← Chapters

အခန်း (၄၈၀)

Vol. 32 Ch. 480

အခန်း (၄၈၀)

Vol. 32 Ch. 480

"ဒါ ဘယ်လို နည်းလမ်းလဲဟ"

"ပါဝင်ပစ္စည်း အားလုံးကို တစ်ခါတည်း ဆေးဖိုထဲ ထည့်လိုက်တာလား... လခွမ်း.. ဒါ... ဒါက ဆေးမီးဖို ပေါက်ကွဲဖို့ ၁၀၀% သေချာနေပြီ"

"ဒီလို အခြေခံသဘောတရားကိုတောင် နားမလည်ဘဲ ဒီကောင်က အဂ္ဂိရတ် လုပ်နေတာလား"

".........."

ကျန်းချန်၏ လုပ်ဆောင်မှုကို မြင်လျှင် လူတိုင်းသည် မျက်လုံးပြူးပြီး အံ့သြကုန်ကြသည်။

အဂ္ဂိရတ်သခင်အတွက် ဆေးလုံးသန့်စင်သည့် လုပ်ငန်းစဉ်တွင် ဆေးဖက်ဝင်ပစ္စည်းများ ထည့်သည့် အဆင့်သည် အန္တရာယ်အများဆုံး ဖြစ်သည်။

မတော်တဆ ပေါ့ဆမိပြီး ဆေးမီးဖိုရဲ့ စွမ်းအင်ကို ထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့လျှင် မီးဖိုပေါက်ကွဲသွားနိုင်၏။

ကျန်းချန်ကမူ ပါဝင်ပစ္စည်း အားလုံးကို တစ်ခါတည်း ဆေးမီးဖိုထဲ ပစ်ထည့်လိုက်သည်။

သို့ရာတွင် ဆေးမီးဖို၏ တည်ငြိမ်မှုကိုကြည့်ကာ အားလုံးကပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

"တစ်ခါတည်း ဆေးဖက်ဝင်ပစ္စည်းတွေကို ထည့်လိုက်တာဆိုတော့ ဒီကလေးရဲ့ ထိန်းချုပ်နိုင်စွမ်းက ဒီလောက်ထိတောင် မြင့်မားနေပြီလား"

ကျန်းချန်၏ လုပ်ဆောင်ချက်ကို မြင်လျှင် ချင်ကျူပင် မျက်လုံးပြူးသွားခဲ့သည်။

သတ္တမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်အနေဖြင့် ချင်ကျူသည် ဆေးသန့်စင်ရာတွင် တစ်ခါတည်း ထည့်၍ရသည့် နည်းစနစ်ရှိမှန်း သိသည်။

သို့သော် အဂ္ဂိရတ်သခင်က ဆေးမီးဖိုရဲ့ စွမ်းအင်ကို အလွန်တိကျသော အခြေအနေထိ ထိန်းချုပ်နိုင်မှသာ ထိုနည်းစနစ်ကို အသုံးပြုနိုင်၏။

ဤနည်းစနစ်က အဂ္ဂိရတ်သခင်၏ အရှိန်အဟုန်ကို များစွာ တိုးမြှင့်ပေးနိုင်သော်လည်း ဤနည်းစနစ်ကို သုံးပြီး ဆေးလုံးသန့်စင်သည်က မည်မျှခက်ခဲမှန်း ချင်ကျူ သိသည်။

ဆိုရလျှင် သူ့လို သတ္တမ အဆင့် အဂ္ဂိရတ်သခင်ပင် အောင်မြင်ဖို့ အခွင့်အရေး ဆယ်ပုံတစ်ပုံ မရှိပေ။

"ဟမ့်...မင်းလို ငတုံးကောင်ကို ဘာပြောရမှန်းတောင် မသိတော့ဘူး"

"မင်းက အရှိန်အဟုန်ကို မြှင့်ချင်လို့ ဒီနည်းစနစ်ကို သုံးတယ်ဆိုရင် ဒါက ကိုယ့်သေလမ်း ကိုယ်ရှာလိုက်တာပဲ"

ရှန်းလင်းဖုန်းက လှောင်ပြောင်လိုက်သည်။

ကျန်းချန်က ဤမျှ အောင်​မြင်မှုနှုန်း နည်းပါးလွန်းသည့်နည်းစနစ်ကို အသုံးပြုထားသည်ဖြစ်ရာ ဆေးမီးဖိုပေါက်ကွဲရန်မှာ အချိန်တစ်ခုသာ ကျန်ရှိတော့သည် မဟုတ်ပါလား။

ထို့ကြောင့် သူက ပထမဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်သ၍ ဤပြိုင်ပွဲတွင် အသာစီးရသွားလိမ့်မည် ဖြစ်သည်။

လူတိုင်းရဲ့ စူးရှသော အကြည့်အောက်မှာပင် ကျန်းချန်နှင့် သူသည် သူတို့ရှေ့မှ ဆေးမီးဖိုကို ထိန်းချုပ်ရန် အာရုံစိုက်နေကြသည်။

ပတ်ဝန်းကျင်မှ လူအားလုံး၏ အကြည့်များသည် ကျန်းချန်၏ ဆေးမီးဖိုပေါ်တွင် ရောက်ရှိနေကြ၏။

ကျန်းချန်က ဆေးဖက်ဝင်ပစ္စည်းတွေကို တစ်ခါတည်း ဆေးဖိုထဲ ထည့်လိုက်သောကြောင့် ဆေးမီးဖို မတည်ငြိမ်ဖြစ်ကာ ပေါက်ကွဲတော့မည်ဟု သူတို့ ထင်ခဲ့ကြသည်။

သို့သော် လက်တွေ့ အမှန်တရားသည် သူတို့ထင်ထားသည်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့၏။

တစ်မိနစ်။

နှစ်မိနစ်။

...

ဆယ်မိနစ်က လျင်မြန်စွာပင် ကုန်ဆုံးသွား၏။

ကျန်းချန်၏ ဆေးမီးဖိုက ယခုအချိန်ထိ တည်ငြိမ်နေဆဲပင်။

ပေါက်ကွဲမည့် လက္ခဏာကိုလည်း တစ်ခုမှ မတွေ့ရပေ။

"ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"

"ဆေးဖက်ဝင်ပစ္စည်း အားလုံးကို တစ်ခါတည်း ထည့်ခဲ့ပေမဲ့ ဆေးမီးဖိုက ဘာမှမဖြစ်ဘူးဟ.. ဒီကောင်လေးက တကယ်ကို ထူးဆန်းတာပဲ"

"ရှန်းလင်းဖုန်းတော့ လုံးဝ အရှုံးပေးရတော့မယ် ထင်တယ်"

"............"

သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ လူတိုင်းသည် အချိန်အတော်ကြာ မှင်တက်နေခဲ့ကြ၏။

"ဒီကောင်လေး ထျန်းယွမ်နင်ရှန်း ဆေးလုံးရဲ့ ဆေးဖက်ဝင်ပစ္စည်း အားလုံးကို တစ်ခါတည်း မီးဖိုထဲ ထည့်လိုက်ပေမဲ့ မီးဖိုမှာ ပေါက်ကွဲမဲ့လက္ခဏာ အရိပ်အယောင်တောင် မတွေ့ရဘူး"

ကျန်းချန်၏ စွမ်းဆောင်ရည်က သူတို့၏ အဂ္ဂိရတ် အသိပညာထက် ကျော်လွန်နေ၏။

လူတိုင်း၏ အံ့သြ တုန်လှုပ်နေသည့် အကြည့်များအောက်မှာပင် ကျန်းချန်က ဆေးဖိုထဲမှ ဆေးဖက်ဝင် ပစ္စည်းတွေကို သန့်စင်ရန် ဆေးဖိုကို တည်ငြိမ်စွာ ထိန်းချုပ်ထားခဲ့သည်။

ဤသို့ဖြင့် မိနစ် နှစ်ဆယ်ခန့် ကြာမြင့်ပြီးနောက်တွင် အားကောင်းသော ဆေးရနံ့သည် ကျန်းချန်၏ ဆေးမီးဖိုကနေ ပထမဆုံး ထွက်လာခဲ့သည်။

"ဒီကောင်လေးက ဆေးလုံးကို သန့်စင်ပြီးသွားပြီဟ"

လူတိုင်းက ဆေးဖက်ဝင် ပစ္စည်းများကို မသန့်စင်ရသေးသည့် ရှန်းလင်းဖုန်းအား တစ်ချက် လှမ်းကြည့်လိုက်ကြသည်။

ထို့နောက်တွင် ကျန်းချန်၏ ရှေ့ရှိ သင်းပျံ့သော ဆေးရနံ့များ ထွက်နေသည့် ဆေးမီးဖိုကို ကြည့်လိုက်ကြ၏။

ထိုက်ရှဂိုဏ်း၏ နာမည်ကျော် အဂ္ဂိရတ်ပါရမီရှင် ရှန်းလင်းဖုန်း ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

စိတ်ဝိညာဥ် ဆေးမီးဖို၏ အားသာချက် ရှိသော်လည်း ရှန်းလင်းဖုန်းသည် ကျန်းချန်၏ အားကောင်းသော အဂ္ဂိရတ်ပညာရပ်ကို ရှုံးနိမ့်ခဲ့ရသည်။

ဤကောင်လေး၏ အဂ္ဂိရတ်ပညာရပ်သည် တကယ်ကို အားကောင်းသည်ဟုသာ ဆိုရပေတော့မည်။

အခန်း(၄၈၀) ပြီး၏

All Chapters