ပဥ္စမမြောက်ဓမ္မ ရုပ်ခန္ဓာ။
Vol. 54 Ch. 756
မြင်ကွင်းကိုမြင်လိုက်ရသည့်အခါ ယွဲ့ယင်းတို့အားလုံးသည် ဝမ်ဖုန်း၏အစီအစဥ်ကို သိရှိသွားခဲ့ကြသည်။ သူတို့၏မျက်ဝန်းများက ရုတ်တရက် လှုပ်ရှားပြူးကျယ်လာကြသည်။ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သောအကြည့်တစ်ခု ရှိနေခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် ကျောက်ရုပ်ထုကြီးကဲ့သို့ တည်နေရာ၌ ရပ်တန့်သွားခဲ့ကြသည်။
သူတို့က ကုချိုး၏ကျင့်ကြံမှုကို ထွင်းဖောက်မြင်နိုင်ခဲ့ကြသည်။ ထိုလူဟာ ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်တွင်သာ ရှိနေသေးသည်။ သူတို့အားလုံးသည် ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြသည်။ ဝမ်ဖုန်းက စနောက်နေသလားဆိုတာကိုတောင် သိရှိလိုလာကြသည်။
ဒါက ဆိုးယုတ်မှု(8)ပါးထဲက တစ်ခုလေ။
ဒါ့အပြင် ၎င်းရတနာပစ္စည်းသည် အဆင့်အမြင့်ဆုံး မြင့်မြတ်ပစ္စည်းဖြစ်သည်။ လောင်ထျန်းဧကရာဇ်အထွတ်အထိပ်ကိုရောက်ရှိနေသော ယွဲ့ယင်းကတောင်မှ ၎င်းပစ္စည်းကို မထိန်းချုပ်နိုင်ခဲ့ပါ။ ဝမ်ဖုန်းကဲ့သို့ လျို့ဝှက်ဆန်းကြယ်သောတည်ရှိမှုကြီးဆိုလျှင် သူတို့ အနည်းငယ် ယုံကြည်ပေးနိုင်ပါသေးသည်။
ဒါပေမဲ့ ဝမ်ဖုန်းက ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်သာရှိတဲ့ တပည့်တစ်ယောက်ကို ထိန်းချုပ်ခိုင်းလိုက်တာလား။ ဒါက ဟာသလုပ်နေတာလား။
" ရပ်ကြ ! "
တခဏကြာအောင်တွေဝေနေပြီးနောက် ယွဲ့ယင်းသည် ဝမ်ဖုန်းကိုဖျောင်းဖျရန် ပါးစပ်ဟလာခဲ့သော်လည်း ဝမ်ဖုန်းက နက်ရှိုင်းသောအကြည့်တစ်ချက်ပေး၍ အော်ဟစ်တားဆီးလိုက်သည်။ သူမဟာ ပြောချင်သမျှစကားလုံးများအားလုံးကို မြိုချခဲ့ရသည်။
တစ်ဖက်တွင်ရှိနေသော ကွေ့ဝူနဲ့ရွှမ်းယွမ်တို့ကလည်း ဝမ်ဖုန်းကို ဖျောင်းဖျ၍မရနိုင်တော့ကြောင်း သိရှိခဲ့ရသည်။ သူတို့ဟာ တိတ်ဆိတ်သွားကြသည်။ သို့သော်လည်း မျက်နှာပေါ်တွင် စိုးရိမ်ပူပင်နေသောအကြည့်များ ရှိနေခဲ့ကြကာ ကုချိုးကို လူသေတစ်ယောက်လိုမျိုး စိုက်ကြည့်နေခဲ့ကြသေးသည်။
ရွှမ်းယွမ်က ဝမ်ဖုန်းနှင့်ရှန်ရှန်ကျုံဂိုဏ်းကိုယုံကြည်သော်လည်း ဤအဖြစ်အပျက်ကိုတော့ လက်မခံနိုင်သေးပါ။
ဧကရာဇ်ဘိုးဘေးအဆင့်ကျင့်ကြံမှုနဲ့ ဆိုးယုတ်မှု(8)ပါးထဲက တစ်ပါးကို ထိန်းချုပ်ချင်နေတာလား။ ဒီသတင်းသာပျံ့လွင့်သွားခဲ့လျှင် လူအများ၏လှောင်ပြောင်ခြင်းကို ခံရပေလိမ့်မည်။
ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကဲ့သို့ ဆိုးယုတ်သောအရာမျိုးကို မပြောဘဲ သာမန်မှော်ရတနာတစ်ခုနဲ့အစားထိုးခဲ့လျှင်တောင် ဧကရာဇ်ဘိုးဘေးအဆင့်သည် လုံလောက်သောကျင့်ကြံမှု မရှိပါ။
သို့သော်လည်း သူတို့သည် ဝမ်ဖုန်း၏ဆုံးဖြတ်ချက်ကို မယိမ်းယိုင်နိုင်သည်ဖြစ်ရာ ကူကယ်ရာမဲ့စွာ စိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ယွဲ့ယင်း၏လှပသောမျက်ဝန်းများသည် တဖြည်းဖြည်းချင်း မှေးကျဥ်းသွားခဲ့သည်။ သူမသည် ကုချိုး၏ဝမ်းနည်းစရာအဆုံးသတ်ကို ကြိုတင်မှန်းဆမိခဲ့သည်။
" ဘုန်း ! "
ကုချိုးကတော့ ယွဲ့ယင်းနဲ့ကျန်သူများ တွေးတောနေသည့်အရာကို မသိရှိထားခဲ့ပါ။ ဤအချိန်တွင် လုယက်ခြင်း၏လမ်းစဥ်များကို ရွေ့လျားစေလျက် ခေါင်းလောင်းကိုထိန်းချုပ်ရန် အကောင်းဆုံးကြိုးစားနေခဲ့သည်။ သူ၏ရွေ့လျားမှုအောက်တွင် ခမ်းနားကြီးကျယ်သောအရှိန်အဝါသည် မုန်တိုင်းကဲ့သို့ထွက်ပေါ်လျက် ရိုက်ခတ်သွားခဲ့သည်။
ယွဲ့ယင်းပင်ဖြစ်စေ၊ ရွှမ်းယွမ်ပင်ဖြစ်စေ၊ ကွေ့ဝူပင်ဖြစ်စေ အားလုံးသည် ဤအရှိန်အဝါကို ခံစားခဲ့ရသည်။ သူတို့အားလုံး၏ဦးခေါင်းများသည် ဝမ်းနည်းမှုဖြင့် ခါယမ်းလိုက်မိကြသည်။ ၎င်းအရှိန်အဝါမှတဆင့် ကုချိုးသည် ပြိုင်ဖက်ကင်းသောပါရမီစွမ်းအင်ပိုင်ရှင်ဖြစ်ကြောင်း သိရှိနိုင်သည်။ ထိုသူ၏ကျင့်ကြံမှုက ဧကရာဇ်ဘိုးဘေးအဆင့်တွင်သာရှိနေသေးသော်လည်း အရှိန်အဝါသည် ကောင်းကင်ဘုံဧကရာဇ်အဆင့်ကျင့်ကြံသူများကို ရင်ဆိုင်နိုင်သည်။
ထိုကဲ့သို့ပါရမီရှင်မျိုးသည် ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကို ထိန်းချုပ်နေခဲ့သည်။ ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပဲ။
ဝမ်ဖုန်း၏အစွမ်းထက်သော စွမ်းဆောင်ရည်နှင့် သူမ၏စိတ်ဝိညာဥ်က ဝမ်ဖုန်း၏လက်အတွင်းရှိနေခဲ့၍ မဟုတ်လျှင် ၊ယွဲ့ယင်းသည် ဤလုပ်ရပ်ကို တားဆီးချင်နေခဲ့သည်။နတ်ဆိုးဘိုးဘေးနှစ်ပါး၏အမွေခံကို ရရှိထားသည်ဖြစ်ရာ ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်း၏ ခြောက်ချားဖွယ် ကောင်းပုံကို သူမက အားလုံးထက်ပို၍ နားလည်ထားခဲ့သည်။
၎င်းခေါင်းလောင်းကိုထိန်းချုပ်ရန်ကျရှုံးသွားသည်နဲ့တပြိုင်နက် ခေါင်းလောင်းဟာ ထွက်ပြေးလွှတ်မြောက်သွားပြီး ကမ္ဘာလောကကို ကပ်ဘေးဒုက္ခများ ဖြစ်စေလိမ့်မည်။
သို့သော်လည်း ဝမ်ဖုန်း၏လျို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော ခွန်အားကြောင့် သူမသည် မလှုပ်သာ မလှဲ့သာ ဖြစ်နေခဲ့သည်။ အဘယ်မျှလောက် စိုးရိမ်ထိတ်လန့်နေပါစေ၊ ဝမ်ဖုန်း၏ဆုံးဖြတ်ချက်ကို မနာခံဘဲ မနေရဲခဲ့ပါ။
" ဘုန်း ! "
ဤအချိန်တွင် ကုချိုးက အရှိန်အဝါကိုထုတ်လိုက်သည့်အခါ လျို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးသောသင်္ကေတများသည် ကုချိုးထံမှ ထွက်ပေါ်လာခဲ့သည်။ အနက်ရောင်သင်္ကေတများသည် ကုချိုး၏ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာပြီးလျှင် မျက်တောင်တစ်ခတ်အတွင်း၌ ကုချိုး၏တစ်ကိုယ်လုံးသို့ ပျံ့လွင့်သွားခဲ့သည်။
လျို့ဝှက်ဆန်းကြယ်သောသင်္ကေတများက ကုချိုး၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးကွယ်လာသည်ကိုတွေ့မြင်ခဲ့ရသည့်အခါ ယွဲ့ယင်းနဲ့အခြားသူများအားလုံး ခဲတောင့်သွားခဲ့ကြသည်။ သူတို့က မျက်ဝန်းများကိုမှေးကျဥ်းလျက် ကုချိုးကို စိုက်ကြည့်နေခဲ့သည်။ ဤအခိုက်အတန့်တွင် ကုချိုးက ပုံမှန်မဟုတ်ကြောင်း ခံစားနေရသည်။
အထူးအားဖြင့် လောင်ထျန်းဧကရာဇ်အထွတ်အထိပ်ကိုရောက်ရှိနေသော ယွဲ့ယင်းသည် ပို၍ရှင်းလင်းစွာ ခံစားမိခဲ့သည်။ ကုချိုးထံမှ ထွက်ပေါ်လာနေသော မီးခိုးရောင်သင်္ကေတများကို သူမကတောင် ထွင်းဖောက်၍ မမြင်နိုင်ခဲ့ပါ။ ၎င်းလျို့ဝှက်ဆန်းကြယ်သောလေထုတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏နက်ရှိုင်းသော နိယာမတို့ ပါဝင်နေခဲ့သည်။ အတော်ကလေးကြာသည့်အခါ သူမက မူးဝေမှုကို ခံစားခဲ့ရသည်။
ဒါဖြစ်နိုင်လို့လား?
ယွဲ့ယင်း၏နှလုံးသားသည် အဆုံးစွန်ထိတိုင် တုန်လှုပ်သွားခဲ့သည်။ သူမသည် လောင်ထျန်းဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်ဖြစ်သော်လည်း ကုချိုးကိုတော့ ထွင်းဖောက်မမြင်နိုင်ခဲ့ပါ။ သူတို့ရဲ့ကြားမှာ အဆင့်ပေါင်းများစွာ ကွာခြားနေခဲ့တာလေ။
ဧကရာဇ်ဘိုးဘေးအဆင့်မှ ထုတ်လွှတ်လိုက်သော သင်္ကေတစွမ်းအင်များသည် သူမ၏အမူအရာကို ဖြူဖျော့စေခဲ့သည်။ ဤသည်မှာ ပုံပြင်ဆန်လှပြီး ယုံကြည်ဖွယ်မကောင်းခဲ့ပါ။
" ဘုန်း ! "
ကုချိုး၏ထိန်းချုပ်မှုအောက်တွင် ၎င်းလုယက်ခြင်းရဲ့သင်္ကေတများသည် ဆက်လက်ထွက်ပေါ်လျက်ရှိကာ အကောင်အထည်ဖြစ်သွားလျက် အနက်ရောင်ချိန်းကြိုးကြီးများကို ပုံဖော်နေခဲ့သည်။ ၎င်းအနက်ရောင်ချိန်းကြိုးများသည် နဂါးတစ်ကောင်ကဲ့သို့ ကုချိုးထံမှ ဝဲလွင့်ထွက်ပေါ်သွားခဲ့သည်။
" ဘုန်း ! "
ကုချိုး၏လက်သည် တုန်ခါသွားခဲ့သည်။ မီးခိုးရောက်ချိန်းကြိုးများသည် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီးလျှင် ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းရှိရာသို့ ရောက်ရှိသွားခဲ့ကာ နဂါးတစ်ကောင်ပါးစပ်ဖြဲလိုက်သလိုမျိုး ဝါးမြိုခဲ့၏။
" ဘုန်း ! "
နတ်ဆိုးခေါင်းလောင်းသည် အကြပ်အတည်းကိုခံစားမိခဲ့ကာ ရုတ်တရက်တုန်ခါလာခဲ့သည်။ ၎င်းထံမှ နားကြည်းမုန်းတီးမှုတို့၏ အရှိန်အဝါမျသည် ပျံ့လွင့်ထွက်ပေါ်လျက် ရှိသည်။ စနစ်၏ အရံအတားကြောင့်မဟုတ်ခဲ့လျှင် ၎င်းအရှိန်အဝါများသက်သက်ကတောင် ယွဲ့ယင်းနဲ့အခြားသူများကို နာကြင်ထိခိုက်စေနိုင်သည်။
ယွဲ့ယင်းတို့၏တုန်လှုပ်နေသောအကြည့်များအောက်တွင် မီးခိုးရောင်ချိန်းကြိုးများသည် အနက်ရောင်အမျက်ဒေါသ အရှိန်အဝါများနဲ့ ပွတ်တိုက်သွားခဲ့သည်။ သူတို့ကို ထိတ်လန့်စေခဲ့သည်က အရာရာကိုဖျက်စီးနိုင်သော နာကျည်းမုန်းတီးမှုအရှိန်အဝါများသည် အနက်ရောင်ချိန်းကြိုးများနဲ့ ထိတွေ့မိခဲ့သည့်အခါ သဘာဝရန်သူတစ်ယောက်ကို တွေ့မိလိုက်ရသကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
အစက ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းသည် ခြောက်ချားဖွယ်ကောင်းသော နာကျည်းမှုအမျက်ဒေါသလှိုင်းလုံးကြီးကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း ချိန်းကြိုးများ၏သက်ရောက်မှုအောက်တွင် ၎င်းနာကျည်းမုန်းတီးမှုများသည် တဖြည်းဖြည်း ပျယ်လွှင့်ပျောက်ကွယ်သွားခဲ့သည်မှာ ဘယ်တုန်းကမှ ထွက်ပေါ်မလာခဲ့ဖူးဘူးဟုတောင် ထင်ရသည်။
ကုချိုး၏မျက်ဝန်းများသည် မှေးကျဥ်းသွားခဲ့သည်။ သူဟာ လက်သင်္ကေတများကိုရွေ့လျားလိုက်ပြီး ကိုယ်တွင်းရှိစွမ်းအင်များကို အဆက်မပြတ် ထုတ်ဖော်ခဲ့သည်။ ချိန်းကြိုးများသည် ဆတိုးတိုးပွားလာခဲ့သည်။ ကုချိုး၏ထိန်းချုပ်မှုအောက်တွင် ၎င်းချိန်းကြိုးများသည် ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းတစ်ခုလုံးကို ဖုံးအုပ်လိုက်ကာ ချိန်းကြိုးများထံမှ လျို့ဝှက်နက်ရှိုင်းသော လုယက်ခြင်းလမ်းစဥ်၏အရှိန်အဝါများသည် နတ်ဆိုးခေါင်းလောင်းအတွင်း စီးဆင်းဝင်ရောက်သွားခဲ့သည်။ ခေါင်းလောင်းတစ်ခုလုံးသည် အဆက်မပြတ် တုန်ခါသွားခဲ့ကာ နာကျည်းမုန်းတီးမှုအရှိန်အဝါတို့ကို ပေါက်ကွဲထုတ်ဖော်နေခဲ့သည်။ ၎င်းသည် ချိန်းကြိုးများထံမှ လွတ်မြောက်အောင် ရုန်းကန်နေခဲ့သည်။ သို့သော်လည်း လုယက်ခြင်းလမ်းစဥ်၏အောက်တွင် ၎င်းရုန်းကန်မှုသည် အသုံးမဝင် ဖြစ်ခဲ့ရသည်။
တစ်စုံတစ်ယောက်က အပြင်ဖက်မှ စိုက်ကြည့်နေလျှင် နတ်ဆိုးခေါင်းလောင်းထံမှ အဆုံးအစမဲ့သော အနက်ရောင်အခိုးအငွေ့များထွက်ပေါ်နေသည်ကို တွေ့ရလိမ့်မည်။ သို့သော်လည်း ချိန်းကြိုးများကတော့ အဖြူရောင်တဝင်းဝင်းတောက်ပနေခဲ့ကာ မြူခိုးထုကြီးကို ပုန်ကန်နေခဲ့သည်။
" လုယက်ခြင်းလား "
" ဒီလောကကြီးထဲမှာ ကပ်ဘေးတာအိုနည်းလမ်းကို လေ့ကျင့်နိုင်တဲ့လူတစ်ယောက် ရှိနေလိမ့်ဦးမယ်လို့ ထင်မထားခဲ့ဘူး။ "
" ကောင်းပြီ။ အဲ့ဒီပုဂ္ဂိုလ်က ဒီနတ်ဆိုးနတ်ဘုရားရဲ့ ပဥ္ဓမမြောက်ဓမ္မရုပ်ခန္ဓာဖြစ်ဖို့အတွက် လုံလောက်တယ်။ "
ခက်ထန်ကြမ်းတမ်းသောအသံကြီးသည် နာကျည်းမုန်တီးမှု အရှိန်အဝါများဖော်ထုတ်နေသော မြူခိုးထုအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
၎င်းအသံကြီးထွက်ပေါ်လာသည့်အခါ ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းအတွင်းရှိ နာကျည်းမှုအရှိန်အဝါများသည် ခုခံနေခြင်းကိုရပ်တန့်ခဲ့ကာ အမိန့်ပေးခံခဲ့ရသည့်အလား လုယက်ခြင်းလမ်းစဥ်၏စွမ်းအားများကို အတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။
ကုချိုးသည် ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကို အပြည့်အဝထိန်းချုပ်ခွင့်ရရန် အချိန်မကြာမြင့်ခဲ့ပါ။ သူ၏ထိန်းချုပ်နိုင်မှုခွန်အားသည် ဝမ်ဖုန်းမျှော်လင့်ထားသည်ထက်တောင် ကျော်လွန်နေခဲ့သည်။ နတ်ဆိုးခေါင်းလောင်းကိုထိန်းချုပ်နိုင်ခဲ့သော ကုချိုးသည် ခေါင်းလောင်းထံမှ အချက်အလက်အသစ်များကို သင်ကြားရရှိခဲ့သည်။သူ၏မျက်နှာပေါ်တွင် အံ့သြမှုတစ်စုံတစ်ရာဖြစ်ပေါ်လာခဲ့ကာ ကိုယ်ခန္ဓာသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားခဲ့သည်။