← Chapters

ချောက်ချားစရာကောင်းသော

Vol. 142 Ch. 2127

ချောက်ချားစရာကောင်းသော

Vol. 142 Ch. 2127

ဖျောက်... ဖျောက်.... ဖျောက်...

ရုတ်တရက် တစ်စုံတစ်ရာသည် ရေခဲပြင်ကိုထိုးခွဲကာ လောကသို့ ပြန်လည်ရောက်ရှိလာသည့်အလား တိုက်ပွဲနယ်မြေမှ ထူးဆန်းသောအသံတစ်သံထွက်ပေါ်လာ၏။

အာဏာပါးကွက်သားအစောင့်တပ်သားများသည် ရေစီးကြောင်းထဲမှာ အေးခဲနေသောဆူဇီမိုကို လှမ်းကြည့်လိုက်ကြ၏။

“အဲ့ဒီမီးတောက်တွေက အခုချိန်ထိမငြိမ်းသေသေးဘူးလား”

“အဲ့ဒါက ဘာလျှို့ဝှက်အတတ်လဲ... အဲ့ဒါက ငါတို့ရဲ့ ဒီလောက်များတဲ့ အဆင့်မြင့်နတ်ဘုရားစွမ်းအားတွေကိုတောင် ခုခံနိုင်တယ်ဆိုတော့...”

အာဏာပါးကွက်သားအစောင့်တပ်သားများစွာသည် ထူးခြားမှုတစ်စုံတစ်ရာကို တွေ့ရှိသွားပြီး မျက်မှောင်ကြုတ်လိုက်၏။

ခေါင်းဆောင်တပ်မှူးရှစ်က အေးစက်စွာပြောလိုက်၏။

“အဲ့ဒီလျှို့ဝှက်အတတ်က ဘယ်လောက်ထိ သန်မာနိုင်မှာလဲ.. အလွန်ဆုံး ငါတို့က နတ်ဘုရားစွမ်းအားတွေနဲ့ လျှို့ဝှက်အတတ်တွေကို တစ်သုတ်ပြီးတစ်သုတ်ထုတ်ဖော်ရုံပေါ့... သူကတစ်ယောက်တည်းနဲ့ ငါတို့အားလုံးကိုခုခံနိုင်မှာလား... နောက်ဆုံးသူက ခြေကုန်လက်ပန်းကျပြီး သေသွားရမှာပဲ”

ချပ်... ချပ်...

ရေခဲအလွှာပေါ်တွင် မြူခိုးများက တလိပ်လိပ်ထိုးတက်လာပြီး အက်ကွဲကြောင်းများပေါ်ထွက်လာ၏။

ကန့်သတ်မဲ့ရေခဲက အရည်ပျော်ကြတော့မည်ဖြစ်၏။

အာဏာပါးကွက်သားအစောင့်တပ်သားများစွာသည် သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို နောက်တစ်ဖန်လှည့်ပတ်ပြီး သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို စုဖွဲ့ကာ တိုက်ခိုက်ဖို့ပြင်လိုက်ကြ၏။

ထိုစဥ်မှာပင် ပါးလျသောရေခဲလွှာ၏ အောက်မှာ မီးတောက်လုံးလေးလုံးက ဆူဇီမိုကိုလှည့်ပတ်ပြီး လျင်မြန်စွာပေါင်းစည်းကာ ကျိန်းစပ်နေသောအလင်းတစ်ခုကိုဖြာထုတ်ပေးလိုက်၏။

ချောက်ချားစရာကောင်းသောအော်ရာတစ်ခုက လျင်မြန်စွာဖြန့်ကြက်သွားပြီး မီးတောက်များက ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်လာ၏။

တိုက်ပွဲနယ်မြေမှာရှိသောရေခဲပြင်က ချက်ချင်းပင် အရည်ပျော်သွားပြီး တလိပ်လိပ်ထိုးတက်နေသော ရေစီးကြောင်းများအဖြစ် နောက်တစ်ဖန်ပြောင်းလဲသွား၏။

စတုရတီတာအိုမီးက စုဖွဲ့လာခဲ့၏။

ခွပ်... ခွပ်....

တာအိုမီး၏ လွှမ်းခြုံမှုအောက်မှာ သိပ်သည်းပြင်းထန်သော ရေစီးကြောင်းများသည် တစ်ခဏချင်းမှာ တလိပ်လိပ်ထိုးတက်လာပြီး ရေပြင်က ရေငွေ့စီးကြောင်းများနှင့်အတူ ဆူပွက်လာခဲ့၏။

မြူခိုးလွှာ၏ လွှမ်းခြုံမှုအောက်မှာ ဆူဇီမို၏ ပုံရိပ်ကို ခပ်ရေးရေးသာမြင်ရတော့ပြီး အဲ့ဒါကအလွန်တရာလျှို့ဝှက်ဆန်းကြယ်နေ၏။

အေးခဲရာကနေ ဆူပွက်ခြင်းသို့ ... အဲ့ဒါက အသက်သုံးရှိုက်စာမျှသာကြာမြင့်ခဲ့လေသည်။

တလိပ်လိပ်ထိုးတက်လာသောရေစီးကြောင်းများနှင့် အပူချိန်မြင့်မားသော ရေငွေ့စီးကြောင်းအောက်မှာ အာဏာပါးကွက်သားအစောင့်တပ်သားများစွာသည် မွန်းကျပ်မှုကိုခံစားလာရပြီး အလွန်တရာသက်တောင့်သက်သာမရှိသောပုံစံဖြင့် ချွေးများစိုရွှဲလာခဲ့၏။

“တိုက်ကြ”

ခေါင်းဆောင်တပ်မှူးရှစ်က အော်ပြောလိုက်၏။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူ၏ နှာရောင်ကနေ အမြုတေစိတ်ဝိညာဥ် မီးတောက်တစ်ခုပစ်လွင့်ထွက်ပေါ်လာကာ စတုရတီတာအိုမီးထဲသို့ ဝင်ရောက်သွား၏။

ရွှစ်....

မီးတောက်လုံးက ချက်ချင်းပင်ပေါက်ကွဲထွက်သွားပြီး ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ တိုက်ပွဲနယ်မြေ၏ ပတ်ပတ်လည်သို့ ဖြန့်ကြက်သွား၏။

တိုက်ပွဲနယ်မြေမှာရှိသော သိပ်သည်းပြင်းထန်သည့်ရေစီးကြောင်းများကလည်း ချက်ချင်းပင်အငွေ့ပြန်သွား၏။

အာဏာပါးကွက်သားအစောင့်တပ်သား ၉၉ယောက်က မီးတောက်ပင်လယ်ထဲသို့ ကျဆင်းသွားခဲ့လေသည်။

ဆူဇီမိုက လုံးဝကိုအေးခဲသွားပြီဟု အာဏာပါးကွက်သားအစောင့်တပ်သားများက မှတ်ယူခဲ့ပြီး သူ့အနားသို့ စုရုံးရောက်ရှိနေကြ၏။ ပဉ္စဝဏ္ဏတာအိုမီးက ဖြန့်ကြက်ထွက်ပေါ်လာသောအခါ သူတို့ထဲမည်သူကမှ ချမ်းသာရာမရပေ။

“အား... အား... အ.. အား”

တိုက်ပွဲနယ်မြေကနေ စူးစူးဝါးဝါး ချောက်ချားဖွယ်ရာအော်ဟစ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။

ပထမဆုံး လဲကျသွားသူများက အဆင့်-၈ ကမ္ဘာမြေအမြုတေနယ်ပယ် အာဏာပါးကွက်သား အစောင့်တပ်သားများဖြစ်လေသည်။

ပဉ္စဝဏ္ဏတာအိုမီးကနေ ထုတ်ဖော်လိုက်သောစွမ်းအားက သူတို့ခံနိုင်ရည်ရှိသည့်အကန့်အသတ်ကို ကျော်လွန်နေခဲ့ပြီဖြစ်၏။

အာဏာပါးကွက်သားအစောင့်တပ်သားများက နတ်ဘုရားစွမ်းအား သို့မဟုတ် လျှို့​ဝှက်အတတ်တစ်ခုခုကို စုဖွဲ့ထားမည်ဆိုလျှင်တောင် သူတို့အနေဖြင့် ပဉ္စဝဏ္ဏတာအိုမီး၏ ပျက်စီးထိခိုက်မှုကို ခုခံဖို့အတွက် ခက်ခဲနေပေလိမ့်မည်။ ပဉ္စဝဏ္ဏတာအိုမီး၏ လောင်ကျွမ်းပြာကျမှုအောက်မှာ မဟူရာရွှေငှက်မွေးချပ်ဝတ်တန်ဆာက လောင်ကျွမ်းနီရဲလာခဲ့၏။

အာဏာပါးကွက်သား အစောင့်တပ်သားများစွာ၏ အသားများက တရှဲရှဲမြည်၍ သူတို့ကလောင်ကျွမ်းခံရပြီး မီးခိုးစိမ်းများကအူထွက်လာ၏။

မဟူရာရွှေငှက်မွေးချပ်ဝတ်တန်ဆာတချို့သည် ဆူပွက်နေသောသတ္တုရည်များအဖြစ် လောင်ကွမ်းပြာကျသွားပြီး အာဏာပါးကွက်သားအစောင့်တပ်သားများမှာ ကပ်ငြိနေကာ သူတို့ကဘယ်လိုပင် လူးလိမ့်သည်ဖြစ်စေ အဲ့ဒါကိုခါမထုတ်နိုင်ပေ။

မီးတောက်များဖြင့်လောင်ကျွမ်းနေသည့်လူများက နာကျင်နေသောအမူအရာများနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် အဘက်ဘက်သို့ ပြေးထွက်လာပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များကိုငြှိမ်းသတ်ချင်ကြလေသည်။

သို့သော်လည်း... အာဏာပါးကွက်သားအစောင့်တပ်သားများသည် ဝေးဝေးသို့ ပြေးမထွက်နိုင်စဥ်မှာပင် သူတို့က တောင့်မခံနိုင်တော့ဘဲ လောင်ကျွမ်းပြာကျကာ သူတို့၏ ကွပ်မျက်ဆေဘာများကသာ မြေပြင်ပေါ်မှာကျန်ရစ်ခဲ့၏။

သိပ်မကြာခင် အာဏာပါးကွက်သားအစောင့်တပ်သား ၉၉ယောက်ထဲမှ အယောက် ၄၀ နီးပါးက ပဉ္စဝဏ္ဏတာအိုမီးဖြင့် သေသည့်တိုင်အောင် လောင်ကျွမ်းခံလိုက်ရ၏။

ဤကဲ့သို့ ချောက်ချားစရာကောင်းသောမြင်ကွင်းက အတော်လေးရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။

ရစ်ခွေနဂါးတောင်ကြောရိုးမှ စောင့်ကြည့်နေသောကျင့်ကြံသူများဖြစ်စေ... တောင်ကြားထဲမှာရှိသော ကျင့်ကြံသူများဖြစ်စေ သူတို့အားလုံးက တုန်လှုပ်နေကြ၏။

မင်းသားယွမ်ကျော၏ မျက်လုံးများက အမျက်ဒေါသဖြင့် ပြူးကျယ်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်က အနည်းငယ်ယိမ်းထိုးနေပြီး သူက သူ၏ သွားများကို ကျိုးပဲ့လုမတတ် ကြိတ်ထားလေသည်။

“ဒါက...”

ကောင်းကင်အင်မော်တယ်လေးဦးက သူတို့၏ ထိုင်ခုံများကနေ ခုန်ထကာ တိုက်ပွဲနယ်မြေမှာရှိသော မီးတောက်များကို မယုံကြည်နိုင်စွာကြည့်နေကြ၏။

ထိုသေစေနိုင်စွမ်းအားနှင့် အဖျက်စွမ်းအားက အရမ်းကိုကြော​က်စရာကောင်းလွန်း၏။

အာဏာပါးကွက်သားအစောင့်တပ်သား ၄၀ နီးပါးက မီးတောက်ပင်လယ်ထဲမှာ ချက်ချင်းပင်သေဆုံးသွားပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားသည့်သူများက ပို၍ပင်များပြားလေသည်။

ကျန်ရှိနေသော အာဏာပါးကွက်သားအစောင့်တပ်သားများသည် သူတို့၏ ပိုမိုမြင့်မားသော ကျင့်ကြံမှုနယ်ပယ်ဖြင့် သန်မာသောအမြုတေချီအပေါ်မှီခိုကာ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထုတ်ဖော်နေကြ၏။

သူတို့က ယာယီအားဖြင့် ရှင်သန်နိုင်ခဲ့ကြလေသည်။

သို့သော်လည်း အဆင့်-၉ ကမ္ဘာမြေအမြုတေနယ်ပယ် အာဏာပါးကွက်သားအစောင့်တပ်သားအချို့မှာ သန်မာသည့် ကိုယ်ကာယများနှင့် မျိုးဆက်သွေးများမရှိကြပေ။

သူတို့၏ အသားများက ပဉ္စဝဏ္ဏတာအိုမီးဖြင့် ကွဲထွက်သွားပြီး သူတို့၏ ကိုယ်တွင်းအင်္ဂါများက လောင်ကျွမ်းခံလိုက်ရ၏။ သူတို့က အသက်ရှင်နိုင်မည်ဆိုလျှင်တောင် သူတို့၏ ခန္ဓာကိုယ်များက လုံးဝဒုက္ခိတဖြစ်သွားရပေလိမ့်မည်။

ယခုအချိန်မှာ တိုက်ပွဲနယ်မြေတွင် တိုက်ခိုက်ရည်ခွန်အားကျန်ရှိသည့် ကမ္ဘာ​မြေအာဏာပါးကွက်သားအစောင့်တပ်သား ၄၀ဝန်းကျင်သာလျှင် ကျန်ရှိတော့၏။

အခြားသူများက မီးတောက်ပင်လယ်ထဲမှာ သေဆုံးသူသေဆုံး၊ ဒဏ်ရာရရှိသူရရှိ သို့မဟုတ် ဒုက္ခိတဖြစ်သူဖြစ် ဖြစ်ကုန်ကြလေသည်။

မီးတောက်ပင်လယ်ထဲမှာ အော်ဟစ်ညည်းတွားသံများက ထွက်ပေါ်နေ၏။

ဤမြင်ကွင်းက လူတိုင်းအပေါ်ကြီးမားသည့်ရိုက်ချက်တစ်ခုဖြစ်လာခဲ့၏။

အာဏာပါးကွက်သားအစောင့်တပ်သားများသည် မဟာကျင်းအင်မော်တယ်နိုင်ငံကို ကိုယ်စားပြုပြီး အပြစ်ပေးခြင်းနှင့်သတ်ဖြတ်ခြင်းကို တာဝန်ယူထားလေသည်။ သူတို့ကို ထိပ်တန်းကမ္ဘာမြေအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များဖြင့် ဖွဲ့စည်းထားလေသည်။

သို့သော် ယခု... ထိုမီးသည် အာဏာပါးကွက်သားအစောင့်တပ်သားများကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေရုံသာမက အဲ့ဒါသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ မျက်နှာကိုပါ လောင်ကျွမ်းသွားစေသည်ဟု ထင်ရလေသည်။

တောင်ကြားထဲမှာ... စောင့်ကြည့်နေသော ကျင့်ကြံသူများသည် တိုက်ပွဲနယ်မြေမှ ချောက်ချားစရာကောင်းသော အော်ဟစ်သံများကို ကြားရသောအခါ သူတို့သည် ကမ္ဘာမြေအာဏာပါးကွက်သားအသောင့်တပ်သားများ၏ အလွန်တရာ ဆိုးဝါးသောအခြေအနေကို ပို၍ပင်ရှင်းလင်းစွာ အာရုံခံမိနိုင်ကြ၏။

မင်းသားယွင်လေနှင့် မင်းသမီးသက်တံနီကဲ့သို့ ပြိုင်စံရှားများပင်လျှင် ထိုအခိုက်အတန့်မှာ သူတို့၏ မျက်နှာများကဖြူဖျော့နေကြ၏။

သူတို့သည် တူညီသောအခြေအနေမှာရောက်ရှိသွားမည်ဆိုလျှင် သူတို့သည်လည်းပဲ ဤကဲ့သို့ ကြောက်စရာကောင်းသော မီးတောက်များကနေမထိမခိုက် လွတ်မြောက်နိုင်ဖို့ခက်ခဲပေလိမ့်မည်။

“ဝင်္ကပါကိုခင်း... ဝင်္ကပါကိုခင်းကြ”

ခေါင်းဆောင်တပ်မှူးရှစ်က လောင်ကျွမ်းထားသောပြာမှုန့်များဖြင့် ပေကျံနေပြီး သူကကျယ်လောင်စွာ အော်ဟစ်လိုက်ဆဲဖြစ်၏။

သူ၏ အသံက ပြာမှုန်များစွာကိုရှုသွင်းပြီးနောက် အလွန်တရာခြောက်သွေ့အက်ကွဲနေ၏။

“ကောင်းကင်နဲ့မြေကြီး အမြုတေချီကိုပိုင်းခြားနိုင်တာနဲ့ မီးတောက်တွေက ငြိမ်း​သေသွားလိမ့်မယ်”

နောက်ထပ် အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှူးတစ်ယောက်ကလည်း အော်ပြောလိုက်၏။

ခေါင်းဆောင်တပ်မှူးရှစ်နှင့် အခြားသူများသည် သူတို့၏ သိုလှောင်အိတ်များကိုပုတ်ပြီး အစီအရင်အလံများကို ထုတ်ယူကာ တိုက်ပွဲနယ်မြေသို့ ဖြန့်ကြက်ပစ်ထုတ်လိုက်၏။

ရစ်ခွေနဂါးတောင်ကြောရိုး၏ အထက်မှာ ထိုသည်ကိုတွေ့မြင်သောအခါ အထီးကျန်၏ အမူအရာက ပျော့ပြောင်းသွားပြီး သူက အလောတကြီးပြောလိုက်၏။

“အရှင်မင်းသား... မပူပါနဲ့ ကျန်ရှိနေတဲ့ အာဏာပါးကွက်သားအစောင့်တပ်သားတွေက ထိပ်တန်းပညာရှင်တွေပဲ”

“သူတို့တွေကလောင်ကျွမ်းခံလိုက်ရပေမယ့် သူတို့က မဟူရာအလင်း အမြုတေဖြတ်တောက်ဝင်္ကပါကို ခင်းကျင်းပြီးတာနဲ့ ကျုပ်တို့က အခြေအနေကို ပြန်ပြောင်းပြီး အဲ့ဒီကောင်လေးကို အသက်ရှင်လျက်ဖမ်းဆီးနိုင်ပါလိမ့်မယ်”

မင်းသားယွမ်ကျော၏ အမူအရာက သုန်မှုန်နေ၏။ အစက... တင်းတင်းဆုပ်ထားသော သူ၏ လက်သီးကို ဖြည်းဖြည်းချင်းဖြေလျှော့ပြီး ခေါင်းညိတ်လိုက်၏။

“မဆိုးဘူး... အဲ့ဒီမီးတောက်တွေရဲ့စွမ်းအားက ကြီးမားတယ်ဆိုပေမယ့်... ဒီကောင်လေးသုံးစွဲရတဲ့ခွန်အားကလည်း သေချာပေါက် အရမ်းကိုကြီးမားမှာပဲ”

“အရှင်မင်းသားက ဉာဏ်ရှိပါပေတယ်”

အထီးကျန်ကြယ်ကပြောလိုက်၏။

“အဲ့ဒီအချိန်ကျရင်... အနီးကပ်တိုက်ခိုက်ရည်မှာပဲဖြစ်ဖြစ်... စိတ်ဝိညာဥ်တိုက်ခိုက်မှုမှာပဲဖြစ်ဖြစ်... အာဏာပါးကွက်သားအစောင့်တပ်သားတွေက ပကတိအားသာချက်ရရှိလာလိမ့်မယ်”

တိုက်ပွဲနယ်မြေတွင်..။

“အဲ့ဒါက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ မဟူရာအလင်းအမြုတေဖြတ်တောက်ဝင်္ကပါပဲ”

မင်းသမီးသက်တံနီက တည်ကြည်လေးနက်သောအမူအရာဖြင့်ပြောလိုက်၏။

“အဲ့ဒါကိုခင်းကျင်းပြီးသွားတာနဲ့ အဲ့ဒီအစီအရင်ဝင်္ကပါက ကောင်းကင်နဲ့မြေကြီး အမြုတေချီကိုပိုင်းခြားပေးနိုင်တယ်... အဲ့ဒီအချိန်ကျရင်... သူတို့တွေက စိတ်ဝိညာဥ်အသိစိတ် လျှို့ဝှက်အတတ် ဒါမဟုတ် အနီးကပ်တိုက်ခိုက်ရည်ပေါ်မှာပဲ မှီခိုရတော့မယ်”

မင်းသားယွင်လေက​ပြောလိုက်၏။

“အဲ့ဒီမီးတောက်က စွမ်းအားကြီးမားပေမယ့် အဲ့ဒါကသုံးစားရမှာမဟုတ်တော့ဘူး”

မင်းသမီးသက်တံနီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

“အဲ့ဒီလူက ဘာတုံ့ပြန်မှုမှမရှိဘဲ ဘာလို့​နေရာမှာတင်မတ်တတ်ရပ်နေတာလဲ... အာဏာပါးကွက်သားအစောင့်တပ်သားတွေ ဝင်္ကပါခင်းကျင်းနေတာကိုသူက ဘာလို့မတားဆီးတာလဲ”

“စောစောက မီးတောက်လျှို့ဝှက်အတတ်ရဲ့စွမ်းအားက သူ့ကိုအားအင်အတော်လေး ကုန်ခန်းသွားစေတဲ့ပုံပဲ”

မင်းသားယွင်လေက ပြောလိုက်၏။

“အဲ့ဒီလူက သူ့ရဲ့လမ်းဆုံးကိုရောက်နေပြီ... သူက အရမ်းကို အားနည်းနေပြီး ဆက်ပြီးတော့တိုက်ခိုက်နိုင်မှာမဟုတ်တော့ဘူးလို့ ငါထင်တယ်”

“အာ... သူ့ကိုအဲ့ဒီမီးတောက်အတတ်နဲ့တင် ရှားရှားပါးပါးပြိုင်စံရှားတစ်ဦးလို့ သတ်မှတ်လို့ရတယ်... သူက အာဏာပါးကွက်သား အစောင့်တပ်သားတွေရဲ့လက်ထဲမှာ ဒီတိုင်းပဲသေဆုံးသွားတော့မှာ တကယ့်ကိုနှမြောစရာပဲ”

အစီအရင်အလံများက လေထုကိုဆုတ်ဖြဲ၍ ဆူဇီမို၏ ပတ်ပတ်လည်မှာ တစ်ခုပြီးတစ်ခု ပြန့်ကျဲကျဆင်းလာခဲ့၏။

သူက သူ၏ တိုက်ခိုက်ရည်ကို ဆုံးရှုံးထားရသည့်အလား လုံးဝလှုပ်ရှားမလာခဲ့ပေ။ သူသည် ခေါင်းဆောင်တပ်မှူးရှစ်နှင့် အခြားသူများ ခင်းကျင်းနေသည့်ဝင်္ကပါကိုဖျက်ဆီးဖို့အတွက် တိုက်ခိုက်မလာခဲ့ပေ။

သူက ဘေးကနေရပ်ကြည့်နေသည့်လူတစ်ယောက်လို... ခေါင်းဆောင်တပ်မှူးရှစ်နှင့် အခြားသူများ မြေပြင်ပေါ်မှာ အစီအရင်ဝင်္ကပါများကိုစိုက်၍ သူ့ကိုဝိုင်းပတ်လာသည်ကို သူကတိတ်တဆိတ်ဖြင့် စောင့်ကြည့်နေ၏။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး ခေါင်းဆောင်တပ်မှူးရှစ်နှင့် အခြားသူများဝင်္ကပါထဲသို့ ဝင်ရောက်လာသည်ကို စောင့်ကြည့်နေ၏။

တဖြည်းဖြည်းနှင့် သူ၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုသောအကြည့်တစ်ခုက ပေါ်ထွက်လာ၏။

All Chapters