← Chapters

အခန်း (၁၀၅)

Vol. 8 Ch. 105

အခန်း (၁၀၅)

Vol. 8 Ch. 105

အပြင်ဘက်တွင် ရှိနေသည့် လူအုပ်ကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ကြ၏။ ၎င်းတို့သည် အသက် အန္တရာယ် မရှိတော့ပေ။ တော်ဝင်သဲကန္တာရမြို့တစ်ခုလုံးသည် ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည်သွား၏။ ၎င်းတို့၏ စိုးရိမ်ပူပန်မှုသည်လည်း ပျောက်ကွယ်သွား၏။ သို့ပေမဲ့ စောဏတုန်းက ဖြစ်ပျက်ခဲ့သည့် အသေးစိတ် အချက် အလက်များသည် နှလုံးသားထဲမှ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ချေ။

ပတ်ဝန်းကျင် တည်နေရာတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ခပ်ဝေးဝေးတည်နေရာဆီသို့ သွားရောက်၍ စုဝေးကြပြန်၏။ လက်ရှိအချိန်မှာတော့ မိုင်တစ်သိန်းပတ်ချာလည်အတွင်းတွင် တော်ဝင်သဲကန္တာရမြို့သည် အကြီးမားဆုံးမြို့ကြီး ဖြစ်သည်သာမက အလုံခြုံဆုံးမြို့လည်း ဖြစ်လို့နေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်လျှို့ဝှက် နန်းဆောင် တည်ရှိနေသောကြောင့်ပင်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ကျေးဇူးတင်ရပေလိမ့်မည်။ အထူးသဖြင့် လီယွင် ကြားဝင်လှုပ်ရှားပြီးသည့် နောက် အရာအားလုံး ဖြေရှင်းနိုင်ခဲ့သည်ဆိုသော သတင်းသည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ပင် ကျင့်ကြံခြင်းလောက တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။

နတ်ဘုရားကပ်ဘေးအပြစ်ဒဏ်ကို ခေါ်ဆောင်နိုင်စွမ်းရှိနေသည့် လူတစ်ယောက် - ထိုသူသည် အဘယ်သို့ သာမန်လူ တစ်ယောက် ဖြစ်မည်နည်း။ ထို့အပြင် ကောင်းကင်ဘုံကပ်ဘေးကို ရင်ဆိုင်ဖို့ ဆိုသည်မှာ လူတော်တော်များများတို့ စဉ်းစားမိသည့်အရာမျိုး မဟုတ်ချေ။ နတ်ဘုရားကပ်ဘေးအပြစ်ဒဏ်ဆိုသည်မှာ ပိုမိုကာ ဆိုးရွားလွန်းလှ၏။ ထိုသတင်းကို ကြားသည့် မည်သူမဆို ချီးကျူးမှုအပြည့်ဖြင့် သက်ပြင်းချမိကြသည်။

ကောင်းကင်၏ လျှို့ဝှက်ချက်များကို ထုတ်ဖော် တွက်ချက်နိုင်စွမ်းရှိသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပီသစွာပင် တကယ် ချီးကျူးထိုက်ပေ၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းမှာတော့ လီယွင်သည် ခုံတန်းရှည်တစ်ခုပေါ်တွင် လှဲလျက်ရှိ၏။ ၎င်း၏ လက်ချောင်းများသည် ခုံ၏လက်ရန်းကို အသာခေါက်လျက်ရှိ၏။ စည်းချက်ကျနစွာဖြင့် ခေါက်လျက်ရှိသည့် ခုံခေါက်သံသည် အခန်းထဲတွင် ပျံ့နှံ့နေသည်။

“ရောင်စဉ်အလင်းနတ်အရှင်” လီယွင်၏ ပါးစပ်ဆီမှ ထိုစကားလုံး ထွက်ပေါ်လာ၏။ ပြောရမည်ဆိုလျှင် မျက်လုံး ထဲတွင် အေးစက်သည့်အလင်းတန်းများ ဖြစ်တည်လို့နေသည်။ လူပေါင်းများစွာတို့ကို စေလွှတ်ကာဖြင့် ၎င်း၏ အိမ်ရှေ့ တံခါးဝနားတွင် အစီအရင်များကို လာရောက်ကာ ဖန်တီးခဲ့၏။ ကြည့်ရသည်မှာ ရောင်စဉ်အလင်းနတ်အရှင်သည် သင်ခန်းစာကောင်းကောင်း ယူခဲ့ပုံ မပေါ်ပေ။

“ပြီးတော့ ကောင်းကင်နတ်ဆိုးနန်းတော်လည်း ရှိသေးတာပဲ” လီယွင်သည် အသာမျက်မှောင်ကုတ်လိုက်မိ၏။ ဤအဖွဲ့အစည်းသည် သူနှင့် ရင်းနှီးလှသည် မဟုတ်ပေ။ အရင်တုန်းကလည်း တစ်ခါမှ မကြားဖူးချေ။ သို့ပေမဲ့ ရောင်စဉ်အလင်းနတ်အရှင်နှင့် ပူးပေါင်းလှုပ်ရှားသည် ဆိုမှတော့ ရိုးရှင်းလှသည့်အရာမျိုး မဟုတ်တော့ချေ။

ဂုဏ်သိက္ခာ ထည်ဝါလှပါသည်ဆိုသော ရောင်စဉ်အလင်းနတ်အရှင်သည် လမ်းမှန်ဂိုဏ်းသား တစ်ယောက်ဖြစ်သည် ဆိုသော်လည်း အဘယ်ကြောင့် နတ်ဆိုးကျင့်ကြံသူတစ်ယောက်နှင့် ပူးပေါင်းကာ လျှို့ဝှက် ဆောင်ရွက်နေရသနည်း။ ဤသတင်းသည်သာ ပျံ့နှံ့သွားသည်ဆိုပါက အားလုံးသောသူတို့ တုန်လှုပ်သွားမည်မှာ သံသယ မရှိနိုင်ပေ။ အားလုံးသောသူတို့ စိတ်ဝင်စားရသည့်အရာမျိုး ဖြစ်ပေါ်လာပေလိမ့်မည်။

“ဟင်း... အင်း” လီယွင်သည် ငုတ်တုတ်ထထိုင်ပြီးသည့်နောက် သူ၏စိတ်ကို ပိုင်းဖြတ်လိုက်၏။ သူသည် ကောင်းကင်လျှို့ဝှက်အမှတ်များကို အသုံးပြုခြင်းမရှိဘဲ ရရှိလာသည့် သတင်းအချက်အလက်များကို ထုတ်လွှင့်ရန် ဆုံးဖြတ်လိုက်တော့၏။ သူသည် လက်ကို အသာဆွဲမြောက်ပြီးသည့်နောက် အပြင်ဘက်ရှိ ကျောက်တုံးပေါ်တွင် သတင်းအချက်အလက်များကို စတင်တင်ရန် အဆင်သင့် ဖြစ်လို့နေခဲ့သည်။

ထိုအချိန်မှာပဲ လူငယ်တစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာခဲ့၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဒီမှာရှိလား သိပါရစေ”

“ကြက်သွေးရောင်မီးတောက် နတ်နယ်မြေကလား”

လီယွင်သည် လက်ကို အသာချပြီးသည့်နောက် အသစ် ဝင်ရောက်လာသူကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် အမှတ်မထင် မေးမြန်းလိုက်သည်။ “ရောင်စဉ်အလင်း နတ်အရှင်ကိစ္စလား”

“ဟမ်”

လူငယ်သည် ကြောင်အသွား၏။ သူသည် ကြက်သွေးရောင်မီးတောက် နတ်နယ်မြေဆီမှ တည်နေရာ ရွေ့ပြောင်းခြင်းအဆောင်ကြီး တစ်ခုကို အသုံးပြု၍ ချက်ချင်းရောက်ရှိလာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ သူ ဘာမှ မပြောရသေးချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် တစ်စုံတစ်ခုကို သိရှိနေပုံပေါ်၏။

“ကျုပ်တို့ နတ်အရှင်က ကောင်းကင်လျှို့ဝှက်နန်းဆောင်နားကို ရောက်ခဲ့သေးလား”

“မရောက်ခဲ့ဘူး” လီယွင်သည် ခေါင်းကိုခါယမ်းလိုက်သည်။

“ဟင်း” လူငယ်၏ အမူအရာသည် ပျက်ယွင်းသွား၏။

“လီအနေနဲ့ ပြောနိုင်တာကတော့ ခင်ဗျားတို့ နတ်အရှင်အနေနဲ့ အချိန်အခါမဟုတ် ရောက်ရှိလာခဲ့တာပဲ။ သူက သတ်ဖြတ်ခြင်းအစီအရင်ထဲကို ရောက်သွားခဲ့တယ်လေ။ သူ့အနေနဲ့ သာမန်ထက်ပိုတဲ့ ပါရမီမျိုးကို ပိုင်ဆိုင်တယ်ဆိုပေမဲ့ နတ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူ အဆင့်မှာပဲ ရှိနေသေးတယ်”

လီယွင်သည် လူငယ်ကို လှမ်းကြည့်ကာ ပြောလိုက်၏။ “နတ်အဆင့် ကျင့်ကြံခြင်းအဆင့်နဲ့ သူတော်စင်အဆင့် သတ်ဖြတ်ခြင်း အစီအရင်ထဲကို ဝင်ရောက်သွားတယ်ဆိုတော့ ဖြစ်ပေါ်လာနိုင်တဲ့ ရလဒ်ကို ကျုပ် ထပ်ပြီး ထုတ်ပြောဖို့ မလိုတော့ဘူးလို့ ထင်တယ်”

“သူတော်စင်အဆင့် အစီအရင် ဟုတ်လား”

လူငယ်သည် မျက်မှောင်ကုတ်သွားမိ၏။ ပြီးနောက် ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။ “စီနီယာ... ပြောချင်တာက တစ်စုံတစ်ယောက်က အစီအရင်တစ်ခုကို လာပြီး ဖန်တီးထားတယ်။ ပြီးတော့ ကျုပ်တို့ နတ်အရှင်က အဲအစီအရင် ကြောင့် သေဆုံးသွားခဲ့တယ်။ အဲလိုလား”

“အတိအကျပဲ”

လီယွင်သည် ခေါင်းညိတ်လိုက်၏။ ပြီးနောက် အပြင်ဘက်ကို လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “ခင်ဗျား မယုံဘူးဆိုရင် အပြင်ကို ထွက်မေးလိုက်လေ။ တော်ဝင်သဲကန္တာရမြို့မှာရှိတဲ့ လူပေါင်း များစွာက ဒါကိုသိတယ်”

“နန်းဆောင်သခင်.. ခင်ဗျား မှန်ပါတယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ ဂုဏ်သိက္ခာကို ကျုပ်တကယ်ပဲ ယုံကြည်ပါတယ်”

လူငယ်က ပြောလိုက်၏။ သူ့အနေနှင့် အလောသုံးဆယ် လာခဲ့ရသည်ဖြစ်သောကြောင့် တော်ဝင် သဲကန္တာရမြို့ထဲတွင် ဖြစ်ပျက်ခဲ့သည့်အရာများကို စုံစမ်းစစ်ဆေးရန် အချိန်မရခဲ့ကြပေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် သူ့ကို မလိမ်ညာ၊ မလှည့်စားဆိုသော အချက်ကို သူယုံကြည်လို့နေခဲ့၏။ သို့သော်ငြား သူ့ကို သံသယရှိစေသည်မှာ အပြင်ဘက်မှ ရောက်ရှိလာသည့်အချိန်တွင် အစီအရင်၏ အကြွင်းအကျန်များ တော့ ရှိနေသေးသည်ကို သူ အာရုံမခံမိခြင်းပင်။ ပျက်ဆီး ပျောက်ကွယ်သွားခဲ့သည် ဆိုလျှင်တောင်မှ လေဟာနယ်ထဲတွင် အရိပ်အငွေ့ သဲလွန်စများတော့ ကျန်ရှိနေသင့်သည် မဟုတ်ပါလား။

“အစီအရင်က ကျုပ်ကြောင့် ပျက်စီးသွားခဲ့ပြီ”

လီယွင်သည် တစ်ချက်လှမ်းကြည့်ကာဖြင့် ဆက်ပြောလိုက်၏။ “ပုံမှန်အားဖြင့် ခင်ဗျား အစီအရင်ရဲ့ အော်ရာတွေကို အာရုံခံနိုင်မှာ မဟုတ်ဘူး”

“ပျက်ဆီးသွားပြီ ဟုတ်လား” လူငယ်သည် ကြောင်အသွား၏။ လက်ရှိအချိန်မှာတော့ သူ၏အတွေးတစ်ခုလုံး ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် သိရှိနေသည် ဆိုသည့်အကြောင်းကိုပင် သူက သတိမေ့လျော့နေခဲ့၏။ သူတော်စင် အဆင့် အစီအရင်ဆိုသည်မှာ အမှတ်မထင်ဆိုသလိုဖြင့် ချိုးဖြတ်၍ ရနိုင်သည့်အရာမျိုး မဟုတ်ချေ။

မည်ကဲ့သို့သော အားအင်အဆင့်ကို ပိုင်ဆိုင်သနည်း။ တော်ဝင်သူတော်စင်တစ်ယောက်ပင်လျှင် ထိုအရာကို ပြုလုပ်နိုင်စွမ်း မရှိချေ။ ဖြစ်နိုင်သည်မှာ တစ်ဖက်လူသည် ကွာစီအင်ပါယာတစ်ယောက် ဖြစ်နေသည်လား။ သူ့အနေနှင့် ထုတ်ကာမေးမြန်းချင်မိ၏။ နန်းဆောင်သခင်သည် တကယ်ပင် အားကောင်းလှသူတစ်ယောက် ဖြစ်သည်ဆိုပါက သူတို့၏ နတ်အရှင်ကို အဘယ်ကြောင့် မကယ်တင်ရသနည်း။ သို့ပေမဲ့ သူသည် ထိုကဲ့သို့ မေးမြန်းချင်စိတ်ကို ထိန်းသိမ်းထားရ၏။

ဤလောကထဲတွင် မိမိစိတ်သဘောကျ ပြုမူဆောင်ရွက်၍ ရနိုင်သော စွမ်းအားမြင့် ကျင့်ကြံသူ အများအပြား တည်ရှိလို့နေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည် ထိုကဲ့သို့သော လူများထဲမှ တစ်ယောက် ဖြစ်ပေလိမ့်မည်။

လက်ရှိအခြေအနေမှာတော့ အစီအရင်ကို ဖန်တီးခဲ့သည်လူသည် မည်သူဖြစ်သည်ဆိုသည့် အကြောင်းကို သိချင်သောကြောင့် သူ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် အနေနှင့် အသက်မကယ်သည် ဆိုသည့်အကြောင်းကို သွားရောက် မေးခွန်းထုတ်သည်ဆိုပါက သူ၏ လာရင်း ရည်ရွယ်ချက် အားလုံး ပျက်စီးသွားပေလိမ့်မည်။

“နန်းဆောင်သခင် အနေနဲ့ အစီအရင်ကို ဘယ်သူဖန်တီးခဲ့တယ်ဆိုတာ သိပါသလား” ရှစ်ရှန်းနန်သည် စုံစမ်း မေးမြန်းလိုက်၏။

“သိတာပေါ့” လီယွင်က တုံ့ပြန်လိုက်သည်။

“ကျေးဇူးပြုပြီး” ရှစ်ရှန်းနန် တစ်ယောက် ပြောရန်ပြင်နေရင်းမှာပဲ ရုတ်တရက် ရပ်တန့်သွားခဲ့၏။ သူသည် လက်ဝါးကို အသာဖြန့်ပြီးသည့်နောက် နတ်အဆင့်ဆေးလုံး နှစ်ပုလင်းကို ထုတ်ဖော်လိုက်၏။ ပြီးနောက် အသာကမ်းပေးကာ ပြောလိုက်၏။ “ကျေးဇူးပြုပြီး နန်းဆောင်သခင်.. ကျုပ်ကို သတင်းအချက်အလက်တွေ ပေးပါအုံး”

“ကောင်းပြီ”

လီယွင်၏ အပြုံးများသည် ပိုမိုကာ တောက်ပသွားခဲ့၏။ သူသည် ဆေးလုံးကို လက်ခံပြီးသည့်နောက် ဖြည်းညှင်းစွာ ပြောလိုက်၏။ “အစီအရင် အကြီးအကဲ ငါးယောက်တို့ပဲ။ ရှန်းရှန်က”

...........

All Chapters