← Chapters

အခန်း (၉၂)

Vol. 7 Ch. 92

အခန်း (၉၂)

Vol. 7 Ch. 92

ရောင်စဉ်အလင်းနတ်သားတော် တစ်ယောက် သေဆုံးသွားခဲ့သည့် သတင်းသည် လျင်လျင်မြန်မြန်ပဲ ပျံ့နှံ့သွားခဲ့ တော့၏။ ဤတစ်ကြိမ် တိုက်ခိုက်မှုသည် တကယ်ပင် ဂုဏ်သိက္ခာနှင့် ပတ်သက်လျက် ရှိနေ၏။

မူလအားဖြင့် ကောင်းကင်ပါရမီရှင်စာရင်းတွင် ပါဝင်လာခဲ့သော ဘာမှန်းမသိသည့် ဖန်းနီရှန်သည် ရက်အနည်းငယ် အတွင်း အလွန်နာမည် ကျော်ကြားလာသည့် လူတစ်ယောက် ဖြစ်လာခဲ့သည်။ သူမသည် ခန့်မှန်း၍ မရနိုင်သည့် ပုံပန်းသွင်ပြင်မျိုးဖြင့် များပြားလှသည့် ပါရမီရှင်များ၏ အထက်တွင် မတ်မတ်ရပ်လျက်ရှိသည်။

ဖန်းနီရှန်ကို စိန်ခေါ်ရန် စီစဉ်ထားခဲ့သည့် လူတော်တော်များများတို့သည် ထိုအတွေးကို စွန့်လွှတ်ခဲ့၏။ သူမသည် ရောင်စဉ်အလင်းနတ်သားတော်ကိုပင် သတ်ဖြတ်ရဲသည်ဆိုမှတော့ တခြား မသတ်ဖြတ်ရဲသည့်လူဟူ၍ ရှိလိမ့်မည် မထင်ချေ။

…………

တော်ဝင်သဲကန္တာရ၏ ယနေ့ ရာသီဥတုသည် တကယ်ပင် သာယာလွန်းလှ၏။ မိုး တဖွဲဖွဲကျလျက်ရှိ၏။

လီယွင်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ထိုင်လျက်ရှိနေပြီး အပြင်ဘက်ရှိ မြင်ကွင်း များကို ကြည့်ရှုလျက်ရှိ၏။ သူ၏ လက်ထဲတွင်တော့ ဝိုင်ခွက်တစ်ခွက်က တည်ရှိလို့နေ၏။ ရံဖန်ရံခါ ဆိုသလို သူ ဝိုင်ခွက်ကို မော့နေသည်။

ဤအရာသည် ပိုင်ချမ်းဟန် လက်ဆောင်ပေး ပို့လွှတ်လိုက်သည့် အရာဖြစ်ပြီး ကျင့်ကြံခြင်းလောက၏ ထူးခြားလှသည့် အရာများဖြင့် ဖန်တီးပြုလုပ်ထားသည့် ဝိုင်လည်း ဖြစ်တော့၏။ သာမန်ဝိုင်ထက် ပိုမိုကာ ကောင်းမွန်ပြီး အရသာကလည်း သာလွန် ထူးကဲ၏။

“အင်း… မဆိုးပါဘူး” လီယွင်သည် သဘောတကျဖြင့် ခေါင်းညိတ်လိုက်သည်။

“စီနီယာ”

မိုးရွာထဲမှာတော့ ပိုင်ချမ်းဟန်သည် မြန်မြန် ပျံသန်းရောက်ရှိလာခဲ့၏။ သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင် ထဲသို့ လှမ်းဝင်ပြီးသည့်နောက် လီယွင်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ “စီနီယာ… ကိစ္စ အကြီးကြီးတော့ ဖြစ်ပြီ”

“ဘာတွေဖြစ်နေတာလဲ”

လီယွင်သည် မျက်ခုံးကို ပင့်ပြီးသည့်နောက် ပိုင်ချမ်းဟန်ဆီကို လှမ်းကာ ကြည့်ရှုလိုက်၏။ ချက်ချင်းဆိုသလိုပဲ တစ်ဖက်လူ ဘာတွေတွေးနေသည်ဆိုသည်ကို သူက ချက်ချင်း နားလည်လိုက်မိသည်။

“ရောင်စဉ်အလင်းနတ်သားတော် ဆုံးသွားပြီလား”

“အင်း.. ရောင်စဉ်အလင်းနတ်သားတော် ဆုံးသွားပြီ”

“ဒါဆိုရင် သူ့ရဲ့အဆင့်ကကော ဘာဖြစ်သွားနိုင်သလဲ” လီယွင်သည် မတ်တပ်ထရပ်လိုက်၏။ ပြီးသည့်နောက် ကောင်းကင်ပါရမီရှင်စာရင်းကို တစ်ချက်လှမ်းကြည့်လိုက်၏။

ရောင်စဉ်အလင်းနတ်သားတော်သည် သုံးဆယ့်နှစ်ယောက်မြောက် တည်နေရာတွင် တည်ရှိသူတစ်ယောက်ဖြစ်၏။ ယခု သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် ထိုအရာကို အသစ်ပြန်လည် မပြုလုပ်သည်ဆိုပါက စာရင်းကြီးသည် အမှားကြီး ဖြစ်သွားပေလိမ့်မည်။

“စနစ်… ကောင်းကင်ပါရမီရှင်စာရင်းကို အသစ်ပြန်လုပ်ပေးအုံး”

လီယွင်က တွေးတောကာ ထပ်ပြောလိုက်၏။ “စနစ်… အနာဂတ်မှာ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ တစ်ခုခု ပြောင်းလဲမှုတွေ ကြုံတဲ့အချိန်မှာ တစ်ခါတည်း အဆင့်ကို ပြန်ပြီး ပြောင်းပေးဖို့ မှတ်ထားပါ”

မထင်မှတ်ထားသည့် အကြောင်းအရာများ ဖြစ်ပေါ်ခဲ့ပါက စာရင်းတွင် ပါဝင်သည့် လူများသည်လည်း အပြောင်းအလဲဖြစ်သွားမှာ သေချာသည်။

စနစ် “…..”

ခဏလောက် ကြာပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်တွင် ရှိနေသည့် ကျောက်ပြားသည် ပြောင်းလဲသွားခဲ့၏။ ရောင်စဉ်အလင်းနတ်သားတော်၏ နာမည်သည်‌ ပျောက်ကွယ်သွား ခဲ့ပြီး ထိုတည်နေရာတွင် တခြားသော တစ်ယောက်က ရောက်ရှိလာခဲ့၏။ လူတစ်ရာစာရင်းသည်လည်း အလိုလို ပြောင်းလဲသွားခဲ့၏။

“စီနီယာ”

ပိုင်ချမ်းဟန်သည် အနည်းငယ် ဒုက္ခရောက်နေပုံပေါ်၏။ စီနီယာအနေနှင့် ဤကဲ့သို့ အခြေအနေမျိုး ဖြစ်သွားခဲ့သည်ဆိုလျှင်တောင်မှ အဘယ်ကြောင့် တည်တည်ငြိမ်ငြိမ် ဖြစ်နေသည်ဆိုခြင်းကို သူက သိရှိနေမိသည်။

“ရောင်စဉ်အလင်းနတ်သားတော် သေဆုံးသွားခဲ့ပြီ။ ရောင်စဉ်အလင်းနတ်နယ်မြေက လွယ်လွယ်ကူကူနဲ့ လက်လွှတ်ပေးမှာ မဟုတ်ဘူးလေ။ သူတို့သာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို လာပြီးတော့ ပြဿနာ ရှာရင်ကော ... ”

“ဘာလို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို စိတ်ပူနေရတာလဲ။ ဖန်းနီရှန်က သတ်ဖြတ်ပစ်ခဲ့တာ မဟုတ်ဘူးလား” လီယွင်သည် မျက်လုံးများ ချာချာလည်သွားတော့၏။ သူသည် စာရင်းတစ်ခုကို ထုတ်ဖော်ရုံသာရှိ၏။ တစ်စုံတစ်ယောက် သေဆုံးသွားဆိုလျှင် အဘယ်ကြောင့် သူ၏အပြစ် ဖြစ်မည်နည်း။

“သေချာတာပေါ့။ ဒါပေမဲ့ ရောင်စဉ်အလင်းနတ်သားတော် သေဆုံးသွားခဲ့တယ် ဆိုတာက ကောင်းကင်ပါရမီရှင် စာရင်းရဲ့ သုံးဆယ့်တစ်ယောက်မြောက် တည်နေရာကို လှမ်းယူချင်လို့လေ။ ဒါကြောင့် ရောင်စဉ်အလင်းနတ်နယ်မြေ က ဒီကိစ္စကို လွယ်လွယ်ကူကူနဲ့ လက်လွှတ်ပေးမှာ မဟုတ်ဘူး” ပိုင်ချမ်းဟန်က ရှင်းပြလိုက်သည်။

“ဟမ့်”

လီယွင်သည် ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။ “အင်း.. တခြားသောသူတွေ ယှဉ်ပြိုင်ပြီး ကျရှုံးတယ်၊ အနိုင်ယူတယ် ဆိုတာက ဘယ်လိုဖြစ်ပြီး ကျုပ်နဲ့ သက်ဆိုင်နေရတာလဲ။ အရင် ကောင်းကင်ပါရမီရှင်စာရင်း မရှိခင်တုန်းကလည်း ပါရမီရှင်တွေက သေဆုံးနေကြတာပဲ မဟုတ်လား။ ပြီးတော့ ကျုပ်က စာရင်းလေးတစ်ခုပဲ လုပ်တာလေ။ သူ့ကို (၃၁) နေရာကို ရောက်ဖို့အတွက် အတင်းကြီး ဖိအားပေးနေတာ မဟုတ်ဘူး”

ပိုင်ချမ်းဟန် “…”

နားထောင်ရသည်မှာ အဓိပ္ပာယ်ရှိလှ၏။

“စီနီယာ”

ပိုင်ချမ်းဟန်သည် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွား၏။ ထို့ကြောင့် တီးတိုးပြောလိုက်သည်။ “ဖန်းနီရှန်က နောက်ခံတစ်ခုခု ရှိတဲ့ပုံပဲ။ သတင်းအချက်အလက်တွေအရဆိုရင် ရောင်စဉ်အလင်းနတ်သားတော်နဲ့ တိုက်ခိုက်တဲ့ အတောအတွင်းမှာ သူက နတ်အဆင့် ရတနာတစ်ခုကို ထုတ်ဖော်ခဲ့တယ်။ ဒီလို ရတနာဆိုတာ တကိုယ်တော် ကျင့်ကြံသူတစ်ယောက် ထုတ်ဖော်ပြီး အသုံးပြုနိုင်တဲ့အရာမျိုး မဟုတ်ဘူး။ ပြီးတော့”

“နတ်အဆင့်ပစ္စည်းတစ်ခု ဟုတ်လား” လီယွင်သည် လက်ကို အသာမြှောက်ပြကာဖြင့် တားဆီးလိုက်၏။

“အင်း”

ပိုင်ချမ်းဟန်သည် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်လို့နေခဲ့၏။ ပြီးနောက် အသာပြောလိုက်တော့သည်။ “စီနီယာ… ဈေးနှုန်းကို နည်းနည်းလေး နှိမ့်ပေးလို့ရမလား။ ပြီးတော့ ဖန်းနီရှန်နဲ့ ကျုပ်တို့ တော်ဝင်ရင်နိုင်ငံရဲ့ ဆက်ဆံရေးက အဲလောက်ကြီး ရှိတာလည်း မဟုတ်ဘူးလေ”

“အင်း.. ဟုတ်လား”

လီယွင်သည် ပိုင်ချမ်းဟန်ကို မပြုံးတပြုံးနှင့် လှမ်းကာ ကြည့်ရှုလိုက်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲတွင်တော့ သူ၏သတိပြုမှုအောက်၌ ဘာတစ်ခုမှ လွတ်မြောက်လိမ့်မည် မဟုတ်ချေ။

ပိုင်ချမ်းဟန် အနေနှင့် ဖန်းနီရှန်အား ဂုဏ်ပြုခံ အဖွဲ့သားတစ်ယောက်အဖြစ် ခေါ်ယူချင်ကြောင်းကို သူက ကောင်းကောင်း နားလည်ထား၏။ ထိုမှသာလျှင် ကောင်းကင်ပါရမီရှင်စာရင်းတွင် ပါဝင်သည့် လူတစ်ယောက်အား သိမ်းသွင်းပြီး သူတို့၏ ဂုဏ်သိက္ခာကို ပိုမိုတက်အောင် ပြုလုပ်ချင်ခြင်းပင်။

ထိုစာရင်း၏ ထိပ်ဆုံးသုံးယောက်တွင် ပါဝင်သည့်လူများသည် တော်ဝင်အင်ပါယာအဆင့်ကို တက်လှမ်းနိုင်သည့် လူများဖြစ်ပြီး ထိပ်ဆုံးဆယ်ယောက်တွင် ပါဝင်သည့် လူများမှာတော့ ကွာစီအင်ပါယာအဆင့်ကို ရောက်ရှိနိုင်၏။ ထိပ်ဆုံးသုံးဆယ် စာရင်းမှာတော့ တော်ဝင်သူတော်စင်အဆင့်ဆီသို့ အနည်းဆုံး‌ ရောက်ရှိနိုင်သည့် လူများဟု သတ်မှတ်နိုင်သည်။

ဖန်းနီရှန်ကဲ့သို့သော လူတစ်ယောက်သည် နောက်ခံ မရှိလှချေ။ ထိုသို့သောလူကို များပြားလှသည့် ဂိုဏ်းများက အလိုရှိနေမှာ သေချာ၏။ သူမကိုသာ သူတို့ဘက်ဆီသို့ ဆွဲခေါ်နိုင်မည်ဆိုလျှင် ကျိန်းသေပေါက် နှစ်ပေါင်း တစ်ထောင် လောက်အတွင်း ကောင်းမွန်လှသည့် ပင်မထောက်တိုင်ကြီးတစ်ခုကို ဖန်တီး တည်ဆောက်ထား နိုင်သည်နှင့် ဆင်တူပေလိမ့်မည်။

“အဟမ်း အဟမ်း”

ပိုင်ချမ်းဟန်သည် လည်ချောင်းကို ဟမ့်လိုက်၏။ ပြီးသည့်နောက် နတ်အဆင့် စိတ်ဝိညာဉ် ဆေးပင်တစ်ခုကို ထုတ်ယူကာ လီယွင်၏ လက်ထဲသို့ ထိုးပေးလိုက်သည်။ ပြီးနောက် ပြုံးကာ ပြောလိုက်၏။ “အင်း… ဆက်သွယ်မှု တစ်ခုခုတော့ရှိပါတယ်။ တော်ဝင်ရင်အင်ပါယာ အနေနဲ့ လူငယ် ပါရမီရှင်တွေကို ပိုပြီးတော့ အာရုံစူးစိုက်ဖို့ လိုအပ်နေတယ်လေ”

“ကောင်းပြီ”

လီယွင်သည် နတ်အဆင့်ဆေးပင်ကို အသာအိတ်ကပ်ထဲ ထည့်ပြီးသည့်နောက် မှတ်ချက်ပေးလိုက် တော့သည်။ “ဖန်းနီရှန်မှာ ဘာနောက်ခံမှ မရှိဘူး”

လီယွင်၏ အဖြေကို စောင့်နေသည့် တခြားတစ်ဖက်ရှိ ပိုင်ချမ်းဟန်သည် မျှော်လင့်တကြီးဖြင့် မေးမြန်းလိုက်သည်။ “ဒီလောက်ပဲလား”

“ဒါပဲလေ”

“တကယ်လား”

“ဒါပဲပေါ့”

“အမ်”

ပိုင်ချမ်းဟန်သည် အံ့အားသင့်သွား၏။ သူသည် ရင်ဘတ်ကို အုပ်ကိုင်ပြီးသည့်နောက် အနောက်သို့ ခြေနှစ်လမ်း ဆုတ်လိုက်မိ၏။ လက်ရှိအချိန်မှာတော့ သူ၏ နှလုံးသားအား ဓားထက်ထက် တစ်စင်းဖြင့် ထိုးစိုက်လိုက်သလို ခံစားနေမိ၏။ နတ်အဆင့် စိတ်ဝိညာဉ်ဆေးပင်တစ်ခုကို အသုံးပြုပြီးသည့်နောက် ဘာမှမဟုတ်သည့် သတင်း အချက်အလက်ကို ဝယ်ယူခဲ့မိ၏။ ဤအလဲအထပ်သည် သောက်ကျိုးနည်း အလဲအထပ်ပင်။

“စီနီယာ.. မှားယွင်းပြီးများ တွက်ချက်မိတာလား”

ပိုင်ချမ်းဟန်က ထပ်မံမေးလိုက်သည်။ “ဖန်းနီရှန်ရဲ့ နောက်ကွယ်မှာ အရမ်းကို အားကောင်းလှတဲ့ တစ်ယောက်ယောက် တည်ရှိနေတာ မဟုတ်ဘူးလား။ သူတော်စင်တစ်ယောက် နဲ့တောင် နှိုင်းယှဉ်လို့ မရနိုင်တဲ့ လူတစ်ယောက်လေ။ ဒီလိုလူမျိုးမို့ ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ သူတော်စင် လက်ထဲကနေ သူမကို ကယ်တင်သွားနိုင်ခဲ့တာပေါ့။ ဒီလိုလူမျိုးဆီမှာ နောက်ခံမရှိဘူးဆိုတာ သေချာလို့လား”

“တကယ် မရှိဘူး”

လီယွင်သည် ခဏ ရပ်တန့်လိုက်၏။ ပြီးသည့်နောက် သူက ထပ်ပြောလိုက်၏။ “အင်း… သူမရဲ့ လက်စွပ်ထဲမှာနေတဲ့ အဘွားအိုအကြောင်း ပြောတာဆိုရင်တော့ မသိဘူး။ အင်း…ပြီးတော့ ဒီအဘွားအိုကြီးက သူမရဲ့ ဆရာ ဖြစ်နိုင်တယ်”

All Chapters