← Chapters

အခန်း (၄၇၀)

Vol. 32 Ch. 470

အခန်း (၄၇၀)

Vol. 32 Ch. 470

"ဝိုး.. စီနီယာအစ်ကို ကွမ်းချွမ်က တိုက်ရိုက် တပည့်တစ်ယောက် ဖြစ်ထိုက်ပါပေတယ်.. ဒီအေးစက်မှုက အတော်လေး ကြောက်စရာပဲ"

"စီနီယာအစ်ကိုမှာ ဒဏ္ဍာရီလာ ရှန်ဘင် အထူး သွေးစွမ်းအား ရှိတယ်လို့ ပြောကြတယ်...ဒါက ရှန်ဘင် သွေးစွမ်းအားရဲ့ အင်အားပဲ ဖြစ်ရမယ်"

"ဒီလို ကြောက်မက်ဖွယ် တိုက်ခိုက်မှု... ဒါ... ဒါကို လူသားစစ်စစ်တွေ တားဆီးနိုင်ပါ့မလား"

"........."

ကွမ်းချွမ်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ကြည့်ရင်း လူတိုင်း တုန်လှုပ်သွားကြသည်။

ဤကဲ့သို့ အင်အားကြီးမားသည့် တိုက်ကွက်ကို သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ် အဋ္ဌမအဆင့်ရှိ အတွင်းစည်း တပည့် အများစုပင် ခုခံရန် ခက်ခဲပေလိမ့်မည်။

ကွမ်းချွမ်၏ လှုပ်ရှားမှုအောက်တွင် ကျန်းချန် အနေဖြင့် မည်ကဲ့သို့ ဆိုးရွားသော အဆုံးသတ်နှင့် ရင်ဆိုင်ရမည်မှန်း သူတို့ ခန့်မှန်းမိနေကြသည်။

"ကြောက်ဖို့ကောင်းလိုက်တာ... ဘယ်လောက်တောင် အင်အားကြီးလိုက်တဲ့ တိုက်ကွက်လဲ"

လင်းထျန်းကျုံး၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွား၏။

သူ့မျက်လုံးထဲတွင် စိုးရိမ်သည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

ကွမ်းချွမ်က အင်အား အလွန်ကြီးမား၏။

သူသာဆိုလျှင် ကွမ်းချွမ်၏ ဤတိုက်ကွက်ဖြင့် ချက်ချင်း အနိုင်ယူခံရမည်မှာ သေချာသည်။

"ကျန်းချန်... ငါ့ရဲ့ ရှန်ဘင် သွေးစွမ်းအား အရသာကို မြည်းစမ်းကြည့်လိုက်စမ်း"

ကွမ်းချွမ်၏ မျက်လုံးများက အလွန်တရာ အေးစက်သွားသည်။

သူ့ကို နှစ်ကြိမ်တိုင်တိုင် အရှက်ရစေခဲ့သည့် ဤကောင်လေးနှင့် ရင်ဆိုင်ရသည့်အခါတွင် ကွမ်းချွမ်သည် လုံးဝ ညှာတာလိုစိတ် မရှိတော့ပေ။

သူက ပထမဆုံး တိုက်ကွက်ကတည်းကပင် ရှန်ဘင် သွေးစွမ်းအားကို အသုံးပြုရန် ကြိုးစားခဲ့၏။

"အထူး သွေးစွမ်းအား"

ကျန်းချန်က သူ၏ မျက်ခုံးများကို အသာအယာ ပင့်တင်လိုက်၏။

ကွမ်းချွမ်၏ ရှန်ဘင် သွေးစွမ်းအားသည် စစ်မှန်သော နဂါးနိုင်ငံ၏ ရှေးဟောင်း မျိုးနွယ်စု သုံးခုနှင့် အဆင့်တူလောက် ရှိသည်။

သို့သော်လည်း ဤသွေးစွမ်းအား၏ အင်အားသည် သူ၏ ချီယန် သန္ဓေမူလသိုင်းခန္ဓာထက် များစွာ အဆင့်နိမ့်၏။

ထို့ကြောင့် ကျန်းချန်က လုံးဝ အလေးအနက် မထားခဲ့ပေ။

"သွေးစွမ်းအားနဲ့ ငါ့ကို ယှဉ်မယ်ဆိုရင် မင်းပဲ အရှက်ရလိမ့်မယ်"

ကျန်းချန်က စိတ်ထဲကနေ ခနဲ့လိုက်၏။

ထိုခဏတွင် ချီယန် သန္ဓေမူလသိုင်းခန္ဓာ၏ သွေးစွမ်းအားသည် ချက်ချင်းပင် ပေါက်ကွဲထွက်လာခဲ့သည်။

ချက်ချင်းဆိုသလို ကွမ်းချွမ်၏ ရှန်ဘင် သွေးစွမ်းအားထက် ပို၍ ကြောက်စရာကောင်းသည့် ဖိအားတစ်ခုသည် ခန်းမတစ်ခုလုံးကို တိုက်ရိုက် လွှမ်းခြုံသွားခဲ့သည်။

မူလက ခန်းမထဲတွင် ပြည့်နှက်နေသည့် ကြောက်မက်ဖွယ် အေးစက်မှုသည် ဤအချိန်တွင် အတော်လေး လျော့ပါးသွားခဲ့၏။

"မထင်မှတ်ဘဲ ဒီကောင်လေးမှာလည်း အထူး သွေးစွမ်းအားရှိနေပါလား.. ဒါ့အပြင် သူ့ရဲ့သွေးစွမ်းအားက ကွမ်းချွမ်ထက်တောင် ပိုအင်အားကြီးတဲ့ အထူး သွေးစွမ်းအားပဲ"

"ဒါ... ဒါ မယုံနိုင်စရာပဲ"

ကျန်းချန်၏ သွေးစွမ်းအားက ကွမ်းချွမ်၏ ရှန်ဘင် သွေးစွမ်းအားကို အမှန်တကယ် ဖိနှိပ်လိုက်သည်ကို မြင်လျှင် ခန်းမထဲရှိ လူတိုင်းသည် မျက်လုံးများသည် ကျွတ်ကျလုနီးပါး ဖြစ်ကာ အလွန်အမင်း တုန်လှုပ်သွားကြသည်။

အကြီးအကဲ၏ မျက်လုံးတွင်ပင် အလွယ်တကူ တွေ့ရလေ့မရှိသည့် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ပေါ်လာ၏။

"သွေး... သွေးစွမ်းအား"

"မင်း... မင်းမှာ ဘယ်လိုလုပ် ဒီလောက် အင်အားကြီးတဲ့ သွေးစွမ်းအား ရှိနေတာလဲ"

ကွမ်းချွမ် ရုတ်တရက် အံ့သြတုန်လှုပ်သွား၏။

သူက ရှန်ဘင် သွေးစွမ်းအားကို ထုတ်ဖော်ခြင်းအားဖြင့် ကျန်းချန်ကို အလွယ်တကူ ချေမှုန်းနိုင်မည်ဟု ထင်ခဲ့သည်။

မထင်မှတ်ဘဲ ကျန်းချန်ထံကနေ သူ၏ ရှန်ဘင် သွေးစွမ်းအားကို ဖိနှိပ်နိုင်သည့် ပို၍ ကြောက်စရာကောင်းသော သွေးစွမ်းအား မမျှော်လင့်ဘဲ ပေါက်ကွဲထွက်လာခဲ့သည်။

"ဟားဟား... ဒီကမ္ဘာမှာ အထူး သွေးစွမ်းအားက မင်းတစ်ယောက်တည်းရှိတာ မဟုတ်ဘူး"

"မင်းရဲ့ ရှန်ဘင် သွေးစွမ်းအားက ငါ့မျက်လုံးထဲမှာတော့ အမှိုက်နဲ့ ဘာမှ မခြားဘူး"

ကျန်းချန် မထီတရီ ပြုံးလိုက်သည်။

ထိုခဏတွင် သူ့လက်သီးပေါ်၌ ရွှေရောင် အလင်းတန်းတစ်ခု လင်းလက်သွားသည်။

ထို့နောက် သူ၏ အားကောင်းသော လက်သီးချက်သည် တိုးဝင်လာသည့် ဧရာမ ရေခဲဓားကို တိုက်ရိုက် ထိမှန်သွား၏။

"ဝုန်း"

ကျန်းချန်၏ လက်သီးအောက်တွင် ဧရာမရေခဲဓားသည် ကြေမွသွားခဲ့သည်။

သူက လှုပ်ရှားမှု တစ်ခုတည်းဖြင့် ကွမ်းချွမ်၏ တိုက်ခိုက်မှုကို ချေမှုန်းလိုက်၏။

ကျန်းချန်က သူ၏ သွေးစွမ်းအား ပါဝင်သော တုန်လှုပ်ချောက်ချားဖွယ် လက်သီးချက်ဖြင့် ကွမ်းချွမ်၏ ဦးခေါင်းဆီသို့ ဦးတည် တိုက်ခိုက်လိုက်သည်။

ထိုမြင်ကွင်းကို မြင်လျှင် ကွမ်းချွမ်၏ မျက်နှာ အမူအရာက အကြီးအကျယ် ပြောင်းလဲသွား၏။

သူက ကျန်းချန်ကို ရင်ဆိုင်ရန် အတွက် သူ၏ သွေးစွမ်းအားကို အလျင်အမြန် အသုံးပြုလိုက်သည်။

"ဝုန်း ဝုန်း ဝုန်း"

နှစ်ယောက်သား သွက်သွက်လက်လက်ပင် တိုက်ခိုက်လိုက်ကြသည်။

မျက်တောင်တစ်ခတ်အတွင်း နှစ်ယောက်သား တိုက်ကွက် သုံးကွက် ယှဥ်ပြိုင် ပြီးသွားခဲ့၏။

နောက်ဆုံးတွင် ကျန်းချန်၏ စတုတ္ထမြောက် လက်သီးချက်သည် ပေါက်ကွဲထွက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် ကွမ်းချွမ်သည် ကျန်းချန်၏ လက်သီးချက်မှ အင်အားကြီးမားသော သွေးစွမ်းအားကို မခုခံနိုင်တော့ပေ။

သူ့ခန္ဓာကိုယ်က တုန်ယင်သွားခဲ့၏။

ထို့နောက် တစ်ကိုယ်လုံးက ယိမ်းယိုင်သွားပြီး ခုနစ်လှမ်း၊ ရှစ်လှမ်းခန့် နောက်ဆုတ်လိုက်ရသည်။

စစ်နတ်ဘုရား တစ်ပါးလို ဂုဏ်ယူစွာ ရပ်တည်နေသည့် ကျန်းချန်ကို ကြည့်ရင်း သူ့မျက်နှာက အကျည်းတန်လာခဲ့၏။

အခန်း(၄၇၀) ပြီး၏

All Chapters