← Chapters

ချေမှုန်းသုတ်သင်ခြင်း

Vol. 142 Ch. 2124

ချေမှုန်းသုတ်သင်ခြင်း

Vol. 142 Ch. 2124

“သုံးယောက်တစ်ဖွဲ့.. ကျောချင်းကပ်နေရာယူကြ”

ဖရိုဖရဲအခြေအနေမှာ အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်က အော်ပြောလိုက်၏။

ကျန်ရှိနေသော အာဏာပါးကွက်သား အစောင့်တပ်သား ၉ ယောက်က လှုပ်ရှားလိုက်ကြပြီး ချက်ချင်းပင် သုံးယောက်တစ်အုပ်စု သုံးဖွဲ့ခွဲလိုက်ကြ၏။

ထိုသို့ဖြင့် သူတို့တစ်ယောက်ချင်းစီသည် နောက်ကျောမှလာမည့် အန္တရာယ်ကို စိတ်ပူစရာမလိုတော့ပေ။

ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သားဖြစ်လာသော ထိုသူများအားလုံးက ထိပ်သီးကမ္ဘာမြေအင်မော်တယ်ပညာရှင်များဖြစ်ကြ၏။

မဟာကျင်းအင်မော်တယ်နိုင်ငံ၏ စည်းကမ်းတကျလေ့ကျင့်ပေးမှုအပြီး၌ သူတို့သည်အပြစ်ပေးခြင်းနှင့် သတ်ဖြတ်ခြင်းမှာ တာဝန်ယူထားရပြီး တစ်ယောက်နှင့်တစ်ယောက် အလွန်တရာအချိတ်အဆက်မိလေသည်။

သိပ်မကြာခင် သူတို့သည် သူတို့၏ တည်ငြိမ်မှုကိုပြန်လည်ရရှိလာပြီး ဗျူဟာတစ်ခုကို ခင်းကျင်းလိုက်ကြ၏။

ထိုစုဖွဲ့ပုံက ရိုးရှင်းသော်လည်း အဲ့ဒါကအလွန်တရာသက်ရောက်မှုရှိလေသည်။

ဆူဇီမိုက ဘယ်ဘက်ကနေပေါ်လာသည်ဖြစ်စေ သူတို့က သူ့ကို မျက်နှာချင်းဆိုင်ပြီးသားဖြစ်နေပေလိမ့်မည်။

တကယ်ပင် ဆူဇီမိုသည် နောက်တစ်ဖန်ပေါ်ထွက်လာသောအခါ သူက အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်ရှေ့တည့်တည့်မှာဖြစ်ပြီး သူတို့က အရမ်းကိုနီးကပ်နေကြ၏။

“သတ်..”

အာဏာပါးကွက်သားအစောင့်တပ်သားက ဟိန်းဟောက်လိုက်ပြီး သူ၏ သွေးချီက ဆူနာမီသံနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာ၏။ အဲ့ဒါက တလိပ်လိပ်ထိုးတက်လာပြီး သူက ကွပ်မျက်ဆေဘာကိုကိုင်မြှောက်ကာ ဆူဇီမိုထံသို့ ခုတ်ပိုင်းချလိုက်၏။

ဆူနာမီသွေး...။

စောင့်ကြည့်နေသော ကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။

အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်က သူ၏ သွေးချီကို ဆူနာမီတစ်ခုကဲ့သို့ လှည့်ပတ်ပြီး အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက် သေချာပေါက်ထိပ်တိုက်ရင်မဆိုင်နိုင်မည့် ကြောက်စရာကောင်းသောစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

ဒါ့အပြင် အာဏာပါးကွ​က်သားအစောင့်တပ်သားသည် လုံးဝထိန်ချန်ထားခြင်းမရှိဘဲ အလွန်တရာပြောင်မြောက်သော ဆေဘာနည်းစနစ်တစ်ခုကိုထုတ်ဖော်လိုက်၏။

ချက်ချင်းပင် ထက်ရှသော ဆေဘာရိပ်များစွာက လေထဲမှာပေါ်ထွက်လာပြီး ဆေဘာချီများက ဆူဇီမိုထံသို့ တိုးဝင်လာ၏။

ထိုတန်ပြန်ခုတ်ချက်က တကယ့်ကိုမှင်တက်စရာကောင်း၏။

အဲ့ဒါသည် ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်ရုံသာမက ဆူဇီမို၏ ထွက်လမ်းကိုပါ ပိတ်ဆို့ထားလေသည်။

လူအုပ်ကြီးက အံ့အားတသင့်ရေရွတ်လိုက်ကြ၏။

ကောင်းကင်အင်မော်တယ် ပညာရှင်လေးဦးပင်လျှင် သူတို့ဘာသာသူတို့ခေါင်းညိတ်လိုက်ကြ၏။

ဤအာဏာပါးကွက်သားအစောင့်တပ်သား၏ အစွမ်းအစအရ သူသည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပါမည်ဆိုလျှင် သေချာပေါက် နောက်ဆုံးအယောက်တစ်ရာထဲ ပါဝင်ပေလိမ့်မည်။

သူတို့လေးယောက်ထင်မှတ်ထားသည့်အတိုင်းပင် ဆူဇီမိုသည် သူ၏ ရုပ်ဖျက်အတတ်ပေါ် မှီခိုကာ အာဏာပါးကွက်သားအစောင့်တပ်သားများကို အငိုက်ဖမ်းပြီး အရင်စ၍ တိုက်ခိုက်နိုင်ခဲ့၏။ သို့သော်လည်း ကျန်ရှိနေသော အာဏာပါးကွက်သား အစောင့်တပ်သားများက တုံ့ပြန်လာနိုင်သည်နှင့်အမျှ ပြင်းထန်ကြမ်းတမ်းစွာ ပြန်လည်တိုက်ခိုက်လာပေလိမ့်မည်။

ထိုအချိန်ကျလျှင် ဆူဇီမိုက အန္တရာယ်ရှိလာပေလိမ့်မည်။

ဆူဇီမိုမှာ ထိုခုတ်ချက်ကိုခုခံနိုင်မည့် ဝှက်ဖဲတစ်စုံတစ်ရာရှိမည်ဆိုလျှင်တောင် သူတို့သည် တိုက်ခိုက်ဖလှယ်၍ ကြန့်ကြာသွားသည်နှင့် ကျန်ရှိနေသော အာဏာပါးကွက်သား အစောင့်တပ်သားရှစ်ယောက်က အခွင့်အလမ်းကိုချိန်ဆကာ ရှေ့သို့ဝင်ရောက်လာကြမည်ဖြစ်၏။

ဆူဇီမိုက အဲ့ဒါကိုဘယ်လိုခုခံမှာလဲ။

“နှမြောစရာပဲ”

ကောက်းကင်ချောက်နက်က သူ၏ ခေါင်းကို ညင်သာစွာခါပြီး ပြောလိုက်၏။

သူ့အနေဖြင့် အာဏာပါးကွက်သား အစောင့်တပ်သားကို အရင်စ၍တိုက်ခိုက်လိုက်သည်က ချီးကျူးထိုက်သော်လည်း ဤကောင်လေး၏ အပြုအမူက အန္တရာယ်များလွန်းပြီး မဆင်မခြင်ပြုရာကျနေသည်။ သူ့အနေဖြင့် သူ၏ စိတ်အားထက်သန်မှုကြောင့် အသက်ဆုံးရှုံးရမည်ဆိုလျှင် အဲ့ဒါက ဉာဏ်မရှိရာကျလေသည်။

ထိုစဥ်မှာပင် တောင်ကြားထဲမှာ ဆူဇီမိုက သူ့ထံသို့ ခုတ်ပိုင်းကျဆင်းလာသည့် ဆေဘာအရိပ်များကို မမြင်သလို လျစ်လျုရှုလိုက်လေသည်။ သူကရှောင်တိမ်းခြင်းမရှိဘဲ ရုတ်တရက် သူ၏ ပါးစပ်ကိုဖွင့်ဟလိုက်၏။

“ဂါး...”

ကျယ်လောင်သောဟိန်းဟောက်သံက ဆူဇီမို၏ လည်ချောင်းအနက်ပိုင်းထဲကနေ ပေါက်ကွဲထွက်ပေါ်လာ၏။

ထိုဟိန်းဟောက်သံက နဂါးတစ်ကောင်၏ ဟိန်းသံနှင့် ဖိးနစ်တစ်ကောင်၏ အော်သံနှင့်ဆင်တူပြီး တောင်ကြားထဲမှာ ပဲ့တင်ထပ်သွား၏။

အဲ့ဒါက အန္တိမစိတ်စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပြီး သက်ရှိများအားလုံး၏ အထက်မှာ ရပ်တည်နေသည့်ပုံပင်။

နဂါးမျိုးနွယ်ရဲ့လျှို့ဝှက်အတတ်..။

တောင်ကြားထဲရှိ အနီးနားဝန်းကျင်မှာရှိသော ကျင့်ကြံသူများက အငိုက်မိသွားပြီး ထိုဟိန်းဟောက်သံကိုကြားသောအခါ ဆတ်ခနဲတုန်ယင်သွားကြ၏။

တိုက်ပွဲနယ်မြေ၏ အလယ်မှာရှိသော အာဏာပါးကွက်သား အစောင့်တပ်သား ၉ယောက်က ပို၍ပင်ကြီးမားသောရိုက်ချက်ကို ခံစားလိုက်ရ၏။

တိုက်ခိုက်လိုက်သော အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်က ဆတ်ခနဲတုန်ယင်သွား၏။

အစက တလိပ်လိပ်ထိုးတက်လာသော သူ၏ သွေးချီက ဖရိုဖရဲပုံစံဖြင့် ပျက်ပြယ်သွားလေသည်။

လေထဲမှာရှိသော ဆေဘာအရိပ်များစွာကလည်း ချက်ချင်းပင်ပျက်ပြယ်သွားလေသည်။

အဆင့်-၉ ကမ္ဘာ​မြေအင်မော်တယ်မှာ နာကျင်နေသော အမူအရာတစ်ခုရှိပြီး သူကအလွန်တရာဆိုးဆိုးဝါးဝါးခံစားနေရ၏

သူ၏ သွေးချီက ကပြောင်းကပြန်စီးဆင်းလာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ပေါက်ကွဲထွက်တော့မည်ကဲ့သို့ဖြစ်လာ၏။

သူက ဆူဇီမိုကိုတိုက်ခိုက်ဖို့နေနေသာ သူ၏ စိတ်ထဲမှာ တစီစီမြည်၍ ဗလာကျင်းနေ၏။

​ဆူနာမီသွေးအဆင့်ထိ ကျင့်ကြံထားသော အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်ပင် ထိုသို့ဆိုပါက သူနှင့်အတူ ဖိုခနောက်ဆိုင်ရပ်တည်နေသော အခြားသော နှစ်ယောက်၏ အခြေအနေက ပို၍ပင်ဆိုးဝါးလေသည်။

အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ ခန္ဓာကိုယ်က နေရာမှာပင် ကြေမွသွားပြီး သွေးမြူများက ဖြန့်ကြက်သွား၏။

အခြားသောတစ်ယောက်က အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူသည်လည်းပဲ မရှင်သန်နိုင်ခဲ့ပေ။ သူ၏ ဒွာရခုနှစ်ပေါက်ကနေ သွေးများကစီးကျလာပြီး သူ၏ အကြည့်က ထုံထိုင်းသွား၏။

သူ၏ အမြုတေစိတ်ဝိညာဥ်က ကြေမွသွားပြီဖြစ်၏။

သူ၏ ကွဲအက်လာသောအရေပြားက တုန်လှုပ်စရာကောင်းသော ပုံစံဖြင့် သွေးသံရဲရဲ ဒဏ်ချက်များဖြင့် ပြည့်နှက်နေ၏။

ကျန်ရှိနေသောအစုအဖွဲ့နှစ်ခုက အနည်းငယ်ဝေးကွာသော်လည်း အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်များသည် ဆူဇီမို၏ နဂါးဟိန်းသံလျှို့ဝှက်အတတ်ဖြင့် နေရာမှာပင်သတ်ဖြတ်ခံလိုက်ရ၏။

ထိုဟိန်းဟောက်သံနှင့်အတူ ကျန်ရှိနေသော အာဏာပါးကွက်သား အစောင့်တပ်သား ၉ယောက်ထဲမှ ၅ယောက်က နေရာမှာပင်သေဆုံးသွား၏။

အဆင့်-၉ အင်မော်တယ်များဖြစ်သော်လည်း သူတို့က ဒဏ်ရာများရရှိကာ ငေးငိုင်၍ မတုံ့ပြန်နိုင်ကြပေ။ ဟိန်းဟောက်သံတစ်ချက်က အာဏာပါးကွက်သားအစောင့်တပ်သား တစ်အုပ်စုကို ပျက်ပြားသွားစေ၏။

တောင်ကြားထဲရှိဟိန်းဟောက်သံကို ရေပြင်အကာအရံအလွှာက ပိုင်းခြားပေးထားပြီး အပြင်ဘက်မှ ကျင့်ကြံသူများက ထိုအသံကိုမကြားရနိုင်ပေ။

သို့သော်လည်း ထိုအခိုက်အတန််မှာ ရစ်ခွေနဂါးတောင်ကြောရိုးတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။ လူတိုင်းသည် တောင်ကြားထဲရှိတုန်လှုပ်စရာကောင်းသောမြင်ကွင်းကို ကြည့်နေရင်း သူတို့၏ လည်ပင်းများကို ဖျစ်ညှစ်ခံထားရသည့်အလားပင်။

“အဲ့...အဲ့ဒါက ဘာဖြစ်သွားတာလဲ”

“ငါလည်းမပြောတတ်ဘူး... ဆူဇီမိုက သူ့ရဲ့ပါးစပ်ကိုဖွင့်ဟလိုက်ပြီး အဲ့ဒီလူတွေက နေရာမှာတင် အေးခဲသွားတဲ့ပုံပဲ... နောက်ပြီးတော့... တစ်ယောက်ယောက်ရဲ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားတယ်”

“အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုလား”

“အဆင့်-၉ ကမ္ဘာ​မြေအင်မော်တယ်တစ်ယောက်ကို သေလောက်အောင်ဟိန်းဟောက်နိုင်တဲ့ အသံပိုင်းလျှို့ဝှက်အတတ်ကို မင်းမြင်ဖူးလား”

တောင်ကြားအပြင်ဘက်ကနေ စောင့်ကြည့်နေသော ကျင့်ကြံသူတိုင်းက ကြောင်အမှင်တက်နေကြ၏။

လေထဲမှာ ကောင်းကင်အင်မော်တယ်လေးဦးကလည်း ကြောင်အ,မှင်တက်နေကြ၏။

“ဒါက...”

ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်မှာ တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုရှိနေ၏။

သူပင်လျှင် မသေချာဘဲ... မရေမရာမေးလိုက်လေသည်။

“အဲ့ဒါက... အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုလား”

“ဖြစ်နိုင်လောက်တယ်”

ယန်လောရှုက ခေါင်းညိတ်လိုက်သော်လည်း တွေဝေတုံ့ဆိုင်းနေ၏။

အကြောင်းမှာ သူပင်လျှင် ဤမျှအထိ ကြောက်စရာကောင်းသည့် အသံပိုင်းဆိုင်ရာစွမ်းအားတစ်ခုကို တစ်ခါမှမတွေ့မြင်ဖူးခဲ့သောကြောင့်ဖြစ်၏။

တောင်ကြားထဲမှာ ဆူဇီမိုသည် နဂါးဟိန်းသံလျှို့ဝှက်အတတ်ကို ထုတ်ဖော်ပြီးနောက် သူကရှေ့သို့ခုန်တက်ကာ သူ့ရှေ့မှာရှိသောကွပ်မျက်ဆေဘာကို လုယူပြီး လက်ပြန်ခုတ်ပိုင်းချလိုက်၏။

ဖောက်...

ဆူနာမီသွေးအဆင့်ထိ ကျင့်ကြံထားသော ဤအဆင့်-၉ ကမ္ဘာမြေအင်မော်တယ်သည် ဆူဇီမို၏ ခုတ်ချက်ဖြင့် နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က သေဆုံးသွား၏။

အဲ့ဒီမှာ သုံးယောက်သာလျှင် ကျန်ရှိတော့လေသည်။

ကွပ်မျက်ဆေဘာကို ကိုင်ဆွဲပြီး ဆူဇီမိုက ရှေ့သို့တက်လှမ်းကာ ဆေဘာကို ကိုင်မြှောက်လိုက်၏။ ကောင်းကင်ထက်ကနေဆင်းသက်လာပြီး သူက ကျန်ရှိနေသော အာဏာပါးကွက်သား အစောင့်တပ်သားများကို လွှမ်းခြုံလိုက်လေသည်။

ဝေါ....

ကောင်းကင်ထက်ကနေ သွေးမိုးတစ်ခုက ဆင်းသက်လာသည့်အလားပင်။

အာဏာပါးကွက်သား အစောင့်တပ်သားသုံးယောက်သည် အဆုံးမဲ့ဆေဘာပင်လယ်ဖြင့် ဝိုင်းပတ်ခံလိုက်ရ၏။

ပင်လယ်၏ အလယ်မှာ အလောင်းများဖြင့်ပြည့်နှက်နေသောတောင်တစ်လုံးရှိနေ၏။

ဆေဘာသွားဖြတ်သွားရာနေရာတိုင်းမှာ ဆိုးယုတ်တစ္ဆေများက ငိုကြွေး၍ ဝံပုလွေများက အော်ဟစ်နေသည့်အလား ဆူညံနေသောအသံများ ထွက်ပေါ်လာ၏။

သွေးပင်လယ်နှင့်အတူ အလောင်းတောင်ကို တ​စ္ဆေညည်းသံများနှင့် ဝံပုလွေအော်သံများက လွှမ်းခြုံသွား၏။

သွေးပင်လယ်က တလိပ်လိပ်တက်လာပြီး အာဏာပါးကွက်သား အစောင့်တပ်သားသုံးယောက်ကို ဝါးမျိုမည့်လှိုင်းများကို ဖန်တီးလိုက်၏။

ဆူဇီမို၏ ခုတ်ချက်က အဆူရာဆေဘာနှင့် တည်ငြိမ်ပင်လယ်ကျမ်းကို ပေါင်းစည်းထားခြင်းဖြစ်၏။ သူက ထိုခုတ်ချက်မှာ ဆေဘာစိတ်ဆန္ဒများစွာကို ထည့်သွင်းလိုက်ပြီး သူတို့ကိုအဆက်မပြတ် ဆင့်စီကာ ထပ်ထားလေသည်

အဲ့ဒါသည် စောစောက အာဏာပါးကွက်သားအစောင့်တပ်သား၏ ခုတ်ချက်ထက် ပို၍ပင်ကြောက်စရာကောင်းပြီး ပို၍ပင် မှင်တက်စရာဖြစ်လေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပေါ်မူတည်ပြီး ဆူဇီမိုက သူ၏ ဆေဘာကို နှစ်ပေါင်းများစွာ စွန့်လွှတ်ထားခဲ့၏။

သို့သော်လည်း သူ၏ ဆေဘာနည်းစနစ်က ကြောက်စရာကောင်းနေဆဲဖြစ်၏။

ကျန်ရှိနေသော အာဏာပါးကွက်သားအစောင့်တပ်သားသုံးယောက်က နောက်ဆုံးမှာ သူတို့၏ ငေးငိုင်ရာကနေနိုးထလာပြီး သူတို့၏ ကွက်မျက်ဆေဘာများကို ဝေ့ယမ်းကာ ခုခံဖို့အတွက် နတ်ဘုရားစွမ်းအားများကို စုဖွဲ့လိုက်၏။

သို့သော်လည်း ဆူဇီမို၏ ဆေဘာစိတ်ဆန္ဒက ဖြစ်ပေါ်လာခဲ့လေပြီ။

အာဏာပါးကွက်သားအစောင့်တပ်သားသုံးယောက်သည် နဂါးဟိန်းသံလျှို့ဝှက်အတတ်မှာ မှင်တက်နေခဲ့သည့်အချက်နှင့် ထပ်ပေါင်းလိုက်သောအခါ သူတို့၏ ကိုယ်ကာယဖြစ်စေ... သူတို့၏ အမြုတေစိတ်ဝိညာဥ်ဖြစ်စေ သူတို့က ပြင်းထန်စွာကိုင်လှုပ်ခံခဲ့ရပြီး သူတို့၏ ပုံမှန်တိုက်ခိုက်ရည်ခွန်အား၏ တစ်ဝက်ကိုပင် မထုတ်ဖော်နိုင်တော့ပေ။

သူတို့က ဆူဇီမို၏ ဆေဘာစိတ်ဆန္ဒကို လုံးဝမခုခံနိုင်ပေ။

အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် အာဏာပါးကွက်သားအစောင့်တပ်သားသုံးယောက်က ဆက်လက်၍တောင့်မခံနိုင်တော့ပေ။

သူတို့ထဲမှတစ်ယောက်၏ မျက်လုံးထဲတွင် ရက်စက်ပြတ်သားသည့် အလင်းတစ်ခုဖျတ်ခနဲလက်သွားပြီး လျှို့ဝှက်အတတ်တစ်ခုကိုလှည့်ပတ်ကာ သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် ဘဝသက်တမ်းကို လောင်ကျွမ်းစေလိုက်၏။

ကြောက်စရာကောင်းသောအင်အားတစ်ရပ်က သူ၏ ခန္ဓာကိုယ်ထဲကနေပေါက်ကွဲထွက်ပေါ်လာပြီး သူက သွေးပင်လယ်ကနေ ရုန်းထွက်လာနိုင်ခဲ့၏။

သူက သွေးပင်လယ်ထဲကနေ ထွက်ခွာလာသောအခါ သူက ဆူဇီမိုကို တိုက်ခိုက်မလာခဲ့ပေ။ ထိုအစား သူက သတင်းပို့အဆောင်တစ်ခုကို ချက်ချင်းပင်ထုတ်ယူပြီး ချိုးချေလိုက်၏။

အနီရောင်အလင်းတစ်ခုက ကောင်းကင်ထက်သို့ထိုးတက်ပြီး ပေါက်ကွဲသွား၏။

ထိုသို့ပြုလုပ်ပြီးနောက် အာဏာပါးကွက်သားအစောင့်တပ်သားသည် ဆူဇီမိုချဥ်းကပ်မလာနိုင်ခင်မှာပင် သူက ဆက်လက်၍တောင့်မခံနိုင်တော့ဘဲ သေဆုံးသွား၏။

ကျန်ရှိနေသောအာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်ကလည်း သွေးပင်လယ်ဖြင့် ဝါးမျိုခြင်းခံရ​ပြီး တောင်ခြေရင်းမှာအလောင်းနှစ်လောင်းအဖြစ် ပြောင်းလဲသွား၏။

အာဏာပါးကွက်သားအစောင့်တပ်သား ၁၁ယောက်လုံးက အမြစ်ဖြတ်ချေမှုန်းသုတ်သင်ခံလိုက်ရလေပြီ။

All Chapters