← Chapters

အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း

Vol. 142 Ch. 2129

အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း

Vol. 142 Ch. 2129

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၊ မိုးကြိုးအရိုးများနှင့် အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အားအပေါ် မှီခိုပြီး ဆူဇီမိုသည် သူ၏ သွေးချီကို အသုံးပြုခြင်း မရှိလျှင်တောင် အနီးကပ်တိုက်ခိုက်ရည်မှာ ပြိုင်ဘက်ကင်းနေသေး၏။

ယခုအချိန်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆင့် ၁၀ ဖန်တီးခြင်းကြာပဒုမ္မာနှင့် တူညီလေသည်။

မူလမဟူရာအဆင့် ဓမ္မရတနာတစ်ခုပင်လျှင် သူ့ကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။

ဒါ့အပြင် ဆူဇီမို၏ အနီးကပ်တိုက်ခိုက်ရည်အတတ်များသည် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ ဂမ္ဘီရကျင့်စဉ်ဖြင့် ပေါင်းစည်းသွားခဲ့ပြီဖြစ်၏။ နဂါးမျိုးနွယ်၏ တိုက်ခိုက်ရည်အတတ်များနှင့် သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများကို ပေါင်းစည်းထားပြီး သူ၏ တိုက်ခိုက်မှုက မုန်တိုင်းတစ်ခုကဲ့သို့ ပြင်းထန်ကြမ်းကြုတ်ကာ သူ၏ ခွန်အားက မီးတောင်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာနိုင်၏။

ဆူဇီမိုသည် အနီးကပ်တိုက်ခိုက်ရည်မှာ သတ်ဖြတ်ခြင်းကို ၎င်း၏ အကန့်အသတ်အထိ ရောက်ရှိအောင် လေ့ကျင့်ထားခဲ့လေသည်။

လက်ရှိ အာဏာပါးကွက်သား အစောင့်တပ်သားများသည် ကွပ်မျက်ဆေဘာများကို ကိုင်စွဲထားပြီး မဟူရာ ရွှေငှက်မွေး ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော်လည်း သူတို့သည် သူ့ထံမှ တိုက်ခိုက်မှုများကို လုံးဝ မခုခံနိုင်ပေ။

ဆူဇီမိုသည် တောင်ကုန်းပေါ်သို့ ဆင်းသက်လာသော ကြမ်းကြုတ်ကျားတစ်ကောင်ကဲ့သို့ တောအုပ်ကြားထဲသို့ ရောက်ရှိသွားသော ဝံပုလွေတစ်ကောင်ကဲ့သို့ လူအုပ်ကြားထဲသို့ ပြေးဝင်သွား၏။ သူက ဘယ်သို့ ညာသို့ ပြေးဝင်သွားပြီး ကျန်ရှိနေသော အာဏာပါးကွက်သား အစောင့်တပ်သားများကို သက်သောင့်သက်သာ ချေမှုန်းနေ၏။

ဆူဇီမို၏ လက်ဖျံများ၊ တံတောင်များ၊ ပခုံးများ၊ ခြေထောက်များ၊ ဒူးများနှင့် ခြေဖဝါးများ… အားလုံးက သတ်ဖြတ်ခြင်း လက်နက်များ ဖြစ်နေ၏။

သူ၏ ဖြူဖွေးနုနယ်သော လက်နှစ်ဖက်ကပင်လျှင် တူများကဲ့သို့ လက်သီးများ၊ ဓားများကဲ့သို့ လက်ချောင်းများနှင့် ဆေဘာများကဲ့သို့ လက်ဝါးစောင်းများအဖြစ် အသွင်ပြောင်းလဲနိုင်၏။

ထိုအသွင်ပြောင်းလဲမှုတစ်ရပ်ချင်းစီက သတ်ဖြတ်နိုင်လေသည်။

အာဏာပါးကွက်သား အစောင့်တပ်သားများသည် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ထိပ်တန်းကမ္ဘာမြေအင်မော်တယ်များ ဖြစ်သော်လည်း သူတို့သည် ဆူဇီမိုနှင့် ရင်ဆိုင်ရာမှာ မည်သည့် အားသာချက်မှ မရရှိပေ။

တောင်ကြားထဲက စောင့်ကြည့်နေသော ကျင့်ကြံသူများသည် မျက်လုံးများ ပြူးကျယ်၍ တုန်လှုပ်စွာဖြင့် ရှုံ့မဲ့နေကြ၏။

“အဲဒီလူက အပေါ်ယံကြည့်ရင်တော့ ကြော့ရှင်းသန့်ပြန့်ပြီးတော့​ စာပေသမားတစ်ယောက်လိုပဲ.. ဒါပေမဲ့ သူက တိုက်ခိုက်တဲ့အချိန်မှာ ဘာသနားညှာတာမှုမှ မရှိဘူး.. သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကြမ်းကြုတ်တောကောင်တွေ အများကြီး ဝင်ပူးနေတဲ့ပုံပဲ”

မင်းသမီး သက်တံနီက တိတ်တဆိတ် ဆွံ့အသွားပြီး တီးတိုးရေရွတ်လိုက်၏။

မင်းသားယွင်လေ၏ အမူအရာကလည်း သုန်မှုန်တည်တံ့နေ၏။

“အဲဒီလူရဲ့ အနီးကပ်တိုက်ခိုက်ရည်အတတ်တွေက အရမ်းကို ကြမ်းကြုတ်ခက်ထန်လွန်းတယ်.. သူက တစ်ကိုယ်လုံး နဖူးကနေ ခြေဖျားအထိ လက်နက်တွေနဲ့ ပြည့်နှက်နေတာပဲ.. တကယ်ဆို အဲဒီလူရဲ့ ဆံပင်တစ်ပင်ကိုတောင် သတ်ဖြတ်ဖို့ အသုံးချနိုင်တယ်လို့ ငါ သံသယဝင်မိတယ်”

သူတို့နှစ်ယောက်သည် ဤတစ်ခေါက် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ အသန်မာဆုံး တိုက်ခိုက်ရည်ခွန်အားနှင့် အကျော်ကြားဆုံး ပြိုင်စံရှားနှစ်ယောက် ဖြစ်လေသည်။

သို့​သော်လည်း ထိုအခိုက်အတန့်မှာ သူတို့နှစ်ယောက်သည် ဆူဇီမို၏ နည်းလမ်းများကို မျက်ဝါးထင်ထင် မြင်တွေ့ရပြီးနောက် စိုးရိမ်ပူပန်လာကြ၏။

သူတို့သည် အဲဒါကို သူတို့၏ မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ရခြင်း မရှိလျှင် အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သည် ဤကဲ့သို့ ကြောက်စရာကောင်းသော တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူတို့က ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

တိုက်ပွဲနယ်မြေတွင်…

အသက်ဆယ်ရှိုက်စာ မပြည့်ခင်မှာပင် အာဏာပါးကွက်သား အစောင့်တပ်သား ၄၀ထဲမှာ ၁၈ယောက်က သေဆုံးသွား၏။

“မင်းတို့ရဲ့ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တွေကို အသက်သွင်းပြီး သူ့ကို သတ်ဖြတ်ဖို့အတွက် အတူပူးပေါင်းကြ”

သေရေး ရှင်ရေး အခိုက်အတန့်မှာ ခေါင်းဆောင်တပ်မှူး ရှစ်က နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။ သူက ဆက်လက်၍ ထိန်ချန်ထားဖို့ သို့မဟုတ် ဆူဇီမိုကို အသက်ရှင်လျက် ဖမ်းဆီးဖို့ စိတ်ကူးမရှိတော့ပေ။

ဤဆုံးဖြတ်ချက်သည် မင်းသားယွမ်ကျော၏ အမိန့်နှင့် ဆန့်ကျင်နေပြီး သူက သေချာပေါက် အပြင်းအထန် အပြစ်ပေးခံရပေလိမ့်မည်။

သို့သော်လည်း သူတို့က ယခုအချိန်မှာ သူတို့၏ ခွန်အားကို ထိန်ချန်ထားမည်ဆိုလျှင် သူတို့အားလုံးက ဤနေရာမှာ သေရပေလိမ့်မည်။

ဤတိုက်ပွဲသည် အမိန့်အာဏာများ၊ မာန်မာန သို့မဟုတ် ဂုဏ်သိက္ခာတို့နှင့် ဆက်လက်၍ မသက်ဆိုင်တော့ပေ။

အဲဒါက သေရေး ရှင်ရေး အခိုက်အတန့် ဖြစ်လာခဲ့၏။

အနိုင်ရရှိသူကသာ အသက်ရှင်လျက် ထွက်ခွာနိုင်မည် ဖြစ်လေသည်။

ခေါင်းဆောင်တပ်မှူး ရှစ်က ထိုသို့ပြောလိုက်သည့် ခဏမှာပင် စွမ်းအားကြီးမားသော စိတ်ဝိညာဉ်အသိစိတ် အတက်အကျတစ်ခုက တိုက်ပွဲနယ်မြေမှာ ပေါက်ကွဲထွက်ပေါ်လာ၏။

ကျန်ရှိနေသော အာဏာပါးကွက်သား အစောင့်တပ်သား ၂၂ယောက်က ဆူဇီမိုကို စိုက်ကြည့်ပြီး သူတို့၏ နှာရောင်များက တောက်ပလာ၏။ တစ်ချိန်တည်းနီးပါးမှာပင် သူတို့သည် မည်သည့် ထိန်ချန်မှုမှ မရှိဘဲ သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်ကြ၏။

ဆူဇီမိုမှာ အကြောက်အလန့်ကင်းမဲ့သော အမူအရာတစ်ခု ရှိနေ၏။

အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အားကို ထုတ်ဖော်ပြီးနောက် သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားသည် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ထက် အားမနည်းတော့ပေ။

လေထဲမှာ ချောက်ချားစရာကောင်းသော အော်ရာတစ်ခုနှင့်အတူ နဂါးကြေးခွံတစ်ခု ပေါ်ထွက်လာ၏။

စိတ်ဝိညာဉ်အသိစိတ် လျှို့ဝှက်အတတ်များစွာက နဂါးကြေးခွံဖြင့် ထိတွေ့သွားသော်လည်း လောကတစ်ခုလုံးက ရပ်တန့်သွားသည်ဟု ထင်ရလေသည်။

တောင်ကြားအထက်မှာ ရှိသော ရေပြင်အကာအရံအလွှာကပင်လျှင် ဝဲဂယက်တစ်ခုနှင့်အတူ အနည်းငယ် ယိမ်းထိုးသွား၏။

ရစ်ခွေနဂါးတောင်ကြောရိုးကနေ စောင့်ကြည့်နေသော သန်းပေါင်းများစွာသော ကျင့်ကြံသူများသည် တိုက်ပွဲနယ်မြေကို စိုးရိမ်ထိတ်လန့်စွာ စောင့်ကြည့်ရင်း ရင်တလှပ်လှပ် ခံစားလာရ၏။

အမြုတေစိတ်ဝိညာဉ်များက အန္တရာယ်အများဆုံးဖြစ်ပြီး သူတို့က နမော်နမဲ့ ပြုမူမိလျှင် သေဆုံးသွားရနိုင်၏။

ကောင်းကင်အင်မော်တယ် ၄ယောက်ကလည်း စိတ်ထဲမှာ လေးလံနေကြ၏။

ယခင်က ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်က အရမ်းမြင့်မားသည်ကို သူတို့ သိရှိထားခဲ့ကြ၏။ သို့သော်လည်း သူသည် အာဏာပါးကွက်သား အစောင့်တပ်သား ၂၂ယောက်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များနှင့် ဆန့်ကျင်တိုက်ခိုက်ချင်သည်ဆိုလျှင် သူက သေကြေပျက်သုဉ်းရဖို့များလေသည်။

နဂါးကြေးခွံ ပေါ်ထွက်လာသောအခါ ရထားလုံးထဲရှိ ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက ရုတ်တရက် လွှတ်ခနဲ ပြောလိုက်၏။

“ဘက်ပြန်ကြေးခွံ”

“မင်းသမီး.. ဘာဖြစ်တယ်”

ရထားလုံးထဲရှိ မိန်းကလေးက တိုက်ပွဲနယ်မြေကို လုံးလုံးလျားလျား အာရုံစိုက်ထားပြီး အဲဒါကို ရှင်းလင်းစွာ မကြားလိုက်ရသည့်အတွက် အလိုလိုပြန်မေးလိုက်၏။

ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက တီးတိုးပြောဆိုလိုက်၏။

“တစ်ယောက်ယောက်ကတော့ သေရတော့မယ်”

တစ်ချိန်တည်းမှာပင်…

တောင်ကြားထဲမှာ လေထဲတွင် လွင့်မျောနေသော နဂါးကြေးခွံပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး ကြေမွပျက်ပြယ်သွားလေသည်။

အာဏာပါးကွက်သား အစောင့်တပ်သားများ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် ၂၂ခုထဲမှ ၁၂ခုကသာလျှင် ကြေမွသွား၏။

ကျန်ရှိနေသော ၁၀ခုက ဆူဇီမိုထံသို့ ဆက်လက်၍ ပစ်ဝင်လာခဲ့၏။

အဲဒါက ပြီးသွားလေပြီ။

ထိုသည်ကို တွေ့မြင်သောအခါ ရစ်ခွေနဂါးတောင်ကြောရိုးမှာ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာ၏။

“ဒီလူက အာဏာပါးကွက်သား အစောင့်တပ်သားတွေရဲ့ နောက်ဆုံးတိုက်ခိုက်မှုကနေ မလွတ်မြောက်နိုင်တော့ဘူးပဲ”

“အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်အနေနဲ့ သူက အာဏာပါးကွက်သား အစောင့်တပ်သားတွေနဲ့ ဒီအချိန်ထိရောက်အောင် တိုက်ခိုက်ပြီး သူတို့ထဲက အများကြီးကိုတောင်မှ သတ်ဖြတ်နိုင်ခဲ့တယ်… သူက သေရမယ်ဆိုရင်တောင်မှ ဂုဏ်သိက္ခာရှိတယ်”

“သူက ဒီလောက်များတဲ့ အာဏာပါးကွက်သား အစောင့်တပ်သားတွေကို သတ်ဖြတ်ပြီး ရှင်သန်နိုင်ခဲ့မယ်ဆိုရင်တောင် သူ့အတွက် အနာဂတ် အခြေအနေက ကောင်းမှာ မဟုတ်တော့ဘူး.. သူက သူ့ရဲ့ အမြုတေစိတ်ဝိညာဉ် ဖျက်ဆီးခံရပြီး ပျော်ပျော်ရွှင်ရွှင် သေဆုံးသွားဖို့က သူ့အတွက် အကောင်းဆုံးရလဒ်ပဲ”

ဆွေးနွေးပြောဆိုသံများက လူအုပ်ကြားထဲမှာ စတင်ထွက်ပေါ်လာခဲ့ပြီဖြစ်၏။

သို့သော်လည်း လေထဲမှာ ကောင်းကင်အင်မော်တယ် ၄ဦး၊ မင်းသားယွမ်ကျော၊ အထီးကျန်ကြယ်နှင့် အမြင်အာရုံ ထက်ရှသော အခြားသူများက တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိကြပေ။ သူတို့သည် တိုက်ပွဲမြေကို စောင့်ကြည့်နေကြဆဲဖြစ်ပြီး သူတို့၏ မျက်လုံးထဲရှိ တုန်လှုပ်မှုက သိပ်သည်းစုဖွဲ့လာခဲ့၏။

ဘုန်း.. ဘုန်း..

တိုက်ပွဲနယ်မြေတွင် အာဏာပါးကွက်သား အစောင့်တပ်သား ၁၂ယောက်သည် သူတို့၏ အကြည့်များ မှေးမှိန်သွားပြီး သူတို့၏ မျက်နှာများက အသက်မဲ့သွားလေသည်။ သူတို့သည် မြေပြင်ပေါ်သို့ တောင့်တင်းစွာ လဲကျသွားပြီး သူတို့၏ အသက်ဓာတ်အားက လျင်မြန်စွာ လျော့ကျလာခဲ့၏။ သူတို့က သေဆုံးသွားကြလေပြီ။

အာဏာပါးကွက်သား အစောင့်တပ်သား ၁၂​ယောက်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များက ဘက်ပြန်ကြေးခွံနှင့် ထိခတ်မိပြီး သူတို့၏ အသိစိတ်ထဲရှိ အမြုတေစိတ်ဝိညာဉ်များက ၎င်း၏ သတ်ဖြတ်ခြင်းစွမ်းအားကနေ မလွတ်မြောက်နိုင်ခဲ့ပေ။

နဂါးတစ်ကောင်၏ ဘက်ပြန်ကြေးခွံနှင့် ထိမိသူ မည်သူမဆို သေရပေလိမ့်မည်။

စောင့်ကြည့်နေကြသော ကျင့်ကြံသူများစွာသည် ကြောင်အမှင်တက်နေပြီး ဖြစ်ပျက်နေသည့်အရာကို မတုံ့ပြန်နိုင်ကြပေ။

ဆူဇီမိုသည် လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်​ပြီး နောက်ထပ် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။

သူ၏ နှာရောင်ထဲကနေ ရွှေရောင်စကြာသင်္ကေတတစ်ခုက လွင့်မျောထွက်ပေါ်လာပြီး ကျန်ရှိနေသော အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် ၁၀ခုထံသို့ ပစ်ဝင်သွား၏။

ရူလိုင်းဓမ္မချိပ်စည်း…

အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် ၁၀ခုထဲမှ နောက်ထပ် ၅ခုက ကြေမွပျက်စီးသွား၏။

ထို့နောက် ဆူဇီမိုသည် သူ၏ နှာရောင်ကို သူ၏ လက်ညှိုးဖြင့် ညင်သာစွာ ထိပြီး လျှပ်စီးများက တဖျတ်ဖျတ်လက်လာ၏။

သူက လျှပ်စီးလျှပ်ပန်းများဖြင့် ရစ်ပတ်ထားသည့် ကျာပွတ်တစ်ခုကို သူ၏ အသိစိတ်ထဲကနေ ဆွဲထုတ်ကာ ကျန်ရှိနေသော အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် ၅ခုကို လွှဲရိုက်လိုက်၏။

စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်…

နှစ်ဖက်စလုံး၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များက ထိတွေ့ရိုက်ခတ်ပြီး ပျက်ပြယ်သွားကြ၏။

တိုက်ပွဲနယ်မြေက ဖရိုဖရဲဖြစ်နေသော စိတ်ဝိညာဉ်အသိစိတ်များဖြင့်​ ပြည့်နှက်သွားလေသည်။

ကျန်ရှိနေသော အာဏာပါးကွက်သား အစောင့်တပ်သား ၁၀ယောက်သည် ခပ်သဲ့သဲ့ ညည်းတွားပြီး သူတို့၏ မျက်နှာများက သွေးဆုတ်လာခဲ့၏။

ရူလှိုင်းဓမ္မချိပ်စည်းနှင့် စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်က သန်မာသော်လည်း သူတို့သည် ဘက်ပြန်ကြေးခွံကဲ့သို့ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်မထားပေ။

ခေါင်းဆောင်တပ်မှူးရှစ်နှင့် အခြားသူများ၏ အမြုတေစိတ်ဝိညာဉ်များက မတူညီသော သက်ရောက်မှုများကို ထိခိုက်ခံစားလိုက်ရပြီး သူတို့က အသက်သေဆုံးရသည့် အဆင့်ထိ မရောက်ရှိပေ။

တကယ်တော့ အမြုတေစိတ်ဝိညာဉ်များကြား တိုက်ပွဲမှာ ဆူဇီမို၏ အသိစိတ်ကလည်း သန်မာသော စိတ်ဝိညာဉ်အသိစိတ်များ၏ သက်ရောက်မှုဖြင့် ထိခိုက်ခံစားခဲ့ရ၏။

သို့သော်လည်း အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်သည် ဖန်တီးခြင်းကြာခုံပေါ်မှာ ထိုင်နေ၏။ ၎င်းကို အစိမ်းရောင်ကြာစေ့ ၉၀ က ဝိုင်းပတ်ထားပြီး စိတ်ဝိညာဉ်အသိစိတ်များထံမှ သက်ရောက်မှု အများစုကို ပိတ်ဆို့တားဆီးပေးထား၏။

အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်က စွမ်းအင်များစွာကို သုံးစွဲခဲ့ရပြီး သူ့မှာ စွမ်းအားများစွာ မကျန်ရှိသော်လည်း သူက ထိခိုက်ဒဏ်ရာ ရရှိမသွားပေ။

ကျန်ရှိနေသော အာဏာပါးကွက်သား အစောင့်တပ်သား ၂၂ယောက်ထဲမှ နောက်ထပ် ၁၂ယောက်က သေဆုံးသွားခဲ့ပြီဖြစ်၏။

ကျန်ရှိနေသော အာဏာပါးကွက်သား အစောင့်တပ်သား ၁၀ယောက်ကလည်း ထိခိုက်ဒဏ်ရာ ရရှိသွားကြ၏။

ဤတစ်ခေါက်မှာ သူတို့သည် ပဉ္စဝဏ္ဏ တာအိုမီးထံမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရုံသာမက သူတို့၏ အမြုတေစိတ်ဝိညာဉ်များကပါ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့၏။

ဆူဇီမိုသည် ဤအမြုတေစိတ်ဝိညာဉ် တိုက်ခိုက်မှုမှာ ပကတိ အသာစီးရရှိခဲ့၏။

ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက ဤရလဒ်မှာ အံ့အားသင့်မသွားခဲ့ပေ။

အရင်တုန်းက​ ယွင်ထင်၏ အမြုတေစိတ်ဝိညာဉ်ကို ကာကွယ်ဖို့အတွက် သူ့ကို သူမ ပေးခဲ့သည့် ရေခဲဝိညာဉ်ငွေချပ်ဝတ်ကပင်လျှင် ပျက်စီးသွားခဲ့ရ၏။ ဤလူ၏ အမြုတေစိတ်ဝိညာဉ်က ဘယ်လောက်တောင် သန်မာသလဲ သိသာလေသည်။

All Chapters