← Chapters

အခန်း (၁၁၂)

Vol. 8 Ch. 112

အခန်း (၁၁၂)

Vol. 8 Ch. 112

“ကြက်သွေးရောင်မီးတောက်မီးအိမ်လား”

ရောင်စဉ်အလင်းနတ်နယ်မြေထဲမှာတော့ အကြီးအကဲတစ်ယောက်သည် ကောင်းကင်ယံတွင်ရှိနေသည့် ရှေးမီးအိမ်ကြီးတစ်ခုကို ကြည့်ရှုရင်း တံတွေးပင် မျိုချလိုက်မိ၏။ သူ၏ မျက်နှာတစ်ခုလုံးသည် အလွန်အမင်း ဖြူလျော်လျက်ရှိနေ၏။

သူသည် အဖြေရှာမရပေ။ ဘာတွေဖြစ်ကုန်သနည်း။

ရောင်စဉ်အလင်းနတ် နယ်မြေနှင့် ကြက်သွေးရောင်မီးတောက်နတ်နယ်မြေတို့သည် ရင်းနှီးပတ်သက်သည့် ဆက်ဆံရေး မရှိသည်ဆိုသော်လည်း ရန်ငြိုး၊ အာဃာတတရားများ တည်ရှိသည်လည်းမဟုတ်ချေ။ တံခါးမုဂ်ဝ ရှေ့ဆီသို့ အင်ပါယာ လက်နက် ကိုင်ဆောင်ကာ ရောက်ရှိလာခြင်းဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ သေဆုံးသည်အထိ တိုက်ခိုက်ရန် ရည်ရွယ်ထားနေသည်လား။

“ကြက်သွေးရောင်မီးတောက်နတ်နယ်မြေက လူတွေရူးသွားပြီလား။ ကျုပ်တို့ ရောင်စဉ်အလင်းနတ် နယ်မြေကို အထင်သေးနေတာလား။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ကြက်သွေးရောင် မီးတောက်နတ်နယ်မြေက ဒီလိုမျိုး ရောင်စဉ်အလင်းနတ်နယ်မြေကိုလာပြီး ပထမဦးဆုံး ရန်စရဲတဲ့ ဂိုဏ်းကဏ္ဍ တစ်ခု ဖြစ်လာခဲ့ပြီပဲ”

“ကျေးဇူးပြုပြီး တပည့်တွေကို ဦးဆောင်ပြီး တံခါးပိတ်ကျင့်ကြံနေတဲ့ ဘိုးဘေးကို ထွက်လာဖို့အတွက် သွားပြောရအောင်။ ကြက်သွေးရောင်မီးတောက်နတ်နယ်မြေကို ဖိနှိပ်ဖို့အတွက် အင်ပါရီယာလက်နက်ကို ပြန်ပြီး အသုံးပြုမှ ဖြစ်မယ်”

“အတိအကျပဲ။ ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို ဘယ်တော့မှလာပြီး စိန်ခေါ်လို့ မရဘူး။ ကြက်သွေးရောင်မီးတောက်နတ်နယ်မြေတစ်ခုတည်းကပဲ အင်ပါရီယာလက်နက်ရှိနေတာလား။ ကျုပ်တို့ ရောင်စဉ်အလင်းနတ်နယ်မြေမှာလည်း အင်ပါရီယာလက်နက်ရှိတယ်လေ။ တကယ်လို့ တိုက်ခိုက်ချင်တယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ သေချာသိရှိတာ မဟုတ်ဘူး”

“ကွာစီအင်ပါယာဘိုးဘေးကြီး ဘယ်ရောက်သွားလဲ။ ကွာစီအင်ပါယာဘိုးဘေးကြီးသာ တံခါးပိတ် ကျင့်ကြံရာက ထွက်လာပြီဆိုရင် ကြက်သွေးရောင်မီးတောက်နတ်နယ်မြေက ကျိန်းသေပေါက် လွတ်မြောက်မှာ မဟုတ်ဘူး”

အစပိုင်း တုန်လှုပ်မိသည်ဆိုသော်လည်း များပြားလှသော ရောင်စဉ်အလင်းနတ်နယ်မြေဆီမှ တပည့်များ အားလုံးသည် သတိပြန်ဝင်လာခဲ့ကြ၏။ သူတို့သည့် အစပိုင်း အံ့အားသင့်မိသည်ဆိုသော်လည်း ၎င်းတို့၏ အမူအယာများသည် ရှက်ရွံ့မှု၊ ဒေါသတရားများနှင့် ရောထွေးလာခဲ့ကြ၏။

လွန်ခဲ့သည့်နှစ်များအတွင်း ရောင်စဉ်အလင်းနတ်နယ်မြေ၏ ဂုဏ်သိက္ခာတရား ဆိုသည်မှာ ကြီးကြီးမားမား ထွန်းတောက်ခဲ့သည့် အရာပင်ဖြစ်သည်။ သူတို့ဘယ်သွားသွား အားလုံးသော သူတို့သည် ဦးညွတ်ကာ ဆက်ဆံကြရသည်။

ယခု တစ်စုံတစ်ယောက်သည် သူတို့၏ တံခါးပေါက်ဝရှေ့ဆီသို့လာပြီး စိန်ခေါ်နေလေ၏။ ရောင်စဉ်အလင်း နတ်နယ်မြေအနေနှင့် ဤတစ်ကြိမ်တွင်မှ ပြန်လည်ကာ မတုံ့ပြန်ဘူးဆိုလျှင် ဂုဏ်သိက္ခာတရားသည် ကြီးကြီးမားမား ဆုံးရှုံးတော့မှာ သေချာ၏။

“ရောင်စဉ်အလင်းနတ်အရှင်ကိုပေး။ မဟုတ်ရင် ငါ ရောင်စဉ်အလင်းနတ်နယ်မြေ တစ်ခုလုံးကို ဒီနေ့ ဖျက်ဆီးပစ်မယ်” ရှေးကျလှသည့် အသံအိုသည် ထပ်မံကာ ထွက်ပေါ်လာခဲ့သည်။

အားလုံးသောသူတို့သည် ကြောင်အသွားခဲ့ကြ ၏။ အသံသည် မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်လျက်ရှိနေပြီး အားလုံးသောသူတို့၏ နားထဲသို့ စူးခနဲ ဝင်လာခဲ့၏။

“မောက်မာလိုက်တာ”

သူတော်စင်တစ်ယောက်သည် ကောင်းကင်ပေါ်သို့ လှမ်းတက်လိုက်၏။ သူသည် အစီအရင်၏ အရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် ထပ်မံကာ ပြောဆိုလိုက်သည်။ “ကြက်သွေးရောင် မီးတောက်နတ်နယ်မြေ.. ခင်ဗျားတို့က အရမ်းကိုမောက်မာလွန်းနေပြီ။ ရောင်စဉ်အလင်းနတ်အရှင်ကို လာပြီး တောင်းဆိုတယ်ဆိုတာ ကျုပ်တို့ ရောင်စဉ်အလင်းနတ်နယ်မြေက ခုခံကာကွယ်မှု မလုပ်နိုင်ဘူးလို့ ထင်နေလို့လား”

“ဟမ့်”

ကြက်သွေးရောင်မီးတောက်ဘိုးဘေးကြီးသည် နှာခေါင်းကိုရှုံ့လိုက်၏။ ပြီးနောက် သူသည် သွားကြားထဲမှ လေသံဖြင့် ပြောလိုက်၏။ “သနားစရာ ခွေးတစ်အုပ်ပဲ၊ မင်းတို့သူ့ကို နတ်အရှင်လို့ ထင်နေတာလား၊ ဒါပေမဲ့ သူ့ရဲ့မျက်လုံးထဲမှာတော့ မင်းတို့က အသုံးချခံတစ်ခုထက် မပိုဘူး၊ ရောင်စဉ်အလင်း နတ်နယ်မြေ ပျက်စီးသွားတဲ့နေ့ကျရင် မင်းတို့ အားလုံး နောင်တရလိမ့်မယ်”

“ဒီနေ့”

သူက ကြေညာလိုက်သည်။ “ကျုပ်ကိုယ်တိုင် မင်းတို့ ရောင်စဉ်အလင်းနတ်နယ်မြေ တစ်ခုလုံးကို ရှင်းလင်းပစ်မယ်”

“ဟမ့်”

စောဏတုန်းကပြောဆိုခဲ့သည့် သူတော်စင်သည် ဒေါသတကြီးဖြင့် ခွန်းတုံ့ပြန်လိုက်၏။ “ကြက်သွေးရောင်မီးတောက်နတ်နယ်မြေရဲ့ ဘိုးဘေးဆိုပြီး ကျုပ် ခင်ဗျားကို အလေးအနက်ထားခဲ့တယ်၊ စီနီယာလို့တောင် သုံးနှုန်းခဲ့သေးတယ်၊ ဒါပေမဲ့ ကျုပ်တို့ နတ်အရှင်ကို တောင်းဆိုတယ်ဆိုတာက အရမ်းကို လွန်လွန်းသွားပြီ။ ပြီးတော့ ပြောချင်ရာတွေ လျှောက်ပြောနေပါလား”

“ဪ”

ကြက်သွေးရောင်မီးတောက်ဘိုးဘေးသည် မျက်လုံးကို မှေးကျဉ်းလိုက်၏။၊ သူ၏ ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက်ရှိနေ၏။ ခေါင်းထက်တွင် ရှိနေသည့် စိမ်းပြာရောင်‌ ရှေးမီးအိမ်ကြီးသည် လေထဲတွင် မတ်မတ်ရပ်လျက် ရှိနေလေ၏။ ရေတွက်၍မရအောင် များပြားလှသည့် နတ်ဘုရားစွမ်းအင် များသည် ရေတံခွန်ကြီးကဲ့သို့ပင် ကျဆင်းကာ သူ့အား လွှမ်းခြုံထားသည်။

“နတ်အရှင်ကို ပေးမှာလား၊ မပေးဘူးလား။ ဒါမှမဟုတ်ရင်လည်း သူ့ကို အပြင်ဘက်ထွက်လာပြီး သေသေချာချာ ရှင်းရှင်းလင်းလင်းပြောခိုင်းလိုက်လေ”

ပြီးနောက် သူက ပြောလိုက်၏။ “မင်းတို့…. မင်းတို့ကတော့ ငါနဲ့ပြောဆိုဖို့အတွက် ထိုက်တန်တဲ့လူတွေ မဟုတ်ဘူး။ လင်းရှောင်ထွက်ခဲ့”

ပြောပြီးသည့်နောက် ကြက်သွေးရောင်မီးတောက်ဘိုးဘေးသည် လက်ကိုအသာမြှောက်လိုက်၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးသည့်နောက် လေထုထဲကို ထိုးနှက်လိုက်သည်။

မိုင်တစ်ထောင်ပတ်လည် အတွင်းတွင် ရေတွက်၍မရအောင် များပြားလှသည့် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းဖြစ်တည်လာခဲ့ပြီး ကြီးမားလွန်းလှသော လက်သီးရာကြီးတစ်ခုသည် လေဟာနယ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။

အဝေးမှလှမ်းကာ ကြည့်ရှုလိုက်မည်ဆိုလျှင် ဘုံကိုးပါးကိုပင် ဖျက်စီးနိုင်စွမ်းရှိသည့် လက်သီးချက်ကြီး ကဲ့သို့ပင်။ ထိုလက်သီးချက်နှင့်အတူ မိုးခြိမ်းသံများသည် တဝုန်းဝုန်းနှင့် ဖြစ်တည်လျက်ရှိသည်။

ဘုန်း

လက်သီးပုံရိပ်ယောင်ကြီးသည် ရောင်စဉ်အလင်းနတ်နယ်မြေ၏ အစီအရင်ကြီးကို ထိုးနှက်လိုက်၏။ တလက်လက် တောက်ပသည့် အလင်းတန်းများသည် အစီအရင်ဆီမှ ထွက်ပေါ်လာ၏။ သူတော်စင် အကြီးအကဲ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားခဲ့ပြီး ၎င်း၏ ဝိညာဉ်သာလျှင် လွတ်မြောက်သွားခဲ့ရ၏။ အစီအရင်ကြောင့် သာမဟုတ်ပါက ဝိညာဉ်ပါ ကျန်ရှိလိမ့်မည် မဟုတ်ချေ။

အား

ကျယ်လောင်သော အော်ဟစ်သံကြီးတစ်ခုသည် ရောင်စဉ်အလင်းနတ်နယ်မြေတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ ထိုအရာကို ကြားသည့်သူများ အားလုံးတို့သည် ကြက်သီးမွှေးညှင်းပင်ထသွားခဲ့၏။ ၎င်းတို့၏ နတ်နယ်မြေထဲတွင် ရှိနေသည့် သူတောင်စင်တစ်ယောက်သည် ကောင်းကင်ယံတွင် သွေးမြူကဲ့သို့ ပေါက်ကွဲ ထွက်သွားသည်ကို အားလုံးက မျက်မြင်တွေ့လိုက်ကြရသည်။

“ရောင်စဉ်အလင်းနတ်နယ်မြေကိုလာပြီး အဆင်အခြင်မဲ့ ဘယ်သူ လာလုပ်ရဲနေတာလဲ”

များပြားလှသည့် အကြီးအကဲများသည် ဒေါသတကြီးနှင့် ခန္ဓာကိုယ်များ တုန်ယင်လျက် ရှိနေကြ၏။ သို့ပေမဲ့ သူတို့သည် အကူအညီကင်းမဲ့နေခဲ့၏။ သူတို့၏ကျင့်ကြံခြင်းအဆင့်သည် သူတော်စင်အဆင့် သာလျှင်ရှိ၏။ အမြင့်ဆုံးမှ သူတော်စင်ဘုရင်အဆင့်သာလျှင်ရှိသည်။ ဂိုဏ်းထဲတွင် ကွာစီအင်ပါယာလည်း မရှိချေ။

လက်ရှိအခြေအနေမှာတော့ တော်တော်များများတို့သည် ရူးသွပ်လျက် ရှိနေလေ၏။ သို့ပေမဲ့ အရှေ့မှ ရောက်ရှိလာသည့်လူသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်၏။ တစ်ဖက်လူကို ထိပ်တိုက်သွားရောက်တွေ့ဆုံမည်ဆိုလျှင် နံရံကို ခေါင်းဖြင့် သွားတိုက်သည်နှင့် ဆင်တူနေမှာ သေချာ၏။

မကြာခင်မှာပဲ နဂါးကျိုင်းတုတ်ကို ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ယောက်၏ ပုံပန်းသွင်ပြင်သည် ရောင်စဉ်အလင်းနတ်နယ်မြေဆီမှ ပေါ်ပေါက်လာခဲ့၏။ သူမသည် တစ်လှမ်းချင်း လှမ်းလျှောက်သွားသည်။

“ဒါ ဒါ ... ကျုပ်တို့ ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ တော်ဝင်သူတော်စင်ပဲ၊ နောက်ဆုံးတော့ ဘိုးဘေးကြီး ထွက်လာပြီပဲ။ ကွာစီအင်ပါယာ မဟုတ်ဘူး ဆိုပေမဲ့ တော်ဝင်အင်ပါယာတစ်ယောက် ထွက်လာရုံနဲ့တင် ကြက်သွေးရောင်မီးတောက်နတ်နယ်မြေကို ကောင်းကောင်းရင်ဆိုင်နိုင်စွမ်းရှိနေပြီ”

“တာအိုရောင်းရင်းရှန်း... ရှင့်ရဲ့ရည်ရွယ်ချက်က ဘာလဲ”

နဂါးကျိုင်းတုတ်ကို ကိုင်ဆောင်ထားသည့် အဘွားအိုသည် တစ်လှမ်းချင်းလျှောက်လာပြီးသည့်နောက် ခန့်မှန်း၍ မရအောင် အားကောင်းလှသည့် အရှိန်အဟုန်များကိုလည်း ထုတ်ဖော်နေ၏။

သူမသည် အစီအရင်၏ ရှေ့ဆီသို့ရောက်ရှိလာခဲ့၏။ သူမ၏ အော်ရာများသည် ထိပ်ဆုံးအခြေအနေဆီသို့ ရောက်ရှိနေ၏။ သူမသည် မကြာခင်အချိန်တွင် အဆင့် ချိုးဖြတ်နိုင်တော့မှာဖြစ်ပြီး ကွာစီအင်ပါယာဖြစ်ရန်အတွက် ခြေတစ်လှမ်းမျှသာ လိုတော့သည်။

“ကျုပ်ထပ်ပြောမယ်။ ရောင်စဉ်အလင်းနတ်အရှင်ကို ကျုပ်ကိုပေး” ကြက်သွေးရောင် မီးတောက်ဘိုးဘေး သည် ထူးမခြားနားသလို ပြောလိုက်၏။

“ဟမ့်”

အဘွားအိုသည် ရယ်သွမ်းသွေးလိုက်၏။ သူမ၏ အိုမင်းရင့်ရော်နေသော မျက်နှာပေါ်တွင် အရေးအကြောင်းများ ဖြစ်တည်နေ၏။ သူမ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ သူမသည် အေးစက်စက်နှင့်‌ ပြောလိုက်၏။ “တကယ်လို့ ဒီအဘွားကြီးက ကြက်သွေးရောင် မီးတောက် နတ်နယ်မြေကိုသွားပြီး ကြက်သွေးရောင် မီးတောက်နတ်အရှင်ကို တောင်းဆိုမယ်ဆိုရင် ရှင် ပေးမှာလား”

“ကြက်သွေးရောင်မီးတောက်နတ်အရှင်က ရောင်စဉ်အလင်းနတ်အရှင်ရဲ့ လက်ထဲမှာ သေသွားပြီလေ” ကြက်သွေးရောင်မီးတောက်ဘိုးဘေးသည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။

“အမ်း... ဒါဆိုရင် လက်စားချေဖို့အတွက် ပြန်ရောက်လာတာပေါ့”

အဘွားအိုသည် လက်ရှိအခြေအနေမှာတော့ အခြေအနေကို နားလည်လိုက်၏။ သူမသည် အနီးပတ်ဝန်းကျင်ကို လှမ်းကာကြည့်ရှုကာဖြင့် အေးစက်စက် ပြောလိုက်သည်။

“တာအိုရောင်းရင်းရှန်း.... ရှင့်လက်ရှိ လာပြီးပြုမူဆောင်ရွက်တဲ့ပုံစံက ဆိုးရွားလွန်းတယ်။ ကျွန်မတို့ရဲ့ အကြီးအကဲကို အဆင်အခြင်မဲ့ သတ်ဖြတ်ပစ်လိုက်တဲ့အတွက် ဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးမှာလဲ”

“ဟမ်”

ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ ကြက်သွေးရောင်မီးတောက်ဘိုးဘေးသည် မျက်မှောင်ကုတ်သွားမိ၏။

သူ့အနေနှင့်တစ်ဖက်လူကို သေးငယ်လှသော အပြစ်ပေးမှုလေးသာ ပြုလုပ်ခဲ့ခြင်းသာဖြစ်၏။ ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့ခြင်းသာဖြစ်ပြီး ဝိညာဉ်မှာတော့ ကျန်ရှိနေသေးသည်။

ရောင်စဉ်အလင်းနတ်နယ်မြေ၏ လုပ်ဆောင်နိုင် စွမ်းအရဆိုလျှင် တစ်ဖက်လူအား ခန္ဓာကိုယ်အသစ် ပြန်လည်တည်ဆောက်ပေးဖို့ဆိုသည်မှာ လွယ်ကူလွန်းလှချေ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ရောင်စဉ်အလင်းနတ်နယ်မြေသည် ဘာမဟုတ်သော ကိစ္စလေးကို ပုံကြီးချဲ့လျက်ရှိ၏။ ရောင်စဉ်အလင်း နတ်နယ်မြေ၏ နတ်အရှင်အား မပေးချင်သောကြောင့် ပြောဆိုနေခြင်းသာ ဖြစ်ပေလိမ့်မည်။

“အင်း သူလျှိုတစ်ယောက်အတွက် ခင်ဗျားတို့ ရောင်စဉ်အလင်းနတ်နယ်မြေက ကြက်သွေးရောင်မီးတောက် နတ်နယ်မြေနဲ့ တကယ် တိုက်ခိုက်တော့မှာလား” ကြက်သွေးရောင်မီးတောက်ဘိုးဘေး၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွား၏။

ကောင်းကင်ယံထက်တွင် ကြက်သွေးရောင်မီးအိမ်ကြီးသည် ရောင်စဉ်အလင်းတန်းများနှင့် ထွန်းတောက်လျက်ရှိနေ၏။ ရှိရှိသမျှ နယ်မြေအားလုံးကို ထွန်းလင်းတောက်ပနိုင်စွမ်း ရှိသည့် အပြာရောင် နေလုံးကြီးတစ်ခုကဲ့သို့ပင်။

“ရှင်တို့ ကြက်သွေးရောင်မီးတောက်နယ်မြေတစ်ခုထဲမှာပဲ အင်ပါရီယာလက်နက်ရှိနေတယ်လို့ ထင်နေတာလား” အဘွားအိုသည် အေးစက်စက်ဖြင့်ပြန်ပြောလိုက်၏။

ဝုန်း

နဂါးအော်သံထွက်ပေါ်လာခဲ့၏။ ရောင်စဉ်အလင်းနတ်နယ်မြေဆီမှ အမဲရောင်ကြီးမားလှသည့် ကြေးအိုးကြီး တစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် ရှေးကျလွန်းပြီး ကြမ်းတမ်းလွန်းလှသော အော်ရာများကို ထွက်ပေါ်နေပြီး ထိုအိုးကြီး၏အပေါ်တွင် အသူရာနဂါးကိုးကောင်တို့သည် ရစ်ပတ်လျက်ရှိနေလေ၏။ တကယ့် အသက် ဝင်နေသည့် နဂါးများကဲ့သို့ပင်။ ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် နဂါး၏အော်သံများသည် ကျယ်လောင်စွာ ပေါ်ပေါက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပဲ အင်ပါရီယာလက်နက်နှစ်ခု ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက် အင်ပါရီယာ စိတ်ဆန္ဒ များသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ တည်နေရာတစ်ခုလုံးတွင် ရှိနေသည့် ရေတွက်၍ မရအောင် များပြားလှသည့် သက်ရှိများအားလုံးသည် မျက်နှာများ ဖြူရော်သွားခဲ့ကြ၏။ တစ်ချို့သည် သွေးများပင် အန်ထွက်လာခဲ့ကြ၏။ တစ်ချို့သည် အနောက်ဘက်သို့ လွင့်စင်ကုန်ကြလေသည်။ သူတို့သည် ဤကဲ့သို့သော လက်နက်များ ထိပ်တိုက်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ဖိအားဒဏ်ကို မည်သို့မျှ ခံယူနိုင်စွမ်း မရှိကြချေ။

All Chapters