နောက်တစ်ဖန်သတ်ဖြတ်ခြင်း
Vol. 142 Ch. 2123
ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က ထိုသည်ကိုတွေ့မြင်သောအခါ ရုတ်တရက် ပြောလိုက်၏။
“အဲ့ဒီအကြံက မဆိုးဘူး... သူက ဒီအခြေအနေကနေ ရုန်းထွက်နိုင်မဲ့ အခွင့်အရေးရှိလာပြီ”
ကောင်းကင်ချောက်နက်နှင့် အခြားသူများကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်၏။
ယခု ဆူဇီမိုသည် သူ၏ ရုပ်ရည်သွင်ပြင်ကို နောက်တစ်ဖန်ပြောင်းလဲလိုက်ပြီး တောင်ကြားထဲရှိ အာဏာပါးကွက်သားအစောင့်တပ်သားများက သူ့ကို မှတ်မိချင်မှ မှတ်မိပေတော့မည်။
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက ပြောလိုက်၏။
“ဒါပေမဲ့... ဒီကောင်လေးရဲ့ ကျင့်ကြံမှုပယ်က အဆင့်-၆ ကမ္ဘာမြေအမြုတေနယ်ပယ်မှာပဲ ရှိနေသေးတယ်... အဲ့ဒါက အားနည်းချက်ပဲ”
ယန်လောရှုက ပြောလိုက်၏။
“သူက သတိထားပြီး အနားကိုကပ်လာမယ့် အာဏာပါးကွက်သား အစောင့်တပ်သားတွေကို အတတ်နိုင်ဆုံး ရှောင်လွှဲဖို့ကြိုးစားမယ်ဆိုရင် သူတို့က လူတိုင်းကို စိတ်ဝိညာဥ်အသိစိတ်တွေနဲ့ တကူးတကစစ်ဆေးကြည့်နေမှာ မဟုတ်လောက်ဘူး”
လူတိုင်းက ဆွေးနွေးပြောဆိုနေစဥ်မှာပင် လူတစ်ယောက်က ရုတ်တရက်ပြောလိုက်၏။
“ကြည့်စမ်း... ဆူဇီမိုက အာဏာပါးကွက်သား အစောင့်တပ်သားတစ်အုပ်စုနဲ့ ပက်ပင်းတိုးတော့မယ်
လူတိုင်းက စိတ်လှုပ်ရှားတက်ကြွာလာပြီး ခပ်မြန်မြန်လှမ်းကြည့်လိုက်ကြ၏။
တောင်ကြားထဲမှာ သက်လတ်ပိုင်းအရွယ် ဗလတောင့်တောင့်အမျိုးသားတစ်ယောက်အဖြစ် အသွင်ပြောင်းလဲထားသော ဆူဇီမိုက အာဏာပါးကွက်သား အစောင့်တပ်သားတစ်အုပ်စုနှင့် ခပ်လှမ်းလှမ်းမှာရှိနေ၏။
အာဏာပါးကွက်သား အစောင့်တပ်သားများက အဝေးကနေဆူဇီမိုကို တွေ့မြင်လိုက်ရ၏။ အဲ့ဒါက သက်လတ်ပိုင်းအရွယ် ဗလတောင့်တောင့်အမျိုးသားတစ်ယောက်ဖြစ်သည်ကို တွေ့ရသောအခါ သူတို့က သူတို့၏ အကြည့်ကိုရှောင်လွှဲပြီး သူ့ကိုသိပ်ပြီးအာရုံမစိုက်တော့ပေ။
ကောင်းကင်ချောက်နက်နှင့် အခြားသူများက စိတ်သက်သာစွာသက်ပြင်းချလိုက်၏။
ဆူဇီမိုက တိတ်တဆိတ်ထွက်ခွာသွားသည်နှင့် သူက ရှာဖွေဖော်ထုတ်ခံရတော့မည် မဟုတ်ပေ။
သို့သော်လည်း ထိုစဥ်မှာပင် တောင်ကြားထဲမှာရှိသော ဆူဇီမိုက အာဏာပါးကွက်သား အစောင့်တပ်သားများကို တွေ့မြင်ပြီးနောက် ထိုနားသို့လျှောက်လှမ်းသွား၏။
သူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ...။
ကောင်းကင်အင်မော်တယ်လေးဦးက တစ်ချိန်တည်းမှာမျက်မှောင်ကြုတ်လိုက်ပြီး သူတို့၏ စိတ်ထဲသို့ မေးခွန်းတစ်ခုက ဖျတ်ခနဲဝင်ရောက်လာ၏။
သူက တစ်ဘက်လူကို အကဲစမ်းချင်လို့လား။
သို့သော်လည်း ဤကဲ့သို့ အကဲစမ်းသည့်နည်းလမ်းက အန္တရာယ်များပြီး ပြုလုပ်ဖို့တကယ်ပင်မလိုအပ်ပေ။
သို့မဟုတ်...
ကောင်းကင်အင်မော်တယ်လေးဦးက ဖြစ်နိုင်ခြေတစ်ခုကိုတွေးမိသွားသော်လည်း အဲ့ဒါက ဆူဇီမိုရူးသွပ်မသွားသရွေ့ လက်တွေ့မဆန်ဟုခံစားရလေသည်။
“မင်းသမီး... ကြည့်လေ ဆူဇီမိုက အာဏာပါးကွက်သား အစောင့်တပ်သားတွေဆီ သူကအရင်စပြီးသွားနေတယ်”
ရထားလုံးအတွင်းမှာ မိန်းကလေးက ပြူးကျယ်နေသောမျက်လုံးများဖြင့် အံ့အားသင့်စွာမေးလိုက်၏။
“သူဘာလုပ်နေတာလဲ... သူကသေချင်နေလို့လား”
“သူကသတ်တော့မှာ”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီး၏ လှပသောမျက်လုံးများက နက်ရှိုင်းလာပြီး ဆူဇီမို၏ စိတ်ကိုဖတ်မိနိုင်သည့်အလား တီးတိုးရေရွတ်လိုက်၏။
တောင်ကြားထဲတွင်...။
အာဏာပါးကွက်သား အစောင့်တပ်သားနှစ်ယောက်ကိုသတ်ဖြတ်ပြီးနောက် ဆူဇီမိုက ကိစ္စများစွာကို တွေးတောခဲ့လေသည်။
သူ၏ သရုပ်သကန်ကို ဘယ်သူပေါက်ကြားစေခဲ့သလဲ သူမသိပေ။
အာဏာပါးကွက်သား အစောင့်တပ်များက သူ့ကိုဘယ်လိုမှတ်မိသိရှိသွားသလဲ သူချက်ချင်းစဥ်းစားကြည့်လို့ မရပေ။
သို့သော်လည်း သူက အချို့အရာများကို သေချာသိရှိထားလေသည်။
ဤတောင်ကြားထဲသို့ ဝင်ရောက်လာသည်မှာ အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်သာလျှင် သေချာပေါက် မဟုတ်ပေ။
မင်းသားယွမ်ကျောက ကိုယ်တိုင်ရောက်လာပြီဆိုမှတော့... သူသည် သူ့ကိုဖိနှိမ်ဖိုအတွက် လုံလောက်သည့် လူအင်အားကိုခေါ်ဆောင်လာပေလိမ့်မည်။
ဒုတိယတစ်ချက်... အင်မော်တယ်ဂိုဏ်းလေးဂိုဏ်း၏ ရပ်တည်ချက်က မပြတ်သားသေးပေ။ သို့သော်လည်း အနည်းဆုံးတော့ သူတို့သည် မင်းသားယွမ်ကျော၏ ဘက်မှာ ရှိမနေပေ။
မဟုတ်ပါက မင်းသားယွမ်ကျော၏ အဆင့်အတန်းနှင့်ဆိုပါက အာဏာပါးကွက်သားအစောင့်တပ်သားများကို တောင်ကြားထဲသို့စေလွှတ်ဖို့ ဒုက္ခခံနေစရာမလိုဘဲ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းက ဆူဇီမိုကို တိုက်ရိုက်ထုတ်ပေးနိုင်လေသည်။
ဒါ့အပြင် အာဏာပါးကွက်သား အစောင့်တပ်သားများတွင် သူတို့နှင့်အတူ ရစ်ခွေနဂါးတံဆိပ်ပြားများ ပါမလာခဲ့ပေ။
တတိယတစ်ချက်... သူကမင်းသားယွမ်ကျော သို့မဟုတ် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ခြိမ်းခြောက်မှုကနေ ရုန်းထွက်ချင်သည်ဆိုလျှင် သူ့အတွက်တစ်ခုတည်းသောနည်းလမ်းမှာ အင်မော်ဂိုဏ်းလေးဂိုဏ်းသို့ ဝင်ရောက်ပြီး ကာကွယ်မှုကိုရယူဖို့ဖြစ်လေသည်။
အဲ့ဒါက အရင်တုန်းကသာဆိုလျှင် သူလုပ်စရာရှိသည်မှာ သူ၏ နည်းလမ်းတချို့ကိုထုတ်ဖော်ပြီး လုံလောက်သည့် ရစ်ခွေနဂါးတံဆိပ်ပြားများကို ရယူရုံသာဖြစ်၏။
သို့သော် ယခုအခါ မင်းသားယွမ်ကျောက သူ့လူများကို ကိုယ်တိုင်ခေါ်လာခဲ့ပြီး သူက သူ၏ ခွန်အားကို ဆက်လက်၍ ဖုံးကွယ်ထားလို့မရတော့ပေ။
သူသည် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်း၏ လုံလောက်သည့်စိတ်အာရုံကိုရရှိဖို့အတွက် သူ၏ စွမ်းအားကြီးမားသော အရည်အသွေး၊ ကြောက်စရာကောင်းသောတိုက်ခိုက်ရည်ခွန်အားနှင့် အကန့်အသတ်မဲ့သောအလားအလာတို့ကို ထုတ်ဖော်ပြသရပေမည်။
တကယ်တော့... အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ လျှို့ဝှက်ချက်ကိုတော့ ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။
မဟုတ်ပါက သူသည် ဘယ်ဂိုဏ်းကိုဝင်ရောက်သည်ဖြစ်စေ သတ်ဖြတ်ခံရပေလိမ့်မည်။
ထို့ကြောင့် စောစောက ဆူဇီမိုထွက်လာသည့်ခဏမှာပင် သူကတောင်ကြားထဲမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်ဖို့ပြင်ဆင်ထားခဲ့ပြီဖြစ်၏။
သူနှင့် မင်းသားယွမ်ကျောက မီးနှင့်ရေကဲ့သို့ ဖြစ်၏။
မင်းသားယွမ်ကျောက အာဏာပါးကွက်သား အစောင့်တပ်သားများနှင့်အတူ ရစ်ခွေနဂါးတောင်ကြောရိုးထိ သူ့ကိုလိုက်လံဖမ်းဆီးလာခဲ့ပြီး သူ့အတွက် မည်သည့်ထွက်ပေါက်မှ မပေးဘူးဆိုမှတော့... သူကလည်း သနားညှာတာမှုကိုပြသနေတော့မည်မဟုတ်ပေ။
အစကတော့... ဆူဇီမိုသည် သေဆုံးသွားသော အာဏာပါးကွက်သား အစောင့်တပ်သားများ၏ ရုပ်ရည်သွင်ပြင်အဖြစ်သို့ ပြောင်းလဲချင်လေသည်။ သို့သော်လည်း သူသည် ထိုအာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်ကို လုံးဝမသိရှိပေ။ သူက သူတို့၏ တိကျသော ရုပ်ရည်သွင်ပြင်ကို အသွင်ပြောင်းလဲထားမည်ဆိုလျှင်တောင် အသံဖြစ်စေ... အလေ့အကျင့်ဖြစ်စေ.. အပြုအမူဖြစ်စေ... သူက ဟာကွက်များကို အလွယ်တကူထုတ်ဖော်မိသွားပေလိမ့်မည်။
အစကတည်းက သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးမှာ အားနည်းချက်တစ်ခုရှိနေ၏။
အဲ့ဒါက သူ၏ ကျင့်ကြံမှုနယ်ပယ်ဖြစ်၏။
ဆူဇီမိုသည် အဲ့ဒါကို လူတိုင်းထံကနေဖုံးကွယ်ထားဖို့ မရည်ရွယ်ပေ။ သို့သော်လည်း သူသည် တစ်ဘက်အဖွဲ့အနားသို့ ချဥ်းကပ်နိုင်သည်နှင့်အမျှ သူသည် သူတို့ကို တတ်နိုင်သမျှမြန်မြန် ရှင်းထုတ်နိုင်ပေလိမ့်မည်။
အဲ့ဒီမှာ အဆင့်-၉ ကမ္ဘာမြေအင်မော်တယ် ၇ ယောက်နှင့် အဆင့်-၈ ကမ္ဘာမြေအင်မော်တယ် ၄ ယောက်ရှိလေသည်။
ဆူဇီမိုက လျှောက်လှမ်းသွားပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်ကာ အာဏာပါးကွက်သား အစောင့်တပ်သား ၁၁ယောက်၏ ကျင့်ကြံမှုနယ်ပယ်များကို အလျင်အမြန်စစ်ဆေးကြည့်လိုက်၏။
“ဟမ်...”
အစကတော့ အာဏာပါးကွက်သား အစောင့်တပ်သားများက ဆူဇီမိုကို စိတ်အာရုံများစွာမစိုက်ခဲ့ပေ။
သို့သော်လည်း သက်လတ်ပိုင်းအရွယ် ဗလတောင့်တောင့်အမျိုးသားက သူ့တို့ထံ လျှောက်လှမ်းလာသည်ကိုတွေ့မြင်သောအခါ သူတို့ကမျက်မှောင်ကြုတ်လိုက်၏။
“တာအိုရောင်းရင်းတို့... ခင်ဗျားတို့က မမာမကျန်းပုံပေါက်နေတဲ့ ပိန်ပိန်ပါးပါးကျင့်ကြံသူတစ်ယောက်ကို ရှာနေတာမလား”
အာဏာပါးကွက်သား အစောင့်တပ်သားများက မေးခွန်းမထုတ်ခင်မှာပင် ဆူဇီမိုကအရင်စ၍ ကျယ်လောင်စွာမေးလိုက်၏။
“မင်းသူ့ကိုတွေ့မိလို့လား”
အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်၏ မျက်လုံးကဝင်းလက်သွားပြီး အလောတကြီးမေးလိုက်၏။
“ဟိုဘက်မှာ”
ဆူဇီမိုက ဘေးတစ်ဘက်သို့လက်ညှိုးထိုးလိုက်သော်လည်း သူ၏ လျှောက်လှမ်းနေခြင်းကို မရပ်တန့်လိုက်ပေ။ သူက အာဏာပါးကွက်သား အစောင့်တပ်သားများနှင့် နီးကပ်သည်ထက် နီးကပ်လာပြီး သူကပြောလိုက်၏။
“အဲ့ဒီနေရာမှာ အာဏာပါးကွက်သား အစောင့်တပ်သားနှစ်ယောက်က အဲ့ဒီကျင့်ကြံသူနဲ့ တိုက်ခိုက်နေကြတယ်”
ထိုနေရာအရောက်တွင် အာဏာပါးကွက်သား အစောင့်တပ်သားများက ဆက်လက်၍ သံသယမရှိတော့ပေ။
“ဟင်း..”
သူတို့ထဲမှတစ်ယောက်က အေးစက်စွာပြောလိုက်၏။
“လီရွှမ်နဲ့ကျန့်မောင်က သူတို့ဘာသာသူတို့ အကျိုးဆောင်ဖို့ တိုက်ခိုက်နေတာပဲဖြစ်ရမယ်... သူတို့က သတင်းပို့အဆောင်ကိုတောင် မထုတ်ဖော်ခဲ့ကြဘူး”
အချိန်တိုအတွင်းမှာပင် ဆူဇီမိုက အာဏာပါးကွက်သား အစောင့်တပ်သားများနှင့် ပေတစ်ရာပင် မကွာဝေးတော့ပေ။
အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှူးက မျက်မှောင်ကြုတ်ပြီး မည်သည့်အရာကိုမှ ပြောဆိုခြင်းမရှိပေ။
ဘာ့ကြောင့်ရယ်မသိ ကပ်ဘေးတစ်ခုဆင်းသက်လာတော့မည့်အလား သူကရင်တလှပ်လှပ်ခံစားနေရ၏။
သူ၏ အကြည့်က သက်လတ်ပိုင်အရွယ် အမျိုးသားပေါ်သို့ ဆင်းသက်သွားပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွား၏။
အဆင့်-၆ ကမ္ဘာမြေအမြုတေနယ်ပယ်..။
ထိုကျင့်ကြံမှုနယ်ပယ်က အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ပါဝင်ဖို့အတွက် အနည်းငယ်နိမ့်ကျလွန်းနေ၏။
သို့သော်လည်း ဤလူက ယခုအချိန်ထိ တောင့်ခံနိုင်နေသေးသည်မှာ အတော်လေးအစွမ်းထက်လေသည်။
‘တစ်ခုခုတော့လွဲနေတယ်’
ရုတ်တရက်သူက တစ်စုံတစ်ရာကိုအမှတ်ရသွားသည့်အလား အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှုးက သူ၏ ခေါင်းကိုမော့ကာ သက်လတ်ပိုင်းအရွယ် ဗလတောင့်တောင့် အမျိုးသားရှိရာဘက်သို့ လက်ညှိုးထိုးလိုက်၏။
“မင်းက...”
သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမို၏ ပုံရိပ်က သူ့ရှေ့မှာရုတ်တရက်ပေါ်ထွက်လာ၏။
သူတို့နှစ်ယောက်ကြားအကွာအဝေးက အရမ်းကိုနီးကပ်နေပြီဖြစ်၏။
ဖောက်...
ဆူဇီမိုက သူ၏ လက်ညှိုးကိုဆန့်ထုတ်ပြီး အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှုး၏ နှာရောင်ကိုညင်သာစွာ ထိုးဖောက်လိုက်၏။
လက်ညှိုးက ထိုသူ၏ အသိစိတ်ကိုပါ ထိုးဖောက်သွားလေသည်။
သူ၏ ကျင့်ကြံမှုနယ်ပယ်က ဘယ်လောက်ပဲမြင့်မားသည်ဖြစ်စေ... သူ၏ အမြုတေစိတ်ဝိညာဥ် ထိုးဖောက်ခံရပါက နေရာမှာတင်သေဆုံးရပေလိမ့်မည်။
တောင်ကြားအပြင်ဘက်မှာ ရုတ်ရုတ်သဲသဲအသံများထွက်ပေါ်လာ၏။
ကျန်ရှိနေသော အာဏာပါးကွက်သား အစောင့်တပ်သားဆယ်ယောက်သာလျှင်မက အပြင်ဘက်ကနေစောင့်ကြည့်နေသော ကျင့်ကြံသူများပင်လျှက် တုန်လှုပ်သွားကြ၏။
သည့်ယခင်က ဆူဇီမိုဟုခေါ်သော ဤအဆင့်-၆ ကမ္ဘာမြေအင်မော်တယ်သည် အာဏာပါးကွက်သား အစောင့်တပ်သားများ၏ လိုက်လံဖမ်းဆီးမှုကနေ ရှောင်လွှဲရမည့်အစား အရင်စ၍တိုက်ခိုက်ဖို့ရွေးချယ်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
သူကဘာလုပ်ဖို့ကြိုးစားနေတာလဲ...။
သူက အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်အနေဖြင့် အာဏာပါးကွက်သား အစောင့်တပ်သား ၁၁ ယောက်ကို စိန်ခေါ်ဖို့ကြိုးစားနေတာလား။
တိုက်ပွဲနယ်မြေတွင်...။
ဆူဇီမိုက တိုက်ခိုက်လိုက်သည့်ခဏမှာပင် အဲ့ဒါက မိုးကြိုးလျှပ်စီးကဲ့သို့ လျှပ်တပြက်ဆန်လေသည်။ အစစ်အမှန်နဂါးလျှပ်စီးကိုးချက်၏ အကူအညီနှင့်အတူ သူက လျင်မြန်စွာချဥ်းကပ်ပြီး ဤအုပ်စု၏ အာဏာပါးကွက်သား ခေါင်းတောင်တပ်မှူးကို လှုပ်ရှားမှုတစ်ကွက်တည်းဖြင့် တိုက်ခိုက်သတ်ဖြတ်လိုက်လေသည်။
ထို့နောက် သူ၏ ပုံရိပ်က နောက်တစ်ဖန်ဖျတ်ခနဲလက်သွား၏။
ထိုအခိုက်အတန့်မှာ အာဏာပါးကွက်သား အစောင့်တပ်သားဆယ်ယောက်သည် တုံ့ပြန်လာခါစဖြစ်ပြီး သူတို့၏ ကွပ်မျက်ဆေဘာများကို တစ်ယောက်ပြီးတစ်ယောက် ဆွဲထုတ်လိုက်ကြ၏။
သူတို့က တိုက်ခိုက်ချင်သော်လည်း ဆူဇီမိုက နောက်တစ်ဖန် ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရ၏။
ဖောက်...
နောက်ထပ် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ နောက်ဘက်မှာ ဆူဇီမို၏ ပုံရိပ်က ပေါ်ထွက်လာပြီး သူ၏ ဦးခေါင်းကို လက်ညှိုးဖြင့် နောက်တစ်ဖန်ထိုးဖောက်ကာ သူ၏ အမြုတေစိတ်ဝိညာဥ်ကို ကြေမွသွားစေ၏။
အစစ်အမှန်နဂါးလျှပ်စီးကိုးချက်နှင့်အတူ နောက်ထပ်လူတစ်ယောက်က သတ်ဖြတ်ခံလိုက်ရ၏။
မြန်ဆန်လေသည်။ အဲ့ဒါက အရမ်းကိုမြန်ဆန်၏။
ရုတ်တရက်ဆန်သောပြောင်းလဲမှုနှင့်အတူ အာဏာပါးကွက်သား အစောင့်တပ်သားများစွာသည် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး သူတို့၏ အကြည့်များက ဆူဇီမို၏ လှုပ်ရှားမှုနည်းနစ်နောက်သို့ လိုက်မမီနိုင်ပေ။
တစ်ခဏချင်းမှာပင် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်နှစ်ယောက်က သေဆုံးသွား၏။
ရွှစ်...
သေဆုံးသွားသောသူများ၏ ဘေးတစ်ဖက်တစ်ချက်စီမှာရှိသော အာဏာပါးကွက်သား အစောင့်တပ်သားများက တုန်လှုပ်သွားကြ၏။ သို့သော်လည်း သူတို့ကအလွန်တရာလျင်မြန်စွာတုံ့ပြန်ပြီး ဆူဇီမိုထံသို့ လက်ပြန်ခုတ်ပိုင်းချလိုက်၏။
“ဖျတ်ခနဲဆို ဆူဇီမိုက နောက်တစ်ဖန်ပျောက်ကွယ်သွား၏။
အဆင့်-၆ ကမ္ဘာမြေအမြုတေနယ်ပယ်မှာ သူ၏ အမြုတေစိတ်ဝိညာဥ်က အဆင့်-၈ ထိ ရောက်ရှိနေပြီး သူကအစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို ငါးကြိမ်ဆက်တိုက်ဆင့်၍ ထုတ်ဖော်နိုင်လေသည်။
လီရွှမ်နှင့်ကျန့်မောင်ကို ယခင်သူသတ်ဖြတ်ခဲ့စဥ်က ထုတ်ဖော်ခဲ့သော နှစ်ကြိမ်အပါအဝင် အဲ့ဒါက ငါးကြိမ်ပြည့်သွားခဲ့ပြီဖြစ်၏။။