← Chapters

လမ်းဆုံးကိုရောက်နေပြီတဲ့လား

Vol. 142 Ch. 2128

လမ်းဆုံးကိုရောက်နေပြီတဲ့လား

Vol. 142 Ch. 2128

ဆူဇီမိုသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် ဖန်တီးခြင်းကြာပဒုမ္မာကို ပိုင်ဆိုင်ထား၏။

သူသည် ပဉ္စဝဏ္ဏတာအိုမီးတစ်ခုကိုထုတ်ဖော်ခြင်းဖြင့် သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားက ကုန်ခန်းသွားလိမ့်မည် မဟုတ်ပေ။

သူက သူတို့ကို မတားဆီးခဲ့သည့်အကြောင်းအရင်းမှာ အဲ့ဒါကမလိုအပ်သောကြောင့်ဖြစ်၏။

အာဏာပါးကွက်သားအစောင့်တပ်သား ဆယ်ယောက်ကျော်သည် စန်းယွီမြို့တော်အပြင်ဘက်မှာ သေဆုံးခဲ့သည့်အကြောင်းအရင်းမှာ မဟူရာအလင်းအမြုတေဖြတ်တောက်ဝင်္ကပါကြောင့်ဖြစ်လေသည်။

ကျန်ရှိနေသော အာဏာပါးကွက်သားအစောင့်တပ်သားများအတွက် ဤဝင်္ကပါကို ခင်းကျင်းခြင်းက သူတို့ကိုယ်တိုင်အတွက် ထောင်ချောက်တစ်ခုဖြစ်နေပေလိမ့်မည်။

သို့သော်လည်း အာဏာပါးကွက်သားအစောင့်တပ်သားများက အန္တရာယ်ကိုလုံးဝမသိရှိကြသေးပေ။ ဆူဇီမိုက မလှုပ်မယှက်ရှိနေသည်ကို တွေ့မြင်ရသောအခါ ရလဒ်က ဆုံးဖြတ်ပြီးသားဖြစ်သွားပြီဟု သူတို့ကတွေးထင်လိုက်ကြ၏။

ရစ်ခွေနဂါးတောင်ကြောရိုးအထက်တွင်.. ။

မင်းသားယွမ်ကျောက တစ်စုံတစ်ရာကိုတွေးမိသွားပုံရပြီး အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

“အရှင်မင်းသား...ဘာများဖြစ်လို့လဲ”

အထီးကျန်ကြယ်က မင်းသားယွမ်ကျော၏ မျက်နှာပေါ်မှာ ထူးဆန်းသောအမူအရာကိုတွေ့မြင်သောအခါ သူက အလောတကြီးမေးလိုက်၏။

“မဟူရာအလင်းအမြုတေဖြတ်တောက်ဝင်္ကပါကို ခင်းကျင်းပြီးသွားပြီ... မီးတောက်တွေကလည်း ငြိမ်းသေသွားပြီ... အရှင်မင်းသား ခင်ဗျားစိုးရိမ်နေစရာမလိုတော့ဘူး”

“အထီးကျန်ကြယ်... လွန်ခဲ့တဲ့လအနည်းငယ်က စန်းယွီမြို့တော်အပြင်ဘက်မှာ အာဏာပါးကွက်သားအစောင့်တပ်သားတွေ... သေဆုံးခဲ့တာကို မင်းမှတ်မိလား”

မင်းသားယွမ်ကျောက ရုတ်တရက်မေးလိုက်၏။

အထီးကျန်ကြယ်က ခေါင်းညိတ်ကာပြောလိုက်၏။

“ကျုပ်မှတ်မိပါတယ်... အဲ့ဒီအာဏာပါးကွက်သားအစောင့်တပ်သားတွေကို မင်းသမီးမုန့်ယောင် အမဲလိုက်နေတဲ့လူနှစ်ယောက်က သတ်ဖြတ်သွားတဲ့ပုံပဲ... နောက်ဆုံးမှာတော့ သူတို့က ဘာမှမကျန်အောင် လောင်ကျွမ်းပြာချခံခဲ့ရတယ်”

“အဲ့မှာ တစ်ခုခုလွဲနေတယ်”

မင်းသားယွမ်ကျောက သူ၏ ခေါင်းကို ဖြည်းဖြည်းချင်းခါပြီး တောင်ကြားထဲရှိ ဆူဇီမိုကိုစိုက်ကြည့်ကာ မုန်းတီးစွာပြောလိုက်၏။

“သူတို့ကလောင်ကျွမ်းပြာကျသွားတယ်မလား... အဲ့ဒီအဆင့်မှာရှိတဲ့မီးတောက်တစ်ခုကို ဖန်တီးတဲ့သူက ဘယ်သူဖြစ်မယ်လို့ မင်းထင်လဲ”

အထီးကျန်ကြယ်က ရင်တစ်ချက်ထိတ်သွား၏။

“အရှင်မင်းသား... ဆူဇီမိုက အဲ့ဒီလူတွေကိုသတ်ခဲ့တယ်လို့ ခင်ဗျားပြောချင်တာလား”

“သူက သူတို့ကိုမသတ်ခဲ့ဘူးဆိုရင်တောင်မှ သူကအဲ့ဒီနေရာမှာရှိနေရမယ်”

မင်းသားယွမ်ကျောကအေးစက်စွာပြောလိုက်၏။

“အာဏာပါးကွက်သားအစောင့်တပ်သားတွေရဲ့အလောင်းတွေကို မီးလောင်တိုက်သွင်းခဲ့တဲ့သူက သူပဲဖြစ်ရမယ်”

အစကတော့... အဲ့ဒါကို ပြုလုပ်ခဲ့သည့်သူက ဆူဇီမိုဖြစ်လိမ့်မည်ဟု မင်းသားယွမ်ကျောက မတွေးမိခဲ့ပေ။

ဘာပဲပြောပြော လွန်ခဲ့သည့်နှစ်နှစ်ထောင်ကျော်က ဆူဇီမိုသည် အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်ခဲ့၏။

ဆူဇီမိုက အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်လာသည်အထိ ကျင့်ကြံခဲ့သည်ကို မင်းသားယွမ်ကျောက သိရှိထားခဲ့သည်ဆိုလျှင်တောင် အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က အာဏာပါးကွက်သားအစောင့်တပ်သား ဆယ်ယောက်ကျော်ကို သတ်ဖြတ်နိုင်လိမ့်မည်ဟု သူကစဥ်းစားကြည့်လို့ရနိုင်ခဲ့မည် မဟုတ်ပေ။

သို့သော်ယခု... ဆူဇီမို၏ နည်းလမ်းများကို ကိုယ်တိုင်မြင်တွေ့လိုက်ရသောအခါ သူက ထိုအစက်အပြောက်များကို နောက်ဆုံးမှာချိတ်ဆက်မိလာခဲ့၏။

တောင်ကြားထဲတွင်...။

ဆူဇီမိုကထွက်ပြေးလွတ်မြောက်သွားမှာကိုစိုးရိမ်ပြီး အာဏာပါးကွက်သားအစောင့်တပ်သား ခေါင်းဆောင်တပ်မှူးများက ဘေးပတ်ပတ်လည်မှာ မဟူရာအလင်းအမြုတေဖြတ်တောက်ဝင်္ကပါကိုခင်းကျင်းပြီး ဆူဇီမိုကိုအလယ်မှာထား၍ တင်းကျပ်စွာရစ်ပတ်ထားကြလေသည်။

ကျန်ရှိနေသော အာဏာပါးကွက်သားအစောင့်တပ်သား ၄၀ ကျော်ကျော်သည် တိုက်ခိုက်ရည်ခွန်အားကျန်ရှိနေသေးပြီး ကြမ်းကြုတ်ခက်ထန်သောအော်ရာများနှင့်အတူ ဆူဇီမိုထံသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာကြ၏။

ခေါင်းဆောင်တပ်မှူးရှစ်က ပဉ္စဝဏ္ဏတာအိုမီး၏ ပျက်စီးထိခိုက်မှုကို ခုခံတားဆီးနိုင်ခဲ့သော်လည်း သူက ပြာမှုန့်များဖြင့်ပေကျံ၍ ဆိုးဆိုးဝါးဝါးပုံပေါက်နေ၏။

“ဆူဇီမို”

ခေါင်းဆောင်တပ်မှူးရှစ်၏ အသံက အေးစက်လာပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“မင်းက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ အာဏာပါးကွက်သားအစောင့်တပ်သားတွေ အများကြီးကိုသတ်ဖြတ်ခဲ့တယ်... ငါကမင်းကို အပိုင်းပိုင်းလှီးဖြတ်မယ်ဆိုရင်တောင် ငါ့ရင်ထဲမှာရှိတဲ့အမုန်းတရားတွေကို ဖြေဖျောက်နိုင်မှာမဟုတ်ဘူး”

“ဆူဇီမို... ငါမင်းကိုဖိနှိမ်ပြီးရင် မင်းကိုငါကိုယ်တိုင်ကိုင်တွယ်ပြီး ငါ့ရဲ့နည်းလမ်းတွေကို တွေ့ကြုံခံစားစေမယ်”

“သေတာထက်ဆိုးတဲ့ဘဝကဘာလဲဆိုတာ မင်းကိုငါပြပေးမယ်”

နောက်ထပ်အာဏာပါးကွက်သားအစောင့်တပ်သားတစ်ယောက်က အံကိုကြိတ်ကာပြောလိုက်၏။

“အခြားသော အာဏာပါးကွက်သားအစောင့်တပ်သားများကလည်း မုန်းတီးမှုဖြင့် ပြည့်နှက်နေကြ၏။

သူတို့သည် ဤကဲ့သို့ကြီးမားသော ပျက်စီးဆုံးရှုံးမှုနှင့် အရင်ကတစ်ခါမှမတွေ့ကြုံဖူးခဲ့ပေ။

ဒါ့အပြင် အဲ့ဒါက လူတိုင်း၏ ရှေ့မှောက်မှာဖြစ်၏။

သူတို့က ဆူဇီမိုကို ယနေ့အသက်ရှင်လျက်ဖမ်းဆီးနိုင်မည်ဆိုလျှင်တောင် အာဏာပါးကွက်သားအစောင့်တပ်သားများ၏ နာမည်ဂုဏ်သတင်းက ကြီးမားစွာကျဆင်းသွားပေတော့မည်။

ဤတိုက်ပွဲက သူတို့အတွက် ကြီးမားစွာ အရှက်ခွဲခံရခြင်းဖြစ်၏။

“အို...”

ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုရင်း ဆူဇီမိုက ချဥ်းကပ်လာသော အာဏာပါးကွက်သားအစောင့်တပ်သားများကိုကြည့်ကာ မှင်သေသေဖြင့် ပြောလိုက်၏။

“မင်းတို့တွေက အခြေအနေကို သဘောမပေါက်သေးဘူးနဲ့တူတယ်... မင်းတို့ကငါ့ကို ဖိနှိမ်ချင်သေးတယ်ပေါ့”

“ဟားဟားဟား..”

အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှူးတစ်ယောက်က ဟားတိုက်ရယ်မောလိုက်၏။

“ဆူဇီမို... မင်းက အရင်တုန်းက မဟူရာအလင်းအမြုတေဖြတ်တောက်ခြင်းဝင်္ကပါကို တစ်ခါမှ မတွေ့ဖူးဘူးဆိုတာ ငါသေချာပြောနိုင်တယ်.... အဲ့ဒါရဲ့စွမ်းအားကိုမင်းသိမှာမဟု​တ်ဘူး”

“ဒီဝင်္ကပါက ကောင်းကင်နဲ့မြေကြီး အမြုတေချီကိုပိုင်းခြားပေးနိုင်တယ်... မင်းမှာရှိတဲ့နတ်ဘုရားစွမ်းအားတွေနဲ့ လျှို့ဝှက်အတတ်တွေကဘယ်လောက်ပဲများများ မင်းကအဲ့ဒါကို ထုတ်ဖော်နိုင်မှာမဟုတ်တော့ဘူး”

“ဆူဇီမို... မင်းကလမ်းဆုံးကိုရောက်နေပြီ... ဆက်ပြီးတော့ဟန်ဆောင်မနေနဲ့တော့”

အာဏာပါးကွက်သားအစောင့်တပ်သားများက ရလဒ်ကို ဆုံးဖြတ်ပြီးသွားပြီဟု တွေးပြီးလှောင်ရယ်လိုက်ပြ၏။

“အဲ့လိုလား”

ဆူဇီမိုက ပြန်မေးလိုက်ပြီး သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာ၏။ ဖျတ်ခနဲဆိုသူက ရှေ့သို့ခုန်ဝင်ကာတိုက်ခိုက်လိုက်၏။

“မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”

ရှေ့မှာရှိသော အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်က ကြိုတင်ပြင်ဆင်ထားကြလေသည်။ ကြမ်းကြုတ်ခက်ထန်သောဟိန်းဟောက်သံနှင့်အတူ သူတို့က သူတို့၏ ကွပ်မျက်ဆေဘာများကိုဆွဲထုတ်ကာ ဆူဇီမိုထံသို့ ခုတ်ပိုင်းချလိုက်၏။

ဓားသွားများက အေးစက်နေသော စိတ်ဆန္ဒတစ်ခုနှင့်အတူ တဝီဝီအော်မြည်လာ၏။

အေးစက်စက် အလင်းတစ်ချက်နှင့်အတူ ကွပ်မျက်ဆေဘာနှစ်ခုက ဆူဇီမို၏ ရှေ့သို့ ခုတ်ပိုင်းကျဆင်းလာ၏။

သို့သော်လည်း ဆူဇီမိုက ရှောင်တိမ်ခြင်းမရှိပေ။ ဖျတ်ခနဲဆိုသူက သူ၏ လက်နှစ်ဖက်ကို ရုတ်တရက်ဆန့်ထုတ်ပြီး ကွပ်မျက်ဆေဘာနှစ်လက်ကို ဖမ်းဆွဲလိုက်၏။

“မင်းကတော့... သေချင်နေတာပဲ”

အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်က သူတို့၏ သွေးချီကို ခပ်မြန်မြန်လှည့်ပတ်ပြီး ဆူဇီမို၏ လက်ဖဝါးကို ခုတ်ပိုင်းချင်လေသည်။

သို့သော်လည်း ဆူဇီမို၏ လက်ဖဝါးနှစ်ဖက်က ကွပ်မျက်ဆေဘာနှစ်လက်ကို တင်းကျပ်စွာချုပ်နှောင်ထားသည့် ပြုတ်တူနှစ်ချောင်းကဲ့သို့ဖြစ်ပြီး သူတို့က လုံးဝမလှုပ်ရှားနိုင်တော့သည်ကို နားလည်သဘောပေါက်သွား၏။

အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်က တုန်လှုပ်စွာဖြင့် မျက်လုံးများပြူးကျယ်သွား၏။

“အသွေးအသားခန္ဓာကိုယ်တစ်ခုက ကွပ်မျက်ဆေဘာလို နတ်ဘုရားလက်နက်တစ်ခုကို ဘယ်လိုတောင်ခုခံနိုင်တာလဲ”

“သွားတော့”

ထိုစဥ်မှာပင် ဆူဇီမိုက အော်ငေါက်လိုက်ပြီး ရုတ်တရက် သူ၏ လက်ဖဝါးဆီသို့ ခွန်အားကိုပို့လွှတ်ကာ ကွပ်မျက်ဆေဘာနှစ်လက်ကို ဆွဲယူလိုက်လေသည်။

ထို့နောက် ဆူဇီမိုက သူတို့ကိုနောက်ဘက်သို့ပစ်ထုတ်လိုက်၏။

ကွပ်မျက်ဆေဘာနှစ်လက်က အလင်းတန်းနှစ်ခုအသွင်ပြောင်းလဲပြီး လေထုကိုဆုတ်ဖြဲကာ သူ၏ နောက်ဘက်ကနေဝင်ရောက်လာသော အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်ရှေ့သို့ ချက်ချင်းပင်ရောက်ရှိသွား၏။

ထိုလှုပ်ရှားကွက်က အရမ်းကိုရုတ်တရက်ဆန်လွန်းနေသည်။

ဆူဇီမိုသည် ကွပ်မျက်ဆေဘာများကို အလွယ်တကူလုယူပြီး ရပ်နားခြင်းမရှိဘဲ တန်ပြန်တိုက်ခိုက်လိမ့်မည်ဟု မည်သူကမှထင်မှတ်မထားကြပေ။

“အာ...”

နောက်ဘက်မှာရှိသောအာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်က အလွန်တရာလျင်မြန်စွာ တုံ့ပြန်လိုက်ကြ၏။ သူတို့၏ မျက်လုံးများက ပြူးကျယ်နေပြီး သူတို့၏ ကွပ်မျက်ဆေဘာများကို ကိုင်မြှောက်ကာ သူတို့ရှေ့မှာရှိသော အေးစက်စက်အလင်းကိုခုတ်ပိုင်းချလိုက်၏။

ချွမ်း...

ကွပ်မျက်ဆေဘာများက ထိတွေ့ရိုက်ခတ်သွားပြီး တစ်ခုနှင့်တစ်ခု ပွတ်တိုက်ကာ ကျိန်းစပ်နေသောမီးပွားများထွက်ပေါ်လာ၏။

အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်က ဆတ်ခနဲတုန်ယင်သွားပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။

ဆူဇီမိုသည် ဆေဘာနှစ်လက်ကို သာမန်ကာလျှံကာ ပစ်ထုတ်လိုက်ပုံရသော်လည်း သူတို့မှာ မနှိုင်းယှဥ်သာအောင်ကြောက်စရာကောင်းသော စွမ်းအားတစ်ခုပါဝင်နေ၏။

သူသည် အဆင့်-၆ ကမ္ဘာ​မြေအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူ၏ ကိုယ်ကာယက အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားကို ထုတ်ဖော်ပြီးနောက် လေးဆတိုးလာခဲ့ပြီဖြစ်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် မိုးကြိုးအရိုးများနှင့် ထပ်ပေါင်းလိုက်သောအခါ လက်ရှိအာဏာပါးကွက်သားအစောင့်တပ်သားများထဲ... ထိုရုန်းကန်ပေါက်ကွဲစွမ်းအားကို မည်သူကမှ ထိပ်တိုက်ရင်ဆိုင်မတိုက်ခိုက်နိုင်ကြပေ။

အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်သည် သူဆို့၏ ဆေဘာများကို မြှောက်ပြီး ဝင်ရောက်လာသောဆေဘာများကို ပစ်ရိုက်လိုက်သည်။ သူတို့သည် ထိုဆေဘာများကို ရိုက်မချနိုင်ရုံသာမက သူတို့လက်ထဲရှိဆေဘာများကပါ ပြန်ကန်တက်သွား၏။

ဖောက်...

ကွပ်မျက်ဆေဘာနှစ်လက်က အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်၏ မျက်နှာများကို ထိုးဖောက်သွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များ ဖျက်ဆီးခံရကာ နေရာမှာပင် သေဆုံးသွား၏။

အ​ခြားတစ်ဘက်မှာတော့... ဆူဇီမိုသည် ကွပ်မျက်ဆေဘာနှစ်လက်ကိုပစ်ထုတ်ပြီးနောက် ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့ပြေးတက်သွား၏။

ရှေ့မှာရှိသော အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်သည် သူတို့၏ကွက်မျက်ဆေဘာများကို ဆုံးရှုံးထားရပြီး သူတို့၏ ကိုယ်ကာယသက်သက်ဖြင့် ဆူဇီကို ရင်ဆိုင်လိုက်ရ၏။

ဆူဇီမိုက သူ၏ လက်နှစ်ဖက်ကိုဆန့်ထုတ်ပြီး ရှေ့မှာရှိသော အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်၏ ဦးခေါင်းများကို ဖိချလိုက်၏။

ဖျောက်...

အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်၏ လည်ပင်းများက သွင်သွင်ကျိုးသွား၏။

ဆူဇီမိုသည် သူတို့၏ ဦးခေါင်းများကို သူတို့၏ ရင်ဝမ်းထဲသို့ ဖိတွန်းချပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ကြေမွပျက်စီးကာ မြေပြင်ပေါ်သို့ ပျော့ခွေစွာလဲကျသွား၏။

သူက ရှေ့သို့ပြေးဝင်ခြင်း၊ ဆေဘာနှစ်လက်ကိုလုယူခြင်း၊ ဆေဘာနှစ်လက်ကိုပစ်ထုတ်ခြင်းနှင့် တိုက်ခိုက်ခြင်း...။

ဖြစ်စဥ်တစ်ခုလုံးက ရေကဲ့သို့ပြေပြစ်ပြီး ရှင်းလင်းတိကျနေ၏။ အဲ့ဒါကပြောရသည်မှာ နှေးကွေးသည်ဟုထင်ရသော်လည်း တစ်ခဏချင်းမှာပင် အာဏာပါးကွက်သားအစောင့်တပ်သားလေးယောက်က နေရာမှာပင် သေဆုံးသွား၏။

အခြားသော အာဏာပါးကွက်သားအစောင့်တပ်သားများက ရှေ့သို့ပြေးဝင်လာစဥ်... သူတို့၏ ဘက်မှာ နောက်ထပ်လူလေးယောက်က သေဆုံးသွားပြီဆိုတာကို နားလည်သဘောပေါက်သွား၏။

“လမ်းဆုံးကိုရောက်နေပြီတဲ့လား”

ဆူဇီမိုက ခပ်ယဲ့ယဲ့ပြုံးလိုက်၏။

“အဲ့ဒါဆိုရင်တော့... မင်းတို့စိတ်ပျက်သွားရမှာပဲ”

ခေါင်းဆောင်တပ်မှူးရှစ်နှင့် အခြားသူများသည် ဆူဇီမို၏ အပြုံးကို တွေ့မြင်သောအခါ ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့ကြ၏။

စောစောက သူတို့၏ ယုံကြည်မှုနှင့် မောက်မာမှုတို့က လုံးလုံးလျားလျားပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး ဆူဇီမိုက ခေါင်းညိတ်ကာပြောလိုက်၏။

“မဟူရာအလင်းအမြုတေဖြတ်တောက်ဝင်္ကပါကိုခင်းကျင်းပေးတဲ့အတွက် မင်းတို့တွေကို ကျေးဇူးတင်ရမှာပဲ.... အဲ့ဒါက ငါ့ကိုအားထုတ်မှုတချို့ သက်သာသွားစေတယ်... မင်းတို့က စေတနာနဲ့လုပ်ပေးတယ်ဆိုမှတော့ ငါကအဲ့ဒါကိုလက်ခံပေးရမှာပေါ့”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဆူဇီမိုက နောက်တစ်ဖန်တိုက်ခိုက်လိုက်ပြီး နောက်ထပ်သွေးသံရဲရဲမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်၏။

All Chapters