← Chapters

ဆင်တူပန်းတစ်ပွင့် (၂)

Vol. 21 Ch. 315

ဆင်တူပန်းတစ်ပွင့် (၂)

Vol. 21 Ch. 315

သမမျှတသည့် ဗုဒ္ဓကိုယ်တော်ထံမှ အလင်းရောင်မှိန်မှိန် ထွက်ပေါ်နေသည်။ တည်ငြိမ်အေးချမ်းသည့် အသွင်မျိုးရှိသည်။

လူအုပ်ကြီးကို သူမျက်လုံးဝေ့ကြည့်သည်။ အားလုံးက သူ့ကိုကြည့်ညိုစိတ်အပြည့်ဖြင့် ကြည့်နေသည်။ ရိုင်းရိုင်းစိုင်းစိုင်း မပြောရဲကြ။ ခရမ်းရွှေရောင်သပိတ်ဖြင့် နတ်ဆိုးဖမ်းသည်ကို ကိုယ်တွေ့မြင်ခဲ့သူများက ပို၍ကြောက်ရွံ့ရိုသေနေကြသည်။

“ဆရာတော်၊ ဟိုကလေးနှစ်ယောက်ကို ကြည့်ပါဦးရှင်။ ဟူမျိုးရိုးက လူသားဖြစ်ပေမယ့်။ သူ့မိန်းမက နတ်ဆိုးပါ။ သူတို့သားသမီးတွေဟာ နတ်ဆိုးမဟုတ် လူသားမဟုတ်တွေ ဖြစ်ပါလိမ့်မယ်။ သူတို့ကိုလည်း ခေါ်သွားပေးပါလား”

မြင့်မြတ်သည့်ကိုယ်တော်ပင် လူသားစိတ်နှလုံးကို ဖိနှိပ်ရန် မတတ်နိုင်။ တစ်ချို့လူများက အတွန့်တက်ကြသည်။ ငိုယိုနေသည့် သနားစကာ ကောင်လေးနှင့်ကောင်မလေးကို စကားကြမ်းကြမ်းဖြင့် ထိုးနှက်ကြသည်။

“မင်းတို့သောက်ပါးစပ်တွေ ပိတ်ထားစမ်း ခွေးမသားတွေ။ ငါ့ကလေးတွေကို ဘယ်သူထိရဲသလဲကွ”

သူ့သားသမီးများကို ထိပါးရန်ကြိုးစားလာသဖြင့် ဟူမျိုးရိုး သားရဲတစ်ကောင်လိုဖြစ်လာသည်။ မျက်လုံးများ နီရဲလာသည်။ မဆင်မခြင်ပြောလိုက်သည့်မိန်းမကို စူးစူးရဲရဲစိုက်ကြည့်နေသည်။

ထိုမိန်းမ နောက်သို့ခြေတစ်လှမ်းဆုတ်သွားပြီး သူ့ယောက်ျားနောက်တွင် ပုန်းလိုက်သည်။ ထို့နောက် ဘုန်းကြီးငယ်ကိုကြည့်၍ အရဲစွန့်ပြီး လှမ်းပြောပြန်သည်။

“ဒီလူ့ကိုကြည့်ပါဦး ဆရာတော်။ သူ့ကို နတ်ဆိုးမက ပြုစားထားတာဖြစ်မယ်။ သူဟာ နတ်ဆိုးတစ်ပိုင်းလူတစ်ပိုင်းဖြစ်နေတာ သေချာပါတယ်။ အားလုံးကို ခေါ်သွားပေးပါ။ သူတို့ရှိနေရင် ကျွန်မတို့ ဘယ်လိုလုပ် စိတ်ချလက်ချနေရဲမှာလဲ”

“ဟုတ်ပါတယ် ဆရာတော်။ မိန်းမက နတ်ဆိုးဆိုရင် သားသမီးတွေကလည်း နတ်ဆိုးပါပဲ။ ဒီလူက နတ်ဆိုးနဲ့ အကြာကြီးအတူနေခဲ့တာ။ သူအခု ပုံမှန်မဟုတ်တော့ပါဘူး။ သူတို့အားလုံးကို ခေါ်သွားပေးပါ”

ထိုမိန်းမစကားကို ထောက်ခံအားပေးသံများ ပေါ်လာပြန်သည်။ သာမန်လူတို့သည် နတ်ဆိုးများကို ကြောက်ရွံ့မုန်းတီးကြသည်။ နတ်ဆိုးနှစ်လူ ချစ်ကြိုက်သည့် ပုံပြင်များရှိသော်လည်း နတ်ဆိုးက လူကိုစားသည့် ဒဏ္ဍာရီများက ပိုများသယောင်ရှိသည်။

ထို့ကြောင့် နတ်ဆိုးပေါ်လာသည်နှင့် အမြစ်ဖြတ်ရှင်းပစ်လိုကြသည်။ နတ်ဆိုးနှင့်ပတ်သက်သည့် အရာအားလုံးကို သူတို့လက်မခံကြ။

အန္တရာယ်အနှောက်အယှက်ကင်းစေရန် နတ်ဆိုးနှင့်ဆက်စပ်သမျှအားလုံး ဘုန်းကြီးငယ်ကို ရှင်းပေးစေချင်ကြသည်။

ဘုန်းကြီးက နတ်ဆိုးဖမ်းလိုက်သည်ဟူသည့် သတင်းကြောင့် လာစပ်စုကြသူများလည်း လွတ်လပ်စွာ ဝင်ဆွေးနွေးကြသည်။ သူတို့က ပွဲကြည့်ရုံသက်သက် လာကြခြင်းဖြစ်သည်။

“ဒီကလေးနှစ်ယောက်ကို နတ်ဆိုးကမွေးတာလား။ မဟုတ်လောက်ပါဘူး။ ချစ်စရာလေးတွေပါ။ ဘယ်လိုလုပ် နတ်ဆိုးဖြစ်နိုင်မှာလဲ”

“နတ်ဆိုးလှည့်စားထားတာကို တစ်ခါကြည့်ရုံနဲ့ ဘယ်လိုခွဲခြားသိမှာလဲကွ”

“ဟုတ်ပါ့။ ဟိုကလေးမကို ကြည့်လိုက်။ ရုပ်ကလေးက ပြောစရာမရှိအောင် ထူးခြားနေတာ။ လူသားတစ်ယောက်က ဒီလောက်လှနိုင်ပါ့မလား”

“ဟေ့ သူက နတ်ဆိုးပေါက်စလေးဖြစ်မယ်။ ဆရာတော် သူတို့ကိုခေါ်မသွားရင် သူကြီးလာတဲ့အခါ ယောက်ျားတွေအများကြီး ဒုက္ခရောက်ကုန်မျာပေါ့”

ဘေးကြည့်ပရိတ်သတ်က မဆီမဆိုင် အားတက်သရော ဝင်ဆွေးနွေးကြပြန်သည်။ ကလေးများကိုပင် ချမ်းသာမပေးကြ။ ငိုနေသည့်ဟူမျိုးရိုး မျက်နှာအကြီးအကျယ် ပျက်လာသည်။ မျက်လုံးများက ကျားနာတစ်ကောင်လို ဒေါသရောင်တောက်လာသည်။ သို့သော် တဖြေးဖြေးများလာသည့်လူအုပ်ကို သူရင်မဆိုင်နိုင်။

ထို့အပြင် သူ့အဝတ်အစားကလည်း သာမန်လူဖြစ်ကြောင်း သိသာနေသည်။ လူချမ်းသာများ အရာရှိများနှင့် အဆက်အသွယ်ရှိသူ မဖြစ်နိုင်။

“အော်မီတော်ဖော်”

လူတို့စိတ်နှလုံးမှ အမုန်းဒေါသကို ခံစာမိသဖြင့် ဗုဒ္ဓမန္တာန်ကို ဘုန်းကြီးငယ် နောက်တစ်ကြိမ် ရွတ်ဖတ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် သူ့အသံက လူအုပ်ကြား၌ မိုးခြုန်းသံလို မြည်ဟိန်းသွားသည်။ ဆူညံနေသည့် မိန်းမများ မူးဝေသလိုဖြစ်လာသည်။ စကားသံများ တိတ်သွားသည်။

“ကျုပ်ဟာ နတ်ဆိုးတွေကို နှိပ်ကွပ်ရှင်းလင်းနိုင်တဲ့အစွမ်းပဲ ရှိတယ်။ လူသားကိစ္စတွေအပေါ် လွှမ်းမိုးခွင့် မရှိပါဘူး”

ပြောနေရင်းမှ ကလေးများကို ကာကွယ်နေသည့် ဟူမျိုးရိုးကို ကရုဏာသက်ဟန်ဖြင့် ငုံ့ကြည့်သည်။

“သူတို့အားလုံးဟာ လူသားမျိုးနွယ်ပါ။ နတ်ဆိုးစွမ်းအင်အကြွင်းအကျန်လည်း သူတို့ကိုယ်မှာမရှိပါဘူး။ စိတ်ချပါ ဒကာတော်တို့”

“သေချာရဲ့လား ဆရာတော်”

ဘုန်းကြီးငယ်အထပ်ထပ်ပြောနေသော်လည်း ကိုယ့်အသက်အိုးအိမ်လုံခြုံရေးအတွက် လူအုပ်ကြီး သံသယမကင်းဖြစ်နေကြသည်။

လူသားနှင့်နတ်ဆိုးပေါင်းဖက်ခဲ့သည့် ကိစ္စကြောင့် အနီးအနားမှလူများ ကြောက်လန့်နေသည်။ မည်သို့ဆိုစေ နတ်ဆိုးတို့သည် လူသားများကို စားသောက်သည်။ ညာဉ့်နက်သန်းခေါင် သူတို့အိမ်ထဲသို့ ခိုးဝင်လာပြီး ဒုက္ခပေးမည်ကို ကြောက်ကြသည်။

“သံသယဖြစ်စရာမလိုပါဘူး”

ဘုန်းကြီးငယ်က ကြောက်လန့်နေသည့်လူအုပ်ကို နှစ်သိမ့်သည်။ သို့သော် သူနှင်ထုတ်လိုက်သည့် နတ်မင်းများ ပြန်ရောက်လာကြသည်။ သူ့တုံ့ပြန်မှုကြောင့် ပို၍အားကြီးသည့်နတ်မင်းများ ဆင်းလာသည်။

"ဘုန်း”

ရွှေရောင်အလင်းတစ်ခု လမ်းမပေါ် ကျဆင်းလာသည်။ ခံ့ညားသည့်စွမ်းအင်ရောင် ပေါ်လာသည်။ သာမန်လူများ လုံးဝမမြင်ရသော်လည်း အဆင့်တစ်ခုရောက်နေသည့် ကျင့်ကြံသူများ စွမ်းအင်ဖိအားကြောင့် အသက်ရှူကြပ်မတတ်ဖြစ်သွားသည်။

စန္ဒကူးနံ့လည်း လေထဲတွင် သင်းပျံ့လာသည်။

ဤနေရာသည် ဖုန်ထန်မြို့တော်ဖြစ်သည်။ တာ့ကျင်း၏ ဒုတိယမြို့တော်။ ယခင်မင်းဆက်၏ မြို့တော်ဟောင်း။

ဖွံ့ဖြိုးတိုးတက်မှုက သာမန်ပြည့်နယ်မြို့တော်များ ယှဉ်မရ။ သန်းပေါင်းများစွာသော် လူသားများ နေထိုင်ကြသည်။ ဘေးမှရောက်လာသည့် ကုန်သည်များ စစ်သည်တော်များကို ထည့်မတွက်သေး။ လူသားမျိုးနွယ်တိုးတက်မှုကြောင့် ကိုးကွယ်ယုံကြည်မှုနှင့် နတ်မင်းတို့စွမ်းအားလည်း အထွတ်အထိပ်သို့ ရောက်နေသည်။

ဖုန်ထန်နတ်မင်းတို့၏စွမ်းအားမျိုး ဖုန်ချင်အန်း တစ်ခါမှမမြင်ခဲ့ဖူး။ ဆင်းလာသည့်အဖွဲ့တွင် အားအနည်းဆုံးနတ်မင်းသည်ပင် သူမြင်ဖူးသမျှတွင် အားအကြီးဆုံးနတ်မင်းဖြစ်နေသည်။ သို့သော် သူတို့သည် မြို့တော်၏ စွမ်းအားအမြင့်ဆုံး နတ်မင်းများမဟုတ်သေး။

အမျိုးအစား - မွှေးတိုင်ဝိညာဉ်၊

ဗီဇ - နတ်ဘုရား၊ သရဲ၊ ယင်

စွမ်းရည် - မိုနာ့၊ အလတ်တန်း

တိုက်ခိုက်စွမ်းအား - မိုနာ့၊ အလတ်တန်း

ဖုန်ထန်မြို့တော်၏ စစ်နတ်မင်းဖြစ်သည်။

ပေသုံးဆယ်ခန့်မြင့်သည့် ရွှေသံချပ်ကာဝတ် စစ်နတ်မင်းကို ဖုန်ချင်အန်း တအံ့တဩ ကြည့်နေသည်။ စစ်နတ်မင်းပင် ထိုအဆင့်မျိုးရှိနေလျှင် မြို့တော်နတ်ဘုရားသည် မည်မျှစွမ်းအားကြီးမည်မသိ။

အင်ပါယာအဆင့်ဖြစ်နိုင်သည်။

အမှတ်တကယ် ဖြစ်နိုင်သည်။

“ဘယ်က နတ်ဆိုးဘုန်းကြီးလဲကွ။ နတ်စွမ်းအားကိုပြပြီး ပြည်သူတွေကြားမှာ ပြဿနာရှာရဲတယ်ပေါ့။ အခုချက်ချင်းအညံ့ခံပါ။ မဟုတ်ရင်တော့ ဒုက္ခရောက်မယ်မှတ်”

စစ်နတ်မင်းက တစ်ခြားနတ်အရာရှိများ စစ်သည်များနှင့်အတူ ဆင်းလာသည်။ သူတို့စွမ်းအားများ အတူပူးပေါင်း၍ ဘုန်းကြီးငယ်ကို ဖိနှိပ်ထားကြသည်။

ဘုန်းကြီးငယ်၏ ရည်ရွယ်ချက် မည်သို့ရှိသည်ဖြစ်စေ မြို့တော်ထဲတွင် စွမ်းအားထုတ်သုံးခြင်းသည် စည်းမျဉ်းစည်းကမ်း ချိုးဖောက်ခြင်းပင်ဖြစ်သည်။ မြို့တော်ကိုတာဝန်ယူထားသည့် နတ်မင်းများ နတ်ဘုရားများရှိနေသည်။ ထိုဘုန်းကြီး ထိုသို့စွမ်းအားပြနေလျှင် နောင်တစ်ချိန် သာမန်လူများ မည်သူ့ကိုပူဇော်ကန်တော့ကြမည်နည်း။ ဆက်ရှင်းပြစရာမလိုပါ။

“အော်မီတော်ဖော်၊ ကျုပ်ဒီနေရာကို ရောက်တဲ့အချိန် နတ်ဆိုးတစ်ယောက်တွေ့တယ်။ ဘယ်သူမှ တာဝန်ယူဖြေရှင်းတာမတွေ့လို့ ကျုပ်နှိပ်ကွပ်ခဲ့တာပါ”

ဘုန်းကြီးငယ်၏ နှုတ်ခမ်းများက လုံးဝမလှုပ်။ အားကောင်းသည့် ဗုဒ္ဓကျမ်းရွတ်သံက ဘေးပတ်လည်သို့ ပဲ့တင်ထပ်သွားသည်။

“ငါတို့ကို မျက်ကန်းထင်နေလား။ ဒီနေရာမှာနေတဲ့ ငါးဝိညာဉ်ဟာ မကောင်းမှုတွေတစ်ခါမှ မလုပ်ဖူးဘူး။ ကောင်းမှုကုသိုလ်တွေပဲ အများကြီးလုပ်ခဲ့တဲ့ ဝိညာဉ်ကျင့်ကြံသူပါ။ ဒီနေ့ကျမှ မင်းလိုနတ်ဆိုးဘုန်းကြီးကြောင့် ငြိမ်းချမ်းမှု ပျက်စီးရတယ်။ ဒါမင်းကြောင့်ဖြစ်ရတာပဲ”

စစ်နတ်မင်းနောက်မှ နတ်အရာရှိတစ်ယောက်က ဒေါသတကြီးလှမ်းပြောသည်။

ပွဲလာကြည့်သည့် ဖုန်ချင်အန်းနှင့် တစ်ခြားကျင့်ကြံသူများ အမြင်ကျယ်သွားသည်။ တစ်ချို့က ကျိတ်ရယ်နေသည်။

“ဒီဘုန်းကြီးက ဖုန်ထန်နတ်မင်းတွေကို အကန်းလို့ထင်နေပုံပဲ။ ရောက်ရောက်ချင်း ငါးဝိညာဉ်ကိုဖမ်းလိုက်တယ်။ ဒါဟာ မြို့တော်နတ်မင်းတွေကို မလေးစားတာပဲ”

“ဒီမြို့ထဲက နတ်ဆိုးတွေအားလုံး မြို့တော်နတ်မင်းတွေခွင့်မပြုဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ။ ဒီဘုန်းကြီး ဒီလောက်အတင့်ရဲရအောင် ဒီနေရာကို ဘာထင်နေလဲ”

“ဒါ နတ်စွမ်းအားပြချင်တိုင်းပြလို့ရတဲ့နေရာမဟုတ်ဘူး။ မသေမျိုးတွေတောင် မြို့တော်နတ်ဘုရားဘုံကျောင်းကို လေးစားရတယ်။ သူဘာလို့ ဒီလောက်အတင့်ရဲတာလဲ”

ဘေးမှ တီးတုးပြောဆိုနေသံများ ကြားရသဖြင့် ဖုန်ချင်အန်း စိတ်ဝင်စားသွားပြန်သည်။

ဖုန်ထန်မြို့တော်တွင် နတ်ဆိုးတစ်သောင်းမျှော်စင်ရှိသည်။ နတ်ဆိုးနိုင်ငံသို့သွားသည့်လမ်းကြောင်း ဖွင့်ထားသည်။ မြို့တော်နတ်မင်းများ နတ်ဆိုးများအပေါ် သည်းခံနိုင်စွမ်းက တစ်ခြားဒေသများထက် သာလွန်သည်။ သို့သော် လူသားများကို ဒုက္ခပေးခွင့်တော့ မပြု။

“လူသားနဲ့နတ်ဆိုး ချစ်ကြိုက်တယ်ဆိုတာ လူသားစံနှုန်းကို ဆန့်ကျင်ပြီး သဘာဝအစီအစဉ်ကို သွေဖယ်တာပဲ။ ဒါကို မင်းတို့ လျစ်လျူရှုထားတယ်ပေါ့”

နတ်ဆိုးတစ်ချို့ ဒေါသထွက်သွားကြသည်။ ဘုန်းကြီး၏အသွင်က တည်ကြည်ခံ့ညားသည်။ ရွှေရောင်ကောင်းကင်နဂါးရိပ် သူ့နောက်ဘက်တွင် ဖျတ်ခနဲဖျတ်ခနဲ ထွက်ပေါ်နေသည်။ နဂါးစွမ်းအင်ရောင်ကို ခဏတာထုတ်သုံးလိုက်သည်နှင့် သူ့အပေါ်ကျနေသည့် နတ်မင်းတို့၏စွမ်းအင်ဖိအားများ ချက်ချင်းပျက်စီးသွားလေသည်။

******************************************

All Chapters