← Chapters

အကွက်ချကြံစည်ခြင်း

Vol. 142 Ch. 2118

အကွက်ချကြံစည်ခြင်း

Vol. 142 Ch. 2118

မင်းသားယွမ်ကျောနှင့် အထီးကျန်ကြယ်သည် အာဏာပါးကွက်သား အစောင့်တပ်သားများစွာနှင့်အတူ လေထဲသို့ပျံတက်လာပြီး အင်မော်တယ်ဂိုဏ်းလေးဂိုဏ်း၏ ရှေ့မှာ မတ်တတ်ရပ်လိုက်ကြ၏။

“နှုတ်ဆက်ပါတယ်တာအိုရောင်းရင်းတို့... ကျုပ်က မဟာကျင်းအင်မော်တယ်နိုင်ငံက ယွမ်ကျောပါ”

မင်းသားယွမ်ကျောက လက်နှစ်ဖက်ကိုယှက်ပြီး ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်နှင့် အခြားသူများကို နှုတ်ဆက်လိုက်ကြ၏။

သူသည် အနည်းငယ်ပို၍ စိတ်အားထက်ထန်သော အကြည့်တစ်ခုနှင့်အတူ ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်ကို ကြည့်နေ၏။

ဘာပဲပြောပြော ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က အင်မော်တယ်ပြန်ဂိုဏ်း၏ အတွင်းဂိုဏ်းတပည့်တစ်ယောက်ဖြစ်၏။

မုန့်ယောင်သည်လည်း အင်မော်တယ်ပြန်ဂိုဏ်း၏ အမွေခံတပည့်တစ်ယောက်ဖြစ်၏။

ဒါ့အပြင် သူနှင့်မုန့်ယောင်က မောင်နှမများဖြစ်၏။

ဤရှုထောင့်ကနေကြည့်မည်ဆိုလျှင် သူသည် ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်နှင့် ပတ်သက်ဆက်နွယ်မှုတချို့ ရှိလေသည်။

“မင်းသားယွမ်ကျော.... ခင်ဗျားဘယ်လိုနေလဲ”

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က ညင်သာစွာပြုံး၍ မတ်တတ်ထရပ်လိုက်၏။

သူက သူ၏ ခေါက်ယပ်တောင်ကိုပိတ်ပြီး လက်နှစ်ဖက်ကိုယှက်ကာ ပြန်လည်နှုတ်ဆက်လိုက်၏။

ကောင်းကင်ချောက်နက်က မတ်တတ်ထရပ်ခြင်းမရှိဘဲ နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။

ယန်လောရှုက မတ်တတ်ထရပ်ပြီး ပြန်လည်နှုတ်ဆက်လိုက်၏။ သူက ခေါင်းညိတ်ရုံသာညိတ်ပြပြီး သူ၏ ထိုင်ခုံမှာ ပြန်ထိုင်လိုက်လေသည်။

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက မတ်တတ်ထရပ်ခြင်းမရှိသလို ပြန်လည် နှုတ်ဆက်ခြင်းလည်းမရှိပေ။ သူကပြုံးရုံသာပြုံး၍ မေးလိုက်၏။

“မင်းသားယွမ်ကျော... မင်းက အဝေးကြီးကနေရောက်လာတာပဲ.. ဒီကိုဘာ့ကြောင့် ရောက်လာတာပါလိမ့်”

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်း၏ စကားလုံးများမှာ လှောင်ပြောင်သရော်လိုသောအရိပ်အမြွက်တစ်ခုပါဝင်နေ၏။

မင်းသားယွမ်ကျောသည် ယခင်ကကဲ့သို့ တူညီသောအဆင့်အတန်းမှာရှိနေဦးမည်ဆိုလျှင် သူက ဤကဲ့သို့ပြုမူရဲလိမ့်မည် မဟုတ်ပေ။

သို့သော်ယခု... မင်းသားယွမ်ကျော၏ အဆင့်အတန်းက ထိုးဆင်းသွားပြီး သူက သူ၏ ပိုက်နက်နယ်မြေကို ဆုံးရှုံးထားရ၏။ ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက သူ့ကိုအထင်အမြင်သေးနေ​လေသည်။

အထီးကျန်ကြယ်၏ အမူအရာက ညိုမည်းသွားသော်လည်း သူကတစ်စုံတစ်ရာပြောဆိုခြင်းမရှိပေ။

မင်းသားယွမ်ကျောက အဲ့ဒါကိုသတိမထားမိသယောင်ဟန်ဆောင်ပြီး ပြုံးလိုက်၏။

“ကိစ္စကြီးတော့မဟုတ်ပါဘူး... မဟာကျင်းအင်မော်တယ်နိုင်ငံက နှစ်ပေါင်းများစွာ အလိုရှိနေတဲ့အပြစ်သားက ရစ်ခွေနဂါးတောင်ကြောရိုးကိုရောက်လာတယ်လို့ မကြာသေးခင်က ကျုပ်သတင်းလက်ခံရရှိထားတယ်... အဲ့ဒါကြောင့် ကျုပ်က စစ်ဆေးကြည့်ဖို့အတွက် ကျုပ်လူတွေကိုခေါ်လာခဲ့တာ”

ထိုနေရာအရောက်တွင် မင်းသားယွမ်ကျောက ခဏမျှရပ်တန့်ပြီး ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်နှင့် အခြားသူများ၏ အမူအရာကို တစ်ချက်ကြည့်လိုက်၏။

ကောင်းကင်ချောက်နက်၊ ယန်လောရှုနှင့် ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းတို့က အတွေ့အကြုံရှိပြီး အမူအရာကင်းမဲ့နေကြ၏။

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုတစ်ချိန်လုံးရှိနေသော်လည်း သူက မည်သည့်အရာကိုမှ ထပ်မံမပြောဆိုတော့ပေ။

မင်းသားယွမ်ကျောက သူ၏ စိတ်ကိုမဖတ်နိုင်ပေ။

သူတို့လေးယောက်ထံမှ ပြန်ဖြေစကားရှိမလာသောအခါ လေထုက အိုးတိုးအမ်းတမ်းပုံစံဖြင့် တိတ်ဆိတ်ငြိမ်သက်သွား၏။

မင်းသားယွမ်ကျောက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဆက်လက်၍ပြောလိုက်ရ၏။

ကျုပ်က အဲ့ဒီအပြစ်သားကို မဟာကျင်းအင်မော်တယ်နိုင်ငံကို ပြန်ခေါ်သွားချင်တယ်... ဒါပေမဲ့လေးစားမှုထားတဲ့အနေနဲ့ ကျုပ်က ခင်​ဗျားတို့လေးယောက်ကို လာပြီးနှုတ်ဆက်တာပဲ”

“အို...”

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က သူ၏ မျက်ခုံးကို အနည်းငယ်ပင့်ပြီးမေးလိုက်၏။

“အဲ့ဒီအပြစ်သားက ဘယ်မှာလဲ”

မင်းသားယွမ်ကျောက တစ်ဘက်သို့အနည်းငယ်လှည့်ပြီး တောင်ကြားထဲမှပုံရိပ်ကို လက်ညှိုးထိုးပြလိုက်၏။

“အဲ့ဒါသူပဲ”

မင်းသားယွမ်ကျော လက်ညှိုးထိုးပြနေသည်က ဆူဇီမိုရှိနေသောနေရာဖြစ်၏။

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်နှင့် တခြားသူများက တစ်ချိန်တည်းမှာမျက်မှောင်ကြုတ်လိုက်၏။

အောက်ဘက်ရှိ လူအုပ်ကြီးကလည်း ထိုသည်ကိုတွေ့မြင်သောအခါ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားကြ၏။

မင်းသားယွမ်ကျောက ခပ်မြန်မြန်ပြောလိုက်၏။

“အဲ့ဒါက မဟာကျင်းအင်မော်တယ်နိုင်ငံက နှစ်နှစ်ထောင်ကျော်ကြာအောင်အလိုရှိနေတဲ့ အပြစ်သား ဆူဇီမိုပဲ”

လူအုပ်ကြီးက အုန်းအုန်းကျက်ကျက်ဖြစ်လာကြ၏။

“အဲ့ဒီအဆင့်-၆ ကမ္ဘာမြေအင်မော်တယ်က ဆူဇီမိုလား”

လွန်ခဲ့တဲ့နှစ်နှစ်ထောင်ကျော်က ဆူဇီမိုက အဆင့်-၁ ကမ္ဘာ​မြေအင်မော်တယ်တစ်ယောက်ဖြစ်တယ်လို့ ငါကြားဖူးတယ်... သူက အဲ့လောက်ထိမြန်မြန်ဆန်ဆန် ဘယ်လိုလုပ်ပြီး ကျင့်ကြံနိုင်ရတာလဲ”

“အဲ့ဒါက ဟုတ်ပုံမရဘူး... မဟာကျင်းအင်မော်တယ်နိုင်ငံမှာ အရင်က ဆူဇီမိုရဲ့ပန်းချီကားကို ငါမြင်ဖူးတယ်... သူနဲ့ဒီလူငယ်ရဲ့ ပုံပန်းသဏ္ဌာန်က မတူတဲ့ပုံပဲ”

တောင်ကြောရိုးပေါ်မှာ အုတ်အော်သောင်းတင်းအသံများထွက်ပေါ်လာခဲ့၏။

ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်ကလည်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

“တာအိုရောင်းရင်းယွမ်ကျော... ခင်ဗျားလူမှားနေတာလား”

“မှားစရာမရှိဘူး”

မင်းသားယွမ်ကျောက လေးနက်သောအသံဖြင့်ပြောလိုက်၏။

“ဆူဇီမိုက အသင်္ချေအသွင်ပြောင်းလဲခြင်းနဲ့ တူညီသလောက်နီးပါးရှိတဲ့ ရုပ်ဖျက်နည်းစနစ်တစ်ခုကို တတ်မြောက်ထားတယ်... သူ့ရဲ့လက်ရှိရုပ်ရည်သွင်ပြင်က အစစ်အမှန်မဟုတ်ဘူး”

“အားလုံးပဲ ကျုပ်ကို မျက်နှာသာတချို့ပေးပြီး ဒီလူ့ကိုထိန်းသိမ်းပေးပါ... ခင်ဗျားတို့က သူ့ကို မဟာကျင်းအင်မော်တယ်နိုင်ငံဆီ ကျုပ်နဲ့ပြန်ထည့်ပေးလိုက်မယ်ဆိုရင် ကျုပ်က အရမ်းကိုကျေးဇူးတင်မိမှာ”

“ဒါက...”

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်မှာ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုရှိလာပြီး သူက ခြောက်ကပ်စွာရယ်မောကာ သူ့ဘေးမှလူသုံးယောက်ကို လှည့်ကြည့်လိုက်၏။

ယွမ်လောရှုနှင့် အခြားနှစ်ယောက်က မင်းသားယွမ်ကျောပြောသည့်စကားကို မကြားရသည့်အလား တုံ့ပြန်မလာခဲ့ပေ။

စောစောက သူတို့လေးယောက်သည် ထိုလူကို သူတို့ဂိုဏ်းများသို့ ခေါ်ဆောင်ဖို့အတွက် ယှဥ်ပြိုင်တိုက်ခိုက်နေခဲ့ကြ၏။ ယခု... သူတို့က မင်းသားယွမ်ကျောထံမှ စကားတစ်ခွန်းအတွက်နှင့် ထိုလူကို ထုတ်ပေးရမှာလား။

အဲ့ဒါသည် သူတို့၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့် မကွာခြားပေ။

တစ်နည်းအားဖြင့်ဆိုလျှင် ဆူဇီမိုက မဟာကျင်းအင်မော်တယ်နိုင်ငံက အလိုရှိနေသော အပြစ်သားတစ်ယောက်ဆိုတော့ရော ဘာဖြစ်သလဲ။

သူ၏ ပါရမီအရည်အချင်းနှင့် အလားအလာက လုံလောက်အောင်သန်မာနေသည်နှင့်အမျှ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းက သူ့ကိုလက်ခံရဲလေသည်။

ဤတစ်ခေါက်မှာ ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်ပင်လျှင် မည်သည့်အရာကိုမှ မပြောဆိုတော့ပေ။

လူအုပ်ကြီးကလည်း တစ်ဖန်တိတ်ဆိတ်ငြိမ်သက်သွားပြီး မင်းသားယွမ်ကျော၏ အမူအရာက ပျက်ယွင်းလာခဲ့၏။

သူသည် သူ၏ အဆင့်အတန်းကိုနှိမ့်ချပြီး လူတိုင်း၏ ရှေ့မှာ ဤကဲ့သို့သောစကားများကို ပြောဆိုခဲ့သော်လည်း ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်နှင့် အခြားသုံးယောက်က လှုပ်ရှားယိမ်းယိုင်လာခြင်းမရှိသေးပေ။

အောက်ဘက်ရှိ လူအုပ်ကြီးထဲမှ ဆွေးနွေးသံများက တစ်ဖန်ပြန်လည်ဆူညံလာခဲ့၏။

နောက်ဆုံးမှာတော့ အထီးကျန်ကြယ်က အဲ့ဒါကိုဆက်လက်၍ သည်းမခံနိုင်တော့ဘဲ အေးစက်စွာနှာတစ်ချက်မှုတ်ကာ ကျယ်လောင်စွာမေးခွန်းထုတ်လိုက်၏။

“တာအိုရောင်းရင်းတို့... ဆူဇီမိုက မဟာကျင်းအင်မော်တယ်နိုင်ငံက အပြစ်သားတစ်ယောက်ပဲ... ခင်ဗျားတို့တွေက အဆင့်-၆ ကမ္ဘာ​မြေအင်မော်တယ်တစ်ယောက်အတွက်နဲ့ မဟာကျင်းအင်မော်တယ်နိုင်ငံကို ဆန့်ကျင်ချင်လို့လား”

“ဟီးဟီး...”

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက သရော်တော်တော်အမူအရာတစ်ခုနှင့်အတူ ပြောလိုက်၏။

“ခေါင်းဆောင်တပ်မှူးအထီးကျန်ကြယ်... မင်းကတော်တော်အထင်ကြီးဖို့ကောင်းတာပဲ.... ဘာလို့လဲ မင်းက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်ဖြစ်နေတာနဲ့ပဲ... ငါတို့ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းရဲ့ကိစ္စမှာ ကြားဝင်စွက်ဖက်ချင်လို့လား”

“ခင်ဗျား...”

အထီးကျန်ကြယ်က ပြောစရာစကားမဲ့သွားပြီး သူ၏ မျက်နှာက ပျက်ယွင်းသွားလေသည်။

“ဟမ့်...”

ကောင်းကင်ချောက်နက်က အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။

“ဒါက... ရစ်ခွေနဂါးတောင်ကြောရိုးပဲ... မင်းတို့မဟာကျင်းအင်မော်တယ်နိုင်ငံမဟုတ်ဘူး”

ကောင်းကင်ချောက်နက်၏ လေသံက ဆူနာမီလှိုင်းတစ်ခုကဲ့သို့ တလိပ်လိပ်ထိုးတက်လာပြီး တောင်ကြားထဲမှာ ပဲ့တင်ထပ်သွား၏။

အထီးကျန်ကြယ်၏ မေးခွန်းက မည်သည့်အရာကိုမှ မပြုလုပ်နိုင်ရုံသာမက အဲ့ဒါသည် ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းနှင့် အခြားသူများ၏ ပြင်းထန်သောကန့်ကွက်မှုကိုပါရရှိသွား၏။

အဲ့ဒါသည် အထီးကျန်ကြယ်၏ အမှားတော့ မဟုတ်ပေ။

အာဏာပါးကွက်သား အစောင့်တပ်သားများသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပိုင်နက်နယ်မြေထဲမှာ စိုးမိုးဗိုလ်ကျခြင်း၊ မောက်မာခက်ထန်ခြင်းတို့ဖြင့် အသားကျနေခဲ့လေပြီ။

မဟာကျင်းအင်မော်တယ်နိုင်ငံက ထွက်ခွာလာပြီးတာတောင် အထီးကျန်ကြယ်က အဲ့ဒါကို အရှိန်မသတ်နိုင်သေးပေ။

အင်မော်တယ်နိုင်ငံသုံးနိုင်ငံက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ... သူတို့၏ ပိုင်နက်နယ်မြေများက ဘယ်လောက်ပင်ကြီးမားသည်ဖြစ်စေ သူတို့သည် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကို မထိန်းချုပ်နိုင်ပေ။

သူက ဤကိစ္စကိုဖြေရှင်းချင်သည်ဆိုလျှင် အကြမ်းနည်းသုံးလို့မရဘူးဆိုတာ မင်းသားယွမ်ကျောက သိရှိသွား၏။

သူ၏ ရင်ထဲရှိ အမျက်ဒေါသကိုဖိနှိမ်ပြီး မင်းသားယွမ်ကျောက နောင်တစ်ဖန် ပြုံးပြကာ လက်သီးနှစ်ဖက်ကိုယှက်လိုက်၏။

“ကျုပ်က... နဲနဲလေး မဆင်မခြင်လုပ်မိသွားတယ် တာအိုရောင်းရင်းတို့ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ... ဆူဇီမိုက မဟာကျင်းအင်မော်တယ်နိုင်ငံက အလိုရှိနေတဲ့ ရာဇဝတ်သားတစ်ယောက်ဆိုတာ တကယ်ပဲ... သူက ဖုန့်စန်းထျန်နဲ့တောင်မှ ပတ်သက်ဆက်နွယ်မှုရှိတယ်... တာအိုရောင်းရင်းတို့ ကျေးဇူးပြုပြီးကျုပ်ဆန္ဒကို ခွင့်ပြုပေးပါ.. ကျုပ်က နောက်ကျရင် ခင်ဗျားတို့ကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးပါမယ်”

ဖုန့်စန်းထျန်...။

သူသည် အပြစ်သားတစ်ယောက်ဆိုသည်ထက် ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်တစ်ခုလုံးမှာတောင် တဗူးတစ်ကောင်ဖြစ်လေသည်။

အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းပင်လျှင် ဖုန့်စန်းထျန်ကို လက်ခံထားရဲလိမ့်မည်မဟုတ်ပေ။

မင်းသားယွမ်ကျောက ဤအခိုက်အတန့်မှာ ဖုန့်စန်းထျန်၏ နာမည်ကို ထုတ်ဖော်ပြောဆိုလာသည်မှာ သူက ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်နှင့် အခြားသုံးယောက်ကို ဖိအားတချို့ခံစားစေချင်သောကြောင့်ဖြစ်၏။

အတန်ကြာငြိမ်သက်ပြီးနောက် ယန်လောရှုက သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

“သူက... ဖုန့်စန်းထျန်မဟုတ်ဘူး... သူက ဖုန့်စန်းထျန်နဲ့ ပတ်သက်ဆက်နွယ်နေတယ်ဆိုရင်တောင် အဲ့ဒါကဘာမှမဖြစ်ဘူး... နောက်ပြီး ဒီကောင်လေးက တောင်ကြားထဲမှာ အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲအတွက် ဝင်ပါနေတာ... ငါတို့က စည်းမျဥ်းစည်းကမ်းကို ချိုးဖောက်ပြီးတော့ အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲ ဖြစ်စဥ်ကို ဝင်ရောက်စွက်ဖက်လို့မရဘူး”

“အကုန်လုံးက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲ ပြီးဆုံးတဲ့အထိ စောင့်ရလိမ့်မယ်”

ထိုစကားကိုကြားသောအခါ မင်းသားယွမ်ကျောက မျက်မှောင်ကြုတ်လိုက်၏။

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲက ပြီးဆုံးသွားပြီး ဆူဇီမိုက နောက်ဆုံးအယောက်တစ်ရာထဲမှ တစ်ယောက်ဖြစ်လာခဲ့မည်ဆိုလျှင် သူသည် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းသို့ အချိန်မရွေးဝင်ရောက်နိုင်လေသည်။

အဲ့ဒါဆိုရင် ကိစ္စများက ပို၍ခက်ခဲလာတော့မည် မဟုတ်ပါလား။

ယန်လောရှု၏ စကားက အချိန်ဆွဲလိုခြင်းဖြစ်သည်မှာ သိသာလေသည်။

မင်းသားယွမ်ကျောက အဲ့ဒါကိုနားလည်သဘောပေါက်သော်လည်း သူကစွပ်စွဲပြောဆိုရဲခြင်းမရှိပေ။

မင်းသားယွမ်ကျောက တောင်ကြားထဲမှဆူဇီမိုကို ကြည့်ပြီး သူ၏ ရင်ဘတ်ထဲရှိအမုန်းတရားက အကန့်အသတ်ထိ မြင့်တက်လာခဲ့၏။

သူသည် ယခုအချိန်မှာ တောင်ကြားထဲသို့ ပြေးဝင်ပြီး ထိုသူကိုအပိုင်းပိုင်းဆုတ်ဖြဲချင်စိတ်သာရှိတော့လေသည်။

ရုတ်တရက်ဆိုသလို... မင်းသားယွမ်ကျော၏ စိတ်ထဲသို့ အတွေးတစ်ခု ဖျတ်ခနဲဝင်ရောက်လာပြီး သူက အစီအစဥ်တစ်ခုကို ချလိုက်လေသည်။

သူ၏နှုတ်ခမ်းက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားလေသည်။

“အင်မော််တယ်ဂိုဏ်းရွေးချယ်ပွဲက စတင်နေပြီး အဲ့ဒါကို ဝင်ရောက်စွက်ဖက်လို့မရဘူးဆိုမှတော့ ကျုပ်က ခင်ဗျားတို့လေးယောက်ကို အတင်းအကျပ်မတောင်းဆိုတော့ပါဘူး”

ထိုနေရာအရောက်တွင် မင်းသားယွမ်ကျောက ခဏမျှရပ်တန့်ပြီး စကားလမ်းကြောင်းပြောင်းလိုက်လေသည်။

“ဒါပေမဲ့... ဆူဇီမိုက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ လမ်းတစ်ဝက်ကနေ ကြားဖြတ်ဝင်ပြိုင်တာလို့ ကျုပ်ကြားထားတယ်”

“အင်း”

ယန်လောရှုက ခေါင်းညိတ်လိုက်၏။

မင်းသားယွမ်ကျောက ပြုံးလိုက်လေသည်။

“ဆူဇီမိုက ကြားဖြတ်ဝင်ပါနိုင်တယ်ဆိုမှတော့... တခြားသူတွေကလည်း အခြေအနေနဲ့ကိုက်ညီမယ်ဆိုရင် ဝင်ပါနိုင်တယ်လို့ ဆိုလိုတာမဟုတ်ဘူးလား... သူတို့လဲ တောင်ကြားထဲကိုဝင်ရောက်ပြီး အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပါလာနိုင်မယ်မလား”

ထိုသို့ပြောရင်း မင်းသားယွမ်ကျောက သူ၏ နောက်ဘက်မှာရှိသော ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သားတစ်ရာကျော်ကျော်ကို လှည့်ကြည့်လိုက်လေသည်။

All Chapters