← Chapters

ရှင်းလင်းခြင်း

Vol. 10 Ch. 177

ရှင်းလင်းခြင်း

Vol. 10 Ch. 177

ကျိုးမိသားစုတွင်၊

ကျိုးကောကျန်း၊ ကျိုးဟွာမင်နှင့် ကျိုးထန်ရှုန်းတို့အားလုံး အိမ်တွင် သတင်းတစ်ခုကို စောင့်နေကြလေသည်။

ကျိုးကောမင်က အချိန်ကိုတစ်ချက်ကြည့်ကာ သံသယတချို့ဖြင့် မေးလာခဲ့သည်။ “ဘာတွေဖြစ်နေတာလဲ။ ဘာလို့ အခုထိ ဘာသတင်းမှ မကြားရသေးတာလဲ။ တတိယသား၊ မင်းယုံကြည်ရတဲ့လူကို ငှားထားတာ သေချာရဲ့လား။”

ကျိုးထန်ရှုန်း မျက်မှောင်ကြုတ်လိုက်လေသည်။ “ကျွန်တော် အဲ့လူနဲ့ အလုပ်တွဲလုပ်တာ အကြိမ်ရေတချို့ရှိပြီ။ ဘာမှအမှားအယွင်းမဖြစ်ဖူးဘူး။ အခုလည်း ပြဿနာမှ မရှိလောက်ပါဘူး။” သို့သော်လည်း သူထိုစကားပြောနေချိန်တွင် အသံက ယုံကြည်ချက်သိပ်ရှိနေဟန်မပေါ်ပေ။ လက်တွေ့ကျကျပြောရလျှင် အခုချိန်ဆို သတင်းတစ်ခုခုကြားသင့်နေလေပြီ။

ကျိုးဟွာမင်က တွေးကြည့်ပြီးနောက် မေးလာခဲ့သည်။ “တတိယညီ၊ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ဘာအမှုကိစ္စတွေမှတ်တမ်းရှိလဲဆိုတာ စခန်းက မင်းလူတွေကို မေးကြည့်ရင်မကောင်းဘူးလား။”

ကျိုးထန်ရှုန်းလည်း သူ့ဖုန်းကို ထုတ်လိုက်လေသည်။ သူ ဖုန်းဆက်တော့မည့်အချိန်မှာပဲ တံခါးဘဲလ်သံနှစ်သံကို ကြားလိုက်ရလေသည်။

သူ့နှလုံးက တုန်လှုပ်သွားတော့သည်။

သားအဖသုံးယောက်သား အချင်းချင်းကြည့်လိုက်ကြကာ နှလုံးခုန်နှုန်းတို့ အနည်းငယ် မြန်ဆန်လာကြသည်။

ကျိုးကောကျန်းက ခဏမျှတွေးလိုက်ပြီးနောက်၊ “အဲ့ဒီလူပဲဖြစ်လောက်တယ်။ သားကြီး၊ တံခါးသွားဖွင့်လိုက်။”

“ဟုတ်ကဲ့။” ကျိုးဟွာမင် မတ်တပ်ထရပ်ကာ တံခါးသွားဖွင့်ခဲ့လေသည်။

မမျှော်လင့်ထားစွာဘဲ တံခါးပွင့်သွားသည်နှင့် ရဲအရာရှိအနည်းငယ်က တိုးဝင်လာကာ သူတို့ကို သေနတ်များဖြင့် ချိန်ထားလိုက်ပြီး၊ “မလှုပ်ကြနဲ့။”

ကျိုးဟွာမင်၏အမူအရာက ချက်ချင်းလက်ငင်းပင် ပြောင်းလဲသွားတော့သည်။ ထို့နောက် သူက လက်နှစ်ဖက်ကို အသာမြှောက်ထားလိုက်ာ ကြောက်နေရက်ကနေပြီး နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။ “အရာရှိတို့၊ ဘာများဖြစ်လို့လဲ။ ကျွန်တော်တို့က နိုင်ငံသားကောင်းတွေပါ။ တရားမဝင်တာ ဘာမှမလုပ်ထားပါဘူး။”

ထိုအချိန်မှာပဲ အပြင်တွင်ရပ်နေသည့် ကျန်းထောင်က ဖမ်းဝရမ်းစာရွက်ကိုထုတ်ကာ ဝင်လာခဲ့လေသည်။ “ကျိုးကောကျန်း၊ ကျိုးဟွာမင်၊ ကျိုးထန်ရှုန်း၊ ခင်ဗျားတို့ကို လူသတ်သမားငှားရမ်းစေခိုင်းမှုနဲ့ သံသယရှိတယ်။ ဒါက ဖမ်းဝရမ်းပါ။ ကျေးဇူးပြုပြီး စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းပေးပါ။” ထို့နောက် သူ့လူတွေကို အမိန့်ပေးလိုက်သည်။ “ရှာကြ။”

ကျိုးကောကျန်းနှင့် ကျိုးထန်ရှုန်းတို့ကိုလည်း ဆွဲထုတ်လာခဲ့သည်။

ကျိုးထန်ရှုန်းတစ်ယောက် ကျန်းထောင်ကိုမြင်သည်နှင့် အမူအရာက မူမမှန်တော့ဘဲ အော်ဟစ်လိုက်လေသည်။ “ကျန်းထောင်၊ မင်း ဒါဘာသဘောလဲ။ မင်းမှာ ငါ့ကိုဖမ်းပိုင်ခွင့်ရှိလို့လား။ ငါက ရဲစခန်းရဲ့လက်ထောက်ညွှန်မှူးနော်။”

ကျန်းထောင်က ခပ်တည်တည်ဖြင့်ပင် ပြန်ပြောလာခဲ့သည်။ “ဥပဒေရဲ့အောက်မှာ လူတိုင်းက တညီတည်းပဲ။ ကျိုးထန်ရှုန်း၊ ခင်ဗျားကရဲအရာအရှိဖြစ်နေတာနဲ့ပဲ ဥပဒေရဲ့အထက်မှာနေနိုင်တာမဟုတ်ဘူး။ ခင်ဗျားကို ဖမ်းနိုင်တယ် မဖမ်းနိုင်ဘူးဆိုတာ ကျွန်တော်ရော ခင်ဗျားမှာပါ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ဥပဒေကပဲ ဆုံးဖြတ်လိမ့်မယ်။ ခင်ဗျားက ဥပဒေကို ချိုးဖောက်ထားမှတော့ ကျွန်တော့်မှာ ခင်ဗျားကို ဖမ်းပိုင်ခွင့်ရှိတယ်။ အားလုံးကို ခေါ်သွားကြ။”

ကျိုးထန်ရှုန်းတစ်ယောက် ထိုစကားများကိုကြားပြီး အလွန်ကိုမှ ဒေါသထွက်သွားတော့သည်။ “ကျန်းထောင်၊ မင်း ငါ့ကိုဖမ်းလို့မရဘူး။”

ကျိုးကောကျန်းကတော့ ကိစ္စတွေ ဖော်ထုတ်ခံလိုက်ရပြီမှန်း နားလည်လိုက်လေသည်။ သူက ခဏမျှ ထိတ်လန့်သွားပြီးနောက် ပြန်လည်တည်ငြိမ်သွားကာ၊ “ကျန်းထောင်၊ ငါတို့ လူသတ်သမားငှားပါတယ်လို့ ဘယ်လိုများစွပ်စွဲနိုင်ရတာလဲ။ မင်းမှာ သက်သေရှိလို့လား။”

ကျန်းထောင်၏မျက်နှာထက်တွင် အေးစက်စက်အပြုံးတစ်ပွင့်ပေါ်လာခဲ့လေသည်။ သူက ကျိုးကောကျန်းကို အဖြေပြန်မပေးခဲ့ပေ။ သူ့မှာသာ သက်သေမရှိရင် ဒီနေရာကို ရောက်နေမှာတဲ့လား။ သူ့မှာသာ သက်သေမရှိရင် ဖမ်းဝရမ်းရလာမှာတဲ့လား။ သူတို့က ဖယ်ဒရယ်တရုတ်ပြည်ထောင်စုမှာ နေ,နေတာမဟုတ်ဘူးလား။ ဒီနေရာမှာ ဆန္ဒရှိသလို လူတွေကို ဖမ်းလို့ရလို့လား။

“ခေါ်သွားကြ။” ကျန်းထောင်က အမိန့်ပေးလိုက်ပြီးနောက် ချက်ချင်းထွက်သွားတော့သည်။

“ကျန်းထောင်။” ကျိုးကောကျန်း ဒေါသတကြီးအော်ဟစ်လိုက်သံက မိုင်ချီသည့်အကွာအဝေးကနေတောင် ကြားနိုင်သလိုပင်။

….

ရှောင်လင်းယွီသည် ရှောင်ကျွင်းတို့မိသားစုကို ဆေးရုံသို့ ပို့ပေးခဲ့သည်။ ဆရာဝန်သည်။ တခြားမတော်တဆမှုများမဖြစ်လာအောင် ရှောင်ကျွမ်းကို ဆေးရုံတွင် နောက်ထပ်နှစ်ရက်လောက် ဆက်နေရန် အကြံပြုလာခဲ့သည်။

ရှောင်ကျွင်းသည် အသက်၁၅နှစ်ခန့်ရှိပြီဖြစ်သည်။ သူ့မိသားစုသည် တခါမှ ဆေးရုံကိုမရောက်ဖူးတာကြောင့် ဆေးရုံအတွင်းလုပ်ငန်းဆောင်တာ စာရွက်စာတမ်းများကို ဘယ်လိုကိုင်တွယ်ရမှန်း မသိကြပေ။

ရှောင်လင်းယွီလည်း ရှောင်ကျွမ်းတို့မိသားစုက အကူအညီတောင်းလာတာကြောင့် လိုအပ်သည့်လုပ်ငန်းစဉ်များကို ကူညီလုပ်ကိုင်ပေးခဲ့သည်။

သို့သော်လည်း ဆေးရုံခပေးသွင်းရမည့်အဆင့်သို့ရောက်လာချိန်မှာတော့ ဒေါ်လေးချန်းက ဤသို့ပြောလာခဲ့သည်။ “လင်းယွီ၊ ဒေါ်လေးတို့ ငွေအများကြီးပါမလာဘူး။ သမီးပဲ ဒေါ်လေးတို့အတွက် အရင် ပေးထားပေးပါလား။”

သူမ၏စကားလုံးရွေးချယ်မှုမှာ ‘အရင်ပေးထားပေး’ ဖြစ်ပြီး ‘ချေးပေးဦး’ မဟုတ်တာကြောင့် အတော်လေး စိတ်ဝင်စားဖို့ကောင်းလေသည်။ နှစ်ရက်စာဆေးရုံစရိတ်အဖြစ် ယွမ်၃၀၀ ပေးသွင်းဖို့လိုအပ်လေသည်။

ရှောင်လင်းယွီလည်း တွေးကြည့်လိုက်ကာ၊ “ဒေါ်လေးချန်းရယ် ရတာပေါ့။ ဒါပေမယ့် အခုကိစ္စက ရုတ်တရက်ကြီးဆိုတော့ ကျွန်မလည်း ငွေအများကြီး မယူလာမိဘူး။ ကျွန်မမိဘတွေကို ဖုန်းဆက်ပြီး ငွေလာပို့ဖို့ ပြောလိုက်မယ်လေ။” ရှောင်လင်းယွီ၏ဆိုလိုရင်းမှာ ရှင်းလှသည်။ သူမနှင့်အတူ ငွေအများကြီး ယူမလာခဲ့ပေ။ ဒါကြောင့် သူမမိဘတွေကို ငွေယူပြီးလာခိုင်းလိုက်မည်ပင်။ ရှောင်လင်းယွီသည် အငယ်ဖြစ်တာကြောင့် ဒေါ်လေးချန်းထံမှ ငွေပြန်ယူဖို့ တောင်းနိုင်မည်မဟုတ်ပေ။ သို့သော်လည်း ဒေါ်လေးချန်းကို ငွေချေးပေးမည့်လူက ဖေဖေရှောင်၊ ဒါမှမဟုတ် မေမေရှောင်ဖြစ်နေပါက အခြေအနေက ကွာခြားသွားပေပြီ။

ဒေါ်လေးချန်း၏စကားများအရ ဒေါ်လေးချန်းတွင် သူမငွေကို ပြန်ဆပ်ရန် အစီအစဉ်မရှိကြောင်း ရှောင်လင်းယွီ ခန့်မှန်းနိုင်သည်။ ရှောင်လင်းယွီသည် တုံးတုံးအအမဟုတ်ပေ။ သူတို့ကို ဆေးရုံအထိ မောင်းပို့ပေးသည်က အလွန်ကြင်နာနေပြီဖြစ်သည်။ သို့သော်လည်း ဒီအမျိုးသမီးက သူမအပေါ် တင်တင်စီးစီးနဲ့ ဆေးရုံစရိတ်ပါ ရှင်းပေးစေချင်နေသေးတယ်ပေါ့။ ဒါတော့ အရမ်းများသွားပြီ။

ယွမ်၃၀၀မှာ ရှောင်လင်းယွီအတွက် များပြားသည့် ပမာဏမဟုတ်သော်လည်း လယ်သမားအများစုအတွက်တော့ အတော်များပြားသည့် ပမာဏတစ်ခုဖြစ်လေသည်။ သို့သော်လည်း ရှောင်ကျွမ်း၏မိသားစုတွင် လယ်မြေအများကြီးရှိလေသည်။ ဒေါ်လေးချန်းသည် မဆင်းရဲဘဲ ရှောင်လင်းယွီကို အခွင့်အရေးယူချင်ရုံသာဖြစ်လေသည်။

ထို့အပြင် ဒီတစ်ခေါက် ရှောင်လင်းယွီသာ တွန့်ဆုတ်နေလိုက်ပါက တခြားရွာသားတွေကလည်း သူတို့မိသားစုဝင်တွေ ထိခိုက်ဒဏ်ရာရလာလျှင် မြို့ပေါ်ဆေးရုံသို့ ပို့ပေးဖို့ သူမကို တောင်းဆိုလာနိုင်ကာ တခါတည်း ဆေးရုံစရိတ်ကိုပါ ရှင်းပေးခိုင်းလာကြလိမ့်မည်။

ဒေါ်လေးချန်း၏အမူအရာက ပြောင်းလဲသွားတော့သည်။ ထို့နောက် သူမက ရှက်ရွံ့သလိုပြုံးလိုက်ကာ၊ “လင်းယွီ၊ ခရိုင်မြို့ပေါ်မှာ မင်းရဲ့သူငယ်ချင်းတွေ အများကြီးရှိတယ်မဟုတ်ဘူးလား။ မင်းသူငယ်ချင်းတွေဆီကအရင် နည်းနည်းလောက် ချေးလိုက်လို့မရဘူးလား။”

ရှောင်လင်းယွီ အထင်မှန်နေလေသည်။ ဒေါ်လေးချန်းသည် ရှောင်လင်းယွီကို ငွေပြန်ဆပ်ဖို့ အစီအစဉ်မရှိဘဲ အကြွေးကိုငြင်းဆန်ကြမည်သာ။ သို့သော်လည်း ရှောင်ကျန်းယန်နှင့် ချန်ချိုးယင်းတို့သာ သက်သေပါလာရင် နောက်ကျရင် သူတို့ဆီက ငွေပြန်တောင်းလာကြလိမ့်မည်။

ရှောင်လင်းယွီ ခေါင်းယမ်းလိုက်လေသည်။ “ဒေါ်လေးချန်း၊ ကျွန်မသူငယ်ချင်းတွေဆီ လည်ပြီး ငွေလိုက်မချေးနိုင်ဘူးလေ။ သေချာပေါက် လိုအပ်နေတာမျိုးမှမဟုတ်ရင် ကျွန်မသူငယ်ချင်းတွေဆီက ငွေမချေးဘူး။”

“ဒါပေမယ့် ယွမ်၃၀၀ လေးပဲလေ။” ဒေါ်လေးချန်းက စောဒကတက်လိုက်သည်။ “မင်းတို့လူချမ်းသာတွေအတွက် ဒါက မပြောပလောက်တဲ့ပမာဏလေးပဲကို။”

ရှောင်လင်းယွီ၏မျက်နှာက မည်းမှောင်သွားကာ အလွန်ကိုမှ မပျော်မရွှင်ဖြစ်လာခဲ့သည်။ “အိုး.. ဒေါ်လေးချန်း.. ယွမ်၃၀၀က ဒေါ်လေးအတွက် မပြောပလောက်တဲ့ပမာဏပေါ့? ဒါဆိုလည်း ဒေါ်လေးချန်း ကိုယ့်ဘာသာ ငွေသွင်းလိုက်လေ။ ပြဿနာမရှိဘူးမဟုတ်လား။”

ဒေါ်လေးချန်း၏အမူအရာက ရုတ်ချည်း အရုပ်ဆိုးသွားတော့သည်။ “လင်းယွီ၊ နင်ငါ့ကိုမကူညီနိုင်ဘူးလား။”

ထိုအချိန်မှာပဲ သူနာပြုတစ်ယောက် ရောက်လာကာ၊ “အခန်းနံပါတ် ၃၀၃၊ ကုတင် ၂က လူနာရှောင်ကျွင်းရဲ့မိဘတွေ မြန်မြန်လေး ဆေးရုံစရိတ်သွင်းပေးကြပါ။”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ။ ကျွန်မတို့ ချက်ချင်းပေးပါ့မယ် သူနာပြု။” ဒေါ်လေးချန်းက ချက်ချင်းဖြေလိုက်သည်။ ထို့နောက် သူမက ပြန်လှည့်လာကာ၊ “လင်းယွီ၊ သူနာပြုက လောနေပြီ။ ဒေါ်လေးကို ငွေပေးတော့။”

ရှောင်လင်းယွီသည် အချိန်ဖြုန်းမနေချင်တော့တာကြောင့် တိုက်ရိုက်ပင် ပြောလိုက်တော့သည်။ “ဒေါ်လေးချန်း၊ အခုတော့ ဒီငွေကို ကျွန်မပေးထားပေးမယ်။ ဒါပေမယ့် တခါတည်းရှင်းအောင် ပြောထားရအောင်။ ဒီငွေက ဒေါ်လေးကို ချေးပေးထားရုံပဲနော်။ ကျွန်မတို့ ရွာပြန်ရောက်တဲ့အချိန်ကျရင် ဒေါ်လေး ပြန်ဆပ်ဖို့ မျှော်လင့်ပါတယ်။”

ထိုစကားကိုကြားသည်နှင့် ဒေါ်လေးချန်း အနည်းငယ် ဒေါသထွက်လာတော့သည်။ သူမက မကြည်မသာအသံဖြင့် ပြန်ပြောလိုက်လေသည်။ “ဟုတ်ပါပြီ၊ ငါတို့ပြန်ရောက်တဲ့အခါကျတော့ ပြန်ပေးမှာပေါ့။”

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “ဒါဆို ဒေါ်လေးချန်း ခဏလောက်စောင့်နေဦး။ ကျွန်မ သူငယ်ချင်းတစ်ယောက်ဆီက ငွေသွားချေးလိုက်ဦးမယ်။”

ဒေါ်လေးချန်း ဒေါသထွက် မထွက်ကို ရှောင်လင်းယွီ ဂရုမစိုက်ပေ။ မနက်စောစောစီးစီး ရှောင်ကျွင်းကို ခရိုင်ဆေးရုံသို့ပို့ပေးခဲ့ကာ ဆီဖိုးတောင်မှ မတောင်းခဲ့ပေ။ ဒါကို အခုတော့ ဒေါ်လေးချန်းက သူမကို အခွင့်ကောင်းယူဖို့ လုပ်နေပြန်သည်။

သူမမှာ ငွေရှိတယ်ဆိုပေမယ့် ဒီငွေတွေရအောင် သူမကြိုးစားရှာထားရတာလေ။

ရှောင်လင်းယွီ ထွက်သွားသည်ကိုကြည့်ပြီးနောက် ဒေါ်လေးချန်း၏မျက်လုံးများက မည်းမှောင်လာတော့သည်။ “ဟမ့်.. ကပ်စီးကလည်းနဲလိုက်တာ။ ဒီလောက်ချမ်းသာနေတာကို ယွမ်၃၀၀က ဘာလောက်များလို့လဲ။” ဒေါ်လေးျန်းသည် ထိုငွေကိုပြန်ပေးဖို့ အစီအစဉ်လုံးဝမရှိခဲ့ပေ။

သူမမိသားစုသည် ညလယ်ခေါင်ကြီး ပန်းတူးဖို့ တောင်ပေါ်တက်ခဲ့ကြကာ ဘာပန်းမှ မတူးလာနိုင်သည့်အပြင် အဆိပ်ရှိမြွေတောင် အကိုက်ခံလာရလေသည်။ ဒါက ဆုံးရှုံးမှုကြီးပဲ။ ဒါတွေအားလုံး ရှောင်လင်းယွီရဲ့မိသားစုကြောင့်ပဲ။ ရှောင်မိသားစုခြံဝန်းထဲက တန်ဖိုးကြီးပန်းတွေအကြောင်းသာ သတင်းမထွက်လာပါက ဒေါ်လေးချန်းတို့မိသားစုက တောင်ပေါ်တက်ဖြစ်မှာတဲ့လား။

ဒါကြောင့်ပဲ ဒေါ်လေးချန်းသည် ရှောင်လင်းယွီကို ဆေးရုံစရိတ်ရှင်းခိုင်းစေချင်နေခြင်းဖြစ်လေသည်။ သူမ ငွေပြန်ဆပ်မည်ဟု ကတိပေးလိုက်သော်လည်း အလိမ်အညာတစ်ခုသာဖြစ်လေသည်။

ရှောင်လင်းယွီသည်လည်း သူမသူငယ်ချင်းတစ်ယောက်ကို ရှာကာ ငွေချေးမည်ဟု ပြောခဲ့ခြင်းမှာ အလိမ်အညာသာဖြစ်လေသည်။ သူမသည် ခရိုင်မြို့ပေါ်သို့ မကြာခဏစီးပွားရေး လာလုပ်လေ့ရှိတာကြောင့် သူမငှားထားသည့်အိမ်တွင် ငွေတချို့ ချန်ထားခဲ့လေသည်။

မကြာလိုက်ပါဘဲ ရှောင်လင်းယွီ ဆေးရုံသို့ ပြန်ရောက်လာခဲ့သည်။ ရှောင်ကျွင်းအတွက် ဆေးရုံတက်ရန်လုပ်ငန်းစဉ်များ ဖြေရှင်းပြီးသည့်နောက် သူမက၊ “ဒေါ်လေးချန်း၊ ကျွန်မမှာ လုပ်စရာလေးတွေရှိသေးလို့ အရင်သွားနှင့်တော့မယ်။”

“အင်း အင်း၊ ဟုတ်ပြီ။” ရှောင်လင်းယွီ ဆေးရုံစရိတ်ရှင်းပေးလိုက်သည်ကိုမြင်ပြီးနောက်မှပဲ ဒေါ်လေးချန်း သက်ပြင်းချနိုင်တော့သည်။

ရှောင်လင်းယွီ ပိုက်ဆံပြန်ယူနေချိန်တွင် ကျန်းထောင်က သူမကို ဆက်သွယ်လာကာ လုပ်ကြံသတ်ဖြတ်သည့်အမှုကိစ္စ ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း ပြောလာခဲ့သည်။ ထို့နောက် သူမကို မေးစရာမေးခွန်းတချို့ရှိတာကြောင့် စခန်းသို့ လာခိုင်းခဲ့သည်။

ရှောင်လင်းယွီ ရဲစခန်းသို့ရောက်လာချိန်မှာတော့ ကျန်းထောင်က အပေါက်ဝတွင် ထွက်စောင့်နေခဲ့လေသည်။

ကျန်းထောင်က ရှောင်လင်းယွီကို ရုံးခန်းထဲသို့ ခေါ်ဆောင်သွားခဲ့ကာ၊ “လင်းယွီ၊ အမှုကပြီးသွားပြီ။ မင်းကိုသတ်ဖို့ သူတောင်းစားကို ငှားခဲ့တဲ့သူက ကျိုးမိသားစုဆိုတာ အတည်ပြုနိုင်တဲ့သက်သေတွေ ထွက်လာပြီ။”

“ကျိုးမိသားစုလား။” ရှောင်လင်းယွီ ထိတ်လန့်သွားခဲ့သည်။ ကျိုးမိသားစုကို သူမ သံသယရှိခဲ့သော်လည်း သူမကို သေစေချင်သည်အထိ ရက်စက်သောလုပ်ရပ်မျိုး ကျိုးမိသားစုက လုပ်လိမ့်မည်ဟုတော့ မထင်ခဲ့ပေ။

“ဟုတ်တယ်။” ကျန်းထောင် ခေါင်းညိတ်လိုက်သည်။ “မင်း ကျိုးဟုန်ဝေ့ကို ထောင်ထဲပို့ခဲ့တယ်လေ။ ဒါကြောင့် သူ့မိသားစုက မင်းကို လက်စားပြန်ချေဖို့ ဆုံးဖြတ်လိုက်ကြတာ။” သူက ခဏရပ်သွားခဲ့သည်။

“စိတ်ဝင်စားဖို့ကောင်းတာက၊ ကျိုးမိသားစုရဲ့လုပ်ကြံသူငှားတဲ့အမှုက ဆိုးရွားတဲ့ပံ့ပိုးသူရဲ့နောက်ကွယ်မှာ ရှိနေတဲ့လူက ကျိုးထန်ရှုန်း တဲ့လေ။”

“ငါတို့ ကျိုးထန်ရှုန်းကို နေအိမ်ကျယ်ချုပ်သဘောမျိုး အပြစ်ပေးထားတော့ သူဘာမှ ဝင်နှောက်ယှက်လို့မရဘူး။ ဒါပေမယ့် အဲ့မြေခွေးအိုကြီးက သူ့လူကိုသုံးပြီး မင်းကိုလုပ်ကြံခိုင်းခဲ့တာပဲ။”

“အရင်တုန်းက ဒီနောက်ကွယ်ကလူတွေရဲ့တည်ရှိမှုက ငါတို့အတွက် အရမ်းမျက်စိနောက်စရာဖြစ်ခဲ့ပေမယ့် သူတို့ရဲ့အထောက်အထားကို အတည်ပြုဖို့ လုံလောက်တဲ့ သက်သေတွေမရှိခဲ့ဘူး။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ကျိုးထန်ရှုန်းက မင်းကို လက်စားချေဖို့ အဲ့လူတွေကို သုံးလိုက်တဲ့အတွက် ငါတို့လည်း စုံစမ်းဖို့ လမ်းကြောင်းတွေ ပိုပွင့်လာတယ်။”

ရှောင်လင်းယွီ မှင်သက်သွားခဲ့ရသည်။

ကျိုးမိသားစုက သူမကို ဒီလောက်အမြင့်ကြီးတွေးထားကြလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ခရိုင်ရဲစခန်း၏လက်ထောက်ညွှန်မှူးက သူမကို ထိခိုက်စေချင်ရုံနှင့် သူ့နောက်ကွယ်က လျှို့ဝှက်အင်အားကိုပင် ထုတ်သုံးလာခဲ့လေသည်။

ရှောင်လင်းယွီ၏စိတ်က မိန်းမောသွားရသည်။ သူမအရင်ဘဝတုန်းက လန်မိသားစုကို တရားဆွဲရန် သူမအဖိုး လာရောက်ခဲ့တုန်းက စခန်း၏ခေါင်းဆောင်မှာ ခေါင်းဆောင်ကျိုးဖြစ်သည်။ သို့သော်လည်း ထိုလူက ကျိုးထန်ရှုန်းဟုတ်မဟုတ်တော့ သူမ မသေချာခဲ့ပေ။

သို့ပေမယ့် ရှောင်လင်းယွီကို စိတ်ရှုပ်သွားစေသည့်အချက်ရှိနေသည်။ ခေါင်းဆောင်က ကျန်းထောင်ဖြစ်သင့်တာ မဟုတ်ဘူးလား။ ဒါဆို သူမအရင်ဘဝတုန်းက ကျန်းထောင်က ဘယ်ရောက်သွားတာလဲ။ တစ်နေရာရာကို အရွှေ့ခံလိုက်ရတာလား။

ရှောင်လင်းယွီ တွေးကြည့်လိုက်ပြီးနောက် ထိုခန့်မှန်းချက်က တော်တော်လေး ဖြစ်နိုင်သည်ဟု ထင်မိလိုက်သည်။ ကျန်းထောင် ဤမြို့တွင် ခေါင်းဆောင်ဖြစ်နေသည်က သုံးနှစ်ပင်ရှိသွားပြီဖြစ်သည်။ သူ၏ ထူးချွန်သော စွမ်းဆောင်ရည်များဖြင့်ဆိုလျှင် ရာထူးတိုးခံရနိုင်လေသည်။ ကျန်းထောင်သာ ထိုအချိန်တုန်းက စခန်းတွင် ခေါင်းဆောင်အဖြစ် ဆက်ရှိနေဦးမည်ဆိုပါက သူမမိသားစု ထိုမျှအထိ ဆိုးဆိုးရွားရွား အနိုင်ကျင့်ခံခဲ့ရလိမ့်မည်မဟုတ်ပေ။

ကျိုးထန်ရှုန်းအပေါ် သူမ၏မုန်းတီးမှုက ပိုလို့ပင် ပြင်းထန်လာခဲ့သည်။ တချိန်တည်းမှာပဲ မကြာခင်အချိန်အတွင်း ကျန်းထောင်နှင့် ခွဲခွာရတော့မည်ဖြစ်တာကြောင့် သူမ ဝမ်းနည်းသွားမိသည်။ သူငယ်ချင်းတစ်ယောက်အနေဖြင့် သူ့ကို လွမ်းဆွတ်မိမည်မှာ သေချာလေသည်။ ပြောရရင် ဒီတစ်ခေါက်ခွဲခွာပြီးလျှင် သူမတို့ထပ်ပြီး တွေ့ဆုံနိုင်ပါဦးမလားဆိုတာ ပြောမှမပြောနိုင်ဘဲ။

ထိုသို့တွေးမိပြီးနောက် ရှောင်လင်းယွီသည် ကျန်းထောင်ဆီက အကြည့်မလွှဲမိတော့ပေ။

ဒါက ကျန်းထောင်ကို အနည်းငယ် နားမလည်နိုင်ဖြစ်သွားစေသည်။ ဒါကြောင့် သူက ထုတ်မေးလိုက်တော့သည်။ “လင်းယွီ၊ ငါ့မျက်နှာမှာ တစ်ခုခုပေနေလို့လား။”

ရှောင်လင်းယွီပြုံးကာ ခေါင်းယမ်းလိုက်လေသည်။ “မဟုတ်ပါဘူး။ ဒီအတိုင်း ရှင့်လို သူငယ်ချင်းတစ်ယောက်ရှိတာ ကျွန်မအရမ်းကံကောင်းတယ်လို့ ခံစားလိုက်မိလို့ပါ။”

ကျန်းထောင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။ “ငါလည်း အတူတူပဲ။” ထို့နောက် သူက တစ်ခုခုကိုတွေးလိုက်မိကာ၊ “လင်းယွီ၊ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါသေချာ မရှင်းပြလိုက်မိတော့ နားလည်မှုလွဲသွားလောက်တယ်။ တကယ်တော့… မင်းသာ ငါ့ချစ်သူဖြစ်ဖို့ သဘောတူနေသ၍… ငါဘာကိုမှ စိတ်ထဲမထားပါဘူး။”

ရှောင်လင်းယွီ ကြောင်အသွားမိတော့သည်။

ကျန်းထောင် အခုလိုမျိုး ရုတ်တရက်ကြီး သူမကို ဖွင့်ပြောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ရှောင်လင်းယွီ ချောင်ပိတ်ခံလိုက်ရသလိုမျိုး မသက်မသာဖြစ်လာခဲ့သည်။ ရှောင်ထုန်ကို မွေးဖို့ စိတ်ပိုင်းဖြတ်ပြီးကတည်းက သူမသည် ချစ်သူထားဖို့ရော လက်ထပ်ဖို့ကိုပါ မတွေးမိတော့ပေ။ ဒါပေမယ့် အခုတော့ ဒီလိုခန့်ညားကာ ထူးချွန်သည့်ယောက်ျားတစ်ယောက်က သူမ၏အတိတ်ကို စိတ်ထဲမထားဘဲ သူမကို လိုက်ချင်သည်ဟု ပြောလာခဲ့လေသည်။

သူမတွင်သာ ရှောင်ထုန်ရှိမနေခဲ့ရင် သေချာပေါက် လက်ခံမိမှာပင်…။

ဒါ့အပြင် ရှောင်ထုန်၏အဖေအရင်းမှာ ဒီယောက်ျား၏အချစ်ဆုံးသူငယ်ချင်း ဖြစ်နေသေးသည်။ သူမသာ လက်ခံလိုက်လျှင် နောက်များကျရင် ကျန်းထောင်တစ်ယောက် သူ့သူငယ်ချင်းကို ဘယ်လိုများ မျက်နှာချင်းဆိုင်ပါတော့မလဲ။ သူမကရော ကျန်းထောင်ကို မျက်နှာချင်းဆိုင်နိုင်ပါ့မလား။

နောက်ဆုံးအချက်အနေနှင့် သူမ ရှောင်ထုန်အပေါ်တွင် အကြွေးများစွာတင်နေလေသည်။ ရှောင်ထုန်၏ကမ္ဘာကြီးတွင် အရာအားလုံးပြည့်စုံအောင် ဖြည့်ဆည်းပေးဖို့ သူမအစွမ်းကုန်ကြိုးစားမည်ဖြစ်သည်။ ရှောင်ထုန်မှာသာ ပထွေးရှိလာလျှင် အမေတူအဖေကွဲ မွေးချင်းတွေလည်း ရှိလာတော့မည်။ သို့သော်လည်း ရှောင်လင်းယွီကတော့ နောက်ထပ်ကလေးယူရန် အစီအစဉ်မရှိပေ။

ဒါကြောင့် ကျန်းထောင်၏ဖွင့်ပြောမှုကို သူမ လက်မခံနိုင်ပေ။

ရှောင်လင်းယွီ၏အမူအရာက အလွန်တုန်လှုပ်ဟန်ပေါ်နေခဲ့သည်။ ထို့နောက် သူမက ပြုံးလိုက်ကာ၊ “ကျန်းကော၊ ကျွန်မကို မနောက်ပါနဲ့။ ကျွန်မ တကယ် အလေးအနက်ပြောနေတာ။ ကျွန်မက ရှင်နဲ့မထိုက်တန်ဘူးဆိုတာ ကိုယ်တိုင်လည်း သိပါတယ်။”

ကျန်းထောင်ကလည်း အလေးအနက်ပင် ပြန်ပြောလာလေသည်။ “လင်းယွီ၊ ငါ နောက်နေတာမဟုတ်ဘူး။”

လက်ရှိတွင်တော့ ရှောင်လင်းယွီ၏အမူအရာက ပုံမှန်အနေအထားသို့ တဖြည်းဖြည်း ပြန်လည်ပြေလျော့လာပြီဖြစ်သည်။ ထို့နောက် သူမက သက်ပြင်းချလိုက်ကာ လေးလံသည့်လေသံဖြင့် ပြန်ပြောလိုက်သည်။ “ကျန်းကော၊ ဒါ ကျွန်မနဲ့ မထိုက်တန်ပါဘူး။ ကျွန်မ ရှင့်ကို အမှန်အတိုင်းပဲပြောတော့မယ်။ ကျွန်မ အခု ကိုယ်ဝန်ရှိနေပြီ။ ဒီကလေးကို ကျွန်မကိုယ်တိုင် ပျိုးထောင်ဖို့လည်း စီစဉ်ထားတယ်။”

“ရှင်ကိုယ်တိုင်က အဖေအရင်းမဟုတ်ဘဲ တခြားလူနဲ့ရထားတဲ့ ကလေးရှိတဲ့မိန်းမတစ်ယောက်ကို ရှင်တကယ်ပဲ လက်ထပ်နိုင်မှာလား။ ရှင်လုပ်နိုင်ရင်တောင် ရှင့်မိသားစုကို ဘယ်လိုပြောမလဲ။ သူတို့က သေချာပေါက် လှောင်ပြောင်ကဲ့ရဲ့လာကြလိမ့်မယ်။ ရှင်လည်း ဒုက္ခရောက်မှာပဲ။ သူတို့က ရှင့်ကို မသန့်ရှင်းတဲ့မိန်းမတစ်ယောက်နဲ့ မိမစစ်ဖမစစ်ကလေးတစ်ယောက် ပြန်ခေါ်လာတဲ့အတွက် အပြစ်ပြောကြလိမ့်မယ်။ ဒီတော့ ကျန်းကော၊ ကျွန်မက တကယ်ကို ရှင်နဲ့ မထိုက်တန်ပါဘူး။”

“ဒါကြောင့် ဒီအကြောင်းကို ထပ်မပြောပါနဲ့တော့။ ကျွန်မတို့ သူငယ်ချင်းအဖြစ်ပဲ ဆက်ရှိကြရအောင်၊ ဟုတ်ပြီလား။”

***

All Chapters