အခန်း (၉၉)
Vol. 7 Ch. 99
“ဒီ သူတော်စင်အစီအရင် အလုပ်ဖြစ်ဖို့ မျှော်လင့်မိတယ်”
ရောင်စဉ်အလင်းနတ်အရှင်သည် လေထုထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး တော်ဝင်သဲကန္တာရမြို့ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးထဲတွင် အေးစက်သည့် အရိပ်အယောင်များ တည်ရှိလျက် ရှိ၏။ သူတော်စင်တစ်ယောက်၏ ဖိအားများသည် ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင် လေဟာနယ်တစ်ခုလုံးသည် တွန့်လိမ် ကုန်၏။
“အရမ်းကြီး ယုံကြည်ချက်မပြင်းနဲ့” အရိပ်လိုလူက တီးတိုးသတိပေးလိုက်သည်။
ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်၏ အားအင်အဆင့်သည် မည်မျှရှိကြောင်းကို မည်သူမှ သေသေချာချာ မသိရှိနိုင်ခဲ့ချေ။ သူတော်စင်အဆင့် စွမ်းအင်မျိုး ရှိသည်ဆိုသည်မှာ ခန့်မှန်းရုံသာ ရှိ၏။
ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်နှင့် တွေ့ဆုံခဲ့သူများသည် ၎င်း၏ အားအင်အဆင့်နှင့် ပတ်သက်၍ တိတ်ဆိတ်နေခဲ့ကြ၏။ မည်သူမျှ ထုတ်ဖော်မပြောကြချေ။ ထို့ကြောင့်ပင်လျှင် ဤအရာမှာ ခန့်မှန်းချက်အဖြစ် တည်ရှိနေခြင်းပင်။
"အဲတာတော့ အမှန်ပဲ။ ဒါပေမဲ့ မစမ်းကြည့်ဘဲ ဘယ်လိုလုပ်သိမလဲ" ရောင်စဉ်အလင်းနတ်အရှင်သည် တုန့်ပြန်လိုက်၏။
"ကျုပ် စိုးရိမ်နေတာက ကျုပ်တို့ဒီမှာ အစီအရင်ချမှတ်နေတာကို နန်းဆောင်သခင်က သိလား၊ မသိဘူးလား ဆိုတာပဲ"
အရိပ်လိုလူက အလျင်အမြန် ပြောဆိုလိုက်၏။ "သူက ပွဲကို ထိုင်ကြည့်နေတာလဲ ဖြစ်နိုင်တယ်။"
အမဲရောင်လူသည် ထိုစကားကို ပြောပြီးသည့် အချိန်မှာတော့ မည်သည့်စကားမှ ထပ်မပြောတော့ချေ။
လက်ရှိအချိန်မှာတော့ အစီအရင်ကြီး တစ်ခုလုံး၏ ဖန်တီးမှုသည် ချောမွေ့စွာဖြင့် ပြီးဆုံးသွားခဲ့၏။ မည်သည့် နှောက်ယှက်မှုမှ မကြုံခဲ့ရချေ။ ဖြစ်နိုင်သည်မှာ နှစ်ခုရှိ၏။ တစ်ခုသည် ခန်းမသခင်၏ အဆင့်သည် မလုံလောက်သောကြောင့် ၎င်းတို့ ရောက်ရှိလာခြင်းကို မသိရှိခြင်းပင်။ သို့မဟုတ် သိရှိသော်လည်း မမြင်ချင်ယောင် ဆောင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
ဒုတိယ အကြောင်းအရင်းသည် အနည်းငယ် ကြောက်လန့်စရာ ကောင်း၏။ သူတို့၏ လှုပ်ရှားမှုကို သိရှိပြီး သူတော်စင်ဘုရင်အဆင့် အစီအရင်တစ်ခု ဖန်တီးနေသည်ကို တစ်ချက်ကလေးမှ ဂရုမိစုက်ဘဲ နေထိုင်နေခြင်းပင်။ ဆိုလိုသည်မှာ ထင်မှတ်ထားသည်ထက်ပိုမိုသော တိုက်ခိုက်မှုစွမ်းအင်များ ပိုင်ဆိုင်နေသောကြောင့်ပင်။
"မဖြစ်နိုင်ဘူး" ရောင်စဉ် အလင်းနတ်အရှင်သည် ခေါင်းကို ခါယမ်းလိုက်၏။
"ဒီလိုပဲ မျှော်လင့်မိပါတယ်" အရိပ်လိုလူသည် ပြန်လည်ကာ ပြောဆိုလိုက်သည်။
သူတို့နှစ်ယောက် ပြောဆိုနေတုန်းမှာပဲ လူငါးယောက်သည် အစီအရင်ကို ဖန်တီးပြီးနောက် လက်ဝါးခြင်းရိုက်ကာ အော်ဟစ်လိုက်သည်။ ၎င်းတို့ငါးယောက်၏ အေးစက်သည့် အသံများသည် ထွက်ပေါ်လာခဲ့ပြီး လေဟာနယ်ထဲတွင် ဆန်းကြယ်လှသည့် သင်္ကတကြီးတစ်ခု ဖြစ်တည်လာခဲ့၏။ နေကဲ့သို့တောက်ပလှသော အရာကြီးဆီမှ နတ်ဘုရားအလင်းတန်းငါးခု ထွန်းတောက်လာ၏။
အစီအရင်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ လေဟာနယ်တစ်ခုလုံးသို့ ပြည့်နှက်သွားခဲ့ပြီးနောက် အစီအရင်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသော အော်ရာများသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ဖြစ်တည်လာသည်။
ကျယ်ပြောလွန်းလှသော စကြာဝဠာကြီးသည် ကြက်သွေးရောင် ပင်လယ်ကဲ့သို့ပင် ပြောင်းလဲသွားခဲ့သည်။ သေမျိုးလောကထဲသို့ ကျဆင်းလာသည့် မုန်တိုင်း ကပ်ဘေးကြီး တစ်ခုကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
ဤကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အစီအရင်၏ တည်နေရာကြီးထဲတွင် လက်သည်းရှည်ကြီးများ ရှိသော သတ္တဝါကြီးများ၊ ဘာမှန်း ခန့်မှန်း၍မရသော သတ္တဝါကြီးများ တစ်ကောင်ပြီး တစ်ကောင် ပေါ်လာသည်။ ထိုအပြင်သွေးမိုးများသည်လည်း ရွာချလာခဲ့၏။ အလုံးစုံ ဖျက်စီးခြင်း လောကကြီးအဖြစ် ပြောင်းလဲသွားခဲ့ သလိုပင်။
"သုတ်သင်ကြ" အကြီးအကဲများထဲမှ တစ်ယောက်သည် ထကာအော်ဟစ်လိုက်၏။
သူသည် လက်ကိုမြောက်ပြီးသည့်သည့်နောက် လက်စည်းသင်္ကေတတစ်ခုကို ဖန်တီးလိုက်၏။ အစီအရင် တစ်ခုလုံးသည် အသက်ဝင်သွားခဲ့သည်။
အကန့်အသတ်မဲ့ များပြားလွန်းလှသော သွေးချီများသည် စုဝေးလာခဲ့ပြီးသည့်နောက် တည်နေရာ တစ်ခုလုံးကို ဖျက်စီးလျက် ရှိနေ၏။ တောင်များပင်လျှင် ပြိုလဲလုမတတ် လှုပ်ခါလာခဲ့၏။ ထိုသွေးအစီအရင်ထဲသို့ ဝင်ရောက်သွားပါက အသက်ရှင်လျက် ပြန်ထွက်လာနိုင်ရန်မှာ လွယ်ကူလှသည် မဟုတ်ချေ။
"ကြည့်ရတာ အခြေအနေ အကုန်လုံးက ကောင်းမွန်နေတာပဲ" ရောင်စဉ် အလင်းနတ်အရှင်သည် ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်၏။
လက်ရှိအချိန်မှာတော့ ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်သည် တိတ်ဆိတ်လျက် ရှိနေ၏။ ခန်းမသခင်သည် အရာအားလုံးကို သိလျှင် လက်ရှိအချိန်တွင် ဝင်ရောက်ကာ လှုပ်ရှားသင့်ပြီ မဟုတ်ပါလား။ ယခုလို အခြေအနေအထိ စောင့်နေရန် မလိုအပ်ချေ။
ရောင်စဉ် အလင်းနတ်အရှင်သည် အကြီးအကဲ တစ်ယောက်ကို လှမ်းကြည့်ပြီးသည့်နောက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။ “ကောင်းကင်လျို့ဝှက် နန်းဆောင်အရှင်နဲ့ ရင်ဆိုင်တဲ့အခါမှာ ကျေးဇူးပြုပြီး နောက်မှာနေကြပါ။
အထူးလုပ်ငန်းဆောင်တာများအတွက် အထူကျွမ်းကျင်သူများ လိုအပ်ခဲ့၏။ အစီအရင်နှင့် ပတ်သက်လျှင် သူသည် အားနည်းသော်လည်း အားကောင်းသော ကျွမ်းကျင်သူများကို မည်ကဲ့သို့ စီမံ၊ စေခိုင်းရမည်ကိုတော့ တခြားသူများထက် ပိုမိုကာ သိရှိသည်။
ဤအကြီးအကဲငါးယောက်တို့သည် အစီအရင်ချမှတ်ခြင်း၌ ကျွမ်းကျင်လှ၏။ တိုက်ခိုက်မှုတွင် ကျွမ်းကျင်လှသည် မဟုတ်ချေ။
"တာအိုရောင်ရင်း … စိတ်ချပါ" အကြီးအကဲသည် ပြောလိုက်၏။ တစ်စုံတစ်ယောက်၏ ပိုက်ဆံ ကိုယူပြီး အလုပ်လုပ်သည်ဆိုခြင်းမှာ သူတို့အတွက် ရိုးရှင်းနေသည့် ကိစ္စရပ်သာ ဖြစ်၏။ ပြုလုပ်ပြီးနောက် ဖြစ်ပေါ်ခဲ့သည့် မည်သည့်ကိစ္စကို ဖြစ်ဖြစ် သူတို့သည် လှည့်ကြည့်လိမ့်မည် မဟုတ်ချေ။
………
"ဘာတွေဖြစ်နေတာလဲ"
တော်ဝင် သဲကန္တာရမြို့၏ မိုင်တစ်ထောင်အကွာအဝေးမှာတော့ ပျံသန်းလာနေသည့် နတ်ဘုရားလှေသည် လေဟာနယ်ထဲတွင် လှုပ်ခါလျက် ရှိနေ၏။ အပြင်ဖက်တွင် ဖြစ်နေသည့် ကိစ္စတစ်ခုလုံးသည် ကြမ်းတမ်းလှချေ၏။ ကျင့်ကြံခြင်းအဆင့် နိမ့်ကျသည့် တစ်ယောက်ချင်းစီတိုင်းသည် ပခုံးထက်သို့ ကြီးမားလွန်းသော တောင်ကြီးတစ်ခု ကျဆင်းလာသလို ခံစားလာမိကြသည်။
လှုပ်ခါလျက် ရှိနေသည့် လှေတစ်ခုအပေါ်မှာတော့ ကြက်သွေးရောင် မီးတောက်နတ်အရှင်သည် မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့တော့၏။ သူ၏ အသံသည် ခြောက်ကပ်ကပ်နှင့် ဖြစ်လာခဲ့၏။ "တကယ့်ကို အစီအရင်တစ်ခု ရှိနေတာပဲ"
ထို့ပြင် သာမန်အစီအရင်လည်း မဟုတ်ခဲ့ချေ။ သူတော်စင်ဘုရင်အဆင့် အစီအရင်တစ်ခု ဖြစ်လို့နေ၏။ သူသည် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပြီး သူ၏ အနောက်တွင် တပည့်တစ်ယောက်သာ ပါဝင်လာခဲ့သည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အစီအရင်ကို မည်ကဲ့သို့ ခုခံနိုင်မည်နည်း။ သတ်ဖြတ်ခြင်းဆန္ဒများသည် သူ၏ ခန္ဓာတစ်ခုလုံးကို ကွဲကြေသွားစေပြီး အဆုံးတွင် သေဆုံးခြင်းသို့ပင် ရောက်ရှိစေနိုင်၏။
"ဆရာ ဘယ်လိုလုပ်ကြမလဲ" ကြက်သွေးရောင် မီးတောက်နတ်သားတော်သည် အလောတကြီးဖြင့် မေးမြန်းလိုက်သည်။
"ငါ … ငါ ..” ကြက်သွေးရောင် မီးတောက်နတ်အရှင်သည် ပြောဆိုလိုက်၏။
သို့ပေမဲ့ ပြီးအောင် မပြောလိုက်ရချေ။ လေဟာနယ်ထဲတွင် မိုးကြိုးပစ်သံကြီး တစ်ခုက ထွက်ပေါ်လာခဲ့၏။ ထိုမိုးကြိုးပစ်သံကြီးသည် ကြမ်းကြမ်တမ်းတမ်းနှင့် လှုပ်ခါသွားခဲ့ပြီး သူ၏ အင်္ကျီများကိုပင် လှုပ်ခါသွားစေသည်။
ကောင်းကင်နှင့် မြေကြီးသည် လှုပ်ခါသွားပြီး ကြီးမားလှသည့် ငလျင်ကြီး ဖြစ်တည်လာသည်။။ သူ၏အရှေ့တွင် ရှိနေသည့် အကန့်အသတ်မဲ့ အစီအရင်ကြီးသည် အရှိန်အဟုန် ပိုပြင်းလာခဲ့၏။ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အင်မော်တယ်လှေတစ်ခုလုံးကိုပင် လွှမ်းခြုံသွားခဲ့တော့၏။ မည်သူမှ ခုခံနိုင်စွမ်း မရှိတော့ချေ။ ကြက်သွေးရောင် မီးနတ်သားတော်သည် မြေပေါ်သို့ လဲကျသွားခဲ့၏။
လက်ရှိအချိန်မှာတော့ ကြက်သွေးရောင် မီးတောက်နတ်အရှင်သည် အနည်းငယ် သက်သာသလို ခံစားနေမိ၏။ သူတော်စင်အဆင့် အစီအရင်တစ်ခုနှင့် ရင်ဆိုင်နေရသည့် အခါမှာတော့ သူ၏ ဝိညာဉ်တစ်ခုလုံးသည် တုန်ခါလျက် ရှိနေ၏။ ထိန့်လန့်မှုများသည်လည်း နှလုံးသားထဲတွင် အရှိန်အဟုန် ပြင်းပြင်းနှင့် ဖြစ်တည်လာခဲ့၏။
"အစီအရင်ကို စီရင်ခဲ့တဲ့ တာအိုရောင်ရင်း ကျုပ်က ကြက်သွေးရောင် မီးတောက်နတ်နယ်မြေရဲ့ နတ်အရှင်ပါ။ ကျုပ်တို့ ရန်ပြုဖို့ အစီအစဥ် မရှိပါဘူး။ ကျေးဇူးပြုပြီး ထွက်ဖို့လမ်းကို ညွှန်ပြပေးပါ" ကြက်သွေးရောင် မီးတောက်နတ်အရှင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူသည် ဤနေရာတွင် အစီအရင်ရှိနေမှန်း မသိရှိချေ။ မဟုတ်ပါက ကျိန်းသေပေါက် ဝင်လာလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဤနေရာ၌ ပိတ်မိနေသည် ဆိုသော်လည်း သူ၏ ကြက်သွေးရောင် မီးတောက်နတ်အရှင်ဂုဏ်ပုဒ်ကို ထုတ်ဖော်ပါက တစ်ဖက်လူသည် လမ်းဖွင့်ပေးလိမ့်မည်ဟု ယုံကြည်မိ၏။ သို့ပေမဲ့ ရလဒ်သည် စိတ်ပျက်စရာပင်။ မည်သူမှ သူ့ကို မတုန့်ပြန်ခဲ့ချေ။
ဝုန်းး
ထိုအချိန်မှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားကြီးသည် ဖြစ်တည်လာပြီးသည့်နောက် နတ်ဘုရားလှေကြီးတစ်ခုလုံးပင်လျှင် ပျက်စီးသွားခဲ့၏။ အထဲတွင်ရှိနေသည့် ကြက်သွေးရောင် မီးတောက် နတ်အရှင်နှင့် သူ၏တပည့်သည် သွေးပင်လယ်ကြီးထဲသို့ ကျဆင်းသွားချေ၏။ ဘာမှန်းပင် ကောင်းကောင်း မသိလိုက်ကြချေ။