← Chapters

တောင်းဆိုချက်

Vol. 142 Ch. 2117

တောင်းဆိုချက်

Vol. 142 Ch. 2117

ရစ်ခွေနဂါးတောင်ကြောရိုးထက်တွင် ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က သူ၏ ခေါက်ယပ်တောင်ကို ညင်သာစွာဝေ့ယမ်းပြီး ပြောလိုက်၏။

“ရှောင်ယွင်ရဲ့ ရစ်ခွေနဂါးတံဆိပ်ပြား ၈၀၀ ကျော်ကျော်အပါအဝင် အဲ့ဒီကောင်းလေးမှာ တံဆိပ်ပြား ၁၂၀၀ ကျော်သွားလောက်ပြီ”

“၁၂၄၁ ခု”

ကောင်းကင်ချောက်နက်က သူ၏ ပါးစပ်ကိုဖွင့်ဟပြီး အရေးအတွက်တစ်ခုကို ထုတ်ဖော်ပြောဆိုလိုက်၏။

ထိုအရေအတွက်၏ တိကျမှန်ကန်မှုနှင့်ပတ်သက်၍ မည်သူကမှသံသယမရှိပေ။

ကောင်းကင်ချောက်နက်သည် စကားများစွာမပြောဆိုတတ်သော်လည်း သူက ဆူဇီမိုကို တစ်ချိန်လုံး စိတ်အာရုံစိုက်နေခဲ့၏။

ယန်လောရှုက မသိမသာခေါင်းညိတ်လိုက်၏။

“သူ့မှာ ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်ကားချပ်ရဲ့အကူအညီရှိနေတာပဲ... သူက သူ့ထက်နယ်ပယ်အသေးနှစ်ခုပိုမြင့်တဲ့ ရှောင်ယွင်ကိုအနိုင်ယူနိုင်တယ်ဆိုမှတော့ သူ့အနေနဲ့ ဒီတောင်ကြားထဲမှာ ရစ်ခွေနဂါးတံဆိပ်ပြား ၁၈၀၀ကို စုစည်းဖို့က အခက်အခဲရှိမှာမဟုတ်တော့ဘူး”

သူတို့လေးယောက်၏ မျက်လုံးထဲတွင် ဆူဇီမို၏ လက်ရှိနည်းလမ်းများက နောက်ဆုံး အယောက်တစ်ရာထဲဝင်ရောက်နိုင်ဖို့ လုံလောက်နေပြီဖြစ်၏။

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲပြီးဆုံးသွားသည့်အချိန်တွင် ဤလူငယ်မှာ ရစ်ခွေနဂါးတံဆိပ်ပြား အများဆုံး ရှိချင်မှရှိပေလိမ့်မည်။

သို့သော်လည်း အတိုင်းအတာတစ်ခုထိတော့ ဤလူပြသခဲ့သော ပါရမီအရည်အချင်းသည် အခြားသူများထက်သာလွန်ပြီး မင်းသမီးသက်တံနီ သို့မဟုတ် မင်းသားယွင်လေတို့ထက်ပင် သေချာပေါက်အားနည်းလိမ့်မည် မဟုတ်ပေ။

ဤလူသည် အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်ပြီး သူ၏ ပါရမီအလားအလာက အရမ်းကိုကြီးမား၏။

ကောင်းကင်အင်မော်တယ်လေးဦး၏ မျက်လုံးများထဲမှာ ဤလူငယ်သည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲ၏ အထူးချွန်ဆုံး၊ အတောက်ပဆုံးနှင့် အထိုက်တန်ဆုံး ကျင့်ကြံသူဖြစ်လာခဲ့၏။

ရုတ်တရက် ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက ပြောလိုက်၏။

“အားလုံးပဲ... စောစောကငါပြောခဲ့ပြီးပြီ... ဒီကောင်လေးရဲ့လှုပ်ရှားမှုနည်းစနစ်က အရမ်းကိုထူးချွန်တယ်... သူက အင်ပါယာလေဘုရားကျောင်းမှာကျင့်ကြံဖို့အသင့်လျော်ဆုံးပဲ... တာအိုရောင်းရင်းတို့ ကျေးဇူးပြုပြီး သူ့အတွက် ငါနဲ့လာပြီး မတိုက်ခိုက်ကြပါနဲ့”

“တာအိုရောင်းရင်းတောင်ထွတ်စိမ်း... ငါမှတ်မိတာမမှားဘူးဆိုရင် မင်းက အရင်တုန်းက သူ့ကိုအထင်သေးနေပြီး လေ့ဖုန်တို့အုပ်စုကြားထဲကို ပစ်ထည့်ခဲ့တာပဲ... သူကတတ်နိုင်သမျှမြန်မြန်ရှင်းထုတ်ခံရဖို့ မင်းမျှော်လင့်နေခဲ့တာမလား”

ယန်လောရှုက လှောင်ရယ်လိုက်ပြီး ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းကို ကြည့်လိုက်၏။

“ဘာလို့လဲ... မင်းက အခုတော့ သူ့ကိုအင်ပါယာလေဘုရားကျောင်းဆီ ခေါ်ချင်နေပြီပေါ့လေ”

“ညီကိုယန်.... မင်းငါ့ကိုလာနောက်နေတာပဲဖြစ်ရမယ်”

ကောင်းကင်အင်မော်တယ်တောထွတ်စိမ်း၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။

“ငါက အရင်တုန်းကအဲ့ဒါကိုလုပ်ခဲ့တယ်ဆိုတာ ငါ့မှာရည်ရွယ်ချက်ရှိတယ်... အဓိကအားဖြင့် ငါကသူ့ကိုစမ်းသပ်ပြီး သူ့ရဲ့အစစ်အမှန် အစွမ်းအစတွေကို ထွက်ပေါ်လာစေချင်လို့ပဲ... ငါ့မှာမကောင်းတဲ့ရည်ရွယ်ချက်မရှိဘူး”

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းသည် ဤကဲ့သို့သော အဓိပ္ပါယ်မရှိသည့်စကားကို မျက်နှာတစ်ချက်မပျက်ဘဲ ပြောဆိုနိုင်လေသည်။

“ဟီးဟီး”

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က ရယ်မောလိုက်၏။

“တာအိုရောင်းရင်း တောင်ထွတ်စိမ်း... မင်းသူ့ကိုအဲ့ဒါပြောပြမယ်ဆိုရင်တောင် သူကမင်းကိုယုံကြည်ချင်မှာယုံကြည်လိမ့်မယ်... ငါ့အထင်တော့ အင်ပါယာလေဘုရားကျောင်းက သူဝင်ရောက်ဖို့ဖြစ်နိုင်​ခြေအနဲဆုံးဂိုဏ်းပဲ”

“ဟမ့်”

ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်၏။

“အင်ပါယာလေဘုရားကျောင်းကိုဝင်ရောက်မှပဲ... သူ့အတွက်အကြီးမားဆုံးတိုးတက်မှုကိုရရှိလိမ့်မယ်... ငါတို့က သူ့ရဲ့အားသာချက်ကို အဆုံးစွန်ထိမြှင့်တင်ပေးနိုင်တယ်... သူက လိမ္မာပါးနပ်တဲ့သူတစ်ယောက်ဆိုရင် အဲ့ဒီသဘောတရားကိုသေချာပေါက်နားလည်လိမ့်မယ်”

“မလိုပါဘူး”

အတန်ကြာအောင်တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ကောင်းကင်ချောက်နက်က ရုတ်တရက်ပြောလိုက်၏။

“ဒီကောင်လေးရဲ့ကိုယ်ကာယက တော်တော်လေးအဆင့်မြင့်တယ်... သူကအနီးကပ်တိုက်ခိုက်ရည်မှာလည်း အားသန်တယ်... အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကြားမှာ တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းက အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကြားမှာ အသန်မာဆုံးပဲ”

“ဒီကောင်လေးက တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းကို ဝင်ရောက်မယ်ဆိုရင်.. သူက ထိပ်တန်းအဆင့်ခန္ဓာမီးဆေးကျင့်ကြံရေးနည်းစနစ်တစ်ခုကို ကျင့်ကြံနိုင်ပြီး ထူးချွန်ပြောင်မြောက်တဲ့အနီးကပ်တိုက်ခိုက်ရည်တွေကို သင်ယူခွင့်ရလိမ့်မယ်... အဲ့ဒါက သူ့အတွက် အကြီးမားဆုံးအထောက်အပံ့ဖြစ်လိမ့်မယ်”

ကောင်းကင်ချောက်နက်သည် စကားပြောဆိုခဲပြီး သူက အမြဲတမ်းတော့ စကားနည်းသောယောင်္ကျားတစ်ယောက်ဖြစ်ခဲ့လေသည်။

ယခုသူသည် ဆူဇီမိုအတွက် ဤကဲ့သို့သော စကားများကိုပင် ​ပြောဆိုလာခဲ့လေသည်။

ယန်လောရှုက သူ၏ခေါင်းကို ညင်သာစွာခါလိုက်၏။

“ဒီကောင်လေးမှာလိုအပ်နေတဲ့ အင်မော်တယ်ပညာရပ်တွေနဲ့ လျှို့ဝှက်အတတ်တွေက ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်မှာအများကြီးရှိတယ်... ငါ့အထင်တော့ သူ့အတွက်မှန်ကန်တဲ့နည်းလမ်းက ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ကို ဝင်ရောက်ဖို့ပဲ”

ဆူဇီမိုသည် ရစ်ခွေနဂါးတံဆိပ်ပြား ၁၈၀၀ ကိုမရရှိသေးလျှင်တောင် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်း၏ ခေါင်းဆောင်များက သူ့အတွက်ယှဥ်ပြိုင်တိုက်ခိုက်နေကြပြီဖြစ်၏။

အမှားအယွင်းတစ်စုံတစ်ရာမရှိဘူးဆိုလျှင် ဤလူငယ်သည် လုံလောက်သည့် ရစ်ခွေနဂါးတံဆိပ်ပြားများကို သေချာပေါက်ရရှိလိမ့်မည်ဖြစ်ကြောင်း သူတို့လေးယောက်က သိရှိထား၏။

ရွှစ်...

​

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က သူ၏ ခေါက်ယပ်တောင်ကို ဖြန့်ပြီး အပြုံးတစ်ခုနှင့်အတူပြောလိုက်၏။

“လောလောဆယ် ငြင်းခုံမနေကြနဲ့တော့... နောက်ထပ်ဆယ်ရက်ကျော်တောင်ကျန်သေးတာပဲ... ငါတို့ဖြည်းဖြည်းချင်းစဥ်းစားလို့ရတယ်... လူတိုင်းက ဒီကောင်လေးကိုစိတ်ဝင်စားနေပြီဆိုမှတော့ နောက်ဆုံးရွေးချယ်မှုက သူ့အပေါ်ကို မူတည်လိမ့်မယ်”

ထိုစဥ်မှာပင် ကျင့်ကြံသူတစ်အုပ်စုက အဝေးကနေပျံသန်းလာကြ၏။

ဦးဆောင်လာသောလူနှစ်ယောက်မှာ စွမ်းအားကြီးမားသောအော်ရာများနှင့် ကြမ်းကြုတ်ခက်ထန်သောသတ်ဖြတ်လိုစိတ်များရှိနေကြ၏။

“ကြည့်စမ်း... ဟိုမှာမဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ မင်းသားယွမ်ကျောက ဒီကိုလာနေတာပဲ”

“ဒီတစ်ခေါက်... အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲက တော်တော်လေးကို သက်ဝင်လှုပ်ရှားနေတာပဲ”

“မင်းသားယွမ်ကျောအပါဆိုရင် အင်မော်တယ်နိုင်ငံသုံးနိုင်ငံက မင်းသားမင်းသမီးတွေက အခုဆိုရင်ဒီနေရာမှာရှိနေကြပြီ”

“မင်းသားယွမ်ကျောက သူ့နောက်မှာ ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သားတစ်ရာကျော်ကိုခေါ်လာတာပဲ... သူကဖော်ရွေပုံမရဘူး”

ရစ်ခွေနဂါးတောင်ကြောရိုးပေါ်မှ ကျင့်ကြံသူများစွာသည် ခပ်လှမ်းလှမ်းမှ ရုတ်ရုတ်သဲသဲအခြေအနေကို တွေ့မြင်သောအခါ တီးတိုးပြောဆိုဆွေးနွေးလိုက်ကြ၏။

ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်၊ ယန်လောရှုနှင့် အခြားနှစ်ယောက်ကလည်း မင်းသားယွမ်ကျောကို တွေ့မြင်နေခဲ့သည်မှာကြာခဲ့လေပြီ။ သို့သော်လည်း သူတို့လေးယောက်က အမူအရာကင်းမဲ့နေပြီး မတ်တတ်ထရပ်မလာခဲ့ပေ။

မင်းသားယွမ်ကျောက ယခင်ကနှင့် မတူညီတော့ပေ။

ဘုရင်ကျင်းမှာ မျိုးဆက်များစွာရှိပြီး ပိုင်နက်နယ်မြေတစ်ခုမရှိသည့် မင်းသား သို့မဟုတ် မင်းသမီးတစ်ပါးက သူတို့ကိုမယှဥ်နိုင်ပေ။

သူတို့လေးယောက်သည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကို ဧည့်ခံကျင်းပဖို့အတွက် သူတို့ဂိုဏ်းများကို ကိုယ်စားပြုနိုင်သည့်အချက်ကပင် ဂိုဏ်းများမှာ သူတို့၏ အဆင့်အတန်းကို သက်သေပြပေးနေ၏။

သူတို့သည် စွမ်းအားကြီးမား၍မြင့်မြတ်သော အတိတ်ကာလက မင်းသားယွမ်ကျောနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင် သူတို့က သူနှင့်ရင်ဘောင်တန်းရပ်တည်နိုင်ပြီး သူတို့ကြားမှာ စီနီယာအနိမ့်အမြင့်ခွဲခြားမှုရှိလိမ့်မည် မဟုတ်ပေ။

မင်းသားယွမ်ကျောက အထီးကျန်ကြယ်နှင့် ပခုံးချင်းယှဥ်မတ်တတ်ရပ်လာပြီး ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သား ၁၁၂ယောက်ကို ခေါ်ဆောင်ကာ ရစ်ခွေနဂါးတောင်ကြောရိုး၏ ကောင်းကင်ထက်ကနေ ပျံသန်းလာ၏။ သူတို့က တောင်ကြားထဲကိုငုံ့ကြည့်ပြီး ပစ်မှတ်တစ်ခုကိုရှာဖွေနေကြ၏။

“မင်းသား.. ဟိုမှာကြည့်”

ခဏနေပြီးနောက် အထီးကျန်ကြယ်၏ အမူအရာက ပြောင်းလဲသွားပြီး ရေပြင်အကာအရံအလွှာပေါ်ရှိ ပုံရိပ်တစ်ခုကိုလက်ညှိုးထိုးကာ ရုတ်တရက်ပြောလိုက်၏။

မင်းသားယွမ်ကျောက အထီးကျန်ကြယ်ပြရာအတိုင်း လိုက်ပါကြည့်ရှုလိုက်၏။

တောင်ကြားထဲမှာ ပြင်းထန်စွာဖျားနာမှုကနေ ယခုအချိန်ထိသက်သာပျောက်ကင်းသေးပုံမရသော မျက်နှာအဝါရောင်သန်းနေသည့် လူငယ်တစ်ယောက်က တကယ်ပင်ရှိနေ၏။

သူသည် အရင်တုန်းက ပေးစာ၏ နောက်ကျောမှာရေးဆွဲထားသော ပန်းချီနှင့် တူညီလုနီးပါးဖြစ်လေသည်။

သည့်ယခင်က ထိုစာသည် ထောင်ချောက်တစ်ခုဖြစ်နေမလား သို့မဟုတ် တစ်ယောက်ယောက်က သူ့ကိုနောက်ပြောင်နေခြင်းဖြစ်မလား သံသယရှိနေခဲ့၏

သို့သော်လည်း ဤအခိုက်အတန့်မှာ သူက အဲ့ဒါကိုပို၍ယုံကြည်လက်ခံလာ၏။

“အရှင်မင်းသား... ကျုပ်တို့က ရှေ့ကိုတက်လှမ်းပြီး အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းထံကနေ သူ့ကိုတောင်းခံသင့်သလား”

အထီးကျန်ကြယ်က သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကိုပို့လွှတ်လိုက်၏။

“အလျင်စလိုမလုပ်နဲ့”

မင်းသားယွမ်ကျောက အသက်ပြင်းပြက်းတစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူ ဣန္ဒြေဆယ်ကာ အသံတစ်ခုကိုပို့လွှတ်လိုက်၏။

“အဲ့ဒီလူငယ်ရဲ့နောက်ခံကိုရှာဖွေဖော်ထုတ်ဖို့အတွက် လူတချို့ကို အရင်စုံစမ်းခိုင်းလိုက်”

အဲ့ဒါက သေးငယ်သောကိစ္စမဟုတ်ပေ။

ရစ်ခွေနဂါးတောင်ကြောရိုးပေါ်မှာ ကျင့်ကြံသူများသန်းနှင့်ချီရှိနေကြပြီး လူတိုင်းကစောင့်ကြည့်နေကြ၏။

သူက ဤလူကိုအဆုံးရှုံးမခံနိုင်သလို တစ်ခုခုဖြစ်လာမည်ဆိုလျှင် သူကမျက်နှာလည်း မပျက်ချင်ပေ။

အထီးကျန်ကြယ်က အသံတစ်ခုကိုခပ်မြန်မြန်ပို့လွှတ်ပြီး သူ၏ နောက်ဘက်မှာ ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သားတချို့ကို အောက်သို့ဆင်းကာစုံစမ်းဖို့ အချက်ပြလိုက်၏။

သိပ်မကြာခင် အာဏာပါးကွက်သား အစောင့်တပ်သားများစွာက သူတို့ရရှိလာသော သတင်းအချက်အလက်များနှင့်အတူ ပြန်လည်ရောက်ရှိလာ၏။

အထီးကျန်ကြယ်က ပြောလိုက်၏။

“ဒီလူ့ရဲ့နောက်ခံက ဘာမှန်းမသိရဘူး... သူ့ရဲ့နာမည်ကိုလည်း ဘယ်သူမှမသိကြဘူး... သူက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ကြားဖြတ်ဝင်ပါဖို့အတွက် လွန်ခဲ့တဲ့ဆယ်ရက်ကျော်ကမှ ဒီကိုရုတ်တရက်ရောက်လာတာ... သူက ကြယ်တာရာဂိုဏ်းရဲ့လျှို့ဝှက်အတတ်ကိုတောင်မှ သိထားတယ်”

“သူ့ရဲ့လှုပ်ရှားမှုနည်းစနစ်က အရမ်းကိုမြန်ဆန်တယ်တဲ့... သူက ရွှေရောင်တောင်ပံနဲ့ နတ်ဘုရားစွမ်းအားတစ်ခုကို သိရှိထားပြီး သူက မင်းသမီးသက်တံနီရဲ့ လှုပ်ရှားမှုနည်းစနစ်ထက်တောင် ပိုပြီးတော့မြန်ဆန်တယ်လို့ ပြောကြတယ်”

ရွှေရောင်​တောင်ပံများ...။

မင်းသားယွမ်ကျောက ရင်တစ်ချက်ထိတ်သွား၏။

ဆူဇီမိုက ဤကဲ့သို့သောနည်းလမ်းများထုတ်ဖော်ခဲ့သည်ကို သူယခင်က တွေ့မြင်ခဲ့ဖူးလေသည်။

တကယ်တော့... ပထမဆုံး သတင်းအချက်အလက်တချို့ကိုကြားရပြီးနောက် တောင်းကြာထဲရှိလူငယ်က သူလိုက်လံရှာဖွေနေသည့် ဆူဇီမိုဖြစ်သည်ဆိုတာကို မင်းသာယွမ်ကျောက သေချာသလောက်နီးပါး ဖြစ်သွား၏။

သို့သော်လည်း အဲ့ဒါက နှစ်နှစ်ထောင်ကျော်သာလျှင်ကြာသေးပြီး ဆူဇီမိုသည် အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်လာခဲ့လေပြီ။ သူ၏ ကျင့်ကြံမှုအလျင်အဟုန်က အရမ်းကိုမြန်ဆန်ပြီး မင်းသားယွမ်ကျောပင်လျှင် အဲ့ဒါကို ခဏကြာသည်အထိ လက်မခံနိုင်ပေ။

“အရှင်မင်းသား... အဲ့ဒါသူပဲဖြစ်ရမယ်”

အထီးကျန်ကြယ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကောင်းတယ်ကွာ... ကောင်းတယ် ကောင်းတယ်”

မင်းသားယွမ်ကျော၏ အကြည့်က အေးစက်လာပြီး တောင်ကြားထဲမှပုံရိပ်ကို စိုက်ကြည့်ကာ အံကိုကြိတ်လိုက်၏။

“ဆူဇီမို.... ငါနောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ”

“မင်းက အောင်မြင်လုနီးပါးပဲ... ကံဆိုးတာကတော့ ငါက မင်းထက်ခြေတစ်လှမ်းစောနေတာပဲ”

မင်းသားယွမ်ကျောက လှောင်ရယ်လိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“သွားကြမယ်... အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းထံကနေ သူ့ကိုသွားပြီး တောင်းဆိုရအောင်”

All Chapters