← Chapters

အခန်း (၉၈)

Vol. 7 Ch. 98

အခန်း (၉၈)

Vol. 7 Ch. 98

တော်ဝင် သဲကန္တာရမြို့ဆီမှ ထွက်ခွာလာခဲ့ပြီးသည့်နောက် ရီချန်သည် စစ်ရထားလုံးပေါ်သို့ ဝင်ထိုင်ကာ အရှေ့ဖက်ဆီသို့ ဦးတည်လိုက်၏။ ခွန်လွန် လေဟာနယ် ဆီသို့ သွားရမည့် ခရီးသည် ကွာဝေးလွန်းလှချေ၏။ ပြည်နယ် တော်တော်များများကို ဖြတ်သန်းသွားရမှာ ဖြစ်၏။ အချိန်အတိုင်းအတာ အတိုအတွင်း ရောက်ရှိရန်မှာ မဖြစ်နိုင်ချေ။ ထိုကြောင့် ရီချန်အနေဖြင့် အဘိုးအိုအား အမြန်ဆုံး ခရီးနှင်ရန် ခိုင်းစေလိုက်တော့၏။

တစ်ရက်ကြာပြီးသည့်နောက် ကောင်းကင်ယံထက်တွင် ရီချန်အား သယ်ဆောင်လာခဲ့သည့် စစ်ရထားလုံးကြီးသည် မိုင်ပေါင်း တစ်ထောင်ကျော်ကြာလာခဲ့့ပြီ ဖြစ်၏။ ၎င်းသည် အင်မော်တယ် လှေတစ်စင်းကဲ့သို့ပင် မြန်ဆန်လွန်းလှချေ၏။ ၎င်းတို့သည် လမ်းတွင် အင်မော်တယ် လှေတစ်စင်းနှင့် တွေ့ဆုံခဲ့သည်။

ထိုလှေပေါ်တွင် သတ်လတ်ပိုင်း လူတစ်ယောက်သည် မတ်တပ်ရပ်လျက် ရှိနေ၏။ ၎င်း၏ ရှေ့တွင်တော့ နုပျိုပုံပေါ်သော လူငယ်တစ်ယောက်က တည်ရှိလို့နေ၏။

"ဆရာ အစောက ဖြတ်သွားတဲ့ စစ်ရထားလုံးက ရီကလန်က မဟုတ်လား။ " လူငယ်သည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်သည်။

"ဟုတ်တယ်"

ကြက်သွေးရောင်မီးတောက် နတ်အရှင်သည် ခေါင်းညိတ်လိုက်၏။ သူသည် တော်ဝင်သဲကန္တာရမြို့ဆီသို့ လှမ်းကြည့်ကာ မထူးခြားသလို ပြောလိုက်၏။ "ငါ့ခန့်မှန်းချက်သာ မှန်ရင် သူက ရီကလန်က ရီချန်ပဲ"

"ဒါဆိုရင် ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ဒုတိယနေရာမှာ ရှိနေတဲ့ လူပေါ့" လူငယ်သည် ရေရွတ်လိုက်မိသည်။

"အင်း မင်းသူ့ကို ယှဉ်လို့မရဘူး။ ရီချန်က တော်ဝင်အင်ပါယာ ဖြစ်လာမဲ့ လူမျိုးပဲ။ သူထွက်သွားတဲ့ နေရာကို ကြည့်မယ်ဆိုရင် ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ပထမနေရာမှာ ရှိတဲ့လူရဲ့ နေရပ်ကို ရသွားလို့ အဲဘက်ကို သွားတာပဲ ဖြစ်ရမယ်"

ကြက်သွေးရောင် မီးတောက်နတ်အရှင်သည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ ပြောပြီးသည့်နောက် သူ၏ တပည့်ကို အသာလှမ်းကြည့်ကာဖြင့် သက်ပြင်းချလိုက်မိ၏။ မျိုးဆက်ခြင်း တူလျှင်တောင်မှ သူ၏တပည့်သည် တော်တော်များများ လိုနေသေး၏။ ထို့အပြင် သူ၏တပည့်သည် ကောင်းကင်ပါရမီရှင်စာရင်း၏ အောက်ဆုံးတွင်ပင်လျှင် ပါဝင်ခဲ့ခြင်း မရှိချေ။

"ကောင်းကင်လျို့ဝှက် နန်းဆောင်ကို ရောက်ရင် နန်းဆောင်သခင် အကြောင်းကို စုံစမ်းရမယ်။ ပြီးရင် မင်းကို ကောင်းကင်ပါရမီရှင် စာရင်းမှာ ဘယ်လိုများ ပါဝင်နိုင်မလဲဆိုတဲ့ အကြောင်းပါ မေးရမယ်" ကြက်သွေးရောင် မီးတောက်နတ်အရှင်က ထပ်မံကာ ပြောဆိုလိုက်၏။

ကြက်သွေးရောင် မီးတောက်နတ်နယ်မြေသည် တကယ့်ကို ကောင်းမွန်လှသည့် အခြေခံနှင့် နောက်ခံကို ပိုင်ဆိုင်၏။ ၎င်းတို့သည် အကောင်းမွန်ဆုံး ကြိုးစားခဲ့ပြီးပြီ ဖြစ်၏။ သို့ပေမဲ့ သေသေချာချာ ပျိုးထောင် ထားသည့် တပည့်များသည် တခြားသော ပါရမီရှင်များကို ကျော်ဖြတ်နိုင်ရန် ခက်ခဲလျက် ရှိနေ၏။ သာမန်မဟုတ်သည့် နည်းလမ်းများကို အသုံးပြုသည်မှလွဲ၍ ကြိုးစားခြင်း ဆိုသည်မှာ မည်မျှကြာမည်မှန်း မသိနိုင်ချေ။ ထို့ကြောင့် ကြက်သွေးရောင် မီးတောက်နတ်အရှင်သည် ​ဖြေရှင်းချက် တစ်ခုတည်းကိုသာ တွေးတောခဲ့၏။ ထိုအရာသည် ကောင်းကင်လျို့ဝှက် နန်းဆောင်ပင် ဖြစ်လေသည်။

ကောင်းကင်လျို့ဝှက် နန်းဆောင်၏ သခင်သည် မခန့်မှန်းနိုင်သည့် နည်းလမ်းများကို ပိုင်ဆိုင်ပြီး တစ်စုံတစ်ယောက် ၏ ကံကြမ္မာကိုပင် ပြောင်းလဲနိုင်စွမ်းရှိနေ၏။

"ဆရာရဲ့ လမ်းညွှန်ပြသမှုကို ကျေးဇူးတင်ပါတယ်"

လူငယ်သည် ကျေးဇူးတင်ကြောင်း ပြသလိုက်၏။ ၎င်းသည် ကောင်းကင်ပါရမီရှင်စာရင်းတွင် ပါဝင်နိုင်ရန်အတွက် မျှော်လင့်ချက် ကြီးကြီးမားမား တည်ရှိနေ၏။ ၎င်း၏ အဆင့်သည် မမြင့်မားလျှင်တောင်မှ အနည်းဆုံး တစ်ရာအတွင်းဝင်လျှင်ပင် ကောင်းမွန်လှသည့် ဂုဏ်တရားကို ပိုင်ဆိုင်ပေလိမ့်မည်။ များပြားလှသည့် လူငယ်ပါရမီရှင်များထဲတွင် ထိပ်ဆုံးတစ်ရာကို ဝင်ခြင်း ဆိုသည်မှာ ကြီးကျယ်ခမ်းနားလှသည့် ဂုဏ်သက္ခာတရားဖြစ်သည်။

"ကြက်သွေးရောင် မီးတောက် နတ်အရှင်ရဲ့ နတ်သားတော်အနေနဲ့ ကြက်သွေးရောင် မီးတောက်နတ်နယ်မြေရဲ့ ဂုဏ်သိက္ခာကို မပျက်စီးစေဖို့ ငါမျှော်လင့်မိတယ်" ကြက်သွေးရောင် မီးနတ်အရှင်သည် သာမန်ကာလျံကာ ပြောဆိုလိုက်၏။

"တပည့်အနေနဲ့ ဆရာ့ကို စိတ်မပျက်​စေရပါဘူး" ကြက်သွေးရောင်မီးတောက် နတ်သားတော်သည် လေးလေးစားစားဖြင့် ပြန်လည်ကာ ပြောဆိုလိုက်သည်။

ကြက်သွေးရောင် မီးတောက် နတ်အရှင်သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ သူသည် ခေါင်းကိုမော့ကာဖြင့် ပြောလိုက်ပြန်၏။

"ငါတို့ ကောင်းကင်လျို့ဝှက် နန်းဆောင်ကို ရောက်ဖို့နီးနေပြီပဲ"

ကောင်းကင်လျို့ဝှက် နန်းဆောင်ကို ရောက်ရန် နီးကပ်လာသည်နှင့်အမျှ စိတ်လှုပ်ရှားမှုသည်လည်း ပိုမိုကာ တိုးတက်လာခဲ့၏။ ခန်းဆောင်ဆီသို့ လာရောက် လည်ပတ်မှုသည် သူ၏တပည့်တွက်တင်သာမက သူ့အတွက်လည်း ပါဝင်လျက် ရှိသည်။

ယန်ရှိုနှင့် ရမ်ချင်းတုတို့သည် သူတော်စင်အဆင့်ဆီသို့ လှမ်းတက်သွားခဲ့ကြပြီ ဖြစ်၏။ ကြက်သွေးရောင် မီးတောက်နတ်အရှင်အနေဖြင့် အဆင့်မချိုးဖျက်ဘဲ ရှိနေလျှင် ကျိန်းသေပေါက် ပြဿနာ ဖြစ်လာနိုင်၏။

ကြက်သွေးရောင် မီးတောက်နတ်အရှင်နှင့် သူ၏တပည့်တို့ တော်ဝင်သဲကန္တာရမြို့သို့ နီးကပ်လာနေစဉ် အတောအတွင်းမှာပဲ တခြားသော တည်နေရာထဲမှ လေဟာနယ်ကြီးသည် ပွင့်လာခဲ့ပြီး လူနှစ်ယောက် ထွက်ပေါ်လာခဲ့၏။ နတ်ဘုရားအလင်းတန်းများ ဖုံးလွှမ်းထားသောကြောင့် ၎င်းတို့မည်သူဖြစ်မှန်း ခန့်မှန်းရန်မှာ ခက်ခဲလွန်းလှ၏။ ၎င်းတို့၏ အနောက်ဖက်တွင် အိုးမင်းရင့်ရော်လှသည့် အသွင်အပြင်ဖြင့် အဘိုးအိုများက ရပ်တန့်လို့နေကြသည်။

"အင်း …. အရှေ့မိုင်သုံးထောင်ဆိုရင် တော်ဝင်သဲကန္တာရမြို့ကို ရောက်ပြီ။ သူတော်စင်အစီအရင်တစ်ခုက ဒါကိုဖုံးလွမ်းဖို့ လုံလောက်နေပါပြီ"

“အမှန်ပဲ” အားလုံး၏ အနောက်ဖက်တွင် ရှိနေသည့် အကြီးအကဲက ပြောလိုက်၏။ ၎င်းသည် ရှုပ်ထွေးလွန်းလှသည့် သင်္ကတများရေးဆွဲထားသော အဝတ်စတစ်ခုကို ထုတ်ယူပြီးသည့်နောက် မြေပေါ်သို့ ပစ်လွှတ်လိုက်တော့၏။ ပြီးနောက် နတ်ဘုရားရွှေရောင် အရာတစ်ခုကို ထုတ်ယူကာ မြေပေါ် ထပ်မံ ပစ်လွှတ်ပြန်သည်။ ထိုအရာသည် မြေပြင်၏ အတွင်းကြောထဲသို့ စူးစိုက်ဝင်ရောက် သွားခဲ့ကြ၏။

နတ်ဘုရားအစီအရင်များသည် စတင် အသက်ဝင်လာခဲ့ပြီးနောက် ပတ်ဝန်းကျင်ရှိ မြေအဆီအနှစ်များကို စုပ်ယူလေတော့သည်။

"ဒီနေရာက အစီအရင်ကို ဖန်တီးဖို့အတွက် အကောင်းဆုံးနေရာပဲ" တောင်နှင့် ချောင်းများကို ကြည့်ရှုပြီးသည့်နောက် အကြီးအကဲသည် ခေါင်းညိတ်လိုက်၏။

"ဒါဆိုရင် ခင်ဗျားတို့ကို ဒုက္ခပေးရတော့မှာပဲ တာအိုရောင်ရင်းတို့" တခြားသော သူတစ်ယောက်က ပြောလိုက်သည်။

"ဒါကိစ္စသေးသေးလေးပါပဲ"

အကြီးအကဲသည် တခြားတစ်ယောက်ကို လှမ်းကြည့်ကာဖြင့် တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။ "တာအိုရောင်ရင်းလေးယောက်တို့ ကျုပ်ကို အကူအညီပေးဖို့ တောင်းဆိုပါရစေ"

"သိပ်ရတာပေါ့" ကျန်လေးယောက်တို့သည် ပြိုင်တူ ဆိုသလိုပဲ ခေါင်းညိတ်ကာ ပြောဆိုလိုက်ကြသည်။

ပြောဆိုပြီးသည့်နောက်မှာတော့ ၎င်းတို့လေးယောက်သည် မတူညီသည့် နေရာလေးခုဆီသို့ သွားရောက် လိုက်ကြ၏။

အကြီးအကဲသည် အလယ်တွင် ကျန်ရစ်ခဲ့၏။ တစ်ယောက်ချင်းစီတိုင်းသည် အစီအရင်ကို စတင်ကာ ဖန်တီးတော့၏။ အစီအရင်ငါးခု၏ အစိတ်အပိုင်းများသည် ပေါင်းစပ်ကာ ဖြစ်တည်ပြီးသည့်နောက် တစ်ခုတည်း ဖြစ်တည်လာခဲ့သည်။

ဆွစ် ဆွစ် ဆွစ် ....။

အလင်းတန်းများသည် ၎င်းတို့ဆီမှ ထွက်ပေါ်လာပြီးသည့်နောက် မိုင်တစ်ထောင်ပတ်လည်တွင် ရှိနေသည့် တောင်များ၊ မြစ်များ အရာအားလုံးတို့ဆီမှ ကောင်းကင်နှင့် မြေကြီး အဆီအနှစ်များကို စတင်ကာ စုပ်ယူတော့၏။

လက်ရှိအချိန်မှာတော့ ကြီးမားလွန်းလှသည့် အစီအရင်ကြီး တစ်ခုသည် တဖြည်းဖြည်း စတင်ကာ ဖြစ်တည်လာခဲ့သည်။

ကြည်လင်ရှင်းလင်းလှသည့် ကောင်းကင်ကြီးတစ်ခုလုံးသည် မဲမှောင်သွားခဲ့၏။ သတ်ဖြတ်ခြင်း အစီအရင်ကြီး စတင် အသက်ဝင်လာပြီးသည့်နောက် အစီအရင် တည်နေရာတွင် ရှိနေကြသော သက်ရှိသတ္တဝါ အားလုံးတို့သည် ကပ်ဘေးကြီးကို စတင်ကာ ခံစားလာကြရတော့၏။ ၎င်းတို့သည် မကြာခင်တွင် ကြောက်မက်ဖွယ်ရာကြီး တစ်ခုကို စတင်ကာ တွေ့ကြုံရတော့မည်ဟု ခံစားလာမိကြ၏။

All Chapters