ်လန့်သွားခဲ့သည်။ ကောင်းကင်ကိုယ်စားလှယ်ရဲ့ ရတနာကို ဒီနတ်ကွန်းကြီးထဲမှာ ချိတ်ပိတ်ထားတာ ဖြစ်နိုင်လောက်လား?

ရတနာပစ္စည်းလေး တစ်ခုကိုတောင် နတ်ဆိုးဘိုးဘေးတွေက ချိတ်စည်း အသုံးပြုပြီး ပိတ်လှာင်ထားခဲ့ရတာလား?

ဤသို့ တွေးမိလိုက်သည့်အခါ ဝမ်ဖုန်းက မဖြစ်နိုင်ဘူး ဟု ခံစားခဲ့ရသည်။ ကိုယ်စားလှယ်၏ ရတနာပစ္စည်းကသာ အမှန်တကယ် ကြောက်လန့်ဖွယ်ကောင်းလျှင် နတ်ဆိုးဘိုးဘေး နှစ်ယောက်က ကောင်းကင်ကိုယ်စားလှယ်ကို သတ်ဖြတ်နိုင်ခဲ့တော့မှာတောင် မဟုတ်ပါ။

ကောင်းကင်ကိုယ်စားလှယ်၏ ရတနာပစ္စည်းကို အခြားသူများက ရှာတွေ့သွားပြီး၊ ၎င်းရတနာပစ္စည်းက လောကကို ဘေးဒုက္ခဖြစ်စေမည်ကို စိုးရိမ်သောကြောင့်သာ သူတို့က ချိတ်ပိတ်ခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။

" ဘုန်း! "

ဝမ်ဖုန်းက တုန်လှုပ်နေသည့်အချိန်တွင် အဆုံးအဆမဲ့သော မှော်ဝင်သကေႅတများသည် နတ်ကွန်းပေါ်၌ ရုတ်တရက် ခါရမ်းသွားခဲ့သည်။ ယင်းနောက် မြန်ဆန်သော အရှိန်တို့ဖြင့် ၎င်းသကေႅတများသည် အစီအရင်ပေါ်၌ ရှိနေသော အပေါက်ကလေးများထဲသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်သွားခဲ့သည်။

" ဘုန်း! "

နတ်ကွန်းတစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွားခဲ့ကာ တောက်ပသော အလင်းတန်းကို ဖော်ထုတ်ခဲ့သည်။ ဝမ်ဖုန်းနှင့် အခြားသူများသည် မျက်ဝန်းများကို ဖိပိတ်လိုက်ရသည်။

သူတို့ မျက်ဝန်းများကို ပြန်ဖွင့်ခဲ့သည့်အခါ နတ်ကွန်းကြီးတစ်ခုလုံးသည် ထက်ပိုင်းပြတ်သွားခဲ့ကြောင်း ရှာတွေ့သွားခဲ့သည်။ အလယ်ဗဟိုတွင် ရိုးရှင်းသော သေတ္တာငယ်လေးတစ်ခုကို မရေမတွက်နိုင်သော သကေႅတများက ချိန်းကြိုးသဖွယ် ရစ်ပတ်ထားခဲ့သည်။

ယွဲ့ယင်း၏ ခန္ဓာကိုယ်လေးသည် လှုပ်ရှားသွားခဲ့ကာ သေတ္တာငယ်ကလေးထံသို့ လမ်းလျှောက်သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး၌ နတ်ဆိုးစွမ်းအင်များ ပြည့်နှက်လျက် ရှိသည်။ သူမသည် သကေႅတများအကြား၌ ဘေးကင်းလုံခြုံစွာ လမ်းလျှောက်သွားလျက် သေတ္တာကလေး၏ ရှေ့သို့ ရောက်ရှိ သွားခဲ့သည်။

သူမသည် လက်နှစ်ဖက်ကို သန်မာသော နတ်ဆိုးစွမ်းအင်တို့ဖြင့် ရစ်ပတ်လိုက်ပြီးလျှင် သေတ္တာကလေးကို ရစ်ပတ်ထားသော ချိန်းကြိုးသကေႅတကြီးကို တစ်စစီ ဆုတ်ဖြဲပစ်ခဲ့ကာ သေတ္တာလေးကို ကောက်ယူ၍ ဝမ်းဖုန်းတို့ထံ ပြန်၍ လျှောက်လှမ်းလာခဲ့သည်။

သူမက သေတ္တာကလေးကို ကောက်ယူပြီးလိုက်သည့် အချိန်တွင် သူမ၏ ပတ်လည်တွင် ဝဲလွှင့်နေသော အဆုံးဆမဲ့သည့် သကေႅတများကလည်း ပျောက်ကွယ်သွားခဲ့သည်။ ဘယ်အရာမှ မဖြစ်ပျက်ခဲ့ဖူးသည့်ပုံ ပေါ်နေသည်။

ဝမ်ဖုန်းသည် မျက်မှောင်ဖွဖွ ကျုံ့လိုက်ကာ ယွဲ့ယင်း၏ လက်အတွင်း ရှိနေသော ထူးဆန်းသည် သေတ္တာကလေးကို စူးစမ်းကြည့်နေခဲ့သည်။ သူ၏ မျက်ဝန်းများသည် တောက်ပလာလျက် ဖောက်ထွင်းကြည့်ရှုရန် ကြိုးစားခဲ့သည်။ သို့သော်လည်း သေတ္တာအတွင်း၌ ထူးဆန်းသော စွမ်းအင်တစ်ခု ရှိနေခဲ့ကာ သူ၏ အသိစိတ်ကို တားဆီးထားခဲ့သည်။...

All Chapters