← Chapters

အခန်း (၄၇၂)

Vol. 32 Ch. 471

အခန်း (၄၇၂)

Vol. 32 Ch. 471

"လခွမ်း.. ဒီကောင်လေးကလည်း ထိုက်ရှ စစ်ပွဲအရိပ်ကို ထုတ်ဖော်နေတယ်ဟ"

"စစ်ပွဲအရိပ် ကိုးဆယ့်ကိုးခု... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"

"ထိုက်ရှ စစ်ပွဲအရိပ်က ပြီးပြည့်စုံတဲ့ အခြေအနေရောက်မှ စစ်ပွဲအရိပ် ကိုးဆယ့်ကိုးခုကို ဖော်ထုတ်နိုင်တာလို့ ကြားဖူးတယ်"

"............"

ကျန်းချန်ကလည်း ထိုက်ရှ စစ်ပွဲအရိပ် ကိုယ်ခံပညာကို ပြသ

လိုက်၏။

သူ၏ စစ်ပွဲအရိပ် အရေအတွက်သည် ကြောက်မက်ဖွယ် ကိုးဆယ့်ကိုးခုအထိ ရောက်ရှိနေသည်ကို မြင်လျှင် လူတိုင်းသည် အသက်ရှူပင် မှားသွားကြသည်။

စစ်ပွဲအရိပ် ကိုးဆယ့်ကိုးခု။

ဤသည်က ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာ၏ အင်အားအကြီးဆုံး အခြေအနေ တစ်ရပ်ပင်။

ထိုက်ရှဂိုဏ်းရဲ့ တိုက်ရိုက်တပည့် ငါးယောက်ထဲတွင် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း ပါရမီရှင် တစ်ယောက်သာ ထိုက်ရှ စစ်ပွဲအရိပ်ကို ပြီးပြည့်စုံသည့် အခြေအနေအထိ လေ့ကျင့်နိုင်ခဲ့သည်ဟု သိရသည်။

ကျန်းချန်က ထိုက်ရှ စစ်ပွဲအရိပ်ကိုယ်ခံပညာကို ဤအဆင့်အထိ အမှန်တကယ် လေ့ကျင့်နိုင်ခဲ့မည်ဟု သူတို့ မည်သို့မှ မထင်ထားခဲ့ကြပေ။

"ဒါက တကယ် တုန်လှုပ်စရာပဲ"

"ဒီကောင်လေးက သာမန်မဟုတ်ဘူး"

အကြီးအကဲ သူ့ရှေ့မှ မြင်ကွင်းကို စိတ်ဝင်တစား ကြည့်ရှုနေခဲ့သည်။

သူ၏ အိုမင်းသော မျက်လုံးထဲတွင် အံ့သြ တုန်လှုပ်မှုက ဖုံးဖိမရစွာ ဖြစ်ပေါ်နေ၏။

ဒီကောင်လေးက ထိုက်ရှဂိုဏ်းထဲကို ယခုမှ ဝင်လာသည့် လူသစ် တစ်ယောက် ဖြစ်သည်။

သို့သော်လည်း နှစ်လအတွင်း ထိုက်ရှ စစ်ပွဲအရိပ်ကို ပြီးပြည့်စုံသည့် အခြေအနေအထိ အမှန်တကယ် လေ့ကျင့်နိုင်ခဲ့၏။

အကြီးအကဲသည် နှစ်ပေါင်းများစွာအတွင်း ထိုက်ရှဂိုဏ်း၏ အမျိုးမျိုးသော ပါရမီရှင်များကို တွေ့မြင်ခဲ့ဖူးသည်။

သို့သော် ဤကဲ့သို့ ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် ထိုက်ရှစစ်ပွဲအရိပ်ကို ကျင့်ကြံနိုင်သည့်လူကို မြင်ရသည်မှာ ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်၏။

ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာသည် ဤကောင်လေး အတွက် ရည်ရွယ်၍ အံဝင်ခွင်ကျ ဖြစ်အောင် ဖန်တီးပေးထားသကဲ့သို့ပင်။

ထိုအချိန်တွင် အကြီးအကဲ၌ ခံစားချက်တစ်ခုပင် ရှိလာသည်။

ယင်းမှာ ကျန်းချန်သည် နှစ်သုံးဆယ်အတွင်း ကောင်းကင်အဆင့် ကျင့်စဥ်ဖြစ်သည့် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကို အောင်မြင်စွာ လေ့ကျင့်နိုင်သည့် ပထမဆုံးလူ ဖြစ်လာနိုင်ခြင်းပင်။

"စီနီယာ ကွမ်းချွမ်... တကယ့် ထိုက်ရှ စစ်ပွဲအရိပ်ဆိုတာ ဒါပဲ"

လူတိုင်းက ကျန်းချန် ပြသခဲ့သည့် ထိုက်ရှ စစ်ပွဲအရိပ်များ၏ လွှမ်းမိုးမှုကို ခံနေရသည့် အချိန်တွင် ကိုးဆယ့်ကိုးခုသော အရိပ်များမှ အသံများသည် ခန်းမထဲတွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။

ချက်ချင်းဆိုသလို ကိုးဆယ့်ကိုးခုသော ကျန်းချန်၏ အရိပ်များသည် ခန်းမကို လွှမ်းခြုံသွားသော လေဆင်နှာမောင်းတစ်ခုနှယ် အရပ်မျက်နှာ ပေါင်းစုံကနေ ကွမ်းချွမ်ဆီသို့ တိုးဝင်သွားခဲ့သည်။

ခန်းမ အလယ်တွင် အရိပ်ပေါင်းများစွာသည် ထိပ်တိုက် ဆုံမိသွားကြသည်။

"ဝုန်း ဝုန်း ဝုန်း"

ခန်းမထဲတွင် ပြင်းထန်သော တိုက်ခိုက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ကျန်းချန်၏ ကိုးဆယ့်ကိုးခုသော ထိုက်ရှစစ်ပွဲအရိပ်၏ ရူးသွပ်ဖွယ် တိုက်ခိုက်မှုများကြောင့် ကွမ်းချွမ်၏ ထိုက်ရှစစ်ပွဲအရိပ် ၃၀ ကျော်သည် အနည်းငယ်မျှသာ ကျန်ရှိတော့သည်။

တခဏလေး အတွင်း ကွမ်းချွမ်၏ ထိုက်ရှ စစ်ပွဲအရိပ် ၃၀ ကျော်သည် ဖျက်ဆီးခံလိုက်ရသည်။

"ဝေါ့"

ကွမ်းချွမ်၏ လည်ချောင်းထဲတွင် ချိုမြိန်သော ခံစားမှုတစ်ခု ဖြစ်ပေါ်လာပြီး သွေးတစ်ပွက် အန်ထွက်လာ၏။

ထို့နောက်တွင် သူ၏ တစ်ကိုယ်လုံးသည် ပေအနည်းငယ်အကွာအဝေးကို ရှက်ရွံ့စွာဖြင့် နောက်ပြန် လွင့်ထွက်သွားခဲ့၏။

"ကွမ်းချွမ် နောက်တစ်ကြိမ် ခံလိုက်ရပြန်ပြီ"

"ဒီကောင်လေးက ဘယ်လို မွန်းစတားလဲဟ"

"ကွမ်းချွမ် ဒီတစ်ကြိမ်တော့ အရှက်တကွဲ ရှုံးနိမ့်သွားရပြီ"

".............."

လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။

သူတို့၏ နှလုံးသားထဲတွင် အလွန်တရာ အံ့သြ တုန်လှုပ်နေကြ၏။

အကြီးအကဲ၏ တိုက်ရိုက် တပည့် ကွမ်းချွမ်သည် ဂိုဏ်းထဲကိုရောက်တာ မကြာသေးသည့် အတွင်းစည်း တပည့် ကျန်းချန်၏ အနိုင်ကျင့်မှုကို အရှက်ရဖွယ် ခံစားခဲ့ရသည်။

"ဒါ အိပ်မက်များလား"

ခန်းမထဲမှ ဆွေးနွေးသံများကို ကြားလျှင် ကွမ်းချွမ်သည် မျက်နှာပူသလို ခံစားလိုက်ရသည်။

မူလက သူသည် ယုံကြည်မှုအပြည့်ဖြင့် အထက်စီးဆန်သော စကားလုံးများကို ပြောခဲ့ပြီး ဆယ်ကွက်အတွင်း ကျန်းချန်ကို အနိုင်ယူပြချင်ခဲ့၏။

ရလဒ်အနေဖြင့် ကျန်းချန်သည် သူ၏ တိုက်ကွက် ဆယ်ကွက်ကို ကျော်ဖြတ်နိုင်ခဲ့သည်။

ထိုမျှနှင့် မပြီးသေးဘဲ သူသည် ကျန်းချန်၏ ပြီးပြည့်စုံသော ထိုက်ရှစစ်ပွဲအရိပ်ကြောင့် ဒဏ်ရာပင် ရသွားခဲ့သေး၏။

သူ့လို တိုက်ရိုက် တပည့်တစ်ယောက်က ဂိုဏ်းထဲကို ယခုမှ ဝင်လာတဲ့ တပည့်သစ် တစ်ယောက်ကြောင့် ဒဏ်ရာရသွားခဲ့သည်။

ထိုသတင်းသာ ပျံ့နှံ့သွားလျှင် သူသည် အနာဂတ်တွင် ထိုက်ရှဂိုဏ်း၌ မည်ကဲ့သို့ ရပ်တည်ရပါမည်နည်း။

"ကောင်းတယ်.. သိပ်ကောင်းတယ်"

"ကျန်းချန်... မင်းကို ငါ လျှော့တွက်မိခဲ့တယ်.. မင်းရဲ့ အင်အားက ဒီအဆင့်အထိ ရောက်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး"

"ဒါပေမဲ့ မင်းရဲ့ ကံကောင်းမှုက ဒီမှာတင် အဆုံးသတ်သွားပြီ"

ကွမ်းချွမ်က ကျန်းချန်ကို သွေးအေးစွာ စိုက်ကြည့်လိုက်သည်။

ထိုခဏတွင် လူတိုင်း၏ သွေးများကို အေးခဲသွားစေနိုင်သည့် ရေခဲလို အေးစက်သည့် စိတ်ခံစားချက် တစ်ခုသည် ခန်းမထဲတွင် ချက်ချင်း ပြည့်နှက်သွားခဲ့၏။

အခန်း(၄၇၂) ပြီး၏

All Chapters