နတ်ဘုရားစွမ်းအားများ ပေါက်ကွဲခြင်း
Vol. 142 Ch. 2126
တောင်ကြားထဲတွင် အာဏာပါးကွက်သား အစောင့်တပ်သား ၉ဖွဲ့ ကျန်ရှိနေပြီး စုစုပေါင်း လူ ၉၉ယောက် ပါဝင်လေသည်။ သူတို့အားလုံးက ဤနေရာသို့ ရောက်ရှိလာပြီး ဆူဇီမိုကို ဝိုင်းပတ်ထားကြ၏။
အာဏာပါးကွက်သား အစောင့်တပ်သား တစ်ယောက်ချင်းစီက မဟူရာ ရွှေငှက်မွေး ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ကွပ်မျက်ဆေဘာကို ကိုင်စွဲထားကြ၏။ သူတို့၏ အမူအရာများက အေးစက်နေပြီး သူတို့က သံမဏိ သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်ထားကြ၏။
မလှမ်းမကမ်းမှာ အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲတွင် ပါဝင်နေသော ကျင့်ကြံသူများစွာက တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။
သူတို့ကြားမှာ ဤတစ်ခေါက် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲ၏ အသန်မာဆုံး ပြိုင်စံရှားနှစ်ယောက်ဖြစ်သော မင်းသားယွင်လေနှင့် မင်းသမီး သက်တံနီတို့ ပါဝင်လေသည်။
“မင်း ရထားတဲ့ ရစ်ခွေနဂါးတံဆိပ်ပြား အရေအတွက်အရဆိုရင် မင်းက ဒီတစ်ခေါက် ပထမနေရာကို ရဖို့များနေပြီပဲ မင်းသမီး”
မင်းသားယွင်လေက မင်းသမီး သက်တံနီကို တွေ့မြင်သောအခါ သူက အနည်းငယ် ခေါင်းညိတ်၍ သာမန်ကာလျှံကာ နှုတ်ဆက်ပြောဆိုလိုက်၏။
သူတို့နှစ်ယောက်သည် တောင်ကြားထဲမှာ အရင်က တွေ့ဆုံခဲ့ဖူးသော်လည်း သူတို့မှာ အလိုအလျောက် နားလည်မှု ရှိပြီး တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ဖို့ မရွေးချယ်ခဲ့ကြပေ။
မင်းသမီး သက်တံနီသည် မင်းသားယွင်လေ၏ မိုးကြိုးလျှို့ဝှက်အတတ်ကို စိုးရိမ်ပူပန်နေ၏။
မင်းသားယွင်လေကလည်း မင်းသမီး သက်တံနီကို အနိုင်ယူဖို့ ယုံကြည်မှုမရှိသလို သူ၏ လှုပ်ရှားမှုနည်းစနစ်က သူမထက် ပို၍အားနည်းနေ၏။
“ပထမနဲ့ ဒုတိယနေရာကြားမှာ ကွာခြားချက် မရှိပါဘူး”
မင်းသမီး သက်တံနီက ဂရုမစိုက်သည့်ဟန်ဖြင့် လက်ကာပြလိုက်၏။
ထို့နောက် သူမက အာဏာပါးကွက်သား အစောင့်တပ်သားများ ဝိုင်းပတ်ခံထားရသည့် အစိမ်းရောင်ဝတ် ကျင့်ကြံသူကို လက်ညှိုးထိုးပြီး မေးလိုက်၏။
“အဲဒါ ဆူဇီမိုလား”
“ဟုတ်မယ် ထင်တာပဲ”
မင်းသားယွင်လေက ခေါင်းခါပြလိုက်၏။
“ဒါပေမဲ့ အဲဒီလူက အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲ.. အာဏာပါးကွက်သား အစောင့်တပ်သားတွေက ဒီလောက် လူအများကြီး ဘာလို့ စုဖွဲ့လာသလဲ ငါနားမလည်နိုင်ဘူး”
“အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်လား”
မင်းသမီး သက်တံနီက အတွေးနက်စွာဖြင့် အနည်းငယ် မှင်တက်သွား၏။
ရုတ်တရက် မင်းသားယွင်လေက ပြုံးလိုက်၏။
“ဒါပေမဲ့ အဲဒီလူရဲ့ သတ္တိကတော့ မခေဘူး.. ဒီလောက်များပြားတဲ့ အာဏာပါးကွက်သား အစောင့်တပ်သားတွေရဲ့ ပစ်မှတ်ထားခံနေရတာတောင် သူက ဣန္ဒြေရနေနိုင်သေးတယ်”
ထိုစဉ်မှာပင် ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။
“အားလုံး လူစုံတက်စုံ ရောက်လာပြီလား”
ဆူဇီမိုက ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး မှင်သေသေဖြင့် မေးလိုက်၏။
“မင်း ဘာကိုပြောချင်တာလဲ”
ခေါင်းဆောင်တပ်မှူးရှစ်က ဆူဇီမို ပြောသည့် အဓိပ္ပာယ်ကို နားမလည်ဘဲ မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“မင်းတို့တွေ အကုန်လုံးကို ယွမ်ကျောက လွှတ်လိုက်တာလား”
ဆူဇီမိုက မျက်ခုံး အနည်းငယ်ပင့်လိုက်၏။
“ဘယ်လောက်တောင် မောက်မာလိုက်သလဲ”
“ငါတစ်ယောက်တည်းက မင်းကို သတ်ဖို့ လုံလောက်တယ်”
အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်က အေးစက်စက် အကြည့်တစ်ခုနှင့်အတူ ရှေ့သို့ ထွက်လာခဲ့၏။
“ဟီးဟီး.. မင်းက လိပ်ပြာလွင့်မတတ် ကြောက်လန့်ပြီး ဒီနေရာမှာ ပေါက်တတ်ကရစကားတွေ ပြောနေတာပဲ ဖြစ်ရမယ်”
နောက်ထပ် အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှူးတစ်ယောက်က လှောင်ရယ်လိုက်၏။
ဆူဇီမိုက ငြင်းဆန်ခြင်း မရှိပေ။ ထိုအစား သူက တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်၏။
“မင်းတို့တွေအားလုံး ဒီမှာ လူစုံတက်စုံ ရောက်လာတယ်ဆိုတော့ ကောင်းတာပေါ့.. ငါ မင်းတို့တွေကို တကူးတက တစ်ယောက်ချင်း လိုက်ရှာနေစရာ မလိုတော့ဘူး”
ဤနေရာမှာ ရှိနေသော အာဏာပါးကွက်သား အစောင့်တပ်သားများက ပထမဆုံး မှင်တက်သွားပြီးနောက် ဟားတိုက်ရယ်မောလိုက်ကြ၏။
တောင်ကြားထဲကနေ စောင့်ကြည့်နေသော ကျင့်ကြံသူများကလည်း ငမိုက်သားတစ်ယောက်ကို မြင်တွေ့နေရသည့်အလား ဆူဇီမိုကို ထူးဆန်းစွာ ကြည့်နေကြ၏။
ထိုစကားကို ကြားသောအခါ မင်းသားယွင်လေကလည်း ရယ်မော၍ ခေါင်းခါလိုက်၏။
“ဒီလူက သူ့ကိုယ်သူ ဘယ်သူထင်နေတာလဲ မသိဘူး… ဒီလောက်များတဲ့ အာဏာပါးကွက်သား အစောင့်တပ်သားတွေနဲ့ ရင်ဆိုင်ရရင် သူ့လိုမျိုး အဆင့် ၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို မပြောနဲ့.. ငါတောင်မှ မထိမခိုက် လွတ်မြောက်နိုင်မှာ မဟုတ်လောက်ဘူး”
“ဘာလို့လဲ မင်းက အဆင့် ၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်အနေနဲ့ ငါတို့အားလုံးကို စိန်ခေါ်ချင်လို့လား”
အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှူးတစ်ယောက်က ရူးသွပ်စွာ ရယ်မော၍ လှောင်ပြောင်သရော်ဟန်ဖြင့် မေးလိုက်၏။
“ငါ မင်းတို့တွေကို စိန်မခေါ်ဘူး”
ခဏမျှ ရပ်တန့်ပြီးနောက် ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ငါ မင်းတို့တွေ အကုန်လုံးကို သတ်မှာ.. မင်းတို့တွေကို ဒီနေရာမှာ မြုပ်နှံပေးမှာ.. မင်းတို့က ငါ့အသက်ကို လိုချင်တယ်ဆိုမှတော့ မင်းတို့က အဲဒါအတွက် ကြီးမားတဲ့ တန်ဖိုးတစ်ခုကို ပေးဆပ်ရလိမ့်မယ်”
သူ့စကား မဆုံးသေးခင်မှာပင် ဆူဇီမိုက ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ပြီး သူ၏ ပင်ကိုနတ်ဘုရားစွမ်းအား အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အားကို ထုတ်ဖော်လိုက်၏။
သူ၏ နောက်ဘက်မှာ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ဧရာမ နတ်ဆင်တစ်ကောင်က ခပ်ရေးရေး ပေါ်ထွက်လာ၏။ ၎င်းမှာ ထက်ရှသော အဖြူရောင် ဆင်စွယ်ခြောက်ချောင်းရှိပြီး ၄င်း၏ နှာမောင်းကို မြှောက်ကာ ကောင်းကင်ထက်သို့ အော်မြည်ဟစ်ကြွေးနေ၏။
နတ်ဆင်က ဆူဇီမို၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားသည်ဟု ထင်ရ၏။
ကမ္ဘာမြေအင်မော်တယ်နယ်ပယ်မှာပင် ဆူဇီမိုသည် အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အားကို ၎င်း၏ အကန့်အသတ်ထိ မထုတ်ဖော်နိုင်သေးပေ။ သို့သော်လည်း ဧရာမ ဆင်စွယ် လေးချောင်းက သူ၏ နံကြားအောက်ဘက်ကနေ ပေါ်ထွက်လာဆဲဖြစ်၏။
ထိုပင်ကိုယ်နတ်ဘုရားစွမ်းအား၏ အားဖြည့်ထောက်ပံ့မှုနှင့်အတူ သူ၏ ခန္ဓာကိုယ်၊ အမြုတေစိတ်ဝိညာဉ်နှင့် မျိုးဆက်သွေး၏ စွမ်းအားက လေးဆတိုးလာခဲ့၏။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်သည် အစကတည်းက အဆင့်-၈ ကမ္ဘာမြေအမြုတေနယ်ပယ်မှာ ရှိနေခဲ့၏။
အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အား၏ ထောက်ပံ့မှုနှင့်အတူ သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားက အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်နယ်ပယ်နှင့် ယှဉ်နိုင်လာခဲ့၏။
ထိုအခိုက်အတန့်မှာ ဆူဇီမို၏ ခန္ဓာကိုယ်အတွင်း တလိပ်လိပ် ထိုးတက်လာသော သိပ်သည်းပြင်းထန်သည့် စွမ်းအားက ဘေးပတ်ဝန်းကျင်ရှိ အာဏာပါးကွက်သား အစောင့်တပ်သားများကိုပင် တုန်လှုပ်သွားစေ၏။
“တိုက်ကြ”
ရုတ်တရက် ခေါင်းဆောင်တပ်မှူးရှစ်က အမိန့်ပေးလိုက်၏။
အာဏာပါးကွက်သား အစောင့်တပ်သားများက ရှေ့သို့ ပြေးတက်လာရင်း ကွပ်မျက်ဆေဘာများ အားလုံးကို ထုတ်ဖော်လိုက်ကြ၏။
“အားလုံးပဲ သတိထားကြ.. အဲဒီကောင်လေးကို တစ်ခါတည်း မသတ်နဲ့.. အရှင်မင်းသားက သူ့ကို အသက်ရှင်လျက် လိုချင်တယ်”
အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှူးတစ်ယောက်က ကျယ်လောင်စွာ သတိပေးလိုက်၏။
အာဏာပါးကွက်သား အစောင့်တပ်သား ၉၉ယောက်က တစ်ချိန်တည်းမှာ တိုက်ခိုက်လာကြ၏။
အဲဒါက မည်သို့သော မြင်ကွင်းမျိုးလဲ။
လူတိုင်းသည် ခုတ်ချက်တစ်ချက်စီနှင့် နတ်ဘုရားစွမ်းအားတစ်ခုစီကို ထုတ်ဖော်မည်ဆိုလျှင်တောင် သူတို့ကို မည်သူကမှ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း မင်းသားယွမ်ကျော၏ အမိန့်ကြောင့် ဤလူများက သူတို့ကိုယ်သူတို့ ချုပ်တည်းထားပြီး သူတို့၏ ခွန်အားအပြည့်အဝကို အသုံးမပြုရဲကြပေ။
ဆူဇီမိုက လှောင်ရယ်လိုက်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ကာ လက်ဟန်ချိပ်စည်းများကို လှုပ်ရှားလိုက်၏။
ဝှစ်…
မီးတောက်လုံး ၄လုံးက သူ၏ ဘေးပတ်လည်မှာ လျင်မြန်စွာ စုဖွဲ့လာ၏။
အင်မော်တယ် တာအိုမီး၊ ဗုဒ္ဓတာအိုမီး၊ မိစ္ဆာတာအိုမီးနှင့် တောင်ပိုင်းမင်းလီမီး။
မီးတောက်လုံး ၄လုံးက လေထဲမှာ လွင့်မျောနေပြီး ကြောက်စရာကောင်းသော အပူလှိုင်းတစ်ခုကို ဖြာထုတ်ပေးနေ၏။ ရှေ့သို့ ပြေးဝင်လာသော အာဏာပါးကွက်သား အစောင့်တပ်သားများပင်လျှင် သူတို့၏ မျက်နှာများကို အပူဟပ်လာသည်ကို ခံစားလိုက်ရ၏။
သို့သော်လည်း ထိုအပူချိန်က အာဏာပါးကွက်သား အစောင့်တပ်သားများစွာ တောင့်ခံနိုင်သည့် အတိုင်းအတာအတွင်းမှာ ရှိနေသေး၏။
“ပိုးစုန်းကြူးတစ်ကောင်ရဲ့ အလင်းနဲ့များ”
အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှူးတစ်ယောက်က လှောင်ရယ်လိုက်ပြီး သူ၏ အဆင့်မြင့် နတ်ဘုရားစွမ်းအားကို လှည့်ပတ်ကာ အော်ပြောလိုက်၏။
“ငါ့ရဲ့ မဟာရေလွှမ်းမိုးနည်းစနစ်ကို ကြည့်လိုက်”
လူအုပ်ကြားထဲမှာ အာဏာပါးကွက်သား အစောင့်တပ်သား ၁၀ယောက်ကျော်က သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို တစ်ချိန်တည်းမှာ လှည့်ပတ်ပြီး မဟာရေလွှမ်းမိုးနည်းစနစ်ကို ထုတ်ဖော်လိုက်ကြ၏။
အဆင့်မြင့် နတ်ဘုရားစွမ်းအား ၁၀ခုကျော်က စုစည်းသွားပြီး ပင်လယ်တစ်ခုကို ဖြစ်စေလုနီးပါး သိပ်သည်းပြင်းထန်သည့် ရေစီးကြောင်းများကို ပေါ်ထွက်လာစေ၏။
ဘုန်း.. ဘုန်း.. ဘုန်း..
နောက်ကျိနေသော ရေလှိုင်းများက ကောင်းကင်ထက်သို့ တလိပ်လိပ် ထိုးတက်လာပြီး သက်ရှိများ အားလုံးကို ဝါးမျိုနှစ်မြုပ်ချင်နေသည့်အလား ဆူဇီမိုထံသို့ တလိပ်လိပ် တိုးဝင်လာ၏။
ထိုအခိုက်အတန့်မှာ ဆူဇီမိုက ရေစီးကြောင်းများကြားမှာ နစ်မြုပ်သွားလေသည်။
“ကန့်သတ်မဲ့ နှင်းခဲချိပ်စည်း”
ခေါင်းဆောင်တပ်မှူးရှစ်က အော်ငေါက်လိုက်ပြီး အခြားသော အာဏာပါးကွက်သား အစောင့်တပ်သားများကလည်း သူတို့၏ အဆင့်မြင့် နတ်ဘုရားစွမ်းအား ကန့်သတ်မဲ့ နှင်းခဲချိပ်စည်းကို ထုတ်ဖော်လိုက်ကြ၏။
အာဏာပါးကွက်သား အစောင့်တပ်သားများစွာသည် အလိုအလျောက် နားလည်မှုတစ်ခု ရှိပြီး သူတို့၏ ခွန်အားကို သူတို့၏ အကန့်အသတ်အထိ မြှင့်တင်နိုင်ကြ၏။
ဖျောက်.. ဖျောက်.. ဖျောက်..
အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှူး၏ လက်ချောင်းအောက်မှာ အဖြူရောင် နှင်းခဲမြူခိုးတစ်ခုက လျင်မြန်စွာ ဆင်းသက်လာပြီး သိပ်သည်းပြင်းထန်သော ရေစီးကြောင်းများကို လွှမ်းခြုံကာ ၎င်း ဖြတ်သွားရာ နေရာတိုင်း အရာရာကို အေးခဲသွားစေ၏။
“ဟားဟား”
“ဒီကောင်လေးက ဘယ်လို ထူးခြားတဲ့ နည်းလမ်းတွေကို ထုတ်ဖော်မလဲလို့ ငါက တွေးနေတာ.. လက်စသတ်တော့ သူက ငါတို့ဆီက ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည် မရှိလောက်အောင် အားနည်းနေတာပဲ”
အာဏာပါးကွက်သား အစောင့်တပ်သားများစွာက ယခုတင် ချဉ်းကပ်လာကြပြီး သူတို့ မတိုက်ခိုက်ခင်မှာပင် တိုက်ပွဲက ပြီးဆုံးသွားပြီကို နားလည်သဘောပေါက်လိုက်၏။
မြေပြင်ပေါ်မှာ ရေစီးကြောင်းများက နေရာမှာပင် အေးခဲနေ၏။
ဆူဇီမိုသည် ပြင်းထန်သော ရေစီးကြောင်းထဲမှာ မလှုပ်မယှက် အေးခဲနေ၏။ သူ၏ မီးတောက် လေးခုကပင်လျှင် အေးခဲသွားလေသည်။
ရစ်ခွေနဂါးတောင်ကြောရိုးပေါ်မှာ.. ထိုသည်ကို တွေ့မြင်သောအခါ လူအုပ်ကြီးက သက်ပြင်းချလိုက်ကြ၏။
ကောင်းကင်အင်မော်တယ်ပညာရှင် လေးဦးက စိတ်မကောင်းသော အမူအရာများနှင့်အတူ သူတို့၏ ခေါင်းများကို ညင်သာစွာ ခါယမ်းလိုက်ကြ၏။
ကွာဟချက်က အရမ်းကို ကြီးမားနေဆဲဖြစ်၏။
သူက လူတစ်ရာကျော်ကို တစ်ယောက်တည်း ရင်ဆိုင်ပြီး ဘယ်လိုလုပ် အနိုင်ရနိုင်ပါ့မလဲ။
ဒါ့အပြင် သူတို့ကြားမှာ ကျင့်ကြံမှုနယ်ပယ် ၂ဆင့်ကနေ ၃ဆင့်အထိ ကွာဟနေ၏။
“အရှင်မင်းသား.. ပြီးသွားပြီ”
အထီးကျန်ကြယ်က ကျေနပ်သဘောကျသွားပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
“ဟားဟားဟားဟား”
မင်းသားယွမ်ကျောက စိတ်သက်သာရာရသွားပြီး သူ၏ ခေါင်းကို မော့ကာ ရယ်မောလိုက်၏။ သူ၏ ရင်ထဲမှာ စုဖွဲ့နေသည့် အမျက်ဒေါသများကလည်း နောက်ဆုံးမှာ ပြေလျော့သွား၏။
“အဲဒါက ငါ..ယွမ်ကျောနဲ့ မဟာကျင်းအင်မော်တယ်နိုင်ငံကို ဆန့်ကျင်ရင် ကြုံတွေ့ရမယ့် ရလဒ်ပဲ”
မင်းသားယွမ်ကျောက စိတ်အားမာန်ဖြင့် ပြည့်နှက်လာပြီး အော်ပြောလိုက်၏။
“မင်းတို့တွေ့ ဘယ်သူပဲဖြစ်ဖြစ်.. မင်းတို့တွေက ဘယ်နေရာကိုပဲ ရောက်ရောက်.. မင်းတို့တွေက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေထဲကနေ ထွက်ခွာသွားမယ်ဆိုရင်တောင် မင်းတို့က မင်းတို့ ရသင့်ရထိုက်တဲ့ အပြစ်ဒဏ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
ရထားလုံးအတွင်းမှာ…
မိန်းကလေးက ပြောလိုက်၏။
“ပြီးသွားပြီ.. နောက်ဆုံးမှာတော့ ဘယ်လို ထူးခြားအံ့မခန်းဖြစ်စဉ်ကမှ ပေါ်ထွက်မလာတော့ဘူး”
ရိုးရှင်းသော ဝတ်စုံဝတ်အမျိုးသမီးက တိတ်တဆိတ်ဖြင့် မျက်မှောင်ကြုတ်၍ ရေပြင် အကာအရံလွှာကို ငေးကြည့်နေဆဲဖြစ်၏။
“မင်းသမီး ရှင်က ဘာကို ကြည့်နေတာလဲ”
မိန်းကလေးက မေးလိုက်၏။
ရိုးရှင်းသော ဝတ်စုံဝတ်အမျိုးသမီးက သူမ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
“တစ်ခုခု လွဲနေတယ်.. မီးတောက်လုံး ၄လုံးက အခုချိန်ထိ မငြိမ်းသေသေးတဲ့ပုံပဲ”
နတ်ဘုရားစွမ်းအားများက တစ်ခုကိုတစ်ခု တန်ပြန်ဒုက္ခပေးနိုင်၏။
ဓမ္မတာအိုများ၏ ပင်ကိုတန်ပြန်ပိပါက်အပြင် အဲဒါက အသုံးပြုသူ၏ ခွန်အားပေါ်မှာလည်း မူတည်လေသည်။
နှင်းခဲများနှင့် ရေစီးကြောင်းများက မီးတောက်များကို အမှန်တကယ်ပင် ငြိမ်းသတ်နိုင်လေသည်။
သို့သော် မီးတောက်များကလည်း ပင်လယ်ကို အငွေ့ပြန်စေပြီး ကောင်းကင်ဘုံကို လောင်မြိုက်စေနိုင်၏။