Chapters

ကောင်းကင်ဂူဝိညာဉ် (၃)

Vol. 21 Ch. 301

ကောင်းကင်ဂူဝိညာဉ် (၃)

Vol. 21 Ch. 301

သူ့ထူးခြားချက်ကို သတိထားမိ၍ လာကြည့်ခြင်းလားမသိ။

ဖုန်ချင်အန်း အတော်စဉ်းစားရကြပ်သလို စိတ်လည်းလှုပ်ရှားမိသည်။ အရိုးသားဆုံးဆိုရလျှင် ကောင်းကင်ဂူဝိညာဉ်ကို အတော်လိုချင်နေသည်။

စာချုပ်ချုပ်ဖို့တော့ လောလောဆယ် စဉ်းစားမရသေး။ မည်သို့ဆက်သွယ်ရမည်ပင်မသိ။ တစ်ခုတော့ သေချာသည်။

နတ်ဆိုးတစ်သောင်းနိုင်ငံသို့ သူမကြာခဏလာလည်မည်။ ကောင်းကင်ဂူဝိညာဉ်နှင့် ဆက်သွယ်နိုင်ဖို့ နည်းလမ်းစုံသုံး၍ ကြိုးစားမည်။ စာချုပ်ချုပ်ခွင့်ရလာနိုင်သည်။ စတွေ့တွေ့ချင်း ထိုဝိညာဉ် သူ့ကိုဆရာတင်ဖို့တော့ မျှော်လင့်၍ရမည်မဟုတ်။

ကောင်းကင်ဂူဝိညာဉ် မည်သည့်အချိန်က မွေးဖွားခဲ့သည်မသိ။ နှစ်ပေါင်းအတော်ကြာရှင်သန်ခဲ့သည်ကတော့ သေချာသည်။ ကောင်းကင်ဂူနယ်မြေထဲမှ အရာများကိုသာ မြင်ခွင့်ရမည်ဆိုလျှင်ပင် အတော်အတွေ့အကြုံများနေမည်မှာသေချာသည်။ အနာဂတ်တိုးတက်လမ်းကိုသာမမြင်လျှင် ဖုန်ချင်အန်းကို လာဆက်သွယ်မည်မဟုတ်။

“ဖုန်သခင်လေး၊ ကျုပ်ကိုစောင့်ပါဦး”

စင်မြင့်ထက်တွင် နတ်ဆိုးချီများ မှေးမှိန်သွားသည်။ သခင်လေးနှစ်ယောက် သိမ်းငှက်နက်ကိုယ်စီစီး၍ ဖုန်ချင်အန်းနောက်မှ ခပ်ခွာခွာလိုက်ကြသည်။

ကောင်းကင်တွင် အတားအဆီးမရှိ။ နတ်ဆိုးတစ်သောင်းနိုင်ငံက ရှောင်မိသားစု ထိန်းချုပ်မှုအောက်တွင်ရှိသည်။ လမ်းတစ်လျှောက် စိတ်ဝင်စားစရာနေရာများစွာ မြင်ရသည်။

နတ်ဆိုးတစ်သောင်းနိင်ငံသည် တကယ်နာမည်နှင့်လိုက်ဖက်သည်။ ပုံစံတူမျှော်စင်များကို မြင်ရသည်။ နတ်ဆိုးမျိုးနွယ်နေထိုင်သည့် နေရာများစွာ မြင်ရသည်။ ထိုနတ်ဆိုးတို့၏အသွင်အပြင်ကိုကြည့်၍ အသွင်ပြောင်းဆေးလုံးထုတ်လုပ်သည့် သမားတော်တို့၏ပါမီကို ဖုန်ချင်အန်း ချီးကျူးမိသည်။

ကျယ်ပြန့်သည့် လွင်ပြင်တွင် လူတစ်ဝက်မြင်းတစ်ဝက်နတ်ဆိုးများ လှံနှင့်လေးမြားကိုယ်စီကိုင်၍ အမဲလိုက်ထွက်ရန်ပြင်နေသည်။ အသွင်ပြောင်းဆေးစားပြီး အသွင်ပြောင်းလဲနေဆဲဖြစ်သည့် မြင်းနတ်ဆိုးများဖြစ်သည်။

ကျောက်ကမ်းပါးစွန်းတစ်နေရာတွင် ငှက်မျိုးနွယ်များ နေထိုင်ကြသည်။ လူတစ်ဝက်ငှက်တစ်ဝက် ခန္ဓာကိုယ်များဖြစ်သည်။ ပုံပန်းသဏ္ဌာန်က ထူးဆန်းသော်လည်း တစ်မျိုးတစ်မည် ဆွဲဆောင်မှုရှိနေသည်။ တောအုပ်တစ်နေရာတွင် သမင်နှင့်တူသည့် နတ်ဆိုးများရှိသည်။ ခေါင်းတွင် ဦးချိုရှိသည်။ ဒူးအောက်ပိုင်းက သမင်ခြေထောက်ပုံစံမျိုးဖြစ်နေသည်။

ရွှံ့ညွန်နှင့်စိမ့်စမ်းထူသည့် နေရာများတွင် မြွေအသွင်ပြောင်းနတ်ဆိုးမများရှိသည်။ ဦးခေါင်းသာ လူနှင့်တူသည်။ တစ်ချို့က ကိုယ်တစ်ပိုင်း အသွင်ပြောင်းပြီးဖြစ်သည်။ လူသားမိန်းမနှင့် သွင်ပြင်လက္ခဏာတူသည့် မြွေမများလည်း ရှီနေသည်။

ကောင်းကင်တွင် ဆယ်မိုင်ကျော်ပျံသန်းပြီးနောက် ဖုန်ချင်အန်းနားလည်လာသည်။ နတ်ဆိုးကောင်းကင်ဂူသည် မပြည့်စုံသည့် အနေအထားဖြစ်သော်လည်း နတ်ဆိုးမျိုးနွယ်များကို အထောက်အပံ့ပေးနိုင်စွမ်း ရှိနေသေးသည်။

အသွင်ပြောင်းဆေးလုံးများ ရနိုင်သည့်အချက်တစ်ခုတည်းကပင် အပြင်လောက တောင်တန်းနှင့်မြစ်ချောင်းများမှ နတ်ဆိုးများထက် သာလွန်နေပေသည်။ အသွင်ပြောင်းဆေးသည် စွမ်းအားတိုးစေနိုင်သည့် အာနိသင်မရှိ။ သို့သော် အသိဉာဏ်တိုးတက်ရန် များစွာအထောက်အကူပြသည်။ အသိဉာဏ်သည် ရှင်သန်ရပ်တည်ရန် အခြေခံလိုအပ်ချက်ဖြစ်သည်။

“သူတို့ ဘာလို့ကြည့်နေတာလဲ”

ထူးခြားချက်တစ်ခုကို ဖုန်ချင်အန်း သတိပြုမိသည်။

သူတို့ ကောင်းကင်မှ ပျံသန်းသွားချိန်တွင် အသွင်ပြောင်းနတ်ဆိုးများက သူတို့ကိုမြင်သည်နှင့် နေရာတင်ရပ်၍ စိတ်အားထက်သန်စွာ မော့ကြည့်နေကြသည်။ တစ်စုံတစ်ခု ဆုလာဒ်ရရန် မျှော်လင့်နေပုံမျိုးဖြစ်သည်။

"ဟားဟားဟား။ အောက်ဘက်ကသမင်နတ်ဆိုးကို သခင်ဖုန်မြင်လား။ အခုချိန် အောက်ကိုဆင်းပြီး အကြီးဆုံးသမင်ဖိုကိုရှာမယ်။ သူ့မိန်းမနဲ့သမီးတွေကို လိုချင်တယ်လို့ ပြောလိုက်မယ်ဆိုရင် အဲဒီ့သမင်ဖိုက ဒေါသမထွက်တဲ့အပြင် ကျေးဇူးတောင်တင်ဦးမှာ။ သခင်ဖုန် စိတ်အနှောက်အယှက်မဖြစ်အောင် လေပြင်းတွေကိုတောင် သူကကာကွယ်ပေးနေဦးမှာပါ”

*****************************************