သေခြင်း၏ အလင်းစက်လုံး။
Vol. 54 Ch. 760
ဖိုမင်၏ သတ်ဖြတ်လိုသောအသံကြီး ထွက်ပေါ်လာသည့်အခါ ဖုန်းရိနှင့်တခြားသူများ၏ မျက်ဝန်းသူငယ်အိမ်များမှာ တုန်လှုပ်သွားခဲ့သည်။ သူတို့၏မျက်နှာပေါ်တွင်တည်ကြည်လေးနက်နေသော အကြည့်တစ်ခုရှိနေခဲ့သည်။ ဖိုမင်က သူ့တို့ကိုဘာကြောင့် ရုတ်တရက်တိုက်ခိုက်ချင်လာသလဲဆိုတာ သူတို့ မသိကြ။
ထိုသူများအားလုံးဟာ လှည့်လည်သွားလာနေကြသော လူငယ်ပါရမီရှင်များဖြစ်ကြသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းဟာ ဧကရာဇ်ဘိုးဘေးအဆင့်သို့ ရောက်ရှိနေကြသည်။ ဖုန်းရီလိုမျိုးပါရမီရှင်ကတော့ ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်သို့ရောက်ရှိနေသည်။ ကောင်းကင်ဘုံဧကရာဇ်အဆင့်သို့ရောက်ရှိရန် ခြေလှမ်းတစ်ဝက်သာ လိုအပ်ပါတော့သည်။ တိုက်ပွဲဝင်စွမ်းအားကလည်း အင်မတန်အစွမ်းထက်၏။
နတ်ဆိုးဗုဒ္ဓကျောင်းတော်တွင်လည်း ပါရမီရှင်များရှိသော်ငြားလည်း သူတို့၏ကျင့်ကြံမှုက ဖုန်းရီတို့အုပ်စုထက်ပို၍နိမ့်ပါးသည်။ ဖိုမင်၏ဘေးနားတွင် ဧကရာဇ်ဘိုးဘေးအထွတ်အထိပ် ကျင့်ကြံသူနှစ်ယောက်သာရှိသည်။ ဖိုမင်က ဘာကြောင့်သူတို့ကို ရုတ်တရက်တိုက်ခိုက်ရဲလာရတာလဲ။
ဖိုမင်တို့၏ အလစ်အငိုက်တိုက်ခိုက်ခြင်းကြောင့်သာ မဟုတ်လျှင် သူတို့ကလည်း ဒဏ်ရာရသွားမှာ မဟုတ်ပါ။
"ဒါလေးကြောင့်နဲ့ မင်းက ငါတို့ကိုသတ်ချင်နေတာလား။ ရယ်စရာ ကောင်းလိုက်တာ"
လူငယ်ပါရမီရှင်တစ်ယောက်က လှောင်ပြောင်ပြောဆိုလိုက်သည်။ သူက ဖိုမင်ကို အထင်အမြင်သေးစွာ စိုက်ကြည့်နေခဲ့သည်။
"အမှန်ပဲ။ သာမန်အခြေအနေတွေအောက်မှာဆိုရင်တော့ မင်းတို့ကိုသတ်ဖြတ်ပစ်ဖို့ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ဒီလိုဆိုရင်ရော..."
ပါရမီရှင်၏စကားကိုကြားသည့်အခါ ဖိုမင်ဟာ ဒေါသထွက်မသွားခဲ့ဘဲ မှိုင်းညို့စွာ ပြုံးရယ်လိုက်သည်။ သူဟာ ပါရမီရှင်ကို စိတ်ပါဝင်စားစွာစိုက်ကြည့်လျက် ပြောဆိုလိုက်သည်။
"ဘုန်း!"
ယင်းစကားများကျဆင်းသွားသည့်အခါ သူဟာ လက်တစ်ဖက်ကို ဆန့်လိုက်သည့်အခိုက်အတန့်တွင် အလင်းရောင်ဘောလုံးလေးတစ်ခုသည် သူ၏လက်ခုပ်အတွင်း ထွက်ပေါ်လာခဲ့သည်။ လူတစ်ဦး၏ စိတ်ဝိညာဉ်ကိုဝါးမြိုနိုင်သော တိတ်ဆိတ်ငြိမ်သက်သည့်အရှိန်အဝါမျိုးသည် လောကအတွင်း ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
အလင်းဘောလုံးကလေးသည် နက်ဆွေးတောက်ပလျက်ရှိသည်။ ၎င်းဟာ တွင်းနက်ကြီးတစ်ခုနှင့် တူညီနေခဲ့သည်။ နှစ်ကြိမ်မျှစိုက်ကြည့်ပါက ၎င်းအတွင်းသို့ စုပ်ယူခံရမည်ကိုတောင်စိုးရိမ်မိသည်။ တိတ်ဆိတ်ငြိမ်သက်ခြင်း၏အရှိန်အဝါအောက်တွင် စိတ်ဝိညာဉ်ကိုတုန်ယင်စေနိုင်သော အေးစိမ့်စိမ့်ခံစားချက်ကလည်း တွဲလျက်ပါလာသည်။
"မရဏမျိုးနွယ်ရဲ့ ဖျက်စီးခြင်းအရှိန်အဝါ!"
"မင်းတို့နတ်ဆိုးဗုဒ္ဓကျောင်းက မရဏမျိုးနွယ်ရဲ့လူတွေနဲ့ ပူးပေါင်းလိုက်တာလား"
"ဘယ်လိုတောင် လုပ်ဆောင်ရဲရတာလဲ"
အလင်းဘောလုံးလေး၏ အရှိန်အဝါထွက်ပေါ်လာသည့်အခါ ဖုန်းရိနှင့် ကျန်သူများ၏မျက်ဝန်းသူငယ်အိမ်များသည် လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။ သူတို့က ထိတ်လန့်တကြား အော်ဟစ်ပြောဆိုလိုက်ကြသည်။ သူတို့၏အမူအရာများက ထိတ်လန့်နေခဲ့ကြသည်။ သူတို့ မရဏမျိုးနွယ်ရဲ့အရှိန်အဝါကို ဘယ်လိုလုပ်မသိရှိဘဲ နေမှာလဲ။
ပျက်သုဥ်းခြင်းဧကရာဇ်ဘုံလောကကြီးသည် မွန်မြတ်ဘုံလောကကြီးကဲ့သို့ ကောင်းကင်တာအိုမျိုးနွယ်စုများ၏ အပိုင်သိမ်းခြင်းကို မခံရသော်လည်း ကောင်းကင်တာအိုမျိုးနွယ်များဟာ လူသားများ၏အကြီးမားဆုံး ရန်သူဖြစ်နေဆဲသာ။
သို့သော်လည်း လူသားမျိုးနွယ်နှင့်ကောင်းကင်တာအိုမျိုးနွယ်စုတို့အကြား တိုက်ပွဲသည် ဧကရာဇ်ဘုံလောကကြီးအတွင်း၌ မဖြစ်ခဲ့ဘဲ ဘုံလောက၏ အပြင်ဘက်တွင်သာဖြစ်ပွားခဲ့သည်။ဧကရာဇ်ဘုံလောကကြီး၏ အထွတ်အမြတ်အင်အားစု တစ်ဆယ့်ရှစ်ခုသည် စွမ်းအားရှင်များကို စေလွှတ်၍ နယ်နိမိတ်အကန့်အသတ်အတွင်း၌ တစ်နှစ်တာ ကာလပတ်လုံး စောင့်ကြပ်စေသည်။ ထိုအတွက်ကြောင့် ကောင်းကင်တာအိုမျိုးနွယ်စုများက ဘုံလောကအတွင်းဝင်ရောက် မလာနိုင်ခဲ့ပါ။
ဟုတ်ပါပေသည်။ ဧကရာဇ်ဘုံလောကအတွင်းသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာနိုင်ခဲ့သော ကောင်းကင်တာအိုမျိုးနွယ်စုဝင်များလည်း ရှိကြသည်။ သို့သော်လည်း ထိုသူများက လူပုံအလယ်တွင် သူတို့၏မျက်နှာများကို ဖော်ထုတ် မပြသရဲကြပါ။
နတ်ဆိုးဗုဒ္ဓကျောင်းတော်ကဲ့သို့ အထွတ်အမြတ်အင်အားစုတစ်ဆယ့်ရှစ်စုအနက်မှ တစ်စုဖြစ်သော အင်အားစုကြီးသည် ကောင်းကင်တာအိုမျိုးနွယ်စုများနှင့် ပူးပေါင်းသွားလိမ့်မည်ဟု ဖုန်းရိတို့တတွေ ထင်မထားခဲ့ပါ။ဤသတင်းသာပျံ့နှံ့သွားလျှင် မျိုးနွယ်စုကြီးတိုင်းက ပူးပေါင်း၍ နတ်ဆိုးဗုဒ္ဓကျောင်းတော်ကို ဖျက်ဆီးကြပါလိမ့်မည်။ နတ်ဘုရားမျိုးနွယ်ကြီးလေးစုကတောင် ကိုယ်တိုင်ကိုယ်ကျပါဝင်လှုပ်ရှားနိုင်သည်။
ဘယ်သူကမှ သစ္စာဖောက်များကိုသည်းမခံနိုင်ပါ။
"မင်းမှားနေပြီ"
"ဒါက နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့ပူးပေါင်းဆောင်ရွက်မှု မဟုတ်ဘူး။ ငါတစ်ယောက်တည်းရဲ့ ပူးပေါင်းဆောင်ရွက်မှုပဲ"
"ဘာကို နတ်ဆိုးဗုဒ္ဓကျောင်းတော်လဲ။ အဲဒါက ငါ့ကိုထိန်းသိမ်းထားနိုင်မလား။ ကြီးမြတ်တဲ့တာအိုမျိုးနွယ်စုကသာ ငါ့ရဲ့သစ္စာရှိမှုနဲ့ထိုက်တန်တာ"
"ဧကရာဇ်ဘုံလောကကြီးတစ်ခုလုံးက ပျက်စီးနေပြီ။ ကောင်းကင်တာအိုမျိုးနွယ်စုတွေရဲ့ဦးဆောင်မှုနဲ့သာ ဂုဏ်ကျက်သရေတွေကိုပြန်လည်ရရှိနိုင်မှာ။ မင်းတို့လိုကောင်တွေက ငါ့ရဲ့အတွေးအကြောင်းကို ဘယ်လိုလုပ်နားလည်နိုင်မှာလဲ"
ဖိုမင်၏အမူအရာသည် ရူးသွပ်နေခဲ့သည်။ သူဟာ လက်နှစ်ဖက်ကိုဆန့်ကားလျက် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။ သူတင်မကသေးဘဲ သူနဲ့ပါလာသော နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ ပါရမီရှင်များကလည်း တူညီသောသဘောထားကို ထုတ်ဖော်ပြသခဲ့သည်။
"မင်းရူးနေပြီ!"
"ကောင်းကင်တာအိုမျိုးနွယ်စုတွေနဲ့တောင် ပူးပေါင်းရဲတယ်။မင်းသေဖို့ထိုက်တန်တယ်"
ဖိုမင်၏ ရူးသွပ်နေသောအမူအရာကို တွေ့မြင်ခဲ့ရသည့်အခါ ဖုန်းရိနှင့် ကျန်သူများသည် ဦးခေါင်းကိုခါရမ်းလိုက်ကာ အေးစက်သောသတ်ဖြတ်မှုစိတ်ဆန္ဒများကို ဖော်ပြလျက် နက်ရှိုင်းသောအသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။
"ဘုန်း!"
ယင်းစကားများကျဆင်းသွားသည်နှင့်တစ်ပြိုင်နက် အစွမ်းထက်ပြီး ပြိုင်ဖက်ကင်းသောအရှိန်အဝါကြီးသည် သူတို့ထံမှ ပေါက်ကွဲဖြစ်ပေါ်လာခဲ့သည်။ သူတို့ကိုဗဟိုပြု၍ အချင်းဝက်မီတာတစ်ရာခန့်ရှိသော လေဟာပြင်သည် ခါရမ်းသွားခဲ့ကာ ပကတိမျက်စိဖြင့်တွေ့မြင်နိုင်သည်အထိ ပုံပျက်သွားခဲ့သည်။
"သစ္စာဖောက်ကောင်။ လူတိုင်း သူ့ကိုသတ်ကြ!"
"သတ်!"
အော်ဟစ်သံများနှင့်အတူ ဖုန်းရိတို့အုပ်စုသည် ဖိုမင်တို့ အုပ်စုထံသို့ ပြေးဝင်သွားခဲ့သည်။ အစွမ်းထက်သောမုန်တိုင်းများသည် သူတို့၏ပတ်လည်၌ ဖြစ်ပျက်လျက်ရှိသည်။ စွမ်းအားကြီးတိုက်ကွက်များက ဖိုမင်တို့အုပ်စုထံ အဆက်မပြတ် ကျဆင်းနေခဲ့သည်။ လေဟာပြင်သည် တစ်စစီအက်ကွဲ၍ ကမ္ဘာမြေထုသည် လွင့်စင်ထွက်သွားခဲ့သည်။
"အဟက်"
"ဒီအရှင်ပိုင်ဆိုင်ထားတဲ့ မရဏမျိုးနွယ်ရဲ့လက်နက်နဲ့ဆိုရင် မင်းတို့တိုက်ခိုက်တာက ကျောက်တုံးကို ကြက်ဥနဲ့ပေါက်နေသလိုပဲကွ!"
ဖေးရိတို့၏ ကမူးရှူးတိုး တိုက်ကွက်ကို တွေ့မြင်ခဲ့ရသည့်အခါ ဖိုမင်သည် ကြောက်လန့် မသွားခဲ့ဘဲ ထူးဆန်းစွာပြုံးရယ်လိုက်သည်။ သူဟာ အေးစက်စွာပြုံးလျက် သူ့လက်ထဲရှိအလင်းဘောလုံးကလေးကို မြင့်မြင့်မြှောက်လိုက်သည်။ သူ့ကိုယ်တွင်းရှိစွမ်းအားများကို ရူးသွပ်စွာလှုပ်ရှားစေလိုက်ပြီးလျှင် အလင်းဘောလုံးကလေးအတွင်းသို့ ထည့်သွင်းလိုက်သည်။
"ဘုန်း!"
ဖိုမင်၏ကိုယ်တွင်းရှိ စွမ်းအင်များပေါင်းထည့်မှုကြောင့် အလင်းလုံးကလေးသည် တဖြည်းဖြည်းတုန်ခါလာခဲ့သည်။ အလင်းရောင်ဖျော့ဖျော့သည် ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ ထူထပ်များပြားသောသင်္ကေတများ ထွက်ပေါ်လာခဲ့သည်။ ဧကရာဇ်အဆင့် မှော်ဝင်ရတနာ၏ခြောက်ခြားဖွယ်အရှိန်အဝါသည် ချိတ်စည်းမှကျိုးပျက်လာခဲ့သည်။ ၎င်းအရှိန်အဝါသည် သေမျိုးဧကရာဇ်အဆင့်ထိတိုင် ရောက်ရှိနေခဲ့သည်။
"ဘုန်း!"
အလင်းရောင်၏တောက်ပမှုအောက်တွင် ဖိုမင်၏မျက်နှာတစ်ခုလုံးသည် ပို၍ခက်ထန်ကြမ်းတမ်းနေခဲ့သည်။ သူ၏ကိုယ်တွင်းရှိစွမ်းအင်များသည် အဆက်မပြတ်စီးဆင်းဝင်ရောက်နေခဲ့ကာ ချိတ်စည်းသည် ပေါက်ကွဲတော့မည်ကဲ့သို့ဖြစ်နေခဲ့သည်။
သူ၏လက်မောင်းတစ်လျှောက်တွင် အနက်ရောင်သင်္ကေတများ တွယ်ကပ်လျက်ရှိကာ အင်မတန်ကြောက်လန့်စရာကောင်းနေခဲ့သည်။ ဖိုမင်၏ထိန်းချုပ်မှုအောက်တွင် ဧရာမလက်ဖဝါးကြီးတစ်ခုသည် ဖေးရိနှင့်ကျန်သူများထံသို့ ရွေ့လျားသွားခဲ့သည်။ ၎င်းဟာ နတ်ဘုရား၏လက်ဝါးကြီးကဲ့သို့ ကြီးမားကျယ်ဝန်းကာ ဖြတ်သန်းသွားသည့်အခါတိုင်းတွင် လေဟာပြင်ဟာ ပျက်စီးသွားခဲ့သည်။
"ကြက်သွေးရောင် ဧကရာဇ်အဆင့် ၊မှော်ဝင်ရတနာလား"
လက်ဖဝါးကြီးထံမှ ချောက်ချားဖွယ်အရှိန်အဝါကို တွေ့မြင်ခဲ့ရသည့်အခါ ဖုန်းရီနှင့်တခြားသူများ၏မျက်ဝန်းများသည် တုန်လှုပ်သွားလျက် အော်ဟစ်ပြောဆိုခဲ့ကြသည်။ သူတို့၏မျက်ဝန်းများက ကြောက်လန့်နေခဲ့ကာ အမူအရာမှာကပျာကယာဖြစ်နေခဲ့သည်။ သူတို့၏တိုက်ကွက်များသည် ၎င်းလက်ဖဝါးကြီးနှင့် မထိတွေ့မိသေးသော်လည်း အဆုံးသတ်ကိုတော့ကြိုတင်ခန့်မှန်းထားခဲ့ကြသည်။
သူတို့သည် အင်မတန်အစွမ်းထက်၍ ပါရမီကြီးမားသော်လည်း ကြက်သွေးရောင် ဧကရာဇ်လက်နက်ကို ဆွဲကိုင်ထားသော ဖိုမင်ကိုတော့ အဘယ်မှာ ယှဉ်ပြိုင်နိုင်ပါအံ့နည်း။
လောင်ထျန်းဧကရာဇ်အဆင့်ရှိသော လက်နက်များသည် အင်မတန်အစွမ်းထက်ကာ ကြက်သွေးရောင် တဖြစ်လဲ သေမျိုးဧကရာဇ်အဆင့်ရှိသောလက်နက်များက ပို၍တောင် အစွမ်းထက်သေးသည်။ ၎င်းတို့ကို သေမျိုးဧကရာဇ်အဆင့်ရှိသော ဆရာသခင်များကိုယ်တိုင်က ထုထွင်းခဲ့ခြင်းဖြစ်သည်။ ဤသို့ လက်နက်တစ်ခုကိုပြုလုပ်နိုင်ရန်အတွက် နှစ်ပေါင်းရာကျော်၊ထောင်ကျော်မျှ ကြာမြင့်ပေလိမ့်မည်။
ဖိုမင်၏ကျင့်ကြံမှုသည် ၎င်းလက်နက်ကို အပြည့်အဝဖော်ထုတ်နိုင်စွမ်း မရှိသော်လည်း သူတို့နှင့် ရင်ဆိုင်ရန်တော့ လုံလောက်ပါသေးသည်။
"ဘုန်း!"
သူတို့ဟာ ရှောင်ရှားချင်ခဲ့သော်လည်း နောက်ကျသွားခဲ့သည်။ သူတို့၏ထိတ်လန့်နေသော အကြည့်များအောက်တွင် အနက်ရောင်လက်ဖဝါးကြီးသည် တားဆီး၍မရနိုင်သောအရှိန်အဟုန်ဖြင့် ပြိုဆင်းလာခဲ့သည်။
(ကြက်သွေးရောင်= သေမျိုးဧကရာဇ်)