← Chapters

အခန်း (၄၆၇)

Vol. 32 Ch. 467

အခန်း (၄၆၇)

Vol. 32 Ch. 467

သွေးတိမ်တိုက် အရှင်သခင်က လေထဲတွင် နောက်တစ်ကြိမ် စုစည်းသွားသော သွေးရောင်ဓားရှည်ကို မြင်လျှင် မျက်နှာပျက်သွားခဲ့သည်။

ထိုခဏတွင် သူက သူ၏ ရင်ဘတ်ကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ရာ ပါးစပ်မှ သွေးများ စီးကျလာခဲ့သည်။

ထိုသွေးများနှင့်အတူ သူ၏ ခန္ဓာကိုယ်မှ ထွက်လာသော သွေးမြူများသည် လေထဲတွင် ထူးဆန်းသော သွေးမြူများအဖြစ် ပြောင်းလဲသွားပြီး သူ့ကို ဝန်းရံသွားခဲ့သည်။

သွေးမြူများအောက်တွင် သွေးတိမ်တိုက် အရှင်သခင် ရှိနေသည့် နေရာသည် ပုံပျက်သွားခဲ့ပြီး သူ၏ ပုံရိပ်သည်လည်း နေရာမှာပင် ပျောက်ကွယ်သွားခဲ့၏။

ထို့နောက်တွင် ကွင်းပြင်ထဲ၌ ၎င်း၏ အေးစက်သော အသံတစ်ခုသာ ကျန်ရစ်ခဲ့သည်။

"ကောင်လေး... မင်း ငါ့ကို စောင့်နေပါ.. တစ်နေ့ကျရင် ငါအရှင်က မင်းဆီကနေ ဒီနေ့ စော်ကားခံရမှုကို ဆယ်ဆပိုပြီး ပြန်လာယူမယ်"

ကျန်းချန်က သွေးတိမ်တိုက်အရှင်သခင် ပျောက်ကွယ်သွားသော နေရာကို ကြည့်လိုက်သည်။

ထို့နောက် သူက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။

"ဒီမိစ္ဆာကောင်က တည်နေရာ ရွှေ့ပြောင်းခြင်း နည်းစနစ်ကို သုံးသွားလိမ့်မယ်လို့ မထင်ထားမိဘူး.. ငါက ကောင်းကင်သိမ်းပိုက် သွေးမိစ္ဆာ အစီအရင်ကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့လည်း သူ့ကို နှိမ်နင်းရာမှာ ကျရှုံးခဲ့တယ်"

သူ့စကားကို ကြားလျှင် လင်းထျန်းကျုံးက ခါးသီးစွာ ပြုံး၍ ပြန်ပြောလိုက်၏။

"သွေးတိမ်တိုက် အရှင်သခင်က သွေးနတ်ဆိုး နန်းတော်ရဲ့ နာမည်ကျော် ကျင့်ကြံသူ တစ်ယောက်ပဲလေ.. သူ့ကို သတ်ပစ်ဖို့ ဘယ်လိုလုပ် လွယ်ကူနိုင်မှာလဲ"

လွန်ခဲ့သော နှစ်တစ်ရာခန့်တွင် သူတို့ ထိုက်ရှဂိုဏ်းသည် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ နှစ်ယောက်ကို စေလွှတ်ခဲ့သော်လည်း သွေးတိမ်တိုက် အရှင်သခင်ကို မသတ်နိုင်ခဲ့ပေ။

ဤတစ်ကြိမ်တွင် သွေးတိမ်တိုက် အရှင်သခင်သည် ဆဋ္ဌမအဆင့် ကောင်းကင်သိမ်းပိုက် သွေးမိစ္ဆာ အစီအရင်ကို ကြိုတင် စီစဉ်ထားခဲ့ပြီး သူတို့ကို ထောင်ချောက်ထဲသို့ သွတ်သွင်းခဲ့၏။

ကျန်းချန်သာ မရှိလျှင် သူသည်လည်း သေပွဲဝင်ရမည်မှာသေချာသလောက်ပင်။

ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။

"သူကံကောင်းသွားတာပါ...နောက်တစ်ကြိမ် သူ့ကိုတွေ့ရင်တော့ ဆုလာဘ်ရအောင် လုပ်ရမယ်.. အခုတော့ ဒီမစ်ရှင်က ပြီးဆုံးသွားပြီ.. ငါတို့ ဂိုဏ်းဆီ ပြန်ကြရအောင်"

ထိုအချိန်တွင် လင်းထျန်းကျုံးသည် တွေးတွေးဆဆ ပြောလိုက်၏။

"ညီနောင် ကျန်းချန်... ဟော်ကျင်းတို့ သုံးယောက်လုံး ဒီတာဝန်မှာ သေဆုံးခဲ့တယ်.. ဂိုဏ်းကို ပြန်ရောက်တဲ့အခါ ရှန်းလင်းဖုန်းနဲ့ ကွမ်းချွမ်တို့က လက်လျှော့မှာ မဟုတ်ဘူး.. ဒါကြောင့် ငါတို့ ပြီးပြည့်စုံတဲ့ အဖြေကို စဉ်းစားထားရလိမ့်မယ်"

"အဆင်ပြေပါတယ်...သူတို့က ငါ့ကို ဒုက္ခပေးဖို့ ဂိုဏ်းရဲ့ မစ်ရှင်ကို အသုံးချခဲ့တာပဲလေ.. သူတို့ကို ဖြေရှင်းဖို့နည်းလမ်း ငါ့မှာရှိပါတယ်.. လူတွေက ငါ့ကို မစော်ကားရင် ငါက လူတွေကို မစော်ကားဘူး.. ငါ့ကို အတင့်ရဲပြီး လာစမ်းရင်တော့ သူတို့ရဲ့ အဆင့်အတန်းက ဘာပဲဖြစ်ဖြစ် သူတို့ကို ဒီအတိုင်းတော့ ပြန်လွှတ်လိုက်မှာ မဟုတ်ဘူး"

ကျန်းချန်က ပေါ့ပါးစွာ ပြုံး၍ ပြောလိုက်သည်။

ထို့နောက်တွင် သူတို့နှစ်ဦးသည် ကွင်းပြင်ကနေ ပျောက်ကွယ်သွားခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက် ကျန်းချန်နှင့် လင်းထျန်းကျုံးတို့သည် ထိုက်ရှဂိုဏ်း ဆီသို့ ပြန်ရောက်လာခဲ့ကြသည်။

သူတို့က မစ်ရှင်၏ အခြေအနေကို ဂိုဏ်းဆီသို့ အစီရင်ခံသောအခါ ထိုက်ရှဂိုဏ်းသည် တုန်လှုပ်သွားခဲ့သည်။

သွေးနတ်ဆိုး နန်းတော်သည် မြောက်ပိုင်းတောရိုင်း ဒေသတွင် တစ်ချိန်က ထင်ရှားခဲ့သော အင်အားကြီးဂိုဏ်း တစ်ဂိုဏ်း ဖြစ်သည်။

ထိုအချိန်က ထိုက်ရှဂိုဏ်းပင် သွေးနတ်ဆိုး နန်းတော်ကို အလွန် မနာလို ဖြစ်ခဲ့ရသည် အထိပင်။

ယခုအခါ နှစ်တစ်ရာကြာ ပျောက်ကွယ်နေခဲ့သော သွေးတိမ်တိုက် အရှင်သခင် ပြန်လည် ပေါ်ထွက်လာခဲ့လေပြီ။

ထို့ကြောင့် ထိုက်ရှဂိုဏ်းသည် သဘာဝကျစွာပင် ထိုကိစ္စကို ပေါ့ပေါ့တန်တန် မကိုင်တွယ်ရဲပေ။

မစ်ရှင်ခန်းမ၏ ကြီးကြပ်ရေးမှူးသည် ထို​ကိစ္စကို အလျင်အမြန် အစီရင်ခံခဲ့သည်။

အချိန်တိုအတွင်း ကြီးမားသော ဖိအားနှင့်အတူ အစိမ်းရောင် ဝတ်ရုံနှင့် အဘိုးအိုတစ်ယောက်သည် အတွင်းစည်း၏ မစ်ရှင်ခန်းမ၌ ပေါ်လာခဲ့သည်။

အစိမ်းရောင် ဝတ်ရုံနှင့် အဘိုးအို ပေါ်လာသည်နှင့် မစ်ရှင်ခန်းမ၏ ကြီးကြပ်ရေးမှူးသည် ဂါရဝပြုလိုက်၏။

ထို့နောက်တွင် သူက ကျန်းချန်ကို အော်ဟစ်လိုက်သည်။

"အကြီးအကဲကို တွေ့တာ ဂါရဝမပြုဘဲ ဘာလုပ်နေတာလဲ"

ကျန်းချန်တို့ နှစ်ယောက်က တုန်လှုပ်သွားဟန်ဖြင့် အစိမ်းရောင် ဝတ်ရုံဝတ် အဘိုးအိုကို အလျင်အမြန် ဂါရဝပြုခဲ့ကြသည်။

ဤကိစ္စကို ထိုက်ရှဂိုဏ်း၏ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ငါးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် အတွင်းစည်း အကြီးအကဲ ကိုယ်တိုင် စစ်ဆေးမေးမြန်းလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ထိုသို့ ကျန်းချန်တို့ နှစ်ယောက်က အကြီးအကဲကို ဂါရဝပြုနေသော အချိန်တွင် အေးစက်သောအသံတစ်သံက ထွက်ပေါ်လာခဲ့သည်။

"ကျန်းချန်... မင်းတို့ ခရီးမှာ မစ်ရှင်ကို လုပ်ဆောင်ဖို့ လူငါးယောက် လွှတ်လိုက်တာ ဘာလို့ မင်းနဲ့ လင်းထျန်းကျုံးပဲ ပြန်လာခဲ့တာလဲ.. ကျန်တဲ့ သုံးယောက်ကရော"

အခန်း(၄၆၇) ပြီး၏

All Chapters