ထူးဆန်းလိုက်တာ
Vol. 10 Ch. 183
“အမေ၊ ဘယ်သူဆက်တာလဲ။” ရှောင်လင်းယွီက စိတ်ရှုပ်ထွေးစွာဖြင့် မေးလာခဲ့သည်။
“ရှောင်ကျွင်းရဲ့အမေလေ။ ရှောင်ကျွင်းက ဒီနေ့ပဲ ဆေးရုံကဆင်းလို့ ချန်းကွေ့ဟွာ သူတို့ရွာပြန်ဖို့ သမီးကို လာကြိုစေချင်နေတယ်တဲ့လေ။ ဟမ့်၊ ငါတို့က ဘာလို့ လုပ်ပေးရမှာလဲ။ သူတို့က ဘာတွေမို့လို့လဲ။”
ရှောင်လင်းယွီ၊ “….” ဒီလူတွေ အရမ်းကိုဘဝင်မြင့်လွန်းနေကြပြီပဲ။
ရှောင်လင်းယွီသည် သူတို့၏ကိုယ်ပိုင်ယာဉ်မောင်းမဟုတ်ပေ။ ဆေးရုံသို့အသွားတုန်းကလည်း လိုက်ပို့ထားပြီးဖြစ်ပေသည်။ ဒါကြောင့် ရှောင်လင်းယွီ ခေါင်းသာညိတ်လိုက်သည်။ “သမီး သူတို့ကို သွားမကြိုပါဘူး။ သူတို့ဘာသာ ကြည့်ကြပ်ပြီး ပြန်လာပါစေ။ သူတို့ သမီးကို လာကြိုစေချင်ရင် အနည်းဆုံးဆီဖိုးနဲ့ ကားမောင်းခက ယွမ်၈၀ရှိတယ်။ သူတို့ပေးမှပဲ အကြိုခံရမယ်။”
“ကောင်းပြီ။” မေမေရှောင်လည်း သဘောတူလိုက်သည်။
သူတို့မိသားစုတွင် ကားတစ်စီးရှိသည်။ ရှောင်လင်းယွီသည် သူတို့ကို ဆေးရုံသို့ အလကားမောင်းပို့ပေးခြင်းဖြင့် ကူညီပေးခဲ့ပြီးဖြစ်လေသည်။ သို့ပေမယ့် ဒီလူတွေကများ သူတို့နေပြန်ကောင်းလို့ အိမ်ပြန်ချင်တာတောင် ရှောင်လင်းယွီကို ပြန်မောင်းကြိုပေးဖို့ အမိန့်ပေးလိုက်သေးတယ်ပေါ့။
ထို့နောက် မေမေရှောင်သည် ထိုအမျိုးသမီးထံသို့ နောက်ထပ်ဖုန်းတစ်ကောလ် ပြန်ခေါ်လိုက်လေသည်။
…..
နှစ်ရက်တာဆေးရုံတွင် စောင့်ကြည့်ပြီးနောက် ရှောင်ကျွင်း ဘေးကင်းသွားပြီဖြစ်ကြောင်း ဆရာဝန်က အတည်ပြုပေးလိုက်ကာ အိမ်ပြန်နိုင်ပြီဖြစ်သည်။ ဆေးရုံဆင်းဖို့ လိုအပ်သည့် စာရွက်စာတမ်းများ ပြုလုပ်ပြီးနောက်မှာတော့ သူ့အမေက အိမ်ကို ကားနှင့်ပြန်လို့ရအောင် တစ်ယောက်ယောက်ကို သွားရှာမည့်အကြောင်း ပြောလာခဲ့သည်။
မကြာခင်မှာပဲ ချန်းကွေ့ဟွာက ဒေါသတကြီးပြန်ရောက်လာခဲ့သည်။ သူမခင်ပွန်း ရှောင်ချန်းချိုင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလာလေသည်။ “ဘာဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်ဒေါသထွက်နေတာတုန်း။”
ချန်းကွေ့ဟွာက ဒေါသတကြီး ပြန်ပြောလာခဲ့သည်။ “ချန်ချိုးယင်းကြောင့်ပေါ့။ ကျွန်မက ရှောင်လင်းယွီကို ကျွန်မတို့ကို လာကြိုပေးဖို့ ပြောခိုင်းတာကို သူက ငြင်းလိုက်တယ်လေ။ ပြောတာတော့ ရှောင်လင်းယွီ နေလို့သိပ်မကောင်းဘူးတဲ့။
ဟော.. ခဏနေလဲကျရော သူက ဖုန်းပြန်ခေါ်လာပြီး ယွမ်၈၀ပေးရင် ကျွန်မတို့ကို လာကြိုပေးနိုင်တယ်တဲ့။ ဘယ်လိုတောင် ကပ်စီးနည်းနေရတာလဲ။ ဒီခရီးလေးတစ်ကြောင်းအတွက် ဆီက ဘယ်လောက်များ ကုန်မှာမို့လို့လဲ။ ဒင်းတို့က ကျွန်မတို့ကို လာလှည့်ချင်နေကြတာ။” သူမ ထိုအကြောင်းတွေးမိလေ ပိုပြီး ဒေါသထွက်လာမိလေပင်။ “သူ့မိသားစုမှာ ကားရှိတော့ရောဘာအရေးလဲ။ ဘာတွေများ အဲ့လောက်ကြီးကျယ်နေလို့လဲ။ ကျွင်းအာကြောင့်သာမဟုတ်ရင် ကျွန်မတို့တွေ သူ့ကိုလိုတောင် လိုမနေဘူး။ ရှောင်လင်းယွီကို ကျွန်မတို့ကိုလာကြိုခွင့်ပေးတာကတင် သူတို့ကို မျက်နှာပေးတာဖြစ်နေပြီ။ ပြောရရင် သူက အခုဆို ချမ်းသာနေပြီလေ။ သူနဲ့ မိတ်ဆွေဆက်ဖြစ်ချင်တဲ့လူ ဘယ်သူများရှိတော့လို့လဲ။”
သို့သော်လည်း သူမလေသံထဲရှိ မနာလိုသည့်အသံကတော့ မထိန်းချုပ်နိုင်ခဲ့ပေ။
ရှောင်ချန်းချိုက်နှင့် ရှောင်ကျွင်း၊ “….”
ရှောင်ချန်းချိုက်၏အမူအရာက မည်းမှောင်သွားကာ ခပ်တင်းတင်းအော်လိုက်တော့သည်။ “တိတ်စမ်း။ ရှောင်လင်းယွီက မင်းအပေါ် အကြွေးတင်နေတယ်လို့များထင်နေလား။ ဘယ်လိုလုပ် ဒီလိုစကားမျိုး ထွက်လာရတာလဲ။ ချန်းကွေ့ဟွာ၊ ငါအခုပဲ ပြောထားလိုက်မယ်။ မင်း ဒီအကြောင်း ထောင်ယွမ်ရွာမှာ ထပ်ပြောရဲပြောကြည့်။ ရှောင်လင်းယွီ မိသားစုသာ ဒီအကြောင်း ကြားသွားရင် ငါတို့ကို ကူညီပေးဦးမယ်များထင်နေလား။”
ရှောင်ကျွင်းကလည်း ပြောလာခဲ့သည်။ “အမေ၊ အစ်မလင်းယွီက သားတို့ကို ဆေးရုံလိုက်ပို့ပေးတာနဲ့တင် အရမ်းကြင်နာလွန်းနေပါပြီ။ သားတို့ကို ဟိုဟိုဒီဒီ လိုက်မောင်းပို့နေရအောင် ဒါ သူ့တာဝန်မဟုတ်ဘူးလေ။ သားတို့ဆီက ဆီဖိုးတောင်မတောင်းဘဲ ဆေးရုံတက်ဖို့ လိုအပ်တာတွေကိုတောင် လိုက်လုပ်ပေးခဲ့သေးတာ။ သားတို့ ကျေးဇူးတင်တင်သင့်တယ်၊ ဒီလိုရန်ငြိုးမထားသင့်ဘူး။ မဟုတ်ရင် သားတို့ နောက်တစ်ချိန်တစ် ကိစ္စတစ်ခုခုများကြုံလာရင် ဘယ်သူကများ သားတို့ကို ကူညီတော့မှာလဲ။”
“ရှူး… ငါတို့က ဘာလို့ မကောင်းတာကြုံရမှာလဲ။” ချန်းကွေ့ဟွာက ချက်ချင်းပင် ပြန်ပြောလာခဲ့သည်။
“ငါတို့အတွက် ကိစ္စကောင်းတွေလည်း ဖြစ်လာနိုင်တယ်လေ။” ရှောင်ချန်းချိုက်၏မျက်နှာက အတော်လေးကိုမှ မည်းမှောင်နေခဲ့သည်။ “ကျွင်းအာ လက်ထပ်ရင် မင်း ချန်ချိုးယင်းကို မင်္ဂလာပွဲအတွက် ချက်ပြုတ်ပေးခိုင်းဖို့ လိုအပ်လာဦးမှာပဲလေ။” ရှောင်ချန်းချိုက်တစ်ယောက် သူ့ဇနီး၏ စိတ်သဘောထားသေးသိမ်မှုကြောင့် ခေါင်းပင်ကိုက်လာရသည်။ သို့သော်လည်း သူ့သားအတွက်တွေးကာ… သူမကို ရှောင်လင်းယွီ၏မိသားစုအား ရန်စခွင့်မပြုနိုင်ပေ။
ရှောင်လင်းယွီ အဓမ္မကျင့်ခံခဲ့ရတော့ရော ဘာဖြစ်လဲ။ ခေတ်ကာလတွေက ပြောင်းလဲနေလေပြီ။ လူတွေက အိမ်ထောင်မပြုဘဲနှင့်တောင် အတူနေထိုင်နေကြပြီဖြစ်သည်။ အပျိုစင်ဘဝက အိမ်ထောင်ရေးတစ်ခုအတွက် အရေးကြီးသည့်အရာမဟုတ်တော့ပေ။ လူများသည် အိမ်ထောင်မပြုခင်တောင်မှ အတူအိပ်ကြသည့်ခေတ်ဖြစ်နေပေပြီ။ ရှောင်လင်းယွီတစ်ယောက် သူမ မသိသည့်ယောက်ျားတစ်ယောက်နှင့် အိပ်ခဲ့မိခြင်းကလည်း ထိုကိစ္စနှင့် ဘာမှ ကွာခြားချက်မရှိပေ။
ထိုသို့ဖြစ်ခဲ့လျှင်တောင်မှ ရှောင်လင်းယွီသည် နာမည်ကြီးတက္ကသိုလ်မှ ဘွဲ့ရကာ မြို့ကြီးပေါ်တွင် အလုပ်ဝင်ခဲ့သူဖြစ်ပြီး သူမတွင် အင်အားကြီးသည့် သူငယ်ချင်းများလည်း ရှိနေတုန်းပင်။ ရှောင်လင်းယွီသည် ထောင်ယွမ်ရွာ၏လမ်းကို ပြင်ဆင်ရာတွင် အရေးပါခဲ့သည်။ လမ်းပြင်ခဲ့သည့်လူမှာ ရှောင်လင်းယွီ၏သူငယ်ချင်း ဖြစ်နေခြင်းပင်။ ထောင်ယွမ်ရွာသည် တခြားလူများထက် ရှောင်မိသားစုကို ပိုလို့တောင် လိုအပ်နေတုန်းပင်။
အတိတ်တုန်းက ရှောင်မိသားစုသည် အခြားလူများကို တောင်းပန်ခယခဲ့ရသည့်အချိန်ဖြစ်ခဲ့သည်။ အခု ရှောင်လင်းယွီ အောင်မြင်လာချချိန်တွင်တော့ အတိတ်တုန်းက ရှောင်ကျန်းယန်ကို ကူညီခဲ့ဖူးသည့်လူများမှာ အကျိုးအမြတ်များစွာရရှိခဲ့ကြသည်။ ရှောင်ကျန်းယန်နှင့်သူ့မိသားစုက ထိုလူအနည်းငယ်ကိုသာ သူတို့အတွက် အလုပ်လုပ်ပေးရန် ငှားရမ်းခဲ့သည်က အရှင်းလင်းဆုံးသက်သေပင်။
ထို့အပြင် ရှောင်ကျွင်း အဆိပ်ရှိမြွေအကိုက်ခံရသည်နှင့် ရှောင်လင်းယွီသည် ချက်ချင်းပင် ခရိုင်ဆေးရုံသို့ ကားမောင်းပို့ပေးခဲ့သည်။ သူမသာ ကူညီဖို့ငြင်းဆန်ခဲ့လျှင် အခြေအတွေ ဘယ်လိုဖြစ်သွားလောက်လဲဆိုတာ ဘယ်သူက သိမှာလဲ။ ၎င်းမှာ အဆိပ်ရှိမြွေတစ်ကောင်ကိုက်ခံရခြင်းဖြစ်သည်။ သူတို့သာ ဆေးရုံသို့ အချိန်မီမရောက်နိုင်ခဲ့ပါက ရှောင်ကျွင်း သေဆုံးသွားလောက်ပေပြီ။
ထို့ကြောင့် ဒါကိုပဲ သူတို့ကျေးဇူးတင်နေသင့်သည်။
ရှောင်ချန်းချိုက်ကာ ခပ်တင်းတင်းပင် သတိပေးလိုက်သည်။ “ချန်းကွေ့ဟွာ၊ ရှောင်ကျန်းယန်နဲ့ သူ့မိသားစုကို သွားမစော်ကားနဲ့ အထူးသဖြင့် ရှောင်လင်းယွီကိုပဲ။”
ကျန်းကွေ့ဟွာ ဒေါသထွက်နေလေသည်။ သူမခင်ပွန်းဖြစ်သူထံမှပါ ပြစ်တင်ပြောဆိုခြင်းခံလိုက်ရတာကြောင့် သူမဒေါသက ပိုလို့တောင် ဆူပွက်လာလေတော့သည်။ “ရှောင်ချန်းချိုက်၊ ငါ ဘယ်တုန်းက သူတို့ကို စော်ကားဖူးလို့လဲ။ ငါက အမှန်အတိုင်းပဲပြောတာ။ ကျွင်းအာ ဘာလို့များ အဆိပ်မြွေကိုက်တာ ခံရတာလဲ။ အားလုံး သူတို့အမှားကြောင့်ပဲလေ။”
ရှောင်ချန်းချိုက် မျက်မှောင်ကြုတ်လိုက်လေသည်။ “ဒါ ဘာကိုဆိုလိုတာလဲ။ ဘာလို့ သူတို့အမှားဖြစ်ရမှာလဲ။” ရှောင်ချန်းချိုက် တကယ်ကိုပဲ ချန်းကွေ့ဟွာ ဘယ်လိုတွေတွေးနေမှန်း နားမလည်နိုင်တော့ပေ။
ချန်းကွေ့ဟွာက ချက်ကျလက်ကျပင် ပြောလာခဲ့သည်။ “သူတို့ခြံထဲက မဖြစ်စလောက် ပန်းအိုးတွေက တန်ဖိုးကြီးပန်းတွေဖြစ်နေတာသာ မသိခဲ့ရင် ငါတို့က ဘာလို့ တောင်ပေါ်တက်တော့မှာလဲ။ ငါတို့မိသားစုသာ တောင်ပေါ်မတက်ခဲ့ရင် ကျွင်းအာကရော မြွေတစ်ကောင်ကိုက်တာ ခံလိုက်ရပါ့မလား။ ဒီတော့ အဆုံးသတ်လိုက်တော့ အားလုံး သူတို့အမှားပဲပေါ့။ သူတို့ကမှ ငါတို့အပေါ် အကြွေးတင်နေတာ။”
ရှောင်ချန်းချိုက်နှင့် ရှောင်ကျွင်းတို့နှစ်ယောက်လုံး ချန်းကွေ့ဟွာ၏စကားများကိုကြားပြီး ကြောင်အသွားကြကာ သူမကို မယုံကြည်နိုင်မှုများဖြင့် ကြည့်နေမိကြလေသည်။
ရှောင်ကျွင်းလည်း အကူအညီမဲ့စွာ သက်ပြင်းချလိုက်တော့သည်။ “အမေ ဘယ်လိုတွေများ တွေးလိုက်တာလဲ။ အမေကသာ ငွေလိုချင်လွန်းလို့ သားတို့ကို တောင်ပေါ်အတင်းတက်ခိုင်းတဲ့လူလေ။ တကယ်တမ်း တစ်ယောက်ယောက်ကိုသာ အပြစ်တင်ရကြေးဆို အမေပဲဖြစ်သင့်တာမဟုတ်ဘူးလား။ ဘာလို့ အစ်မလင်းယွီရဲ့အမှားဖြစ်ရမှာလဲ။”
ချန်းကွေ့ဟွာ၊ “….”
ရှောင်ချန်းချိုက် ဒေါသထွက်သွားတော့သည်။
“ချန်းကွေ့ဟွာ၊ မင်းခေါင်းထဲမှာ ချီးတွေနဲ့ပြည့်နေတာလား။ မင်းပါးစပ်ကနေ ဒီလိုစကားမျိုးထွက်လာမယ်လို့ ထင်တောင် မထင်ထားဘူး။ မင်း တော်တော်လောဘကြီးတဲ့မိန်းမပဲ။ သူတို့ပန်းတွေအကြောင်းကြားပြီး ဆင်တူတဲ့ပန်းတွေ လိုက်ရှာချင်လို့ ကျွင်းအာနဲ့ငါ့ကို တောင်ပေါ်အတင်းတက်ခိုင်းခဲ့တာ မင်းပဲလေ။ ကျွင်းအာ မြွေကိုက်ခံလိုက်ရတော့ ရှောင်လင်းယွီကပဲ စေတနာနဲ့ ငါတို့ကို ဆေးရုံအထိ ကားနဲ့လိုက်ပို့ပေးခဲ့တာ။ ဒါတောင် မင်းက သူ့ကိုကျေးဇူးတင်ရမယ့်အစား အပြစ်တောင်ပုံချနေတယ်ပေါ့။”
ရှောင်ကျွင်း ခေါင်းညိတ်လိုက်သည်။ “အဖေပြောတာ မှန်တယ်။”
ချန်းကွေ့ဟွာ ပါးစပ်ဟလိုက်သော်လည်း သူမခင်ပွန်းက သူမကို ဟန့်လိုက်သည်။ “ဘာစကားမှ ထပ်မများနဲ့တော့။ မင်း ရှောင်လင်းယွီကို မကောင်းထပ်ပြောတာ ငါကြားလို့ကတော့ မင်းပါးစပ်ကို ပိတ်သွားအောင် အပ်နဲ့ချုပ်ပစ်မယ်။ မဟုတ်ရင် အဲ့ဒီမင်းရဲ့ပါးစပ်ပေါက်ကပဲ ငါတို့အတွက် မကောင်းတာတွေ ထပ်ပြီးယူဆောင်လာနိုင်တယ်။”
ချန်းကွေ့ဟွာ၏မျက်နှာ ဖြူဖျော့သွားတော့သည်။ ထို့နောက် သူတို့မိသားစု ကားဂိတ်သို့သွားကာ ရှင်းအန်းမြို့သို့ ဘက်စ်ကားဖြင့် တစ်ဆင့်စီးပြီးနောက် ထောင်ယွမ်ရွာသို့ ပြန်ခဲ့လေသည်။
သူတို့ ရွာဝင်ပေါက်သို့ရောက်သည်နှင့် ရွာသားများတစ်ယောက်ပြီးတစ်ယောက်ကို တွေ့လာရကာ အားလုံးက ရှောင်ကျွင်း၏ကျန်းမာရေးအကြောင်းမေးလာကြသည်။ သူအားလုံး သက်သာပျောက်ကင်းသွားပြီမှန်း သိရသည်နှင့် လူတိုင်း အလွန်ဝမ်းသာသွားကြလေသည်။
သို့သော်လည်း တစ်ယောက်က မေးလာခဲ့သည်။ “ကွေ့ဟွာ၊ ငါကြားတာတော့ အဲ့နေ့က နင် ငွေယူသွားတာမလောက်လို့ ဆေးရုံခရှင်းဖို့ လင်းယွီဆီက ယွမ်၃၀၀ ချေးထားတယ်ဆို။ အဲ့ဒါ အမှန်ပဲလား။”
ချန်းကွေ့ဟွာ၏မျက်နှာထားမှာ အေးခဲသွားတော့သည်။
ရှောင်ချန်းချိုက်လည်း ထိုစကားကိုကြားပြီးနောက် သံသယဖြစ်နေသည့် အမူအရာတစ်ခု ပေါ်လာလေသည်။ ‘အဲ့နေ့က ငါ ကွေ့ဟွာကို ငွေလုံလုံလောက်လောက် ပေးခဲ့ပါတယ်။ ဘာလို့ ရှောင်လင်းယွီဆီက ငွေချေးဖို့လိုမှာလဲ။’ ထို့နောက် သူ့စိတ်ထဲ အဖြေတစ်ခုပေါ်လာကာ ချန်းကွေ့ဟွာကို စူးစူးရဲရဲစိုက်ကြည့်လိုက်တော့သည်။ လူတွေဘေးမှာရှိနေတာကြောင့် သူမကို ထုတ်တော့ မမေးပေ။
ရှောင်ချန်းချိုက်ကပဲ ဝင်ပြီး ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်တယ်၊ တကယ်ကို လင်းယွီရဲ့အကူအညီအတွက် ကျေးဇူးတင်ရမှာ။ ငါတို့လည်း ခရိုင်မြို့ပေါ်မှာ အသိမရှိဘူးလေ။ တော်သေးလို့ လင်းယွီရှီလို့ပေါ့။ မဟုတ်ရင် ဆေးရုံစရိတ်ရှင်းဖို့ ဘယ်ကနေငွေရှာရမလဲသိမှာတောင် မဟုတ်ဘူး။”
ရွာသားများက ရယ်မောလိုက်ကြသည်။ “လင်းယွီက တကယ်ကို တက်လည်းတက်နိုင်ပါတယ်။ ဒါကြောင့်ပဲ ပညာတတ်ဖို့ဆိုတာ အရမ်းအရေးကြီးတာပေါ့။ သူက တစ်ကမ္ဘာလုံးမှာတောင် အသိမိတ်ဆွေတွေရှိနေလောက်တယ်။” ထိုသည်က လောလောဆယ်တွင်တော့ အလွန်အကျူး ချဲ့ကားနေခြင်းဖြစ်သော်လည်း အနာဂါတ်တစ်ချိန်အတွက်တော့ မဟုတ်ပေ…
“ဟုတ်တယ်၊ ဟုတ်တယ်။” ရှောင်ချန်းချိုက် ပြုံးလိုက်လေသည်။ “တကယ်ပဲ လင်းယွီကို ကျေးဇူးတင်ရမယ်။ သူက ငါတို့ကျွင်းအာကို ဆေးရုံလိုက်ပို့ပေးရုံတင်မကဘူး ဆေးရုံစရိတ်ကိုတောင်မှ ပေးသွားသေးတယ်။”
ချန်းကွေ့ဟွာတစ်ခုခုပြောလိုက်ချင်သော်လည်း ရှောင်ချန်းချိုက်က သူမကို ခပ်စူးစူးကြည့်လိုက်သည်။ ချန်းကွေ့ဟွာလည်း ကြောက်တာကြောင့် သူမစကားများကို ပြန်မြိုချလိုက်ရတော့သည်။
“ငါတို့ကျွင်းအာက အခုမှ ဆေးရုံကဆင်းတာဆိုတော့ အနားယူဖို့လိုသေးတယ်။ ငါတို့ အိမ်အရင်ပြန်လိုက်ဦးမယ်နော်။” ရှောင်ချန်းချိုက်က ပြောလိုက်သည်။
“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့၊ အားကျွင်းက အခုမှဆေးရုံကဆင်းတာဆိုတော့ ကောင်းကောင်း အနားယူရမယ်နော်။”
“ဟုတ်ကဲ့ စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒေါ်လေး။”
ရှောင်ချန်းချိုက်တို့မိသားစုသုံးယောက် အိမ်သို့ပြန်ရောက်လာခဲ့ကြသည်။ သူတို့ပြန်ရောက်ပြီး အထုပ်အပိုးတွေတောင် မချရသေးခင်မှာပဲ ရှောင်ချန်းချိုက်က စတင်မေးမြန်းတော့သည်။ “ချန်းကွေ့ဟွာ၊ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။ ငါ မင်းကို ငွေလုံလုံလောက်လောက်ပေးလိုက်တယ်။ ဒါကို ဘယ်လိုလုပ်ပြီး မင်းက ရှောင်လင်းယွီဆီမှာ အကြွေးတင်သွေားရတာလဲ။” ရှောင်ကျွင်း မြွေကိုက်ခံရချိန်တွင် ရှောင်ချန်းချိုက်သည် ငွေများကို သူ့ဇနီးထံပေးခဲ့သည်။ သူဆေးရုံသို့ရောက်ပြီး ဆရာဝန်က သူ့သားကို ဆက်ပြီးစစ်ဆေးဖို့ ဆေးရုံနှစ်ရက်တက်ရမည်ဟု ပြောလာတာကြောင့် သူက လက်ထဲတွင် ငွေသားမလုံလောက်မည်စိုးတာကြောင့် ဘဏ်သို့သွား၍ပင် ငွေထုတ်ခဲ့လေသည်။
သူ ဆေးရုံသို့ပြန်ရောက်လာချိန်မှာတော့ ချန်းကွေ့ဟွာက ဆေးရုံတက်ရန်လိုအပ်သည့် လုပ်ငန်းစဉ်များလုပ်ပြီး၍ ဆေးရုံစရိတ်ပေးလိုက်ပြီဖြစ်ကြောင်း ပြောလာခဲ့သည်။ ထိုအချိန်တွင် ရှောင်ချန်းချိုက်လည်း များများစားစား တွေးမနေခဲ့ပေ။ သူက ရှောင်လင်းယွီကို မမြင်တာကြောင့်ပင် မေးလိုက်သေးသည်။ “လင်းယွီရော ဘယ်ရောက်သွားလဲ။”
ချန်းကွေ့ဟွာက၊ “သူ လုပ်စရာရှိတာလုပ်ပြီးတော့ ထွက်သွားပြီလေ။ သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့ဦးမယ်လို့ ပြောတာပဲ။” ဒါကြောင့် သူလည်း ချန်းကွေ့ဟွာ၏စကားကို ယုံလိုက်သည်။ ရှောင်လင်းယွီက သူ့သား၏ဆေးရုံစရိတ်ကို ရှင်းပေးခဲ့သူဖြစ်နေမည်ဟု မထင်ခဲ့မိပေ။ သူ့ဇနီးက ထိုအကြောင်းကို မပြောခဲ့တာကြောင့် သူဒေါသထွက်နေလေသည်။
ဒီကိစ္စတစ်ရပ်လုံးက တိုက်ဆိုင်မှုတစ်ခုပဲလဲ… မဟုတ်ဘူးလား။ ချန်းကွေ့ဟွာသည် ရှောင်ချန်းချိုက် ဘဏ်သို့သွားနေစဉ်မှာပဲ ရှောင်လင်းယွီကို ဆေးရုံခရှင်းပေးရန် ပြောခဲ့သည်။ ထို့နောက် သူမငွေရပြီးသွားသည့်နောက် ရှောင်ချန်းချိုက်ပြန်မလာခင် ရှောင်လင်းယွီကို ထွက်သွားခိုင်းဖို့လောလိုက်သည်။
ရှောင်ချန်းချိုက်သည် ခရိုင်မြို့နှင့်မရင်းနှီးတာကြောင့် ဘဏ်ရှာဖို့ အတော်လေး အချိန်ယူခဲ့ရသည်။
သူ ဆေးရုံသို့ပြန်ပြီး ငွေပေးမည့်အချိန်မှာတော့ သူ့ဇနီးက ဆေးရုံစရိတ်ကို ရှင်းပြီးသွားပြီဖြစ်ကြောင်း ပြောလာခဲ့သည်။ ဤနေရာမှာ အကြီးဆုံးပြဿနာကတော့ သူတို့မှာ ငွေရှိနေမှတော့ ဘာလို့များ ရှောင်လင်းယွီဆီက ချေးရသေးတာလဲ။
ချန်းကွေ့ဟွာတစ်ယောက် ရှောင်ချန်းချိုက်၏ဒေါသထွက်နေသည့်မျက်နှာကိုမြင်ပြီး အနည်းငယ် ကြောက်လန့်သွားလေသည်။ ရှောင်ချန်းချိုက်သည် ဆေးရုံမှာကတည်းက သူမကို သတိပေးထားပြီဖြစ်သည်။ အခုလို သူ့အမူအရာကိုမြင်လိုက်ရချိန်မှာတော့ သူမ ပိုလို့တောင် ကြောက်ရွံ့သွားကာ အမှန်တရားကို မပြောရဲတော့ပေ။
“ဟမ်? မင်း ဘာလို့ ဘာတစ်ခွန်းမှမပြောတာလဲ။” ရှောင်ချန်းချိုက် အော်လိုက်လေသည်။ “မင်း ဆွံ့အသွားတာလား။”
“ဘာတွေဖြစ်နေတာလဲ။” ထိုအချိန်မှာပဲ ဆူဆူညံ့ညံ့အသံများကြောင့် ဖွားဖွားရှောင်က မီးဖိုထဲကနေ ပြေးထွက်လာခဲ့သည်။ သူမက ရှောင်ချန်းချိုက်ကိုကြည့်ကာ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်လေသည်။ “ချိုက်အာ၊ ဘာလို့ အော်ဟစ်နေတာလဲ။ ငါ့အဖိုးတန်မြေးကို လန့်အောင်မလုပ်စမ်းပါနဲ့။ သူက အခုမှ ဆေးရုံက ဆင်းလာတာ။ ငါ့အဖိုးတန်မြေးလေး၊ ဆေးရုံမှ အရမ်းပင်ပန်းခဲ့ရမှာပေါ့။ ကြည့်ပါဦး၊ ပိန်သွားလိုက်တာများ။”
ရှောင်ကျွင်းပြုံးလိုက်လေသည်။ “ဖွားဖွားကတော့ တကယ်အံ့ဩဖို့ကောင်းတာပဲ။ သား ၂ လျန် ပဲ ကျသွားတာတောင်ကို ပြောနိုင်တယ်ပေါ့။”
အဖွားက ပြုံးလာခဲ့သည်။ “ဒါပေါ့၊ မင်းက ငါ့အဖိုးတန်မြေးလေးလေ။ မင်း ၂ လျန် မပြောနဲ့ ၂ချန်ပဲ ဝိတ်ကျသွားတာဆိုရင်တောင်မှ ပြောနိုင်သေးတယ်။” (钱 ချန် =两 လျန်ရဲ့ ၁၀ပုံ၁ပုံ)
“အဖွားကတော့ အရမ်းမိုက်တာပဲ။” ရှောင်ကျွင်းက လက်မထောင်ပြလိုက်သည်။
အဖွားရှောင်သည် သူမမြေး၏ချီးမွမ်းစကားကြောင့် ပျော်ရွှင်နေခဲ့သည်။ ရုတ်တရက် တစ်ခုခုကိုပြန်တွေးမိသွားကာ ရှောင်ချန်းချိုက်အား ချက်ချင်းမေးလိုက်လေသည်။ “ချိုက်အာ၊ ဒီတစ်ခေါက် ကျွင်းအာရဲ့ဆေးရုံစရိတ်က အရမ်းအများကြီးကုန်ခဲ့လို့လား။ အမေတို့ လင်းယွီဆီကနေတောင် ငွေချေးခဲ့ရတယ်ပေါ့။” သူမက စိုးရိမ်နေသည့်ဟန်ဖြင့် မေးလာခဲ့ခြင်းပင်။
သူတို့ ငွေချေးရသည်ဆိုလျှင် ဆေးရုံစရိတ်က သူတို့စုထားဆောင်းထားသည်များထက် များစွာ ပိုကျသည့်သဘောပင်။ ဒါကြောင့်ပဲ ဆင်းရဲရင် နေမကောင်းဖြစ်လို့တောင် မရဘူးလို့ ပြောကြတာပေါ့။ သူတစ်ခေါက်လောက် နေမကောင်းဖြစ်လိုက်တာနဲ့ တခါတည်းချွတ်ခြုံကျသွားရောပဲ။
“မဟုတ်ဘူး၊ ကျွန်မ သူ့ဆီက ဘာငွေမှမချေးခဲ့ဘူး။” ချန်းကွေ့ဟွာက ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
“ဒီတော့ ရှောင်လင်းယွီက လိမ်နေတာလို့ ပြောချင်တာလား။” ရှောင်ချန်းချိုက်က ချန်းကွေ့ဟွာကို စိုက်ကြည့်လိုက်သည်။ “ဘာလို့ သူက ဒီလိုကိစ္စနဲ့ လိမ်ရတာလဲ။”
“ဘယ်.. ဘယ်လိုလုပ်သိမှာလဲ။” ချန်းကွေ့ဟွာ မလုံမလဲပြန်ပြောလိုက်သည်။ “သိချင် ရှောင်လင်းယွီကို သွားမေးပေါ့။” သူမကတော့ ရှောင်လင်းယွီဆီက ငွေချေးထားသည့်အကြောင်း ဘယ်တော့မှ ဝန်ခံမည်မဟုတ်ပေ။
“ချန်းကွေ့ဟွာ၊ မင်းငါ့ကို အမှန်အတိုင်းမပြောရင် မင်း…” ရှောင်ချန်းချိုက် ဒေါသတကြီးပြောလိုက်လေသည်။ “ဒီအိမ်ကနေ ထွက်သွား။”
ချန်းကွေ့ဟွာသည်လည်း ဒေါသတို့ လိပ်တက်လာကာ ပြန်အော်တော့သည်။ “ရှောင်ချန်းချိုက်၊ ကျွန်မ ရှောင်လင်းယွီဆီက ငွေမချေးထားဘူးလို့ ပြောနေတယ်လေ။ ရှောင်လင်းယွီက ကျွန်မ သူ့ဆီမှာ အကြွေးတင်နေတယ်လို့ ပြောတယ်မလား၊ ဒါဆိုလည်း သူ့ကို သက်သေယူလာခိုင်းလိုက်။”
“ဒါက လူသတ်မှုလည်းမဟုတ်သလို မီးရှို့မှုလည်းမဟုတ်ဘူး။ မင်းက ဘယ်လိုလုပ် သူ့ဆီကနေ သက်သေအထောက်အထားရဖို့ မျှော်လင့်နေသေးတာလဲ။” ရှောင်ချန်းချိုက် တကယ်ကို ဒေါသထွက်ကာ စိတ်လည်း ပျက်မိသည်။ ဒီကိစ္စသာ ရှောင်လင်းယွီနားထဲ ရောက်သွားမည်ဆိုလျှင် ဒါ သူမတို့မိသားစုကို လုံးဝအာခံလိုက်တာပဲမဟုတ်ဘူးလား။
ထိုအချိန်မှာပဲ ရှောင်ကျွင်းက ဝင်ပြောလာလေသည်။ “အမေ၊ အစ်မလင်းယွီ မကောင်းတဲ့လူမဟုတ်ဘူး။ သူသာ အမေ့ကို ငွေမချေးပေးခဲ့ရင် ဒီလိုတခြားလူတွေကို လှည့်ပြောနေမှာမဟုတ်ဘူး။ တကယ်တော့ သူ သူ့သူငယ်ချင်းဆီကတောင် ငွေမချေးခဲ့ဘူးလို့ထင်တယ်။ အမေ အကြွေးပြန်ပေးဖို့ ရှောင်လွှဲနေမှာသိလို့သာ အမေ့ကို တားဖို့ ဒီနည်းလမ်းသုံးတာဖြစ်နိုင်တယ်။”
ရှောင်ချန်းချိုက်၊ “….”
ချန်းကွေ့ဟွာ၊ “….”
***