← Chapters

အခန်း (၁၀၇)

Vol. 8 Ch. 107

အခန်း (၁၀၇)

Vol. 8 Ch. 107

“နန်းဆောင်သခင်.... သေချာလေး ညွှန်ပြပေးပါအုံး” ရှစ်ရှန်းနန်သည် အားတက်သရောဖြင့် မေးမြန်းလိုက်၏။

“ကောင်းပြီ”

လီယွင်သည် စနစ်၏ ကိုယ်ရေးအကျဉ်းကို ပိတ်ပြီးသည့်နောက် သေချာစဉ်းစားတွေးတောလျက် ရှိနေသည်။ “ကျုပ် ဒီအချိန်မှာ ပြောသင့်၊ မပြောသင့် စဉ်းစားနေတာ။ ကြက်သွေးရောင်မီးတောက် နတ်နယ်မြေ အနေနဲ့ ကြောက်စိတ်တော့ မရှိဘူးမို့လား”

“နောက်နေတာပဲ နန်းဆောင်သခင်”

ရှစ်ရှန်းနန်သည် ရယ်သွမ်းသွေးကာဖြင့် ပြောလိုက်၏။ “ကြက်သွေးရောင် မီးတောက် နတ်နယ်မြေက လွန်ခဲ့တဲ့နှစ်ပေါင်းသောင်းချီ ကတည်းက ရပ်တည်နေခဲ့တာပါ။ များပြားလွန်းတဲ့ အန္တရာယ်တွေကို ကျော်ဖြတ်ခဲ့တာပဲ။ ကျေးဇူးပြုပြီး နန်းဆောင်သခင် နှောင့်နှေးခြင်း မရှိဘဲ ပြောသာပြောလိုက်ပါ”

“ကောင်းပြီ။ ဒါဆိုလည်း”

လီယွင်သည် ခေါင်းကိုညိတ်ကာဖြင့် ဆက်ပြောလိုက်သည်။ “အချက်အလက်အားဖြင့် ရောင်စဉ်အလင်းနတ်အရှင်က ကောင်းကင်နတ်ဆိုးနန်းတော် အရင်ခေါင်းဆောင်ရဲ့ သားတစ်ယောက်ပဲ”

“အမ်.. ရောင်စဉ်အလင်းနတ်အရှင်က ကောင်းကင်နတ်ဆိုးနန်းတော် အရင်ခေါင်းဆောင်ရဲ့သား ဟုတ်လား” ရှစ်ရှန်းနန်သည် အံ့အားသင့် သွားမိ၏။

“အမ်”

ရုတ်တရက် ရှစ်ရှန်းနန်၏ မျက်နှာသွင်ပြင်သည် ပြောင်းလဲသွား၏။ သူသည် မသေမချာဖြင့် ပြန်လည်ကာ မေးမြန်းလိုက်သည်။ “စီနီယာ... စီနီယာပြောနေတာ အရင်ရောင်စဉ်အလင်းနတ်အရှင်လား ဒါမှမဟုတ် ကောင်းကင်နတ်ဆိုးနန်းတော်ရဲ့ အရင်ခေါင်းဆောင်ကို ပြောတာလား”

“ကောင်းကင်နတ်ဆိုးနန်းဆောင်ရဲ့ အရင်ခေါင်းဆောင်ကို ပြောတာ” လီယွင်သည် တစ်ချက်လှမ်းကြည့်ကာဖြင့် စိတ်တိုသည့် ဟန်ပန်ဖြင့် ပြောပြလိုက်သည်။

“ကောင်းကင်နတ်ဆိုးနန်းတော်ရဲ့အရှင် ဟုတ်လား” ရှစ်ရှန်းနန်သည် ကြောင်အသွား၏။ သူသည် သစ်သားရုပ်ကြီး တစ်ခုကဲ့သို့ တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိပြီး အချိန်အတော်ကြာသည်အထိ မတုံ့ပြန်နိုင်ခဲ့ချေ။

ဘယ်လို ဖြစ်နိုင်မည်နည်း။ ကောင်းကင်နတ်ဆိုးနန်းတော်၏ အရင် ခေါင်းဆောင်ဟောင်း၏သားသည် ရောင်စဉ်အလင်းနတ်အရှင် ဖြစ်လို့နေခဲ့၏။ ကြောက်မက်ဖွယ်ရာ ကိစ္စရပ်ကြီး တစ်ခုပင်။

ကောင်းကင်နတ်ဆိုးနန်းဆောင် အနေနှင့် ရောင်စဉ်အလင်းနတ်နယ်မြေ တစ်ခုလုံးကို ချုပ်ကိုင်နိုင်ရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

“သူ ဘယ်လိုများ လုပ်ခဲ့တာလဲ”

ရှစ်ရှန်းနန်သည် တုန်ယင်သွားခဲ့မိ၏။ ဤသတင်းအချက်အလက်သည် သူ့ကျောရိုးမကြီးများပင် စိမ့်တက် သွားစေခဲ့၏။

နတ်နယ်မြေများ၏ တပည့်ခေါ်ယူမှု စည်းကမ်းများသည် တကယ်ပင် တင်းကျပ်လွန်းလှ၏။ ပါရမီရှင်များ ကိုသာလျှင် ခေါ်ယူရုံသာမက သေသေချာချာလည်း စိစစ်ရွေးချယ်ကြ၏။ ထိုကဲ့သို့သော နေရာမျိုးကို ရောက်ရှိရန်အတွက် အလွန်သန့်ရှင်းလှသည့် မိသားစု၏ နောက်ခံကလည်း လိုအပ်နေ၏။ အပြစ်အနာအဆာ တစ်ခုရှိသည်ဆိုပါက နတ်နယ်မြေတစ်ခုထဲသို့ ဝင်ရောက်ခွင့် ရရှိလိမ့်မည် မဟုတ်ချေ။

ရောင်စဉ်အလင်းနတ်အရှင်သည် တကယ်ပင် တိကျသေချာစွာဖြင့် ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပြီး ရောင်စဉ်အလင်း နတ်အရှင်ဆိုသည့် ဂုဏ်ပုဒ်ကိုပင် ရယူနိုင်ခဲ့၏။ ကောင်းကင်နတ်ဆိုးနန်းတော်ဆီမှ အကြီးအကဲနှင့် အတူ ပူးပေါင်း လှုပ်ရှားဆောင်ရွက်ခြင်း မရှိပါက အားလုံးသောသူများသည် အဖြစ်မှန်ကို သိရှိနိုင်လိမ့်မည် မဟုတ်ချေ။

“နန်းဆောင်သခင်... တကယ်လို့ အမှားအယွင်းရှိနေမလား သိချင်လို့ ပြန်ပြီး တွက်ချက်ကြည့်လို့ ရနိုင်သေးလား” ရှစ်ရှန်းနန်သည် အသာမေးမြန်းလိုက်၏။ သတင်းအချက်အလက်သည် သူ့အား ယုံကြည်ရန် တွန့်ဆုတ်စေခဲ့သည်။

လီယွင်၏ မျက်နှာအမူအရာ တစ်ခုလုံးသည် မဲမှောင်သွား၏။ သူသည် သဘောမတွေ့သလို ပြောလိုက်၏။ “ခင်ဗျားက ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ ဂုဏ်သိက္ခာကို လာပြီး စော်ကားနေတာလား”

“မဟုတ်ပါဘူး။ မဟုတ်ပါဘူး”

ရှစ်ရှန်းနန်သည် လက်ကိုအသာယမ်းခါကာ ပြောလိုက်သည်။ “ရတဲ့ သတင်း အချက်အလက်တွေက တကယ့်ကို မယုံကြည်နိုင်သလို ခံစားရတယ်လေ။ မှန်တာပဲဖြစ်ဖြစ်၊ မှားတာပဲဖြစ်ဖြစ် သက်သေရှိမှ ယုံကြည်မှာပေါ့”

လီယွင်သည် ကြည့်ကာဖြင့် ပြောလိုက်၏။ “ခင်ဗျားဆီမှာ ဝိညာဉ်ရှာဖွေခြင်းစွမ်းရည် ရှိတယ်မလား။ သူ့ရဲ့ ဝိညာဉ်ကို ရှာဖွေကြည့်လိုက်လေ။ ဒါဆိုရင် အစစ်အမှန်တရား အကုန်လုံး ပေါ်သွားလိမ့်မယ်”

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နန်းဆောင်သခင်” ရှစ်ရှမ်းနန်သည် လက်သီးကို ဆုပ်ကာဖြင့် ဂါရဝ ပြုလိုက်သည်။

အများကြီး သိခဲ့ပြီးသည့်နောက် သူ၏ပထမဦးဆုံး ဦးစားပေးသည် သူ၏ နတ်နယ်မြေတွင် ရှိနေသည့် စီနီယာများကို မြန်မြန်ဆန်ဆန်ဖြင့် သွားရောက်သတင်းပေးရန်ပင်။ လက်ရှိအချိန်တွင် သူသည် ရောင်စဉ်အလင်း နတ်အရှင်ကြားတွင် ရှိနေသည့် အကြောင်းအရာများ အားလုံးကို ပြန်လည်ကာ ပြောဆိုရပေလိမ့်မည်။ အနည်းငယ် နှောင့်နှေးသွားမည်ဆိုပါက ဆိုးရွားလှသည့် အကျိုးဆက်များကို ရရှိနိုင်၏။

ရောင်စဉ်အလင်းနတ်နယ်မြေမှ လူများသည် ဤကိစ္စကို သတိပြုခဲ့သည်လား။ သတိမပြုခဲ့ဘူးလား ဆိုသည်ကို သူ မသေချာလှပေ။ ရောင်စဉ်အလင်းနတ်အရှင်သည်သာ ကောင်းကင်နတ်ဆိုးနန်းတော်နှင့် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ဘူးဆိုလျှင် မည်သို့ဖြစ်မည်နည်း။ ဖြစ်နိုင်ဖွယ်ရာသည် သေးငယ်သည်ဆိုသော်လည်း မဖြစ်နိုင်စရာလည်း မရှိချေ။ ဤကဲ့သို့သာ တကယ်တမ်းဖြစ်သည်ဆိုပါက ကြက်သွေးရောင်မီးတောက် နတ်နယ်မြေအတွက် ဖြေရှင်းရန် ခက်ခဲသည့် စိန်ခေါ်မှုတစ်ခုလည်း ဖြစ်လာပေလိမ့်မည်။

“ဘာပဲပြောပြော အရေးကြီးတဲ့ကိစ္စတစ်ခု လုပ်စရာရှိတဲ့အတွက် ဒီနေ့ သွားခွင့်ပြုပါအုံး”

ရှစ်ရှန်းနန်၏ အမူအရာသည် မသာမယာ ဖြစ်လို့နေခဲ့၏။ ဦးညွတ်ကာ မြန်မြန်ဆန်ဆန် ထွက်ခွာသွားသည်။

“လိုက်မပို့တော့ဘူး” လီယွင်သည် အမှုမဲ့ အမှတ်မဲ့ဖြင့် လှမ်းကာပြောလိုက်၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်မှာတော့ လေအေးများ တိုက်ခတ်နေပြီး ရှစ်ရှန်းနန်သည် မြန်မြန်ဆန်ဆန်ပဲ သူ၏ ဟန်ပန်အမူအရာကို ထိန်းသိမ်းလိုက်၏။ လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခု ပေါ်ပေါက် လာခဲ့သည်။ အသက်ကို ပြင်းပြင်းရှူပြီးသည့်နောက် သူရရှိခဲ့သည့် သတင်းအချက်အလက်များ အားလုံးကို ကြက်သွေးရောင်မီးတောက် နတ်နယ်မြေဆီသို့ လှမ်းပို့လိုက်သည်။

မကြာခင်မှာပဲ ကြက်သွေးရောင်မီးတောက် နတ်နယ်မြေတွင် မိုးခြိမ်းသံကဲ့သို့ အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။

လူတစ်ယောက်သည် ရုတ်တရက် ကောင်းကင်ယံ၌ မတ်မတ်ရပ်လျက်ရှိပြီး ၎င်း၏ မျက်လုံးများသည် နေကဲ့သို့ပင် တောက်ပလျက် ရှိနေ၏။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများသည် ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေလေသည်။

“ကောင်းကင်နတ်ဆိုးနန်းတော်၊ ရောင်စဉ်အလင်းနတ်နယ်မြေ... ခင်ဗျားတို့က တကယ့်ကို ဆိုးယုတ်တာပဲ” ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာခဲ့၏။

ထိုအသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးကိုပင် တုန်ခါသွားစေခဲ့၏။ ဘေးတစ်ဖက်တွင် ရှိနေသည့် တောင်ကြီးတစ်ခုလုံးသည် ပြိုလဲလုမတတ်ပင် ဖြစ်လို့နေသည်။ မိုင်သန်းနှင့်ချီ ပတ်လည်တွင် တည်ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးသည် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။ အားလုံးသော သူတို့သည် ကြောက်လန့်တကြားဖြင့် ဒူးပင်ထောက်မိကြသည်။

“ကြက်သွေးရောင်မီးတောက် နတ်နယ်မြေ ဘာဖြစ်တာလဲ”

“သူတို့ရဲ့ ဘိုးဘေးကြီး ဘယ်လိုဖြစ်ပြီး ရုတ်တရက် ပေါ်ပေါက်လာရတာလဲ။ ပြီးတော့ ဘယ်လိုဖြစ်ပြီး အင်ပါရီယာလက်နက်ကို ကိုင်ဆောင်ထားခဲ့တာလဲ။ သူတို့ တခြားနယ်မြေနဲ့ သွားပြီး တိုက်ခိုက်တော့မလို့လား”

ရေတွက်လို့မရအောင် များပြားလှသည့် လူများသည် တုန်လှုပ်သွားခဲ့ကြ၏။ ကြောက်လန့်မှုများ၏ အကြားတွင် စပ်စုလိုမှုများလည်း ပါဝင်လျက် ရှိနေ၏။

ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီးသည် အဘယ်ကြောင့် ရောင်စဉ်အလင်းနတ်နယ်မြေနှင့် ကောင်းကင်နတ်ဆိုးနန်းတော်တို့အကြောင်းကို အော်ဟစ်ကာ ပြောဆိုနေရ သနည်း။

All Chapters