← Chapters

အလဲအလှယ်

Vol. 21 Ch. 307

အလဲအလှယ်

Vol. 21 Ch. 307

သို့သော် အလျင်စလိုလုပ်လျှင် ကောင်းကျိုးမရှိနိုင်။ ထိုဝိညာဉ်သည် အထီးကျန်စွာ နေထိုင်ခဲ့ရဟန်ရှိသော်လည်း “ငါမင်းရဲ့ဆရာဖြစ်ချင်တယ်” ဟု တိုက်ရိုက်ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းက ပိုကောင်းမည်ဟု တွေးမိသည်။

“သူတို့ကငါ့ကို မမြင်နိုင်ကြဘူးလေ။ မင်းလိုလူသားမျိုးနွယ်တွေအတွက်ဆို ငါက လေပြင်းလို၊ ရုတ်တရက် ပေါ်လာတဲ့ တောမီးလိုမျိုးပဲ။ လူသားတွေကို နှစ်တစ်ထောင်နီးပါး ငါလေ့လာကြည့်ခဲ့တာပါ။ ဒါပေမယ့် ငါရှိနေတာကို သူတို့လုံးဝမရိပ်မိဘူး”

စကားသံက ဝမ်းနည်းသံစွက်နေပြီး မိုးခြုန်းသံလို ကျယ်လောင်လွန်းသဖြင့် ဖုန်ချင်အန်းရပ်နေသည့်မြေပြင် တုန်ခါသွားသည်။

စကားလုံးတိုင်း အပြုအမူတိုင်းက ထူးဆန်းနေသည်။

ဖုန်ချင်အန်း တစ်ခုသတိပြုမိလာသည်။ သူ့ရင်ပတ်ထဲမှ အလင်းနဂါးလေး အပြင်ထွက်လာပြီး ကောင်းကင်သို့မော့ကြည့်နေသည်။

တောင်နက်နှင့်ပိုင်ယော် အဆက်အသွဘ်ပြတ်သွားသည်။ တောင်နက်ရှိနေကြောင်း အန္တရာယ်ကင်းကြောင်း ဖုန်ချင်အန်း အာရုံခံနိုင်သည်။ ပြဿနာက အကွာအဝေးမဟုတ်။ လောကတစ်ခုတည်း အတူရှိမနေသောကြောင့်ဖြစ်သည်။

“ထင်တဲ့အတိုင်းပါလား”

နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ဖြင့် နဂါးသံချပ်ကာ၏မြင်ကွင်းကို သူမြင်ရသည်။ လျှပ်စီးများ လေပြင်းများ တိမ်တိုက်များ ဝုန်းဆန်နေသည်ကိုသာ သူမြင်ရသည်။

ထိုမှလွဲလျှင် ဘာမှမရှိ။ ခေါင်းကိုးလုံးသတ္တဝါကို မမြင်ရ။ နဂါးသံချပ်ကာ နားမလည်နိုင်အောင်ဖြစ်နေသည်။ မမြင်ရသော်လည်း တစ်ခုခုရှိနေသည်ကိ အာရုံရနေသည်။

သူတို့ရှေ့မှ ဂူဝိညာဉ်သည် ပုံရိပ်ဖြစ်စေ ခန္ဓာအစစ်ဖြစ်စေ သာမန်သေမျိုးများ သာမန်ကျင့်ကြံသူများ မြင်နိုင်စွမ်းမရှိ။

သူကိုယ်တိုင် ကိုယ်ထင်ပြလျှင်ပင် ကောင်းချီးမြေထဲမှ ထူးခြားသည့် ကောင်းကင်နမိတ်တစ်ခုအဖြစ်သာ မြင်ရသည်။ မိုးမြေကြားမှ သဘာဝအပြောင်းအလဲမျိုးဖြစ်သည်။ သဘာဝအတိုင်းဖြစ်ပေါ်နေသည့် ကပ်ဆိုးမျိုး၊ ကောင်းချီးမျိုးဖြစ်သည်။

ကျင့်ကြံသူများပင် ထိုဝိညာဉ်ရှိနေသည်ကို နားလည်ရန်ခဲယဉ်းမည်။ ‌ရှေ့တည့်တည့်ရောက်နေလျှင်ပင် သတိမထားမိနိုင်ပေ။

သန့်စင်ယန် ရုပ်ခန္ဓာဗီဇစွမ်းရည်။

တိုက်ခိုက်စွမ်းအားမျိုးမရှိသော်လည်း မယုံကြည်နိုင်စရာ အာရုံထက်မြက်မှုကို ပေးစွမ်းနိုင်သည်။ ပြင်ပပုံရိပ်ယောင်များက မလှည့်စားနိုင်။ မိုးမြေကြားမှ အမှန်တရားကို မြင်နိုင်စွမ်းရှိသည်။

“လူသားမျိုးနွယ်က မင်းလိုလူတစ်ယောက်ပဲ ငါ့ဖြစ်တည်မှုကို သိနိုင်တာ။ ဒါပေမယ့် ငါမွေးဖွားကတည်းက မင်းတစ်ယောက်ပဲ ဒီနေရာကို ဝင်လာဖူးသေးတယ်”

ကြီးမားသည့်ဦးခေါင်းက ဖုန်ချင်အန်းနားသို့ အနီးကပ်ငုံ့ဆင်းလာသည်။ မျက်လုံးများက လူတစ်ယောက်အရွယ်အစားထက် ပိုကြီးသည်။ အနက်ရောင်ဒေါင်လိုက်မျက်လုံးသူငယ်အိမ်ကို အနီးကပ်မြင်နေရသည်။ ဖုန်ချင်အန်း၏ရုပ်ကို သေချာမှတ်ထားလိုပုံရသည်။

“ငါဘာမှမလုပ်တာတောင် မင်းငါ့ကိုမြင်တယ်။ ငါရှိနေတာကို မင်းသိတယ်။ ငါ့စကားကို မင်းကြားတယ်။ ငါ့ကို မင်းစကားပြောနိုင်တယ်။ ငါအတော်လေး ပျော်မိပါတယ်။ မင်းနာမည်ဘယ်လိုခေါ်လဲ လူသား”

“ဖုန်ချင်အန်းပါ။ မင်းနာမည်က‌ရော”

ဦးခေါင်းကိုးလုံး ဝိုင်းထားခံရသော်လည်း အကြောက်တရားက တဖြေးဖြေးပျောက်ကွယ်သွားသည်။ နာမည်ကို အလိုက်သင့်ပြန်ဖြေသည်။ ထိုသတ္တဝါသည် ထင်ထားသည်ထက် ပေါင်းသင်းရပိုလွယ်ကူသည်။

“ကျိုးလင်ပါ။ ဒါက ငါ့ကိုယ်ငါပေးထားတဲ့ နာမည်။ မင်းသဘောမကျရင် တစ်ခြားနာမည်တစ်ခု ပြောင်းခေါ်လို့ရပါတယ်”

မြင်ဖူးသမျှတွင် စွမ်းအားအမြင့်ဆုံး သတ္တဝါဖြစ်သော်လည်း သဘောထားက ထင်မထားလောက်အောင် ကောင်းသည်။ နှိမ့်ချမှုရှိသည်။ ထို့ကြောင့် ဖုန်ချင်အန်း သဘောကျသည်။

“မင်းနာမည်က အတော်ကောင်းပါတယ်။ ပေးထားပြီးသားနာမည်ကို ဘာလို့ပြောင်းနေတော့မှာလဲ”

“နာမည်ဆိုတာ အခေါ်ခံရမှ အဓိပ္ပါယ်ရှိတဲ့အရာပါ။ အခု မင်းတစ်ယောက်ပဲ ငါနဲ့ဆက်သွယ်နိုင်တာလေ။ ဒီတော့ မင်းသဘောကျမှ ဖြစ်မှာပေါ့”

ရှေ့တည့်တည့်မှ အကြီးဆုံးဦးခေါင်းက ကျိုးကြောင်းသုံးသပ်ပြသည်။

“ကောင်းပြီလေ၊ ဒီနေ့ကစလို့ ငါမင်းကို ကျိုးလင်လို့ခေါ်မယ်”

“စိတ်မကောင်းစရာပဲ ဖုန်ချင်အန်း။ မင်းသာ နတ်ဆိုးမျိုးနွယ်ဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ”

ရှေ့တည့်တည့်မှဦးခေါင်းက ဝမ်းနည်းသံစွက်၍ ပြောပြန်သည်။

“ဘာလို့လဲ၊ ငါနတ်ဆိုးမျိုးနွယ်ဖြစ်ခဲ့ရင် ဘာလုပ်မလို့လဲ။ သခင်အဖြစ် လက်ခံမလို့လား”

တစ်ဘက်က စပြောလာသဖြင့် အခွင့်အရေးကို လက်လွတ်မခံဘဲ ထပ်မေးလိုက်သည်။

ဂူဝိညာဉ်၏ စွမ်းအားအဆင့်များက မြင့်မားလွန်းသည်။ တုန်ဟွမ်းလို ကိုယ့်စွမ်းအားကိုယ် အပြည့်အဝထိန်းချုပ်နိုင်ဖို့ မဖြစ်ပေ။

ကျိူးလင်နှင့် စာချုပ်ချုပ်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားနိုင်သည်။ ဝိညာဉ်စာချုပ်မှရလာမည့် တန်ပြန်စွမ်းအင်ကို ခံနိုင်ရည်မရှိနိုင်။ လောလောဆယ် မဖြစ်နိုင်သေး။

“ဟုတ်တယ်၊ ဒါပေမယ့် မင်းကနတ်ဆိုးမဟုတ်တာ ဆိုးတာပဲ”

ကျိုးလင် အတည်ပြုလိုက်သဖြင့် ဖုန်ချင်အန်း စိတ်အားတက်ကြွလာသည်။ သို့သော် ဆန္ဒကိုထိန်း၍ စိတ်ရှည်ရှည် မေးမြန်းသည်။ သူပိုသိချင်သည်။ ဂူဝိညာဉ်၏ ဇာတ်ရုပ်အမှန်ကို ပိုနားလည်ချင်သည်။

ဥပမာ ဘယ်နတ်ဆိုးမျိုးနွယ်က ကောင်းကင်ဂူကို ဖန်တီးခဲ့သနည်း။ ဘာကြောင့် ပျက်စီးခဲ့သနည်း။ ပျက်စီးလွန်း၍ ကောင်းချီးမြေဟုပင် လူသားများ အထင်မှားခဲ့သည်။ ကောင်းကင်ဂူဝိညာဉ် ဘာကြောင့်ပေါ်လာသနည်း။

အားလုံးကို သူစုံစမ်းရမည်။ တိုက်ရိုက်မေးလည်း ရနိုင်ပါသည်။ သို့သော် သွယ်ဝိုက်မေးခြင်းက ပိုအဆင်ပြေလောက်သည်။

“မင်းက သခင်တစ်ယောက်ရဖို့ စိတ်အားထက်သန်နေတာလား”

အသိဉာဏ်ပေါ်လာကတည်းက လွတ်လပ်သည့်ဝိညာဉ် ဖြစ်ခဲ့သည်။ တစ်ခြားတစ်ယောက်အပေါ် မှီခိုစရာမလို။ အဘယ်ကြောင့် သခင်ရှာဖို့စိတ်ဝင်စားနေသည်မသိ။

“စိတ်အားထက်သန်တာမဟုတ်ဘူး။ ဒီကောင်းကင်ဂူက လုံလောက်အောင်စွမ်းအားမြင့်တဲ့ သခင်တစ်ယောက် လိုအပ်လို့ပါ”

ဂူဝိညာဉ် အမှန်အတိုင်းဖြေသည်။

“ဒီကောင်းကင်ဂူ ပျက်စီးနေတာ မင်းလည်းသိမှာပါ။ ပြန်ပြင်ဖို့လိုတယ်။ ဒါပေမယ့် ငါ့စွမ်းအားက ကောင်းကင်ဂူထဲမှာပဲ ကန့်သတ်ထားတာ။ အပြင်လောကမှာ သက်ရောက်မှုမရှိဘူး။ ဒါကြောင့် သခင်တစ်ယောက်လိုအပ်တယ်”

“ကောင်းကင်ဂူထဲမှာ နတ်ဆိုးမျိုးနွယ်တွေ အများကြီးရှိနေတာပဲ။ ဒီနေရာကလည်း နတ်ဆိုးတွေ ကြီးထွားတိုးတက်ဖို့ ထောက်ပံ့ပေးနိုင်တယ်။ ဘယ်လိုနတ်ဆိုးဖြစ်ဖြစ် ဒီကိုရောက်လာရင် အပြင်ကမ္ဘာမှာထက် အသိဉာဏ်နိုးထတာ ပိုမြန်ပါတယ်။ သင့်တော်တဲ့နတ်ဆိုးတစ်ယောက်ရှာချင်ရင် ကိုယ့်ဘာသာ မွေးထားလိုက်ပေါ့”

ရှောင်မိသားစု ထိုကောင်းကင်ဂူကို အုပ်ချုပ်ခဲ့သည်မှာ နှစ်တစ်ထောင်ကြာခဲ့သည်။ ဤကောင်းကင်ဂူဝိညာဉ်၏ သက်တမ်း မည်မျှရှိပြီသူမသိ။ ရှောင်မိသားစု မအုပ်ချုပ်မီကတည်းက ရှိခဲ့ခြင်းဖြစ်မည်။

“အဲလောက် ဘယ်ရိုးရှင်းမှာလဲ။ ငါကြိုးစားကြည့်ပြီးပြီ။ ငါအခုချိန်ထိ မွေးမြူခဲ့တဲ့ အကောင်းဆုံးနတ်ဆိုးတောင် ငါရှိနေတာကို အာရုံမခံနိုင်သေးဘူး။ ငါရှိမှန်းမသိတဲ့ နတ်ဆိုးကိုငါ့သခင်အဖြစ် အသိအမှတ်ပြုပြီး ဘဝကိုးပါးကောင်းကင်ဂူကို ထိန်းချုပ်ခိုင်းလို့ ဘယ်ရမှာလဲ။ ပျက်စီးနေတဲ့ ကောင်းကင်ဂူတစ်ခုဆိုပေမယ့် သူတို့က အရည်အချင်းမမီဘူး”

ကျိုးလင် ခေါင်းခါသည်။ စိတ်ပျက်နေပုံရသည်။ ကောင်းကင်ဂူတွင်နေထိုင်သည့် နတ်ဆိုးများစွာရှိပါသည်။ သို့သော် စံအရည်အသွေးမမီကြ။

“ဘယ်လိုနတ်ဆိုးဖြစ်မှ အရည်အချင်းမီမှာလဲ”

နတ်ဆိုးမျိုးနွယ်ကို သီးသန့်လိုချင်နေလျှင် တောင်နက် သို့မဟုတ် စန်းမြောင်ကို စမ်းကြည့်ခိုင်း၍ရသည်။

“မဟာသူတော်စင်ဖြစ်လာနိုင်ခြေရှိတဲ့ နတ်ဆိုးမျိုးပေါ့”

ဖုန်ချင်အန်း အသံတိတ်သွားသည်။ သူ့သားရဲနှစ်ကောင် ဖြစ်နိုင်ခြေသိပ်မရှိ။

“မဟာသူတော်စင်ဆိုတာ ဘယ်လိုမျိုးလဲ”

“နတ်ဆိုးတွေကြားက အဓိပဓိနတ်ဆိုးတွေကို မဟာသူတော်စင်လို့ ခေါ်တယ်။ သီးခြားစွမ်းအားအဆင့်မျိုးမဟုတ်ဘူး”

“ဒါဆို ဒီကောင်ကင်ဂူရဲ့ မူလသခင်က မဟာသူတော်စင်တစ်ယောက်ပေါ့”

“ဟုတ်တယ်၊ ငါနိုးထပြီးတော့ ပြန်မှတ်မိတဲ့မှတ်ဉာဏ်တွေအရ ဘဝကိုးပါးကောင်းကင်ဂူရဲ့သခင်ဟာ နတ်ဆိုးမျိုးနွယ် မဟာသူတော်စင်ပဲ။ သူသေပြီးတော့ သူ့ဝိညာဉ်ကနေ ငါမွေးဖွားလာတာ”

“အဲဒီ့မဟာသူတော်စင်ကို မင်းတစ်ခါမှမတွေ့ဖူးဘူးပေါ့”

“မတွေ့ဖူးဘူး။ ဝိုးတဝါးပဲ မှတ်မိတယ်”

“ဒါဆို မဟာသူတော်စင်ဖြစ်လာနိုင်တဲ့ နတ်ဆိုးတစ်ယောက်ဖြစ်မှပဲ ကောင်းကင်ဂူကို တရားဝင်အမွေဆက်ခံနိုင်တယ်ပေါ့”

“ဟုတ်တယ်၊ အဲလောက်မှအရည်အချင်းမရှိရင် ကောင်းကင်ဂူကို မူလအတိုင်း ပြန်ပြုပြင်ဖို့ မဖြစ်နိုင်ဘူး”

***************************************

All Chapters