← Chapters

အခန်း (၉၀)

Vol. 7 Ch. 90

အခန်း (၉၀)

Vol. 7 Ch. 90

" ဖန်းနီရှန် ဟုတ်လား"

ရေတွက်၍မရ​အောင် များပြားလှသည့် လူများသည် စိတ်လှုပ်ရှားသွားမိ၏။ ကောင်းကင်ပါရမီစာရင်းထဲတွင် အဆန်းကြယ်ဆုံးသောသူမှာ မည်သူဖြစ်သနည်းဟု မေးမြန်းလျှင် အားလုံးသောသူများသည် ယုရှင်းချန်ကိုသာ လက်ညိုးထိုးပြပေလိမ့်မည်။ ဒုတိယလူမှာတော့ ဖန်းနီရှန်ပင် ဖြစ်သည်။ ပထမအဆင့်၌ရှိနေသော ယုရှင်းချန်သည် မည်သည့်မိတ်ဆက်မှ မရှိသောကြောင့် ဖြစ်၏။ ထို့ကြောင့် အားလုံးတို့မှာ စိတ်ဝင်စားလျက် ရှိနေ၏။ သို့ပေမဲ့ ဖန်းနီရှန်မှာတော့ ခြားနားလွန်း၏။

ကောင်းကင်လျို့ဝှက် နန်းဆောင်မှ ထုတ်ပြန်လိုက်သည့် သတင်းအချက်အလက်သည် အမှန်ပင် ရိုးရှင်းလွန်းလှ၏။ သူမသည် မည်သည့်နောက်ခံမှ မရှိသည့် တစ်ကိုယ်တော် ကျင့်ကြံသူသာ ဖြစ်၏။ ထိုကဲ့သို့သော မည်သည့်နောက်ခံမှ မရှသည့်သူသည် အဆင့်သုံးဆယ့်တစ်တွင် ရောက်ရှိနေ၏။ နတ်သားတော်နှင့် နတ်မိမယ်များကို ကျော်ဖြတ်ကာဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်၏။ ဥပမာအားဖြင့် ကျောက်စိ်မ်းသီလ နတ်နယ်မြေတစ်ခုလုံး၏ နောက်ခံကို ပိုင်ဆိုင်ထားသော ကျောက်စိမ်းသီလနတ်သားတော်သည် ကောင်းကင်ပါရမီရှင်စာရင်းတွင် မဝင်ခဲ့ချေ။ သို့ပေမဲ့ တကိုယ်တော် ကျင့်ကြံသူမှာတော့ အဆင့်သုံးဆယ့်တစ် တွင် ​ရောက်ရှိလို့နေသည်။

ထို့ကြောင့် ဤတကိုယ်တော် ကျင့်ကြံသူ၏ အဆင့်သည် မည်မျှရှိမည် ဖြစ်ကြောင်းကို အားလုံးသောသူများက သိချင်နေမိကြ၏။ လက်ရှိအချိန်တွင်တော့ ရေတွက်၍မရအောင် များပြားလှသော လူတို့၏ စိတ်နှလုံးများသည် လှုပ်ရှားလျက် ရှိနေကြ၏။

ထိုသူများထဲတွင် စိတ်အလှုပ်ရှားဆုံးများမှာ တကိုယ်တော် ကျင့်ကြံသူများပင် ဖြစ်သည်။ ဤလူသည် ဖန်နီရှန်ဖြစ်၏။ ကောင်းကင်ပါရမီရှင် စာရင်းတွင် တစ်ကိုယ်တော်ကျင့်ကြံသူ ပါဝင်လာခြင်းသည် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စရပ်ပင်။ အဆင့်တစ်ရာ စာရင်းတွင် တစ်ကိုယ်တော် ကျင့်ကြံသူမှာ တစ်ယောက်တည်းသာရှိ၏။ ယုရှင်းချန်သည် မည်သည့်နောက်ခံမှ မဖော်ပြထားသော်လည်း သူ၏နောက်တွင် ကြီးမားလှသည့် အဖွဲ့အစည်းတစ်ခုရှိကြောင်း အားလုံးက နားလည်ထားကြ၏။ ဖုံးကွယ်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။

"ဖန်းနီရှန်က တကယ့်ကို ထူးချွန်တဲ့ အရည်အသွေးရှိသူပဲ ဖြစ်ရမယ်။ ဒါပေမဲ့ တကိုယ်တော် ကျင့်ကြံသူဖြစ်တာကြောင့် ရောင်စဉ်အလင်းနတ်နတ်သားတော်ကို အနိုင်ရဖို့ မဖြစ်နိုင်ဘူး" တစ်စုံတစ်ယောက်သည် တီးတိုးပြောဆိုလိုက်၏။

နတ်သားတော် တစ်ယောက်၏ အကြောင်းကို ပြောဆိုချိန်မှာတော့ လူပေါင်းများစွာတို့၏ အမူအရာသည် ပြောင်းလဲသွားခဲ့ကြ၏။ ကျွမ်းကျင်သူများပင်လျှင် ဖန်းနီရှန်ကို မျက်နှာသာ မပေးခဲ့ချေ။ သူမသာ တိုက်ခိုက်ရန် ရွေးချယ်ပါက အနိုင်ရရန်မှာ မသေချာချေ။

သို့ပေမဲ့ သူမ၌ မည်သည့်နောက်ခံမှ မရှိသောကြောင့် ရှုံးနိမ့်သွားမည် ဆိုလျှင်တောင်မှ မည်သူမျှ အပြစ်တင် ပြောဆိုနေလိမ့်မည် မဟုတ်ချေ။

"ကောင်းကင်ပါရမီရှင် စာရင်းမှာ ပါဖို့ဆိုတာ လွယ်တာ မဟုတ်ဘူလေ။ ဘာနောက်ခံမှ မရှိဘဲနဲ့ တက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဖန်းနီရှန်က ဒီနေ့မတိုက်ခိုက်ရင်လည်း သူမရဲ့ အနာဂတ်က အေးချမ်းမှာ မဟုတ်ဘူး။ ဒါက ရှောင်ရှားလို့ရတဲ့အရာမျိုး မဟုတ်ဘူးလေ" တစ်ယောက်က ဝင်ကာ ပြောလိုက်မိ၏။

ထိုသူသည် ဦးခေါင်းကို ခါယမ်းလိုက်မိ၏။ အဆင့်သုံးဆယ့်တစ်သည် များပြားလှသော သူများကို ဆွဲဆောင်ရာ နေရာလည်း ဖြစ်လို့နေခဲ့၏။ အထူးသဖြင့် နောက်ခံကောင်းလွန်းလှသည့် ကျင့်ကြံသူများပင်။ ထိုသူတို့သည် သူတို့၏ရှေ့တွင် ဖန်းနီရှန်ကဲ့သို့ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက် ရောက်ရှိနေခြင်းအား မည်သို့မှ လက်ခံနိုင်မည် မဟုတ်ချေ။

"ဆရာ"

လေဟာနယ်ထဲမှာတော့ အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ဖန်းနီရှန်သည် ရပ်လျက် ရှိနေ၏။ သူမ၏ ဝတ်စုံသည် လေထဲတွင် လွင့်မျောလျက် ရှိနေပြီး သူမ၏ မျက်လုံးများသည် အေးစက်လျက် ရှိနေ၏။ သူမသည် သူမဆရာ၏ သဘောထားကို တောင်းခံလိုက်သည့် သဘောပင်။

"ရောင်စဉ်အလင်းနတ်နယ်​မြေရဲ့ နတ်သားတော်က အားမနည်းဘူး ဆိုပေမဲ့ မင်းလောက်တော့ အားမကောင်းဘူး။ မင်းဒီတိုက်ပွဲကို စိတ်ချလက်ချ တိုက်လို့ရတယ်။ ပြီးတော့ ကောင်းကင်ပါရမီရှင် စာရင်း ဆိုတာက နန်းဆောင်သခင် သေသေချာချာ ဖန်တီးထားတဲ့ အရာပဲ။ မင်းအနေနဲ့ သူ့အထက်မှာ ရှိနေမှတော့ သူ့ထက် ပိုပြီး အားကောင်းတာ ကျိန်းသေတယ်။ "

စိတ်ထဲတွင်တော့ အဘွားအိုတစ်ယောက်၏ အသံသည် ပေါ်ပေါက်လာ၏။ သူမ ဆရာ၏ အသံကို ကြားပြီးသည့်နောက် ဖန်းနီရှန်သည် ခေါင်းကို အသာညိတ်လိုက်၏။ "တပည့် နားလည်ပါပြီ"

ပြောပြီးသည့်နောက် ချက်ချင်းပဲ သူမသည် လေဟာနယ်ထဲသို့ လှမ်းလျှောက် သွားခဲ့သည်။ သူမသည် ခြေတစ်လှမ်း လှမ်းတိုင်း ခြေထောက်အောက်၌ ကြာပန်းများ ပေါ်ပေါက်လာသည်။ အလင်းတန်းများသည် တလက်လက် တောက်ပလျက် ရှိနေပြီး သူမ၏ ခန္ဓာကိုယ်ဆီမှ နတ်ဘုရားအလင်းရောင်များ ထွက်ပေါ်လာသည်။

ရှလွမ်

ဖန်းနီရှန်၏ လက်ထဲ၌ ​ငွေဖြူရောင် ဓားရှည်တစ်စင်းက ထွက်ပေါ်လာ၏။ သူမသည် ဓားကို ကိုင်ပြီးသည့်နောက် ကမ္ဘာခြားမှ နတ်မိမယ် တစ်ပါးကဲ့သို့ပင် အရှေ့သို့ လှမ်းသွား၏။ သူမ၏ သလင်းကဲ့သို့ ကြည်လင် လှပသည့် လက်များသည် ဓားကို အသာမြောက်ပြီးသည့်နောက် ရောင်စဉ်အလင်းတန်း နတ်သားတော်ဆီသို့ ညွှန်လိုက်၏။ သူမသည် အစစ်အမှန် တိုက်ခိုက်လိုခြင်း ဆန္ဒများကို ထုတ်ဖော်လျက် ရှိနေ၏။

"အရင်စလေ" ဖန်းနီရှန်၏ အသံသည် အေးစက်လျက် ရှိနေသည်။

"မောက်မာလိုက်တာ"

ရောင်စဉ်အလင်းနတ်သားတော်သည် အေးစက်စက် အော်ဟစ်လိုက်၏။ သူ့ကို အရင်ဆုံး တိုက်ခိုက်ခိုင်းခြင်းသည် သူ့အား အထင်သေးခြင်းသာ ဖြစ်ပေလိမ့်မည်။ ကောင်းကင်ပါရမီရှင်စာရင်းတွင် ပါဝင်နေရုံမျှဖြင့် ကိုယ့်ကိုယ်ကို ဂုဏ်ယူနေသည်လား။ သူ့ကို အရင်ဆုံး တိုက်ခိုက်ရန် ခွင့်ပြုလျက် ရှိနေ၏။

ထို့ကြောင့် ရောင်စဉ်အလင်း နတ်သားတော်သည် ဒေါသထွက်လျက် ရှိနေ၏။ သူ၏ အဆင့်နိမ့်ကျနေခြင်းသည် ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်၏ ပေါက်ပန်းလေးဆယ် အဆင့်သတ်မှတ်ခြင်းကြောင့် ဖြစ်လိမ့်မည်ဟု သူကထင်မှတ်ထား၏။ သူသည် ရီချန်လောက် အားမကောင်းလှသော်လည်း တိုင်ချူးနတ်သား ထက်တော့ အားမနည်းလှချေ။ သူတို့ နတ်နယ်မြေသည်သာ ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်နှင့် ပဋိပက္ခမဖြစ်ပွားပါက သူ၏ အဆင့်သည် ယခုထက်မြင့်မားသည့် နေရာတွင် ရှိနေလိမ့်မည် ဟု သူက သတ်မှတ်ထားသည်။

"ကောင်းကင်ကြယ်အတတ်"

ရောင်စဉ်အလင်းနတ်သားတော်၏ ခေါင်းအထက်တွင် ကြယ်များ တဖျက်ဖျက် လင်းလက်လာ၏။ တာအို၏ နိယာမများ ပါဝင်လျက်ရှိသော ကြယ်ပေါင်းများစွာတို့သည် အောက်သို့ ကျဆင်းလာ၏။

"သေစမ်း"

ကျယ်လောင်စွာ အော်ဟစ်လိုက်သော အသံတစ်ခုက ထွက်ပေါ်လာသည်။

ကြယ်များသည် ထက်ရှလှသည့်အော်ရာများကို ထုတ်ဖော်ကာ အောက်ဆီသို့ ကျဆင်းလာခဲ့၏။

"ရောင်စဉ်အလင်းနတ်သားတော်က ငါ့ကိုသတ်ချင်တာလား"

ဖန်းနီရှန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ သူမ၏ အော်ရာများသည်လည်း ပြောင်းလဲသွားခဲ့၏။ သူမသည် မျှမျှတတ နှင့် လက်ရည်စမ်းပွဲတစ်ခုကို ရင်ဆိုင်တိုက်ခိုက်မည်ဟု တွေးထားခဲ့၏။ ဤအရာသည် ကောင်းကင်ပါရမီရှင်စာရင်းတွင် ပါဝင်သည့် အကြောင်းအရာ တစ်ခုသာလျှင် ဖြစ်သည် မဟုတ်ပါလား။ သို့ပေမဲ့ သူမသည် တုံးအလွန်းခဲ့ပုံပင်။

ရှလွမ် …..။

ဖန်းနီရှန်၏ ဓားရှည်ဆီမှ အလင်းတန်းများသည် ထွက်ပေါ်လာခဲ့တော့၏။ ဓားရောင်စဉ်များသည် အစစ်အမှန် ထွန်းတောက်လာခဲ့ပြီး မိုင်ထောင်ချီ ပတ်လည်အား လွှမ်းခြုံသွား၏။

ဝုန်း ….။

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးသည် ထွက်ပေါ်လာသည်။

အစစ်အမှန်ဖီးနစ်သည် ကြယ်ပေါင်းများစွာနှင့် ထိပ်တိုက် ရင်ဆိုင်ပြီးသည့်နောက် ပြင်းထန်လှသည့် လှိုင်းအဟုန်များ ဖြစ်ပေါ်လာ၏။ အကာအကွယ် အစီအရင်ကြီးသာ မရှိပါက မိုင်ထောင်ချီ ပတ်လည် တစ်ခုလုံးသည် ပျက်ဆီးကုန်မှာ သေချာ၏။

ပထမဆုံး တိုက်ခိုက်ချက်တွင် နှစ်ယောက်လုံးသည် လက်ရည်ညီလျက် ရှိသည်။

"သတ်စမ်း"

“သေစမ်း”

နှစ်ယောက်လုံးသည် သံပြိုင်ဆိုသလိုပင် အော်ဟစ်လိုက်၏။ ၎င်းတို့နှစ်ယောက်သည် အလင်းတန်းများအဖြစ် ပြောင်းလဲကာဖြင့် နတ်ဘုရား နည်းစနစ်များကို အမျိုးမျိုး ထုတ်ဖော် အသုံးပြုတော့၏။

ကျောက်စိမ်းစင်မြင့်ထက်တွင် အလင်းတန်းများနှင့် ပြည့်နှက်လျက် ရှိနေသည်။ သိုင်းယှဉ်ပြိုင်ခြင်းနှင့် မတူတော့ဘဲ သူသေကိုယ်သေ တိုက်ခိုက်ပွဲ အဖြစ်ပင် ပြောင်းလဲသွားခဲ့သည်။

ရောင်စဉ်အလင်းနတ်သားတော်သည် တိုက်ခိုက်မှုကို ထုတ်ဖော်သည့် နေရာ၌ ကြီးကြီးမားမား တိုက်ခိုက်လျက် ရှိနေ၏။ သူသည် သုံးဆယ့်နှစ်ယောက်မြောက်ဟူသည့် နေရာကို လုံးဝမကျေနပ်​ချေ။ အရယူရန် စဉ်းစားထား၏။

အခြားတစ်ဖက်မှ ​ကြည့်မည်ဆိုလျှင်တော့ ဖန်းနီရှန်သည် သူမကိုယ်သူမ စတေးပြီး ငြိမ်နေလိမ့်မည် မဟုတ်ချေ။ တိုက်ပွဲအတွင်း သူမတို့၏ ဝှက်ဖဲများကို ထုတ်ဖော်ကာ အသုံးပြုတော့၏။ ဖျက်စီးမှုလှိုင်းများသည် တည်နေရာဆီသို့ ပြန့်နှံ့သွားကြပြီး ဖျက်ဆီ၍ မရအောင် ခိုင်ခံပုံပေါ်သော ကျောက်စိမ်းစင်မြင့်၌ပင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

"ဒါ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ အားအင်အဆင့်လား" တော်တော်များများသည် မျက်မှောင်ကုတ်မိကြ၏။

ရီချန်တို့၏ အစောပိုင်း တိုက်ခိုက်မှုသည် အလွန်ပင် အားကောင်းလှ၏။ သို့ပေမဲ့ ရောင်စဉ်အလင်းနတ်သားတော်နှင့် ဖန်းနီရှန်တို့ ၏ တိုက်ပွဲသည်က သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုကဲ့သို့ ကြမ်းတမ်းလွန်းသည်။

သို့ပေမဲ့ ဤနှစ်ယောက်သည် ထိပ်တန်းဆင့်တွင် ပါဝင်နေသော သူများ မဟုတ်သေးချေ။ ထိုသို့ဆိုလျှင်တောင်မှ လက်ရှိ ထုတ်ဖော်နေသော အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ဤကဲ့သို့ ပါရမီရှင်များနှင့် တိုက်ခိုက်ပါက ကောင်းကင်အသွင်ပြောင်းခြင်းအဆင့်တွင် ရှိနေသည့် သာမန်လူပင်လျှင် ကျိန်းသေပေါက် အန္တရာယ်၏ အငွေ့အသက်ကို ခံစားရမှာ သေချာ၏။

"ကောင်းကင်ပါရမီရှင်စာရင်းမှာ ပါနေတဲ့ လူတွေက ကောင်းကင်အသွင်ပြောင်းခြင်းအဆင့်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေကိုတောင် တိုက်ခိုက်နိုင်တဲ့ပုံပဲ" လူတစ်ယောက်သည် မှတ်ချက်ပေးလိုက်သည်။

၎င်းတို့သည် တစ်ရာမြောက်တွင် ရှိနေသည့် ရမ်ချင်းရှောင်ကို စဉ်းစားမိလိုက်၏။ ၎င်းသည် ကောင်းကင်အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ချိန်တွင် တည်တည်ငြိမ်ငြိမ် ဖြင့် နောက်ဆုတ်သွားနိုင်သည် မဟုတ်ပါလား။

"အဲလိုဖြစ်နိုင်တယ်" အဘိုးအို တစ်ယောက်သည် ခေါင်းညိတ်လိုက်၏။ ၎င်း၏ ကျင့်ကြံခြင်းအထက်တွင် ရှိနေသော ကျင့်ကြံသူကို မစိန်ခေါ်နိုင်လျှင် အဘယ့်ကြောင့် ပါရမီရှင်ဟု ​ခေါ်ဆိုနေမည်နည်း။

ရှလွမ် ….။

စင်မြင့်ပေါ်မှာတော့ ဖန်းနီရှန်သည် သူမ၏ လက်များကို အသာဝေ့ယမ်းလိုက်၏။ သူမသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် ရောင်စဉ် အလင်းတန်းများကို ထုတ်ဖော်လိုက်သည်။ ထိုအလင်းတန်းများသည် တောင်များ ၊ချောင်းများကိုပင် ဖျက်စီးနိုင်သည့် အလင်းအကာအရံကြီး ကဲ့သို့ပင် ကျဆင်းလာခဲ့၏။

ကြည့်ရှုနေသည့်သူများသည် ကြက်သီးမွှေးညင်းများပင် ထသွားခဲ့၏။ လက်ရှိအချိန်မှာတော့ ဖန်းနီရှန်သည် အစစ်အမှန် ဓားကျင့်ကြံသူ တစ်ယောက်ဖြစ်ကြောင်း အားလုံးက သိရှိသွားခဲ့ကြ၏။ သူမ၏ ဓားတိုက်ခိုက်ချက်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး အားလုံးသောသူများ၏ ကျောရိုးများကိုပင် စိမ့်တက်သွားစေသည်။

ဘုန်း …။

ဓားရောင်စဉ်များသည် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဓားဆန္ဒများသည် တည်နေရာတစ်ခုချင်းစီကို ပိုင်းဖြတ်လျက် ရှိနေ၏။

ရောင်စဉ်အလင်းနတ်သားတော်သည် တိုက်ခိုက်ချက်တစ်ခုကြောင့် အနောက်ဖက်သို့ လွင့်စင်သွားခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်တွင် သွေးစီးကြောင်းများ ဖြစ်ပေါ်လာခဲ့ပြီး ၎င်းသည် မယုံကြည်နိုင်သည့် ပုံစံဖြင့် သွေးများ အန်ထွက်လျက် ရှိနေသည်။

All Chapters