← Chapters

အခန်း (၉၁)

Vol. 7 Ch. 91

အခန်း (၉၁)

Vol. 7 Ch. 91

"ငါမင်းကို အထင်သေးခဲ့တယ်" ရောင်စဉ်အလင်းနတ်သားတော်သည် အော်ဟစ်လိုက်၏။ သူသည် ဒဏ်ရာရရှိသွားသော်လည်း လန်းလန်းဆန်းဆန်းတော့ တည်ရှိနေ၏။ သူ၏သွေးများသည် တည်နေရာ အနှံ့ဆီသို့ ပျံ့နှံ့သွားပြီးနောက် သွေးချီများသည် နဂါးကြီးတစ်ကောင်ကဲ့သို့ ဖြစ်တည်လာခဲ့၏။ နဂါးကြီးသည် လောကတွင် ရှိသမျှ အရာအားလုံးကို ဝါးမျိုတော့မည် ပုံစံမျိုးပင်။ သူသည် ကြီးမားလှသည့် လက်ကြီးကို ဆန့်ထုတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူသည် လက်ဝါးနှင့် ဓားရောင်စဉ်များကို တားဆီးလိုက်ခြင်းပင်။ ထိုဓားရောင်စဉ်များသည် မည်သည့်အခါကမှ မရှိခဲ့သလို ပျက်ဆီးသွားလေ၏။

ဤမြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ အားလုံးသော သူများသည် အံ့အားသင့်သွားသလို သက်ပြင်းချလိုက် မိကြသည်။

သုံးနာရီ ကြာသွားခဲ့ပြီ ဖြစ်၏။ ဤနှစ်ယောက်၏ ကျန်းချီများသည် အကန့်အသတ်မဲ့ များပြားလှပုံပေါ်၏။ မောပန်းသည့် ဟန်ပန် တစ်ခုမှ ပေါ်မလာခဲ့ချေ။ ထိုအစား တိုက်ခိုက်မှုသည် ပို၍ အားကောင်းလာခဲ့၏။

ရောင်စဉ်အလင်းတန်းနတ်နယ်မြေ၏ နောက်ခံကို ပိုင်ဆိုင်ထားသော ရောင်စဉ်အလင်း နတ်သားတော်သည် အဆုံးမဲ့ စွမ်းအင်များနှင့် များပြားလွန်းသည့် နည်းစနစ်များကို ပိုင်ဆိုင်၏။ တကိုယ်တော်ကျင့်ကြံသူ ဖန်းနီရှန် မှာလည်း မထင်မှတ်ထားအောင်ပင် အားကောင်းသည့် ဓားကျင့်ကြံခြင်း နည်းစနစ် အမွေအနှစ်ကို ဆက်ခံ ရရှိထားပုံပေါ်၏။ သူမသည် ရှေးဓားကျင့်ကြံခြင်း နည်းစနစ်များကို ထုတ်ဖော်လျက်ရှိနေသည်။

"သူမက ပါရမီရှင် စာရင်းမှာ အဆင့်မြင့်မြင့် ရှိနေတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ သူမရဲ့ အားအင်နဲ့ဆိုရင် မကြာခင် ကျောက်စိမ်းသီလ နတ်သားတော် နှစ်ပိုင်း ပိုင်းခံရလောက်တယ်" တစ်ချို့သော သူများသည် တီးတိုးပြောဆိုနေကြ၏။

"ကျောက်စိမ်းသီလ နတ်သားတော် က ကောင်းကင်ပါရမီရှင် စာရင်းရဲ့ နောက်ဆုံးလူနဲ့ ယှဉ်ရင်တောင် ကျိန်းသေပေါက် ရှုံးမှာပဲ"

ထိုသူက ဆက်ပြောလိုက်၏။ "ဒီနှစ်ယောက်ကို ကြည့်ရတာ အသေသတ်ကွက်တွေကို ထုတ်ဖော်နေတဲ့ပုံပဲ။ အဆုံးသတ်မှာ တစ်ယောက်က သေရင်သေ၊ မသေရင် အပြင်းအထန် ဒဏ်ရာ ရဖို့ပဲရှိတယ်။ ရှောင်လွဲလို့ မရဘူး။ တစ်ကယ့် ဝှက်ဖဲတွေကို မထုတ်ဖော်ရင် အနိုင်ရရှိသူက ပေါ်လာမှာ မဟုတ်ဘူး"

"ဒါက တကယ့်ကို အသေသတ်ကွက်တွေပဲ။ ဖန်းနီရှန်က ကံကောင်းခြင်းတွေကို ပိုင်ဆိုင်ခဲ့ပုံပဲ။ ပြီးတော့ ကောင်းကင်လျိုဝှက် နန်းဆောင်အရှင်က သူမကို ရောင်စဉ်အလင်းနတ်သားတော်ထက် ပိုအားကောင်းတယ်လို့ သတ်မှတ်ခဲ့တယ် မဟုတ်လား"

"ပြောဖို့ခက်တယ်"

နောက်ထပ် သုံးနာရှိ ကြာပြီးသည့်နောက် ကျောက်စိမ်းစင်မြင့်ပေါ်ရှိ နှစ်ယောက်လုံး၏ ကိုယ်ပေါ်၌ ဒဏ်ရာများနှင့် ပြည့်နှက်လာခဲ့ကြ၏။ ဒဏ်ရာများ ရရှိလာကြသော်လည်း အနိုင်ရရှိသူကိုတော့ မဆုံးဖြတ်နိုင်ကြသေးချေ။

"ရှင်က ကျွန်မရဲ့ ပြိုင်ဖက်မဟုတ်ဘူး။ ကောင်းကင်လျို့ဝှက် နန်းဆောင်အရှင်က သေချာထုတ်ပြန်ပြီးသား။ ဒီပွဲကို ဆက်တိုက်ရင် ရှင်သေဖို့ပဲ ရှိတယ် "

ဖန်းနီရှန်သည် စစ်နတ်ဘုရားမ တစ်ပါးကဲ့သို့ပင် ကောင်းကင်ပေါ်မှ ဆင်းသက်လာခဲ့၏။

သူမသည် ဓားကို အောက်ဖက်ဆီသို့ ခုတ်ပိုင်းလိုက်၏။ ဓား၏ ရောင်စဉ်များတွင် ပါဝင်နေသော ဓားဆန္ဒများသည် ကောင်းကင်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိနေသည်။

ထိုကဲ့သို့သော ဓားရောင်စဉ်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ရောင်စဉ်အလင်း နတ်သားတော်၏ ခန္ဓာကိုယ်သည် ဓားရာများနှင့် ပြည့်နှက်လာခဲ့၏။ ၎င်းသည် သွေးများ ပန်းထွက်လာခဲ့၏။ သူ၏ ဝိညာဉ်စွမ်းအင်သည်လည်း မှေးမှိန်လာခဲ့၏။ သူသည် တိုက်ပွဲဝင်ချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့သည် ဆိုသော်လည်း ဓားရာများနှင့် ပြည့်နှက်လာခဲ့၏။

သူသည် ဆိုးဆိုးရွားရွား အခြေအနေသို့ ရောက်ရှိလာခဲ့၏။ တိုက်ပွဲ၏ အဆုံးသတ်သည် မကြာခင် ပေါ်ပေါက်ပေတော့မည်။ ကောင်းကင်ပါရမီစာရင်း၌ ထုတ်ပြန်ထားသည့်အတိုင်းပင် ဖြစ်တည်လာပေတော့မည်။ ခြောက်နာရီကျော်ကြာ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် ရောင်စဉ်အလင်းနတ်သားတော်သည် ရှုံးနိမ့်ပေတော့မည်။

"ငါရှုံးလို့မရဘူး"

ရောင်စဉ်အလင်းနတ်သားတော်သည် ထိုစကားစုကို တီးတိုးရေရွတ်လိုက်၏။ သူသည် မဲနက်လျက် ရှိနေသည့် ရောင်စဉ်များကို ထုတ်ဖော်လိုက်၏။ ထိုကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ရောင်စဉ်လှိုင်းများသည် တည်နေရာ တစ်ခုလုံးကို ပြန့်နှံ့သွားခဲ့၏။

ပါရမီရှင်များ ယှဉ် ပြိုင်ရန် ဖန်တီးထားသည့် ကျောက်စိမ်းစင်မြင့်ကြီးသည် ချက်ချင်းပဲ ပြိုလဲသွားခဲသည်။

ဘုန်း ဘုန်း ဘုန်း …….။

ကောင်းကင်၏ လေးဖက်လေးလံတွင် ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအင်များ ထွက်ပေါ်လာခဲ့၏။ ထိုစွမ်းအင်များသည် ကြီးမားလွန်းသည့် ဖိအားကို ထုတ်ဖော်ကာ ဖိနှိပ်လာ၏။

"သူတော်စင်အဆင့်လက်နက်လား … မဟုတ်ဘူး … နတ်အဆင့်လက်နက်ပဲဟ" တစ်စုံတစ်ယောက်သည် ထကာ အော်ဟစ်လိုက်သည်။

​ရောင်စဉ်အလင်းနတ်သားတော်သည် နောက်ဆုံးတွင် နတ်အဆင့် လက်နက်တစ်ခုကိုပင် ထုတ်ဖော်လာခဲ့၏။ သူသည် ရှုံးနိမ့်ခြင်းမှ အနိုင်ရခြင်းသို့ ပြောင်းလဲရန် ကြိုးစားနေခြင်းသာ ဖြစ်၏။ သူသည် နိဗ္ဗာနအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်၏။ သူ၏ အထက်တွင် ကောင်းကင် အသွင်ပြောင်းလဲခြင်း အဆင့်နှင့် ကောင်းကင် သဘာဝ အဆင့်ဟူ၍ အဆင့်ကြီး နှစ်ဆင့် တည်ရှိသေး၏။ သို့ပေမဲ့ နတ်အဆင့် လက်နက်တစ်ခုကို ထုတ်ဖော် အသုံးပြုလျက်ရှိနေသည်။ နတ်အဆင့်နှင့် သက်ဆိုင်သည့် အားအင်များကို ထုတ်ဖော်နိုင်မည်လား။ မသေချာချေ။

"ရောင်စဉ်အလင်းနတ်သားတော် ရှုံးနိမ့်မှုကို လက်မခံသေးဘူးလား" တစ်စုံတစ်ယောက်သည် ထကာ အော်ဟစ်လိုက်၏။

လက်နက်ကို အသုံးပြု၍ ဖိနှိပ်ခြင်း ဆိုသည်မှာ အဓိပ္ပာယ်မရှိပေ။ ကိုယ့်ထက် အလွန်တရာ အဆင့်မြင့်မားလွန်းလှသည့် လက်နက်များကို ထုတ်ဖော်ကာ အသုံးပြုနေခြင်းလည်း ဖြစ်သည်။ ဖန်းနီရှန် အနေဖြင့် ရှုံးနိမ့်သွားမည် ဆိုလျှင်တောင်မှ လက်နက်ကိုသာ ရှုံးနိမ့်ခြင်းဖြစ်၏။ ရောင်စဉ်အလင်းနတ်သားတော်ကို ရှုံးနိမ့်ခြင်း မဟုတ်ချေ။

"သေစမ်း"

အားလုံး​သောသူများ ပြောနေသည်ကို လျစ်လျူရှုပြီးနောက် ရောင်စဉ်အလင်းနတ်သားတော်သည် အော်ဟစ် လိုက်၏။ သူသည် ကျန်းချီများအား လက်နက်ဆီသို့ ပို့ပြီးသည့်နောက် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လိုက်သည်။

"မကောင်းတော့ဘူး။ မြန်မြန်နောက်ဆုတ် …. မြန်မြန် "

အားလုံးသောသူများသည် ဆွံ့အသွားခဲ့ကြ၏။ ၎င်းတို့သည် လျင်မြန်စွာ နောက်ဆုတ် ရှောင်ရှားလိုက်ကြ၏။ နတ်အဆင့် လက်နက်တစ်ခုဆိုသည်မှာ ဟာသမဟုတ်ချေ။ တိုက်ခိုက်ချက် ကျဆင်းလာသည်နှင့် အနီးဆုံးတွင် ရှိနေသော သူများသည် ဒဏ်ရာ ရရှိကြပေလိမ့်မည်။

"သေချင်နေတာလား"

ဖန်းနီရှန်၏ မျက်လုံးများသည် အေးစက်သွားခဲ့၏။ သူမသည် လက်ကို မြှောက်လိုက်သည်။ အပြာရောင် တောက်ပနေသော ပုတီးစေ့လေးတစ်ခုသည် သူ၏ လက်ထဲ၌ ပေါ်ပေါက်လာ၏။ ထိုအရာဆီမှ အားကောင်းလှသည့် အော်ရာတစ်ခုသည် အရှိန်ပြင်းပြင်းနှင့် ထွက်ပေါ်ကာ တည်နေရာ အနှံ့ဆီသို့ ပျံ့နှံ့သွား၏။

အဖြူရောင်မြူများ ကျဆင်းလာခဲ့ပြီး တည်နေရာတစ်ခုလုံးသည် အေးခဲသွားခဲ့သည်။

"ဒါ နတ်အဆင့် လက်နက်တစ်ခုလား"

အားလုံး​သော သူများသည် ကြောင်အသွားခဲ့ကြ၏။ အဘယ့်ကြောင့် ပါရမီရှင်များ၏ လက်ထဲ၌ နတ်အဆင့် လက်နက်များ တစ်ခုပြီးတစ်ခု တည်ရှိနေရသနည်း။

"ချိုးဖျက်စမ်း"

ဖန်းနီရှန်၏ နှုတ်ခမ်းများသည် ကော့တက်သွားခဲ့၏။ သူမ၏ လက်ထဲရှိ ပုတီးစေ့သည် ကောင်းကင်သို့ ပျံတက်သွားခဲ့ပြီး လတစ်စင်းကဲ့သို့ ထိန်ထိန်လင်းလျက် ရှိနေ၏။ အလင်းရောင်စဉ်များသည် ကောင်းကင်မှ ကျဆင်းလာပြီး နတ်အဆင့်လက်နက်ကို တစ်ခါတည်း ဖိနှိပ်လိုက်တော့၏။

ဘုန်း

ကျယ်လောင်လှသော အသံကြီးသည် ထွက်ပေါ်လာခဲ့ပြီး တောင်ကဲ့သို့သော နတ်အဆင့်လက်နက်ကို ဖျက်ဆီးတော့သည်။ ထိုအတူ ပုတီးစေ့သည် ကြီးများလှသည့် အရှိန်အဟုန် နှင့် အတူ ရောင်စဉ်အလင်းနတ် သားတော်ဆီသို့ ကျဆင်းလာသည်။

"ရဲတင်းလိုက်တာ”

“ရပ်စမ်း"

ထိုအချိန်မှာတော့ များပြားလှသော အသံများသည် ချက်ချင်း ထွက်ပေါ်လာခဲ့၏။ နတ်အဆင့် ကျင့်ကြံသူများသည် တစ်ပြိုင်နက် ထွက်ပေါ်လာပြီး ကျောက်စိမ်းစင်မြင့်ပေါ်သို့ လှမ်းတက်ကာ တိုက်ပွဲကို ရပ်တန့်ရန် ကြိုးစားကြတော့၏။

အစောက ရောင်စဉ်အလင်းနတ်သားတော်သည် နတ်အဆင့် လက်နက်တစ်ခုကို ထုတ်ဖော်ကာ တစ်ဖက်လူအား ဖိနှိပ်ရန် ကြိုးစားသည့် အချိန်တုန်းက မည်သူမှသည် ဂရုမစိုက်ဘဲ ခပ်တည်တည်နှင့် မတ်တပ်ရပ်နေခဲ့ကြသည်။ ဖန်းနီရှန်သာ သေဆုံးသွားသည် ဆိုပါက ဘာနောက်ခံမှ မရှိသည့် တစ်ကိုယ်တော် ကျင့်ကြံသူ ဖြစ်သောကြောင့် မည်သူမှ ဂရုမစိုက်ကြခြင်းပင်။ သူမအနေဖြင့် အကန့်အသတ်မဲ့ များပြားလှသော အနာဂတ်လမ်းကြောင်းကို ပိုင်ဆိုင်၏။ အနာဂတ်ဆိုသည်မှာ အနာဂတ်၌ ပိုင်ဆိုင်လာမည့် အရာဖြစ်သည်။ လက်ရှိ အားအင်အဆင့် မဟုတ်ချေ။

များပြားလှသော ပါရမီရှင်များသည် ဤနှစ်ပိုင်းအတွင်း ဤကဲ့သို့ပင် သေဆုံးသွားခဲ့သည် မဟုတ်ပါလား။ သူမသည် နတ်အဆင့် လက်နက်တစ်ခုကို ထုတ်ဖော်ကာ အသုံးပြုလိုက်သည့် အချိန်မှာတော့ ထိုင်ကာ ကြည့်မနေနိုင်ကြတော့ချေ။

ရောင်စဉ်အလင်းနတ်နယ်မြေ၏ နောက်ခံ တည်ရှိနေသောကြောင့် အင်ပါရီယန်ကလန်နှင့် တခြားသော ရောင်စဉ် အလင်းနတ်နယ်မြေမှ အကြီးအကဲများသည် ချက်ချင်းပဲ တုံ့ပြန်ကြတော့၏။ ၎င်းတို့ အားလုံးသည် တိုက်ခိုက်ချက် ကို ကာကွယ်ရန် ကြိုးစားခဲ့ကြ၏။ သို့ပေမဲ့ နှေးကွေးလို့ နေခဲ့ကြ၏။ နတ်သားတော်နှင့် လက်နက်တို့သည် အလွန်တရာ နီးကပ်နေသောကြောင့်ပင်။

ဘုန်း

မြေပြင်တစ်ခုလုံး တုန်ခါသွားပြီးသည့်နောက် နတ်သားတော်သည် သွေးတစ်လုတ် အန်ထွက်လာ၏။ သူသည် အနောက်ဖက်သို့ လွင့်စင်သွားခဲ့၏။ လေထုထဲတွင်တော့ အအေးလှိုင်းများ ဖြစ်တည်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရေခဲများ ကပ်ညိလာခဲ့၏။

"ရဲတင်းလိုက်တာ "

လေဟာနယ်ထဲတွင်တော့ အဘိုးကြီးတစ်ယောက်၏ ဒေါသတကြီး အော်ဟစ်သံသည် ပေါ်ထွက်လာ၏။ ၎င်းသည် လှမ်းလျှောက်လာပြီး ရောင်စဉ် အလင်းနတ်သားတော်ကို ဖမ်းဆွဲလိုက်၏။ သူတို့၏ နတ်သားတော်သည် မည်သည့် အသက်ဓာတ်မှ မရှိတော့သည်ကို သိရှိပြီးနောက် သူ၏ မျက်လုံးထဲ၌ ဒေါသအခိုးအငွေ့များ ထင်ပေါ်လာသည်။

ဘုန်း …..

သူတော်စင်အဆင့် ဖိအားသည် ပေါက်ကွဲထွက်လာပြီး မြေပြင်တစ်ခုလုံးသည် ကွဲအက်လာသည်။ အားလုံးတို့သည် မသက်မသာ ခံစားလိုက်မိ၏။ ပါရမီရှင် နှစ်ဦးတို့၏ တိုက်ပွဲတွင် သူတော်စင်တစ်ယောက် ပေါ်ထွက်လာခြင်းသည် အံ့အားသင့်စရာပင်။

"မင်း ရောင်စဉ်အလင်းနတ်သားတော်ကို သတ်ပစ်ခဲ့တယ်။ ဒီတော့ မင်းအသက်ကို ဒီမှာ ထားခဲ့တော့။ "

ပြောပြီးသည့်နောက် သူတော်စင်သည် လက်ကို ဆုပ်လိုက်၏။ ကြီးမားလှသည့် လက်ဝါးကြီးသည် ပေါ်ပေါက်လာပြီးနောက် ကျောက်စိမ်းစင်မြင့်ပေါ်သို့ ကျဆင်းလာခဲ့၏။

ဤအရာသည် သူတော်စင်တစ်ယောက်၏ တိုက်ခိုက်ချက်ဖြစ်၏။ ဖန်းနီရှန်တစ်ယောက် ရင်ဆိုင်နိုင်သည့် ကိစ္စမျိုး မဟုတ်ချေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ဖန်းနီရှန်၏ ကြေးရောင် လက်စွပ်ထဲမှ အလင်းတန်းများ ပေါ်ပေါက်လာခဲ့၏။ ပြီးသည့်နောက် အဘွားအိုတစ်ယောက်၏ ပုံစံသည် အကောင်အထည် ဖြစ်တည်လာပြီး လက်ဝါးချက်ကို တားဆီးလိုက်သည်။

လက်ဝါးချက် နှစ်ခု ထိတွေ့ပြီးသည့်နောက် ကြောက်မက်ဖွယ် ကောင်းလှသည့် လှိုင်းအဟုန်များသည် လေထုထဲသို့ ပြန့်နှံ့သွားခဲ့၏။

တည်နေရာ ပတ်ဝန်းကျင်တွင် ရှိနေသော သူများသည် အနောက်ဖက်သို့ လွင့်စင်သွားကြပြီး တစ်ချို့ဆိုလျှင် သွေးများပင် အန်ထွက်လာခဲ့ကြ၏။ ဤတိုက်ခိုက်ချက်သည် သူတော်စင်အဆင့် တိုက်ခိုက်ချက်ပင် ဖြစ်၏။

အားလုံးပြီးသည့်နောက် ဖန်းနီရှန်သည် တည်နေရာတွင် မရှိတော့ချေ။

"တကယ့်ကို ကြမ်းတမ်းတဲ့ နည်းစနစ်ပဲ"

အဘိုးအိုသည် အံကို ကြိတ်လိုက်၏။ ပြီးသည့်နောက် နတ်ဘုရားအာရုံကို ဖြန့်ကျန့်ကာဖြင့် တည်နေရာ အနှံ့ဆီသို့ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ ဘာတစ်ခုမှ ရှာမတွေ့ခဲ့ချေ။ သူသည် အေးစက်စက် ပြောလိုက်၏။ "ရောင်စဉ်အလင်းနတ်နယ်မြေက ဒီကိစ္စကို လက်လွှတ်ပေးမှာ မဟုတ်ဘူး"

ပြောပြီးသည့်နောက် အဘိုးအိုသည် ရောင်စဉ် အလင်းနတ်သားတော်၏ အလောင်းကို ကောက်ယူကာဖြင့် ထွက်ခွာသွားခဲ့၏။

တိုက်ပွဲပြီးဆုံးပြီးနောက် တည်နေရာ တစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။ များပြားလှသော သူများသည် လက်ရှိမြင်ခဲ့ရသည်များကို မယုံကြည်နိုင်သလို ဖြစ်လို့နေ၏။ ရောင်စဉ်အလင်းနတ်သားတော်သည် သေဆုံးသွားခဲ့သည်လား။

All Chapters