← Chapters

လူယုတ်မာချန်း၏ကံဆိုးမှု

Vol. 8 Ch. 141

လူယုတ်မာချန်း၏ကံဆိုးမှု

Vol. 8 Ch. 141

Zမြို့ဗဟိုဆေးရုံ၏ဝင်ပေါက်တွင်…

“လူယုတ်မာတွေ။”

“လူ့အသက်တွေကိုမကယ်မှတော့ ဒါက ဆေးရုံမှမဟုတ်တော့တာ။ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်ကောင်တွေပဲ။”

“ဆရာဝန်တွေဖြစ်ပြီး ဘာလို့ဒီလောက်တောင် ရက်စက်ပြီး အကြင်နာမဲ့ရတာလဲ။ ကိုယ့်လူနာတွေရဲ့အသက်ကို ကယ်မဲ့အစား လူနာတွေကို ကန်ထုတ်နေတယ်။”

“ငါတို့လိုသာမာန်ဆင်းရဲတဲ့လူတွေအတွက် အသက်ရှင်ဖို့ ဘာလို့ဒီလောက်တောင် ခက်ခဲရတာလဲ။ ဒီဆေးရုံက ငါတို့ကိုဖိနှိပ်နေတာပဲ။ သူတို့က ချမ်းသာပြီး အာဏာရှိတဲ့လူတွေကိုပဲ မျက်နှာချိုသွေးပြီး ကောင်းကောင်းဆက်ဆံတယ်။”

“ဒီဆေးရုံက လူနာတွေကို သတ်နေတာပဲ…”

ချန်းယန်၏မိခင် လန်အာရင်းသည် ဆံပင်များရှုပ်ပွညစ်နေကာ မျက်နှာမှာလည်း ချောင်ကျနေသည်။ သူမပုံစံက သူတောင်းစားနှင့်နင်လားငါလားပင်။ သူမက လူများဝင်ထွက်သွားလာနေသည့် ဆေးရုံဝင်ပေါက်တွင် ပိတ်ထိုင်နေကာ မြေပြင်ကို လက်သီးနှင့်ထုလိုက် တခါတလေ ဆေးရုံကို လက်ညှိုးထိုးလိုက်ဖြင့် အော်ဟစ်ဆဲဆိုနေလေသည်။

သွားရင်းလာရင်း ခဏလောက်ရပ်ကြည့်သွားသည့် လူအနည်းငယ်ကလွဲလို့ အများစုကတော့ သူမကို လျစ်လျူရှုထားကြလေသည်။ ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်နေတာ ပထမဆုံးလည်းမဟုတ်ဘဲ ၁၂ရက်မြောက်တောင် ရှိနေပြီမဟုတ်လား။

လွန်ခဲ့သည့် ၁၂ရက်တုန်းက ဆေးရုံဘက်က ချန်းယန်၏မိသားစုကို ဆေးရုံခရှင်းပေးရန် လောဆော်ခဲ့သည်။ ချန်းယန်၏မိဘများသည် ဆေးရုံတွက်ဆက်နေကြကာ ချန်းယန်၏အတွက်နေရာတစ်ခုကို မောင်ပိုင်စီးထားသော်လည်း ဆေးရုံခကိုကျတော့ မပေးချင်ကြပေ။ ဆေးရုံအုပ်ချုပ်ရေးဘက်မှခေါင်းဆောင်လည်း နောက်ဆုံးရွေးချယ်စရာမရှိတော့ဘဲ လုံခြုံရေးများကိုခေါ်ကာ သူတို့ကို နှင်ထုတ်ရတော့လေသည်။ ချန်းမိသားစုသည် ဆေးရုံထဲသို့ အတင်းပြန်ဝင်ရန် ကြိုးစားကြသော်လည်း ဟန့်တားခံခဲ့ရလေသည်။

ဆေးရုံသည် ပရဟိတအဖွဲ့အစည်းတစ်ခုမဟုတ်ပေ။ ဆင်းရဲသည့်လူနာတိုင်းကသာ ဆေးရုံက မထွက်သွားဘဲ တွယ်ကပ်နေမည်ဆိုပါက ဒီဆေးရုံကြီးကို ဘယ်လိုလုပ်များ ဆက်ပြီးလည်ပတ်နိုင်ပါတော့မလဲ။ တခါတည်း ဒေဝါလီခံလိုက်ရတော့မှာပေါ့။

ချန်းတဟွာတို့ဇနီးမောင်နှံသည် ဆေးရုံထဲသို့ ဘယ်လိုမှပြန်ဝင်လို့မရခဲ့တာကြောင့် ဆေးရုံနှင့်နီးသည့်တစ်နေရာမှ မှောင်မည်းကာ ဈေးပေါသည့်အိမ်တစ်လုံးကိုငှားပြီး နေခဲ့ရလေသည်။ ထို့နောက်မှာတော့ ချန်းယန်ကိုခေါ်လာကာ နေ့တိုင်းပြဿနာပတ်ရှာကြတော့သည်။

ချန်းယန်သည် မာနကြီးသူတစ်ယောက်ဖြစ်ခဲ့သော်လည်း အခုတော့ သူ့မိဘများအတွက် ရုပ်သေးတစ်ရုပ်ဖြစ်လာခဲ့သည်။ သူတို့က သူ့ကိုသယ်ပြီး ဆေးရုံတံခါးတွင် ချထားကြကာ သူ့ရှေ့တွင် စုတ်ပဲ့နေသည့် ခွက်တစ်လုံးကိုပါ ချပေးထားလေသေးသည်။

ဒါဘာအဓိပ္ပါယ်လဲ?? ဒါပေါ့ သူ့ကို တောင်းစားစေချင်နေကြတာလေ။

ဆေးရုံအပြင်ဘက်တွင် လန်အာယင်း၏ဝုန်းဒိုင်းကြဲနေခဲ့မှုကြောင့် ချန်းယန်သည် အရှက်ရခဲ့ရသည်။ သို့သော်လည်း ချန်းယန်သည် အကြောသေနေတာကြောင့် လှုပ်ရှားလို့လည်းမရသလို ပြန်တိုက်ခိုက်လို့လည်းမရပေ။ သူ့မိဘတွေ သူ့အတွက်စီစဉ်တာမှန်သမျှကို လွှတ်ထားရုံသာ တတ်နိုင်လေသည်။ သူ့နှလုံးသားကတော့ ဝမ်းနည်းကြေကွဲမှုများကြောင့် သွေးစိမ်းရှင်ရှင်ကျနေလေပြီ။

ချန်းယန်သည် ငယ်ရွယ်စဉ်ကတည်းက ချီးကျူးမြှောက်ပင့်ခြင်းခံခဲ့ရသူဖြစ်သည်။ သူသည် ကျောင်းသားကောင်းတစ်ယောက်ဖြစ်ခဲ့သည်။ ဘွဲ့ရပြီးနောက်တွင်လည်း မြို့ကြီးပေါ်တွင်နေထိုင်ကာ ကုမ္ပဏီကြီးတစ်ခုတွင် အလုပ်ဝင်နိုင်ခဲ့သည်။ ဒါ့အပြင် သူ့သူဌေး၏သမီးကိုပါ အပိုင်ဖမ်းနိုင်ခဲ့သေးသည်။ ဒါပေမယ့် အခုချိန်မှာတော့ သူက အကြောသေနေကာ သူ့မိဘများက လူများဆီက ပိုက်ဆံတောင်းရန်အတွက် သူ့ကို အသုံးချနေခဲ့သည်။ ဒါဘယ်လိုတွေဖြစ်ကုန်တာလဲ။

သူက ကုမ္ပဏီကြီးတစ်ခုမှသူဌေးကြီး၏ သားမက်တစ်ယောက် ဖြစ်နိုင်ခဲ့သည်လေ။ ဘယ်လိုလုပ်ပြီး မျက်စိတစ်မှိတ်အတွင်း သူတောင်းစားတစ်ယောက်ဖြစ်သွားရတာလဲ။

ချန်းယန်၏မျက်လုံးများထဲတွင် ဝမ်းနည်းမှု၊ ကူကယ်ရာမဲ့မှုနှင့် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း ထိုခံစားချက်များသည် မကြာခင်မှာပဲ ဒေါသနှင့် နာကျည်းမှုများအဖြစ်သို့ အဆုံးသတ်သွားခဲ့သည်။

သူ့ကို အခုလိုဖြစ်အောင်လုပ်ခဲ့သည့်လူမှာ သူ၁၀နှစ်တာမျှချစ်ခဲ့ရသည့် အမျိုးသမီး ရှောင်လင်းယွီ ဖြစ်လေသည်။

သူမကို အလွန်မုန်းတီးမိသည်။

၁၀နှစ်တာမျှအတူရှိခဲ့ကြသော်လည်း ရှောင်လင်းယွီ ဒီလောက်ရက်စက်လိမ့်မည်ဟု မသိခဲ့ပေ။ သူမက သူ့ကိုလက်စားချေဖို့အတွက် အာဏာရှိသည့်ယောက်ျားတစ်ယောက်ကိုပါ ရှာခဲ့သေးသည်။ ထိုလူကြောင့်သာမဟုတ်ပါက ဟွေ့ချင်လုပ်ငန်းလိုမျိုး ကုမ္ပဏီကြီးတစ်ခုက အခုလို ချက်ချင်းလက်ငင်း ကွယ်ပျောက်သွားနိုင်ပါ့မလဲ။ ပြီးတော့ သူကလည်း ကျောက်ဝမ်မန့်ထံက ဓားထိုးခံရစရာအကြောင်း မရှိပေ။

ဓားထိုးခံရမှုကြောင့် သွေးအလွန်အကျွံဆုံးရှုံးခဲ့ရပြီး ချက်ချင်းသွေးသွင်းရန် လိုခဲ့သည်။ သို့သော်လည်း သူ့မိဘများရောက်လာပြီးနောက်မှာတော့ သူတို့က သူတို့မှာငွေမရှိဘူးဟုပြောကြကာ၊ သူ့မိသားစုထဲက တစ်ယောက်ကမှလည်း သူ့ကိုသွေးလှူပေးဖို့ ဆန္ဒမရှိကြပေ။ ထိုသို့ဖြင့် အရေးအကြီးဆုံးအချိန်ကာလကို သူ လက်လွှတ်ခဲ့ရလေသည်။

ခန္ဓာကိုယ်တွင်း သွေးအားနည်းမှုကြောင့် သူ့ဦးနှောက်ကိုပါ အောက်ဆီဂျင်က လုံလောက်စွာ မထောက်ပံ့ပေးနိုင်တော့ပေ။ ထိုသို့ဖြင့် ခန္ဓာကိုယ်က ရှော့ခ်ဖြစ်သွားပြီး အကြောသေသွားခဲ့ခြင်းဖြစ်သည်။

ကျေးဇူးတင်စရာကောင်းသည်က သူသာ ကုသာလျှင် ပြန်ကောင်းနိုင်သေးသည်ဟု ဆရာဝန်က ပြောလာခဲ့လေသည်။ သို့သော်လည်း ဆေးကုသစရိတ်က ယွမ်၅သိန်းမှ ၆သိန်းလောက်အထိ ကုန်ကျမည်ဖြစ်သည်။

ချန်းတဟွာနှင့် လန်အာယင်းတို့သည် ထိုမျှများပြားသည့် ငွေပမာဏကိုကြားသည်နှင့် ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။ ထို့သို့ဖြင့် သူတို့က ပြဿနာစရှာလာကြပြီး ချန်းယန်၏ရောဂါသည် ဆေးရုံ၏အရည်အချင်းမပြည့်မီမှုကြောင့်ဖြစ်သည်ဟု အပြစ်တင်ကြတော့သည်။ ဒီမြို့ကြီးပေါ်တွင် သူတို့နှစ်ယောက်ရဲ့အသိအကျွမ်းလည်း မရှိတာကြောင့် အကူအညီလည်း မရှာနိုင်ခဲ့ကြပေ။

ထို့ကြောင့် ပြဿနာရှာရုံသာ တတ်နိုင်ကြလေသည်။ သူတို့က ဆေးရုံကို သူတို့ပေးထားသည့် ငွေများ ပြန်ပေးဖို့နှင့် ချန်းယန်ကို ကုသပေးဖို့ ပြောကြသည်။ ထိုသို့မလုပ်ပါက နေ့တိုင်း ပြဿနာလာရှာကြမည်ပင်။

သို့သော်လည်း ဗဟိုဆေးရုံသည် Zမြို့တွင် အကြီးဆုံးဆေးရုံဖြစ်သည်။ ဒီလိုကျေးတောသားနှစ်ယောက်က သူတို့ကို ဘာများလုပ်နိုင်မှာတဲ့လဲ။

ဆေးရုံက သူတို့ကို စိတ်ထဲတောင်မှ မထည့်ခဲ့ကြပေ။

ချန်းယန်၏မိသားစု ဆေးရုံမှ ကန်ထုတ်ခံရပြီးနောက် တစ်ယောက်က ငိုယိုပြနေသည့် ကြွက်စုတ်ဖြစ်လာကာ၊ တစ်ယောက်ကတော့ သူတောင်းစားဖြစ်လာပြီး နောက်တစ်ယောက်ကတော့ ဘေးကနေ တိတ်တဆိတ်ဖြင့် စောင့်ကြည့်နေခဲ့လေသည်။

ချန်းတဟွာသည် ဆေးရုံဝင်ပေါက်နှင့် မဝေးသည့်တစ်နေရာတွင် ထိုင်နေပြီး ဆေးလိပ်သောက်နေခဲ့သည်။ ထိုအချိန်မှာပဲ သူ့ဖုန်းက မြည်လာခဲ့သည်။ သူ့ဖုန်းမြည်သံကို မကြားရသည်က အတော်ကိုမှ အချိန်ကြာသွားခဲ့လေပြီ။ သူ့ညီအစ်ကိုမောင်နှမများထံမှ ငွေချေးဖို့ ဖုန်းခေါ်ခဲ့သည့် အချိန်မှစပြီး သူ့ဖုန်းကို ဆက်လာသည့်လူတစ်ယောက်မှ မရှိတော့ခြင်းဖြစ်သည်။ သူက ဖုန်းကိုထုတ်လိုက်ကာ ခေါ်ဆိုလာသူက သူ့တတိယညီဖြစ်နေကြောင်း သိလိုက်ရ၍ အံ့ဩသွားလေသည်။

“ဟဲလို…”

“အစ်ကိုကြီး…”

တစ်ဖက်က ဘာပြောနေသည်ကို ရှင်းရှင်းလင်းလင်း မသိသော်လည်း ဖုန်းချလိုက်ပြီးနောက်မှာတော့ ချန်းတဟွာ၏မျက်နှာမှာ မဲမှောင်ကာ အုံ့မှိုင်းနေခဲ့သည်။ သူက ဆေးလိပ်တိုကို လွှင့်ပစ်လိုက်ပြီးနောက် သူက လန်အာယင်းထံသို့ သွားလိုက်လေသည်။ “အိမ်ပြန်ကြမယ်။” ဒီအိမ်ဆိုသည်က ချန်းမျိုးနွယ်ရွာကိုပြောခြင်းပင်။

လန်အာယင်းက အံ့ဩသွားကာ ခပ်မာမာပြန်ပြောလာခဲ့သည်။ “အိမ်ပြန်မယ်? ဘာလို့လဲ။ ရှင့်သားက ဆေးဖိုးတွေလိုနေသေးတာ ရှင်မသိဘူးလား။ သူသာ ပြန်ကောင်းမလာရင် ကျွန်မတို့ အသက်ကြီးတဲ့အချိန် ဘယ်သူ့ကို သွားမှီခိုနိုင်တော့မှာလဲ။”

သူတို့တွင် သားလေးတစ်ယောက်တည်းရှိခြင်းဖြစ်သည်။ ဒါ့အပြင် အခုခထို့နောက်မှာတော့ သူတို့နှစ်ယောက် ဘယ်လောက်ပဲ ကြိုးစားပါစေ နောက်ထပ်သားတစ်ယောက် ထပ်မမွေးနောက်တော့ပေ။ ဒါက လန်အာယင်းကို တော်တော်လေး မကျေမနပ်ဖြစ်စေလေသည်။

ကံကောင်းစွာဖြင့် သူတို့သားသည် အလွန်ထူးချွန်ကာ သူတို့အတွက် ဂုဏ်ယူဖွယ်ရာဖြစ်ခဲ့သည်။ တက္ကသိုလ်တစ်ခုကိုတက်ခွင့်ရပြီး ကုမ္ပဏီကြီးတစ်ခုတွင် အလုပ်ခဲ့ရလေသည်။ သူက လတိုင်း အိမ်ကို ယွမ်ထောင်ပေါင်းများစွာ ပြန်ပို့ပေးခဲ့သည်။ ထိုယွမ်ငွေများမှာ သာမာန်ရွာသားများ တစ်နှစ်ရှာနိုင်သည့်ပမာဏထက်တောင် ပိုများလေသည်။ ထို့ကြောင့် ချန်းမျိုးနွယ်ရွာကလူတိုင်းက သူတို့ကို ဦးညွှတ်ခဲ့ကြရသည်။

ဒါပေမယ့် အခုတော့ သူတို့သားကို ဆေးကုဖို့ ငွေလိုလာချိန်တွင် ချန်းမျိုးနွယ်ရွာက တစ်ယောက်ကမှ မကူညီချင်ကြတော့ပေ။ တစ်ယောက်မှ ချန်းယန်အကြောင်း ဖုန်းဆက်မေးမလာခဲ့သလို သူတို့ဖုန်းခေါ်ရင်တောင်မှ မကိုင်ကြပေ။ လန်အာယင်းသည် အိမ်ပြန်ပြီး ထိုလူတွေအားလုံးကို အော်ဟစ်ဆဲဆိုပစ်ချင်သော်လည်း ချန်းယန်၏အခြေအနေကို ပြန်တွေးရသေးသည်။

ချန်းယန်သည် လုံးဝအကြောသေသွားကာ သူတို့၏နယ်ဆေးရုံလေးက သူ့ကို မကုသနိုင်ပေ။ ချန်းယန်၏မိဘများတွင် ငွေအနည်းငယ်တော့ ရှိသေးသော်လည်း စားဖို့သောက်ဖို့အတွက် ချန်ထားရလေသည်။

ထို့ကြောင့် နေ့တိုင်းနေ့တိုင်း ဆေးရုံရှေ့တွင် အခုလိုမြင်ကွင်းမျိုး ဖန်တီးကာ ပြဿနာရှာနေကြခြင်းဖြစ်သည်။ ဘယ်သူသိမှာလဲ၊ မတော်လို့ ဆေးရုံက သူတို့သားကို ပြန်လက်ခံလိုက်တာရော မဖြစ်နိုင်ဘူးလား။ ဒါကတော့ သူတို့အကြံအစည်ပင်။

ထို့ကြောင့် ချန်းတဟွာက အိမ်ပြန်မည်ဟု ပြောလာချိန်တွင် လန်အာယင်း၏ပထမဆုံးတုံ့ပြန်ချက်မှာ ချန်းတဟွာက သူတို့သားကို လက်လျှော့လိုက်ပြီဟု တွေးမိသွားတာကြောင့် ဒေါသထွက်သွားခြင်းဖြစ်သည်။

ချန်းတဟွာ၏မျက်နှာက မဲမှောင်သွားလေသည်။ “ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ။ ငါတို့မှာ ဒီသားတစ်ယောက်ပဲရှိတာ၊ သူ့ကိုကုပေးရမှာပေါ့။ ဒါပေမယ့် ငါတို့မှာ ငွေမရှိဘူးလေ။ အိမ်ပြန်ပြီး ငွေယူရမှာပေါ့”

လန်အာယင်းက စိတ်ရှုပ်ထွေးနေလေသည်။ “ဒါပေမယ့် ကျွန်မတို့အိမ်မှာလည်း ငွေတစ်ပြားမှမရှိတော့ဘူးလေ။”

ချန်းတဟွာ၏မျက်နှာက ဒေါသအပြည့်ထင်ဟပ်နေကာ၊ “ဒါပေမယ့် ဟိုခွေးမရှောင်လင်းယွီ ရှိသေးတာပဲမဟုတ်လား။ အခုပဲ ငါ့တတိယညီဖုန်းဆက်တယ်။ အဲ့ခွေးမက လယ်မူတွေအများကြီး ငှားပြီး ကားအသစ်တစ်စီးတောင် ဝယ်လိုက်တယ်တဲ့။ သူက ယွမ်သိန်းချီကိုသုံးနေတာ။ ငါတို့သားရဲ့ငွေကိုမသုံးခင် သူ ငါတို့ခွင့်ပြုချက်ကို အရင်တောင်းရမှာပေါ့၊ မဟုတ်ဘူးလား။”

လန်အာယင်းသည်လည်း ထိုစကားကိုကြားသည်နှင့် ချက်ချင်းပင် မြေပေါ်မှ ခုန်ထလာတော့သည်။ “ဒီခွေးမက ငါတို့ကို ဒီလောက်ဒုက္ခတွေပေးထားတာ။ သူ့ဘဝကို ပျော်ရွှင်ခွင့်ပေးထားလို့ဖြစ်မလား။ ပြန်ကြမယ်။”

ထို့နောက် သုံးယောက်သား မြန်မြန်ထုပ်ပိုးကာ ရထားလက်မှတ်ဝယ်ပြီး ထွက်သွားကြတော့သည်။

….

ယန်လုပ်ငန်းစုတွင် အတွင်းရေးမှူးဝမ်သည် ယန်စစ်မင်ကို အစီရင်ခံနေလေသည်။ “စီအီးအိုယန် စောင့်ကြည့်ခိုင်းထားတဲ့လူနှစ်ယောက် လှုပ်ရှားနေပါပြီ။ ချန်းတဟွာက ဖုန်းတစ်ကောလ်ရပြီးတဲ့နောက် သူတို့တွေ အထုပ်အပိုးမြန်မြန်သိမ်းပြီး ဘူတာရုံကိုသွားကြပါတယ်။ ကြည့်ရတာ ပြန်ကြမလို့ထင်တယ်။”

“အို..” ယန်စစ်မင်၏ခန့်ညားသည့်မျက်နှာထက် ခပ်ညစ်ညစ်အပြုံးတစ်ပွင့်ပေါ်လာလေသည်။ သူက ဖောက်တိန်ကိုလက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး စားပွဲကို ညင်ညင်သာသာခေါက်နေခဲ့သည်။ “ဖုန်းဆက်တဲ့အကြောင်းအရင်းကိုရော သိခဲ့လား။”

အတွင်းရေးမှူးဝမ်က ခေါင်းခါလာခဲ့သည်။ “မသိပါဘူး၊ ဒါပေမယ့် ချန်းတဟွာက လန်အာယင်းကိုပြောနေတာတော့ ရှောင်လင်းယွီက မြေတချို့ငှားပြီး ကားတစ်စီးဝယ်လိုက်လို့ ပြန်ကြမယ်လို့ ကြားပါတယ်။ ကြည့်ရတာ သူတို့ ရှောင်လင်းယွီကြောင့်… ပြန်ကြမှာထင်တယ်။”

အတွင်းရေးမှူးဝမ်သည် အလွန်စိတ်ရှုပ်ထွေးနေခဲ့သည်။ သူ့ဘော့စ်ဘာတွေ တွေးနေလဲ သူမပြောနိုင်ပေ။ သူရှောင်လင်းယွီကို လက်လွှတ်လိုက်ပြီဆိုလည်း ဘာလို့ ရှောင်လင်းယဲ့ရဲ့ရည်းစားဟောင်းမိသားစုကို စောင့်ကြည့်ဖို့ လူလွှတ်နေသေးတာလဲ။ ပြီးတော့အလုံး အကုန်လုံးကိုသိချင်နေတာ။

ဒါပေမယ့် သိပြီးတော့လည်း ဘာမှလည်း မလုပ်ဘူး။

ဘာပဲဖြစ်ဖြစ်ပါ၊ အတွင်းရေးမှူးတစ်ယောက်အနေနဲ့ သူက သူ့တာဝန်သူ ကျေပွန်ဖို့ပဲလိုတယ်။

ရှောင်လင်းယွီကို ရှာဖို့ ပြန်သွားကြကြောင်း သိလိုက်ရသည်နှင့် ယန်စစ်မင်၏နှုတ်ခမ်းထက်က အပြုံးမှာ ပိုလို့တောင် အန္တရာယ်အငွေ့အသက်များလာလေသည်။ “ဟဟ၊ စိတ်ဝင်စားစရာတော့ ကောင်းလာပြီ။” ထို့နောက် သူက ညွှန်ကြားလိုက်လေသည်။ “သွားပြီး နည်းနည်းလောက် စီစဉ်ထားလိုက်။ ငါ ဒီရှိုးကို သွားကြည့်ဖို့လိုတယ်။ ပြီးမှ ပြန်လာခဲ့မယ်။”

“ဟမ်?” အတွင်းရေးမှူးဝမ် အလျင်စလို ပြောလိုက်ရသည်။ “စီအီးအိုယန်၊ ဒီနေ့ နေ့လည်နဲ့ မနက်ဖြန် နေ့လည်မနက်ပိုင်းမှာ ရေ့စ်အုပ်စုနဲ့ အိုဆယ်အုပ်စုနဲ့ စာချုပ်ချုပ်ဖို့ ရှိသေးတယ်လေ။”

“အဲ့ဒါ အချိန်နောက်ဆုတ်ထားလိုက်။ ငါပြန်လာမှပဲ လက်မှတ်ထိုးတော့မယ်။” ယန်စစ်မင်က ချက်ချင်းထရပ်ကာ သူ့ကုတ်အင်္ကျီကိုယူလိုက်ပြီးနောက် ထွက်သွားတော့သည်။

“….” အတွင်းရေးမှူးဝမ် အမြန်ပင် ဖျောင်းဖျရတော့သည်။ “စီအီးအိုယန်၊ ဒီကုမ္ပဏီနှစ်ခုလုံးက နိုင်ငံခြားကုမ္ပဏီတွေပါ။ တာတန်ရှိတဲ့လူတွေက ဒီနေ့နဲ့ မနက်ဖြန်ပဲ အားကြတာ။”

ယန်စစ်မင်က ရိုးရိုးရှင်းရှင်းပင် ပြဿနာကို ရှင်းလိုက်လေသည်။ “သူတို့ကို စောင့်ခိုင်းထားလိုက်။ မစောင့်နိုင်ရင်လည်း သူတို့ရဲ့ Mနိုင်ငံကို ပြန်သွားခိုင်းလိုက်။ ယန်လုပ်ငန်းစုမှာ လက်တွဲမယ့်ကုမ္ပဏီမရှားဘူး။”

အတွင်းရေးမှူးဝမ်တစ်ယောက် ဘာပြောလို့ပြောရမှန်းပင် မသိတော့ပေ။

ဒီလိုကျိုးကြောင်းမဆီလျော်တဲ့ဘော့စ်တစ်ယောက်နဲ့ ဘယ်လိုလုပ်ရပါ့။

တစ်ယောက်ယောက်များ မကူညီနိုင်ကြဘူးလား။

***

All Chapters